Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ရတနာထွန်း (ကုန်စုံဆိုင်) သို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

   စားသုံးသူရေးရာဦးစီးဌာန၊ မိုးညှင်းခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူး ဦးကျော်မိုးလွင် သည် .၁၂.၂၀၂၅ ရက်နေ့ ၁၀:၀၀ နာရီအချိန်တွင် မိုးညှင်းမြို့၊ အုတ်ကျင်းရပ်ကွက် ရှိ ရတနာထွန်း (ကုန်စုံဆိုင်) သို့ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် ပတ်သက်၍ စားသုံးသူကာကွယ်ရေးဥပဒေပါ ပြဌာန်းချက်များနှင့် ကိုက်ညီခြင်း ရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။

   ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ရာ Juicy အမှတ်တံဆိပ်ပါ လိမ္မော်ရနံ့အချိုရည် သည် အသင့် သောက်အချိုရည်အမျိုးမျိုးတို့တွင် ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ချက်များနှင့်အညီ မြန်မာ ဘာသာဖြင့် ပြည့်စုံစွာ ဖော်ပြရမည့် ကုန်စည်၏ အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက် အသားတင် ပမာဏ၊ ထားသိုသိမ်းဆည်းမှုအညွှန်းနှင့် ဓာတ်မတည့်ကြောင်းဖော်ပြချက်တို့ကို ကုန်အညွှန်းအမှတ် အသား ဖော်ပြထားခြင်း ရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ရာ ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာ ဖော်ပြထားရှိကြောင်း စစ်ဆေးတွေ့ရှိရပြီး ကုန်စုံဆိုင်ပိုင်ရှင်အား ကုန်စည်အမျိုးမျိုး ဖြန့်ဖြူးရောင်းချရာ တွင် ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှန်ကန်စွာ ဖော်ပြထားသော ကုန်စည်များကိုသာ ဝယ်ယူဖြန့်ဖြူး ရောင်းချရန် အသိပညာပေး ဆွေးနွေးခဲ့ပြီး ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းဆိုင်ရာ လက်ကမ်းစာ စောင်များ ဖြန့်ဝေခဲ့ပါသည်။

DOCA(ကချင်)

စက်ဘီးအမျိုးမျိုးရောင်းဝယ်ရေးလုပ်ငန်းရှင်များနှင့်တွေ့ဆုံဆွေးနွေး

   စားသုံးသူရေးရာဦးစီးဌာန၊ မိုးညှင်းခရိုင်ဦးစီးမှူးရုံးမှ ဦးဝင်းသိန်းဦး(ရုံးအုပ်)သည်(.၁၂.၂၀၂၅)  ရက်နေ့(၁၀:၀၀) အချိန်တွင် မိုးညှင်းမြို့၊ နားခါရပ်ကွက်ရှိ စက်ဘီးအမျိုးမျိုးရောင်းဝယ်ရေး  လုပ်ငန်းရှင် များနှင့် တွေ့ဆုံဆွေးနွေးခဲ့ပါသည်။

        ထိုသို့ ဆွေးနွေးရာတွင် စီးပွားရေးလုပ်ငန်းရှင် ဆိုသည်မှာ ကုန်စည်ကိုထုတ်လုပ်ခြင်း၊ ဖြန့်ဖြူးခြင်း သိုလှောင်ခြင်း၊ သယ်ယူပို့ဆောင်ခြင်း၊ ရောင်းချခြင်း၊ ပြုပြင်ထုတ်လုပ်ခြင်း၊ ပြည်ပသို့တင်ပို့ခြင်း၊ ပြည်တွင်းသို့တင်သွင်းခြင်း၊ပြည်လည်ရောင်းချခြင်းကိုဖြစ်စေ၊ထောက်ပံ့ပေးခြင်းကိုဖြစ်စေ၊ ဝန်ဆောင်မှု ပေးခြင်းကိုဖြစ်စေ၊ကြော်ငြာလုပ်ငန်းလုပ်ကိုင်ခြင်းကိုဖြစ်စေ၊ တစ်ဦးချင်းသော်လည်းကောင်း၊ အဖွဲ့အစည်း နှင့်သော်လည်းကောင်း ဆောင်ရွက်သူကို ဆိုလိုကြောင်း၊ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များ၊ ကုန်စည်နှင့် စပ်လျဉ်း၍ အာမခံပေးခြင်းများဖြစ်သော စားသုံးသူကလက်ခံသုံးစွဲနိုင်သော အရည်အသွေး ရှိခြင်း၊ ဘေးအန္တရာယ်ကင်းရှင်းစေခြင်း၊ သုံးစွဲသူ၏ လိုအပ်ချက်အတွက် သင့်လျော်မှုရှိခြင်း၊ အာမခံချက် ပေးထားသည့်ကာလ သို့မဟုတ် အသုံးပြုနိုင်မည့်ကာလအတွင်း အပိုပစ္စည်းရရှိနိုင်ခြင်း၊ ပြန်လည်ပြုပြင် နိုင်ခြင်း သို့မဟုတ် လဲလှယ်နိုင်ခြင်း စသည့်အချက်များ၊ ဝန်ဆောင်မှုနှင့် စပ်လျဉ်း၍ အာမခံချက်ပေးခြင်း များဖြစ်သော မိမိဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ အချက်အလက်များကို စားသုံးသူသိရှိစေရန် ကြိုတင် အသိပေးခြင်း၊ မှန်ကန်သော သတင်းအချက်အလက်နှင့် ပြည့်စုံသော ဝန်ဆောင်မှု အဆင့်အတန်း နှင့်အညီ ပြည့်ဝစွာပေးခြင်း၊ စားသုံးသူ၏ လိုအပ်ချက်နှင့် ကိုက်ညီမှုရှိခြင်း၊ အာမခံထားသောအချိန် ကာလအတွင်း ပြီးမြောက်အောင်ဆောင်ရွက်ပေးခြင်း၊ စားသုံးသူနှင့် သဘောတူညီထားသည့် ဝန်ဆောင်မှုတန်ဖိုးအတိုင်းပေးအပ်စေခြင်း၊ ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုအပေါ် တာဝန်ရှိမှု ကုန်အညွှန်း အမှတ်အသား ဖော်ပြခြင်းနှင့် စပ်လျဉ်း၍ သိသာထင်ရှားစွာ ဖော်ပြရမည့် အချက်များအား ရှင်းလင်း ဆွေးနွေးခဲ့ပါသည်။

DOCA(ကချင်)

M/S BAY LINE SHIPPING PTE, LTD (SINGAPORE) ကုမ္မဏီပိုင် LYNX SATU အမည်ရှိ စက်သုံးဆီတင်သင်္ဘောရောက်ရှိ

     ၂.၁၂.၂၀၂၅ ရက်နေ့ ၁၆:၃၀ အချိန်တွင် M/S BAY LINE SHIPPING PTE,LTD (SINGAPORE) ကုမ္မဏီပိုင် LYNX SATU အမည်ရှိ စက်သုံးဆီတင်သင်္ဘောသည် သင်္ဘောကပ္ပတိန် နိုင်လင်းထွန်းပါ မြန်မာနိုင်ငံသား သင်္ဘောသား ၈ ဦး၊ အင်ဒိုနီးရှားနိုင်ငံသား သင်္ဘောသား ၆ ဦး၊ မလေးရှားနိုင်ငံသား သင်္ဘောသား ၄ ဦး၊ စုစုပေါင်း ၁၈ ဦးတို့ လိုက်ပါလျှက် Myanmar Energy King Co.Ltd မှ ပြည်ပမှတင်သွင်းလာသည့် 92 ဓာတ်ဆီ ၂၅၀၃.၃၅၆ မထ္ထရစ်တန်၊ ဒီဇယ်(ရိုးရိုး) ၃၃၅၆.၂၆၅ မထ္ထရစ်တန် တင်ဆောင်ကာ မုဒုံမြို့နယ်၊ ကတုံးပေါ်ကျေးရွာရှိ Puma Power International Port Terminal သို့ ရောက်ရှိလာကြောင်း သိရှိရပါသည်။

    အဆိုပါနေရာသို့ ပြည်နယ်ရေကြောင်းရဲတပ်ဖွဲ့၊ မော်လမြိုင်ခရိုင်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ ပြည်နယ်မီးသတ်ဦးစီးဌာန၊ ပြည်နယ်အကောက်ခွန်ဦးစီးဌာန၊ ပြည်နယ်ရေနံထွက် ပစ္စည်းကြီးကြပ်စစ်ဆေးရေးဦးစီးဌာန၊ ရေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၊ မြန်မာ့ ဆိပ်ကမ်းအာဏာပိုင်၊ ပြည်နယ်စားသုံးသူရေးရာဦးစီးဌာန၊ မုဒုံမြို့နယ်လူဝင်မှုကြီးကြပ်ရေး ဦးစီးဌာန၊ သတင်းရဲတပ်ဖွဲ့စု(မုဒုံ)၊ မုဒုံမြို့နယ်အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနတို့ ပါဝင်သော ပူးပေါင်းအဖွဲ့မှ သွားရောက်စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။   

DOCA (မွန်)

မိုးညှင်းမြို့အတွင်းရှိ ကုန်မျိုးစုံရောင်းချသောလုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေးခြင်း

   မိုးညှင်းခရိုင်၊ စားသုံးသူရေးရာဦးစီးဌာန ခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူး ဦးကျော်မိုးလွင်သည် .၁၂.၂၀၂၅ ရက်နေ့ ၁၁:၀၀အချိန်တွင် မိုးညှင်းမြို့အတွင်းရှိ ကုန်မျိုးစုံရောင်းချသောလုပ်ငန်းရှင် (၄)ဦး (အသက် ၄၀ အထက် ကျား - ၃ ဦး၊ မ - ၁ ဦး) နှင့် တွေ့ဆုံ၍ စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ၊ ကုန်စည်/ဝန်ဆောင်မှုနှင့် စပ်လျဉ်း၍ ဘေးအန္တရာယ်ကင်းရှင်း ရေး အာမခံရမည်ဖြစ်ကြောင်း အခန်း (၁၈) ပုဒ်မ (၄၁) ပါ ကုန်အညွှန်းအမှတ်အသားများ ဖော်ပြခြင်း နှင့် စပ်လျဉ်း၍ ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ချက်များနှင့်အညီ သိသာထင်ရှားစွာ ဖော်ပြ ပါရှိသည့် ကုန်ပစ္စည်းများကိုသာ ဖြန့်ဖြူးရောင်းချရန်နှင့် ဝန်ဆောင်မှုလုပ်ငန်းများ၏ အာမခံချက်နှင့် စပ်လျဉ်း၍ စားသုံးသူက တောင်းဆိုနိုင်သည့် အခွင့်အရေး၊ ကုန်စည်နှင့် စပ်လျဉ်း၍ အာမခံချက်ပေး ခြင်း၊ ကုန်စည် နှင့် စပ်လျဉ်း၍ အာမခံပေးထားမှုအပေါ် စားသုံးသူက တောင်းဆိုနိုင်သည့် အခွင့် အရေးများ ဥပဒေပါ တားမြစ်ချက်များနှင့် ပြစ်မှု၊ ပြစ်ဒဏ်များအား အသိပညာပေး ရှင်းလင်းဆွေးနွေး ခဲ့ပါသည်။

DOCA(ကချင်)

မော်လမြိုင်ခရိုင်၊ မော်လမြိုင်မြို့နယ်ရှိ စက်သုံးဆီအရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေး

     ၂.၁၂.၂၀၂၅ ရက်နေ့၊ ၁၃:၀၀ အချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မော်လမြိုင်မြို့နယ် တာဝန်ခံသည် မော်လမြိုင်မြို့နယ် ရေနံနှင့်ရေနံထွက်ပစ္စည်းဆိုင်ရာ လုပ်ငန်းများထိန်းသိမ်း ကြီးကြပ်ရေးဆပ်ကော်မတီနှင့်ပူးပေါင်း၍ မော်လမြိုင်မြို့နယ်အတွင်းရှိ ဈေးကြိုရပ်ကွက်၊ ခြောက်မိုင်ကျွဲခြံကုန်းရပ်ကွက်နှင့် မောင်ငံရပ်ကွက်အတွင်း ဖွင့်လှစ်ရောင်းချလျက်ရှိသော စက်သုံးဆီ အရောင်းဆိုင်များဖြစ်သည့် နီလာရွှေစင်(၁)၊ ဟောင်သရော၊ Denko (၂)၊ ဟင်္သါ(၀၀၄) နှင့် New Day စက်သုံးဆီအရောင်းဆိုင် ၅ ဆိုင်သို့ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရသည်။

   ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် အဆိုပါဆီဆိုင်၌ မြို့နယ်ကော်မတီမှ ရည်ညွှန်းဈေးနှုန်း အတိုင်းရောင်းချမှု ရှိ/မရှိနှင့် အရောင်းဆိုင်ပိတ်ထားမှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေး ဆောင်ရွက် ခဲ့ရာ သတ်မှတ်ရည်ညွှန်းဈေးနှုန်းဖြင့် အရောင်းဆိုင်ဖွင့်လှစ်ရောင်းချနေသည်ကို စစ်ဆေး တွေ့ရှိရကြောင်း သိရှိရပါသည်။

DOCA (မွန်)

စီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေးခြင်း

   စားသုံးသူရေးရာဦးစီးဌာန၊ မြစ်ကြီးနားခရိုင်ဦးစီးမှူးရုံးမှ ဦး‌ဘောမ်ဇုံး(ရုံးအုပ်) သည် ၈.၁၂.၂၀၂၅ ရက်နေ့ ၁၀:၀၀ နာရီအချိန်၌ ဝိုင်းမော်မြို့နယ်၊ ခတ်ချိုကျေးရွာအတွင်းရှိ ကုန်မျိုးစုံရောင်းချသည့် လုပ်ငန်းရှင်(၁)ဦးနှင့်တွေ့ဆုံ၍ စားသုံးသူကာကွယ်ရေးဥပဒေပြဋ္ဌာန်းချက်ပါ စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာရန် အချက်အလက်များနှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေးခဲ့ပါသည်။ထိုသို့ဆွေးနွေးရာတွင် ဦး‌ဘောမ်ဇုံး(ရုံးအုပ်)က စားသုံးသူကာကွယ်ရေးပဒေပါ စီးပွားရေးလုပ်ငန်းရှင်နှင့်ဝန်ဆောင်မှု၏အဓိပ္ပါယ်ဖွင့်ဆိုချက်၊စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ၊ ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုအပေါ်တာဝန်ရှိမှု ၊ ကုန်စည် / ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ အာမခံချက် ပေးခြင်း၊ ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုလုပ်ငန်းများ၏ အာမခံချက်နှင့်စပ်လျဉ်း၍ စားသုံးသူက တောင်းဆိုနိုင်သည့် အခွင့်အရေးများ၊ စားသုံးဆီနှင့်ပတ်သက်၍တ်မှတ်ထုတ်ပြန်ထားသည့် ညွှန်ကြားချက်များအကြောင်း၊ အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေနှင့်ပတ်သက်သည့် အမိန့်ညွှန်ကြားချက်များအကြောင်း၊ အွန်လိုင်းစီးပွားရေးလုပ်ငန်းရှင်များ လိုက်နာဆောင်ရွက်ရမည့်အချက်များ အကြောင်း၊ ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှုရှိစေရန်နှင့်သက်ဆိုင်ရာ FDA ထောက်ခံချက်များပါရှိရန် လိုအပ်ကြောင်း၊ တားမြစ်ချက်များ နှင့် ပြစ်မှုပြစ်ဒဏ်များကို ရှင်းလင်းဆွေးနွေးခဲ့ပါသည်။

DOCA(ကချင်)

မုဒုံမြို့၌ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေး ဟောပြောပွဲပြုလုပ်

     မွန်ပြည်နယ် မုဒုံမြို့နယ်တွင် စာဖတ်ရှိန်မြှင့်တင်ရေးအသိပညာပေးခြင်း၊ စားသုံးသူ ကာကွယ်ရေး အသိပညာပေးဟောပြောပွဲ၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးခြင်း နှင့် နံရံကပ်ပိုစတာ၊ စာအုပ်စာစောင်ပြပွဲကို ၂.၁၂.၂၀၂၅ နံနက်ပိုင်းက အ.လ.က(ခွဲ) စာစင် လမ်းမကြီး စာသင်ကျောင်း၌ ပြုလုပ်ခဲ့သည်။

    ဦးစွာ ကျောင်းအုပ်ကြီး ဦးမင်းတင်ရွှေက အမှာစကားပြောကြားပြီး မုဒုံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်ဇာဇာဖြိုးက ကျောင်းသား /သူ များ အသိပညာဗဟုသုတများ ပြည့်စုံစေရန်နှင့် စာဖတ်ရှိန်မြင့်မားစေရေးအတွက် ကျောင်းစာအပြင် ပြင်ပစာပေများဖြစ်သည့် ရုပ်ပြ၊ ကာတွန်း စသည့် စာအုပ်စာစောင်များကို လေ့လာဖတ်ရှုကြရန်နှင့် အကျိုးအကြောင်း၊ အဆိုးအကောင်းများကို ဝေဖန်ပိုင်းခြားနိုင်ရေးအတွက် စာပေများ ဖတ်ရှုလေ့လာကြရန် ပြောကြားသည်။ ထို့နောက် စားသုံးသူကာကွယ်ရေး အကြောင်းအရာများ၊ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးခြင်းနှင့် လူကုန်ကူးမှု အန္တရာယ်အကြောင်းအရာများကို ရှင်းလင်းပြောကြားခဲ့သည်။

     ဆက်လက်၍ စာဖတ်ရှိန်မြင့်မားစေရေးအတွက် စာဖတ်စွမ်းရည်ပြိုင်ပွဲများနှင့် စာအုပ် စာစောင်များ၊ အသိပညာပေး နံရံကပ်ပိုစတာများ ပြသဆောင်ရွက်ပေးခဲ့ပြီး ကျောင်းသား/သူ များက စိတ်ပါဝင်စားစွာ လေ့လာဖတ်ရှုခဲ့ကြောင်း သိရသည်။

DOCA (မွန်)

ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

   စားသုံးသူရေးရာဦးစီးဌာန၊ မြစ်ကြီးနားခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူး ဦးဇေယျာအောင် (ခရိုင်ဦးစီးမှူး) သည် ၈.၁၂.၂၀၂၅ ရက်နေ့၊ ၁၁:၀၀ နာရီအချိန်တွင် မြစ်ကြီးနားမြို့၊ မန်ခိန်ရက်ကွက် အတွင်းရှိ လက်လီ/လက်ကားဖြန့်ဖြူးရောင်းချသော Two Boy (ကုန်စုံဆိုင်)သို့ သွားရောက်၍ စားသုံးသူများဘေးအန္တရာယ်ကင်းရှင်းပြီး ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး၊ ဘေးအန္တရာယ်ရှိသော ကုန်စည်များဈေးကွက်အတွင်းမှပပျောက်စေရေးနှင့် စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်အညွှန်း အမှတ်အသား ဖော်ပြခြင်းနှင့်ပတ်သက်၍ ကိုက်ညီမှု ရှိ/ မရှိ ဈေးကွက် စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။

          ထိုသို့ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် MAMEE အမှတ်တံဆိပ်ပါ ပိုမိုရှူးရှဲလျှာမီးတောက် ခေါက်ဆွဲပြုတ် အရသာအသင့်စားခေါက်ဆွဲတွင် ညွှန်ကြားချက်အမှတ် (၂/၂၀၁၉)အရ ကုန်စည်ပေါ်တွင် မြန်မာ ဘာသာဖြင့်ဖော်ပြရမည့် အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်၊ အသားတင်ပမာဏနှင့် သုံးစွဲပုံနည်းလမ်းတို့ ပြည့်စုံစွာဖော်ပြပါရှိကြောင်း စစ်‌ဆေးတွေ့ရှိရပြီး ကုန်စုံဆိုင်ပိုင်ရှင်အား ကုန်အညွှန်းအမှတ်အသားပြည့်စုံမှုမရှိသည့် ကုန်စည်များဈေးကွက်အတွင်းရောင်းချခြင်းမပြုလုပ်ရန် အသိပညာပေးဆွေးနွေးခဲ့ပြီး ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းဆိုင်ရာ လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ပါ သည်။

DOCA(ကချင်)

အခြေခံပညာမူလတန်းကျောင်းသား/သူများအားအသိပညာပေးဟောပြော

   စားသုံးသူရေးရာဦးစီးဌာန၊ မိုးညှင်းခရိုင်ဦးစီးမှူးရုံးမှ ဦးဝင်းသိန်းဦ (ရုံးအုပ်)သည်(3.2.၂၀၂၅) ရက်နေ့ (0:၀၀) နာရီအချိန်တွင် နန်းမားမြို့၊ ခရုချောင်းရပ်ကွက်၊ အခြေခံပညာမူလတန်းကျောင်းရှိ ကျောင်းသား/သူများအား အသိပညာပေး  ဟောပြောပွဲပြုလုပ် ဆောင်ရွက်ခဲ့ပါသည်။

          စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောရာတွင် စားသုံးသူကာကွယ်ရေးနှင့် စားသုံးသူ ၏ အဓိပ္ပါယ်ဖွင့်ဆိုချက်၊ စားသုံးသူ၏ အခွင့်အရေးများ ၊ စားသုံးသူ၏ တာဝန်များဖြစ်သော ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုနှင့် စပ်လျဉ်းသည့် သတင်းအချက်အလက်နှင့် လမ်းညွှန်ချက်များအတိုင်း လိုက်နာဆောင်ရွက်ခြင်း၊ ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုကို ရွေးချယ်ဝယ်ယူရာတွင် သဘောတူညီ ထားသည့် တန်ဖိုးနှင့်အညီပေးချေခြင်း၊ စီးပွားရေးလုပ်ငန်းရှင်အပေါ် ထိခိုက်နစ်နာစေရန် ရည်ရွယ်၍ မဟုတ်မမှန် စွပ်စွဲပြောဆိုမှု၊ ပြုလုပ်မှုတို့ကို ရှောင်ကြဉ်ခြင်း၊ အငြင်းပွားမှုကို ညှိနှိုင်းဖြေရှင်းနေစဉ် လူထုဆက်သွယ်ရေးနည်းလမ်းများဖြင့်ဖြစ်စေ၊ အခြားနည်းလမ်းများဖြင့်ဖြစ်စေ၊ သက်ဆိုင်ရာ စီးပွားရေး လုပ်ငန်းရှင်အပေါ် ထိခိုက်နစ်နာစေရန် မဟုတ်မမှန် ပြောဆိုခြင်း၊ ရေးသားခြင်းနှင့် ပြုမှုခြင်းတို့ကို ရှောင်ကြဉ်ခြင်း၊ ကုန်စည်/ဝန်ဆောင်မှုနှင့် စပ်လျဉ်း၍ အာမခံပေးထားမှုအပေါ် စားသုံးသူက တောင်းဆို နိုင်သည့်အခွင့်အရေး၊ အချိုရည်အမျိုးမျိုးတို့တွင် တားမြစ်ထားသောအန္တရာယ်ရှိသည့် ဓာတုဆိုးဆေး များအကြောင်း၊ အသင့်စားခေါက်ဆွဲခြောက်များ၏ အန္တရာယ်များအကြောင်းနှင့် တက်ရောက်လာသော ကျောင်းသား/သူများအား 1535 Consumer Call Center လိုင်းခွဲ(1)သို့လက်တွေ့ခေါ်ဆို၍ တိုင်ကြားရ မည့် နည်းလမ်းအား အသိပညာပေးဟောပြောခဲ့ပါသည်။

DOCA(ကချင်)

ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

    စားသုံးသူရေးရာဦးစီးဌာန၊ မြစ်ကြီးနားခရိုင်ဦးစီးမှူးရုံးမှ ဦးတင်မောင်ထွန်း(ရုံးအုပ်) သည် ၃.၁၂.၂၀၂၅ ရက်နေ့၊ ၁၀း၀၀ နာရီအချိန်တွင် မြစ်ကြီးနားမြို့၊မြို့မရပ်ကွက်၊စည်ပင်သာယာဈေးရှိ ဝင်းဘို (ကုန်စုံဆိုင်) သို့ သွားရောက်၍ စားသုံးသူများဘေးအန္တရာယ်ကင်းရှင်းပြီး ထုတ်ကုန်လုံခြုံ စိတ်ချရမှုရှိစေရေး၊ ဘေးအန္တရာယ်ရှိသော ကုန်စည်များဈေးကွက်အတွင်းမှပပျောက်စေရေးနှင့် စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်ပတ် သက်၍ကိုက်ညီမှုရှိ / မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေး ခဲ့ပါသည်။

          ထိုသို့ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် OK အမှတ်တံဆိပ် အမဲသားစည်သွပ်ဘူး တွင် မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်မှ ထုတ်ပြန်ထားသော ညွှန်ကြားချက်အမှတ် (၂/၂၀၁၉) အရ ကုန်စည်ပေါ်တွင် မြန်မာဘာသာဖြင့် ဖော်ပြရမည့် အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်၊ အသားတင်ပမာဏ၊ သုံးစွဲပုံနည်းလမ်း၊ ထားသိုသိမ်းဆည်းမှုအညွှန်းနှင့် ဓာတ်မတည့်ကြောင်းဖော်ပြ ချက်တို့ ပြည့်စုံစွာဖော်ပြပါရှိကြောင်း စစ်‌ဆေးတွေ့ရှိရပြီး ကုန်စုံဆိုင်လုပ်ငန်းရှင်အား  ကုန်အညွှန်းအမှတ်အသားပြည့်စုံမှုမရှိသည့် ကုန်စည်များဈေးကွက်အတွင်း ရောင်းချခြင်းမပြုလုပ်ရန် အသိ ပညာပေး ဆွေးနွေးခဲ့ပြီး ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းဆိုင်ရာ လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ပါသည်။

DOCA(ကချင်)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ