Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

မြန်မာ့လက်မှုငွေထည်ကြေးထည်လုပ်ငန်းရှင်များအသင်းဥက္ကဌနှင့်တွေ့ဆုံ

      စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် လုပ်ငန်းတာဝန်တစ်ရပ်ဖြစ်သော ပြည်တွင်းကုန်သွယ်မှု မြှင့်တင်ရေးလုပ်ငန်းများဆောင်ရွက်ရန်အတွက် စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်း () ဦးတို့သည် နိုဝင်ဘာလ ၂၈ ရက်နေ့က စစ်ကိုင်းမြို့နယ်၊ ရွာထောင်ရပ်ကွက်ရှိ စစ်ကိုင်းမြို့နယ် မြန်မာ့လက်မှုငွေထည်ကြေးထည်လုပ်ငန်းရှင်များအသင်းဥက္ကဌ ဦးထွန်းထွန်းနှင့် တွေ့ဆုံခဲ့ပါသည်။

     စစ်ကိုင်းမြို့နယ်တွင် မိရိုးဖလာလက်ဆင့်ကမ်းအမွေအဖြစ် ဆွေစဥ်မျိုးဆက် ငွေထည်ကြေးထည်လုပ်ငန်းကို လုပ်ကိုင်လျှက်ရှိရာ စစ်ကိုင်းမြို့၊ ရွာထောင်ရပ်ကွက်တွင် တစ်ပိုင်တစ်နိုင်လုပ်ကိုင်သူပေါင်း(၂၅၀) ဦးခန့်ရှိသဖြင့် ပြည်တွင်းကုန်သွယ်မှုမြှင့်တင်ရေးဦးစီးဌာနမှ ဦးဆောင်၍ စစ်ကိုင်းမြို့နယ်မြန်မာ့လက်မှုငွေထည်ကြေးထည်လုပ်ငန်းရှင်များအသင်းကို ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ ရက်နေ့က အလုပ်အမှုဆောင်(၂၁)ဦး၊ အသင်းသား(၆၀)ဦး ဖြင့် ဖွဲ့စည်းခဲ့ပါကြောင်း၊ ကုန်ချောပစ္စည်းများကို ရန်ကုန်၊ မန္တလေးနှင့်တောင်ကြီး စသည့်မြို့ကြီး များသို့ရောင်းချသည့်အပြင် ပြည်တွင်းတွင်ကျင်းပခဲ့သည့် အိန္ဒိယ-မြန်မာ ကုန်စည်ပြပွဲများ ပြုလုပ်ခဲ့သည့် အကျိုကျေးဇူးကြောင့် အိန္ဒိယနိုင်ငံမှ အမှာစာများဖြင့် မှာယူဝယ်ယူမှုများ လည်းရှိပါကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

   စားသုံးသူရေးရာဦးစီးဌာန၊ မြစ်ကြီးနားခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူး ဦးဇေယျာအောင် (ခရိုင်ဦးစီးမှူး) သည် ၈.၁၂.၂၀၂၅ ရက်နေ့၊ ၁၀:၀၀ နာရီအချိန်တွင် မြစ်ကြီးနားမြို့၊အင်ဂျန်ဒုံရပ်ကွက်၊ အ.ထ.က (၆)၊ ကျောင်းမုန့်ဈေးတန်းရှိ‌‌ ဒေါ်ဝင်းလှိုင် (ကျောင်းမုန့်ဆိုင်)သို့ သွားရောက်၍ စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်းပြီး ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး၊ ဘေးအန္တရာယ်ရှိသော ကုန်စည်များ ဈေးကွက်အတွင်းမှ ပပျောက်စေရေးနှင့် စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းနှင့် ပတ်သက်၍ ကိုက်ညီမှု ရှိ/ မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။

          ထိုသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် FIRE DRAGON အမှတ်တံဆိပ်ပါ အားဖြည့်အချိုရည်တွင် ညွှန်ကြားချက်အမှတ် ( ၂/၂၀၁၉ )အရ ကုန်စည်ပေါ်တွင် မြန်မာဘာသာဖြင့် ဖော်ပြရမည့် အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်၊ အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှုအညွှန်း နှင့်ဓါတ်မတည့်ကြောင်းဖော်ပြချက်တို့ပြည့်စုံစွာဖော်ပြပါရှိကြောင်း စစ်‌ဆေးတွေ့ရှိရပြီး မုန့်ဆိုင်ပိုင်ရှင်အား ကုန်အညွှန်းအမှတ်အသားပြည့်စုံမှုမရှိသည့် ကုန်စည်များဈေးကွက်အတွင်း ရောင်းချခြင်းမပြုလုပ်ရန် အသိပညာပေးဆွေးနွေးခဲ့ပြီး ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းဆိုင်ရာ လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ပါသည်။

DOCA(ကချင်)

စစ်ကိုင်းမြို့၊ “စစ်ကိုင်း” မုန့်တိုက်သို့ ဈေးကွက်မရောက်မီ စောင့်ကြည့်စစ်ဆေးခြင်း

    စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းခရိုင်ဦးစီးမှူးရုံးသည် မိမိတို့ဒေသတွင်းရှိ လုပ်ငန်းများမှ ထုတ်လုပ်တင်သွင်းဖြန့်ဖြူးသော ကုန်စည်အမျိုးအစားများ၌ ကုန်အညွှန်းအမှတ်အသားဖော်ပြရာတွင် စားသုံးသူကာကွယ်ရေးဥပဒေပါ ပြဌာန်းချက်များနှင့်အညီ  ဖော်ပြနိုင်စေရေး၊ လုပ်ငန်းရှင်များအနေဖြင့် ၎င်းတို့၏  ကုန်စည်များကို ကုန်အညွှန်းအမှတ်အသားဖော်ပြချက်များနှင့်အညီ ထုတ်လုပ်ခြင်း၊ တင်သွင်း ခြင်း၊ ဖြန့်ဖြူးရောင်းချခြင်းများ ဆောင်ရွက်လာစေရန် ရည်ရွယ်၍ ဈေးကွက်မရောက်မီ စောင့်ကြည့် စစ်ဆေးခြင်းလုပ်ငန်းကို လစဉ်ဆောင်ရွက်လျက်ရှိရာ ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ(၂၇)ရက်နေ့တွင် စစ်ကိုင်းခရိုင်ဦးစီးမှူး ဦးဆောင်၍ ဝန်ထမ်း(၂)ဦးသည် ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မြို့နယ် စည်ပင်သာယာရေးအဖွဲ့တို့မှ တာဝန်ရှိသူများနှင့်အတူ စစ်ကိုင်းမြို့၊ ပိုးတန်းရပ်ကွက်၊ ဇေယျာလမ်းရှိ “စစ်ကိုင်း”မုန့်တိုက်သို့ ဈေးကွက်မရောက်မီ စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။

    “စစ်ကိုင်း”မုန့်တိုက်မှ ထုတ်လုပ်သည့် “နံကထိုင်”၁၀ကျပ်သား ကုန်စည်အမျိုးအစားအား စစ်ဆေး    ခဲ့ရာ ထိုကုန်စည်၏ ထုပ်ပိုးမှုပေါ်တွင် အမှတ်တံဆိပ်၊ အသားတင်အလေးချိန်၊ ထားသိုပုံအညွှန်း၊ သုံးစွဲပုံအညွှန်း၊ ဓါတ်မတည့်မှုများအား မြန်မာဘာသာဖြင့် ပြည့်စုံစွာဖော်ပြထား၍ (၂/၂၀၁၉)ညွှန်ကြား ချက်နှင့်အညီ ကိုက်ညီမှုရှိကြောင်း  စိစစ်တွေ့ရှိရသည်။ စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ရှိသူက စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းဆိုင်ရာ အချက်အလက် များ၊ ဥပဒေ အခန်း (၁၀)ပါ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များ၊ ဥပဒေအခန်း (၁၁)ပါ ကုန်စည်နှင့် စပ်လျဉ်း၍ အာမခံချက်ပေးခြင်းဆိုင်ရာ အချက်အလက်များ ရှင်းလင်းပြောကြားခဲ့ပြီး အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းနှင့်စပ်လျဉ်း၍ အသိပညာပေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

 

ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

   စားသုံးသူရေးရာဦးစီးဌာန၊ မြစ်ကြီးနားခရိုင်ဦးစီးမှူးရုံးမှ ဦးတင်မောင်ထွန်း(ရုံးအုပ်)သည် ၈.၁၂.၂၀၂၅ ရက်နေ့တွင် မြစ်ကြီးနားမြို့၊ အောင်နန်းရပ်ကွက်ရှိ ဒေါ်မီးမီး(ကုန်စုံဆိုင်)သို့ သွားရောက်၍ စားသုံးသူများဘေးအန္တရာယ်ကင်းရှင်းပြီး ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး၊ ဘေးအန္တရာယ်ရှိသော ကုန်စည်များဈေးကွက်အတွင်းမှ ပပျောက်စေရေးနှင့် စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်အညွှန်း အမှတ်အသားဖော်ပြခြင်းနှင့်ပတ်သက်၍ ကိုက်ညီမှု ရှိ / မရှိ ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ပါသည်။

          ထိုသို့ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် Ve Ve အမှတ်တံဆိပ်ပါ လိုင်ချီးအချိုရည်တွင် မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်မှ ထုတ်ပြန်ထားသော ညွှန်ကြားချက်အမှတ် (၂/၂၀၁၉) အရ ကုန်စည်ပေါ်တွင် မြန်မာဘာသာဖြင့် ဖော်ပြရမည့် အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်၊ အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှုအညွှန်းနှင့် ဓါတ်မတည့်ကြောင်းဖော်ပြချက်တို့ ပြည့်စုံစွာ ဖော်ပြပါရှိကြောင်း စစ်‌ဆေးတွေ့ရှိရပြီး ကုန်စုံဆိုင်ပိုင်ရှင်အား ကုန်အညွှန်းအမှတ်အသားပြည့်စုံမှုမရှိ သည့် ကုန်စည်များဈေးကွက်အတွင်း ရောင်းချခြင်းမပြုလုပ်ရန် အသိပညာပေးဆွေးနွေးခဲ့ပြီး ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းဆိုင်ရာ လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ပါ သည်။

DOCA(ကချင်)

မပန်းပွင့် (Mini Mart) သို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

  စားသုံးသူရေးရာဦးစီးဌာန၊ မိုးညှင်းခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူး ဦးကျော်မိုးလွင်သည် ၈.၁၂.၂၀၂၅ ရက်နေ့ ၁၀:၀၀ နာရီအချိန်တွင် မိုးညှင်းမြို့၊ အာလဝီကုန်းရပ်ကွက်ရှိ မပန်းပွင့် (Mini Mart) သို့ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် ပတ်သက်၍ စားသုံးသူကာကွယ်ရေးဥပဒေပါ ပြဌာန်းချက်များနှင့် ကိုက်ညီခြင်းရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။

   ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ရာ MAMEE အမှတ်တံဆိပ်ပါ မာမီးသက်သတ်လွတ်ခေါက်ဆွဲ သည် အသင့်စားခေါက်ဆွဲခြောက်ထုပ်အမျိုးမျိုးတို့တွင် ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ချက် များနှင့်အညီ မြန်မာဘာသာဖြင့် ပြည့်စုံစွာ ဖော်ပြရမည့် ကုန်စည်၏ အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက် အသားတင်ပမာဏနှင့် သုံးစွဲပုံနည်းလမ်း တို့ကို ကုန်အညွှန်းအမှတ်အသား ဖော်ပြထား ရှိခြင်းရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ရာ ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာ ဖော်ပြထားရှိ ကြောင်း စစ်ဆေးတွေ့ရှိရပြီး ကုန်စုံပိုင်ရှင်အား ကုန်စည်အမျိုးမျိုး ဖြန့်ဖြူးရောင်းချရာတွင်လည်း မြန်မာ ဘာသာဖြင့် ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှန်ကန်စွာ ဖော်ပြပါရှိသော ကုန်စည်များကိုသာ ဝယ်ယူ ဖြန့်ဖြူးရောင်းချရန် အသိပညာပေး ဆွေးနွေးခဲ့ပြီး ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းဆိုင်ရာ လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ပါသည်။

DOCA(ကချင်)

အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းများနှင့်စပ်လျဉ်း၍ အသိပညာပေးဆောင်ရွက်

ကချင်ပြည်နယ်၊   မြစ်ကြီးနားခရိုင်အတွင်း အွန်လိုင်းစနစ်ဖြင့်   ရောင်းချခြင်းလုပ်ငန်းများနှင့်စပ်လျဉ်း၍ အသိပညာပေးဆောင်ရွက်မှုအနေဖြင့် စားသုံးသူရေးရာဦးစီးဌာန၊ မြစ်ကြီးနားခရိုင်ဦးစီးမှူးရုံးမှ‌‌ ဦးတင်မောင်ထွန်း(ရုံးအုပ်)သည်  ၈.၁၂.၂၀၂၅ ရက်နေ့တွင် မြစ်ကြီးနားမြို့၊ တပ်ကုန်း (ရာဒါကောင်းဘီ)ရပ်ကွက်ရှိ စားသုံးသူပြည်သူ(၈)ဦးနှင့်တွေ့ဆုံ၍ အသိပညာပေးဆောင်ရွက်ခဲ့ပါသည်။

        ထိုသို့အသိပညာပေးဆောင်ရွက်ခဲ့ရာတွင် ဦးတင်မောင်ထွန်း(ရုံးအုပ်)က စားသုံးသူကာကွယ်ရေး ဥပဒေ(၂၀၁၉)ပါ စားသုံးသူ၏အဓိပ္ပာယ်ဖွင့်ဆိုချက်၊ စားသုံးသူအခွင့်အရေးနှင့်တာဝန်များ၊  စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ အမိန့်ကြော်ငြာစာအမှတ် ၅၁/၂၀၂၃ အရ အွန်လိုင်းစနစ်ဖြင့်ရောင်းချခြင်းလုပ်ငန်းကိုအရေးကြီးဝန်ဆောင်မှုလုပ်ငန်းအဖြစ်သတ်မှတ်ထားရှိမှုအခြေအနေ၊အွန်လိုင်းရောင်းချခြင်းလုပ်ငန်း၏အဓိပ္ပာယ်ဖွင့်ဆိုချက်၊ အွန်လိုင်းမှဈေးဝယ်ယူရာတွင် တွေ့ရှိရသည့် အားသာချက်၊ အားနည်းချက်များ၊ အွန်လိုင်းမှလိမ်လည်မှုပုံစံ(၂)မျိုး၊ စားသုံးသူများအနေဖြင့် အွန်လိုင်းမှတဆင့် ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုကိုဝယ်ယူရာတွင်  စိစစ်သင့်သည့်အချက်အလက်များ၊မှတ်ပုံတင်ထားသောအွန်လိုင်းရောင်းချမှုလုပ်ငန်းများမှဈေးဝယ်ယူခြင်းဖြင့်ရရှိလာမည့်အကျိုးရလဒ်များ၊ စားသုံးသူများအနေဖြင့် ကုန်စည်/ဝန်ဆောင်မှုများကို ဝယ်ယူရာ၌  နစ်နာဆုံးရှုံးမှုများဖြစ်ပေါ်လာပါက တိုင်ကြားနိုင်သည့်‌နေရာများ၊ တိုင်ကြားမှုများအပေါ် စားသုံးသူရေးရာဦးစီးဌာနမှဆောင်ရွက်ပေးမည့်အခြေအနေများ၊တရားမဝင်တင်သွင်းလာသည့်ကုန်ပစ္စည်းများအား Online မှတဆင့်ဝယ်ယူခြင်းမပြုရန်၊ ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာဖော်ပြထားသောကုန်စည်များကို သာဝယ်ယူရန်နှင့် အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှုဥပ‌ဒေပါ ပြစ်မှုပြစ်ဒဏ်များအကြောင်း အသိပညာပေးဆွေးနွေးခဲ့ပါသည်။

DOCA(ကချင်)

အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းများနှင့်စပ်လျဉ်း၍ အသိပညာပေးဆောင်ရွက်

   ကချင်ပြည်နယ်၊   မြစ်ကြီးနားခရိုင်အတွင်း အွန်လိုင်းစနစ်ဖြင့်   ရောင်းချခြင်းလုပ်ငန်းများနှင့်စပ်လျဉ်း၍ အသိပညာပေးဆောင်ရွက်မှုအနေဖြင့် စားသုံးသူရေးရာဦးစီးဌာန၊ မြစ်ကြီးနားခရိုင်ဦးစီးမှူးရုံးမှ‌‌ဦးဇေယျာအောင်(ခရိုင်ဦးစီးမှူး)သည်၇.၁၂.၂၀၂၅ ရက်နေ့(၁၀:၀၀)နာရီအချိန်တွင် မြစ်ကြီးနားမြို့၊ တပ်ကုန်းရပ်ကွက်ရှိ JA FOOTWEARS STORE  လုပ်ငန်းရှင်နှင့်တွေ့ဆုံ၍ အသိပညာပေး ဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့အသိပညာပေးဆောင်ရွက်ခဲ့ရာတွင် ဦးဇေယျာအောင်(ခရိုင်ဦးစီးမှူး)က စားသုံးသူ ကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏ အဓိပ္ပာယ်ဖွင့်ဆိုချက်နှင့်တာဝန်များ၊ စားသုံးသူ အခွင့်အရေးနှင့်တာဝန်များ၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ အမိန့်ကြော်ငြာစာအမှတ် ၅၀/၂၀၂၃ အရ အွန်လိုင်းစနစ်ဖြင့်ရောင်းချခြင်းလုပ်ငန်းကို အရေးကြီးဝန်ဆောင်မှုလုပ်ငန်းအဖြစ်သတ်မှတ် ထားရှိမှုအခြေအနေ၊ အွန်လိုင်းရောင်းချခြင်းလုပ်ငန်း၏ အဓိပ္ပာယ်ဖွင့်ဆိုချက်၊ အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းမှတ်ပုံတင်ခြင်းဆိုင်ရာ အမိန့်ကြော်ငြာစာအမှတ် ၅၁/၂၀၂၃ အရ မှတ်ပုံတင် လျှောက်ထားခြင်းနှင့်လျှောက်ထားမှုအတွက် သတ်မှတ်ချက်၊ ပြင်ဆင်လျှောက်ထားခြင်း၊ သက်တမ်းတိုး လျှောက်ထားခြင်း၊  မှတ်ပုံတင်လက်မှတ်ရရှိသူ၏ တာဝန်နှင့်အခွင့်အရေးများ၊ မှတ်ပုံတင်ထုတ်ပေးခြင်း၊ ဆိုင်းငံ့ခြင်း၊ ပယ်ဖျက်ခြင်းဆိုင်ရာအကြောင်းအရာများ၊ eComReg SystemReportနှင့် ပတ်သက်သည့် အသုံးပြုရန်နည်းလမ်းများအား အသိပညာပေးဆွေးနွေးခဲ့ပါသည်။

DOCA(ကချင်)

ချောင်းဆုံမြို့နယ်တာဝန်ခံသည် “ယုဝတီ” သက်သက်လွတ်အကြော်စုံမုန့်လုပ်ငန်းရှိ အလုပ်သမားများအား စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲပြုလုပ်

      ၃.၁၂.၂၀၂၅ ရက်နေ့ နံနက် (၀၉:၀၀) နာရီအချိန်တွင် မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီး ဌာန၊ မော်လမြိုင်ခရိုင်၊ ချောင်းဆုံမြို့နယ်တာဝန်ခံ ဒေါ်ထက်ထက်နွေဦးသည် ချောင်းဆုံမြို့နယ် ဘိုးနက်ကျေးရွာ၊ ယုဝတီ သက်သက်လွတ်အကြော်စုံမုန့်လုပ်ငန်းရှိ အလုပ်သမား (၂၀) ဦးအား စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ ပြုလုပ်ခဲ့ကြောင်း သိရသည်။

          ထိုဟောပြောပွဲတွင် ချောင်းဆုံမြို့နယ်တာဝန်ခံက ယုဝတီ သက်သက်လွတ်အကြော်စုံ မုန့်လုပ်ငန်းရှိ အလုပ်သမားများအား စားသုံးသူကာကွယ်ရေးဥပဒေ၏ အဓိပ္ပာယ်ဖော်ပြချက်များ မှ စားသုံးသူကာကွယ်ရေးဆိုသည်မှာ ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုနှင့် စပ်လျဉ်း၍ စားသုံးသူ ၏ အခွင့်အရေးနှင့် အကျိုးစီးပွားကိုကာကွယ်ပေးခြင်းနှင့် စားသုံးသူနှင့် စီးပွားရေးလုပ်ငန်းရှင် တို့အကြား ကော်မရှင်နှင့်ကော်မတီအဆင့်ဆင့်တို့မှ သတ်မှတ်ဆောင်ရွက်ပေးသည့် မျှတမှုရှိ သောလုပ်ငန်းစဉ်ကိုဆိုလိုကြောင်း၊ စားသုံးသူဆိုသည်မှာ ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုကို ကုန်သွယ်ရောင်းချခြင်းပြုရန် သို့မဟုတ် အသက်မွေးဝမ်းကျောင်းပြုရန် မဟုတ်ဘဲ ကိုယ်တိုင် သုံးစွဲမှုအတွက်သော်လည်းကောင်း၊ အခြားသူအတွက်သော်လည်းကောင်း ရည်ရွယ်၍ ဝယ်ယူ ခြင်း၊ အသုံးပြုခြင်း၊ ရယူခြင်း၊ ကုန်စည်ချေးငှားခြင်းပြုလုပ်သူများ သို့မဟုတ် ပေးကမ်းထောက် ပံ့ခြင်းခံရသူများကို ဆိုလိုကြောင်း၊ စားသုံးသူ၏အခွင့်အရေးနှင့်တာဝန်များ၊ တိုင်ကြားနိုင်သည့် အကြောင်းအရာများ၊ နည်းလမ်းများ၊ DOCA Website အကြောင်း အသိပညာပေး ဟောပြောခဲ့ပြီး စားသုံးသူကာကွယ်ရေး ဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA (မွန်)

ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

   စားသုံးသူရေးရာဦးစီးဌာန၊ မြစ်ကြီးနားခရိုင်ဦးစီးမှူးရုံးမှ ဦးတင်မောင်ထွန်း(ရုံးအုပ်) သည် ၈.၁၂.၂၀၂၅ ရက်နေ့တွင် မြစ်ကြီးနားမြို့၊ မြို့သစ်ရပ်ကွက်ရှိ အောင်(ဆေးဆိုင်)သို့ သွားရောက်၍ စားသုံးသူများဘေးအန္တရာယ်ကင်းရှင်းပြီးထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး၊ဘေးအန္တရာယ်ရှိသော ကုန်စည်များဈေးကွက်အတွင်းမှပပျောက်စေရေးနှင့် စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်အညွှန်း အမှတ်အသားဖော်ပြခြင်းနှင့်ပတ်သက်၍ ကိုက်ညီမှု ရှိ / မရှိ ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ပါသည်။

          ထိုသို့ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် ဇီဝက အမှတ်တံဆိပ်ပါ  လေနိုင်ဆေး တွင် မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်မှထုတ်ပြန်ထားသော ညွှန်ကြားချက်အမှတ်(၂/၂၀၁၉)အရ ကုန်စည်ပေါ်တွင် မြန်မာဘာသာဖြင့် ဖော်ပြရမည့် အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက် အသားတင်ပမာဏ၊ သုံးစွဲပုံနည်းလမ်း၊ ထားသိုသိမ်းဆည်းမှုအညွှန်း၊ ဘေးထွက်ဆိုးကျိုးနှင့် ကြိုတင် သတိပေးချက်တို့ပြည့်စုံစွာ ဖော်ပြပါရှိကြောင်း စစ်‌ဆေးတွေ့ရှိရပြီး ဆေးနှင့်ဆေးပစ္စည်းရောင်းဝယ်သည့် လုပ်ငန်းရှင်အား ကုန်အညွှန်းအမှတ်အသားပြည့်စုံမှုမရှိသည့် ကုန်စည်များဈေးကွက်အတွင်း ရောင်းချခြင်း မပြုလုပ်ရန် အသိပညာပေးဆွေးနွေးခဲ့ပြီး ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းဆိုင်ရာ လက်ကမ်း စာစောင်များ ဖြန့်ဝေခဲ့ပါသည်။

DOCA(ကချင်)

မော်လမြိုင်တက္ကသိုလ်တွင် အခြေခံစားသောက်ကုန်များကို သက်သာသောဈေးနှုန်းဖြင့် ရောင်းချခြင်း

    ၃.၁၂.၂၀၂၅ ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးသည် မွန်ပြည်နယ်အစိုးရအဖွဲ့မှ ကြီးမှူး၍ မော်လမြိုင်တက္ကသိုလ်ရှိ ဆရာ၊ ဆရာမများ၊ ဝန်ထမ်းများနှင့် အဆောင်နေ ကျောင်းသား၊ ကျောင်းသူများကို သက်သာသောဈေးနှုန်းဖြင့် အခြေခံစားကုန်များ ရောင်းချရာတွင် စားသုံးသူရေးရာဦးစီးဌာနမှ ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ ကြောင်း သိရသည်။

     အခြေခံစားကုန်များအား သက်သာသောဈေးနှုန်းဖြင့် ရောင်းချရာတွင် ကျားပျံ (၆) ပြည်အိတ် တစ်အိတ်လျှင် (၃၅၀၀၀) ကျပ်၊ ဆီတစ်ပိဿာလျှင် (၆၉၄၆) ကျပ်၊ ကြက်သွန်နီ တစ်ပိဿာလျှင် (၅၀၀) ကျပ်၊ ဝက်သားတစ်ပိဿာလျှင် (၂၃၀၀၀) ကျပ်၊ ကြက်ဥတစ်လုံးလျှင် (၀) ကျပ်၊ အသား၊ ငါး၊ ငါးခြောက်များ၊ ဟင်းသီးဟင်းရွက်များကို ပြင်ပပေါက်ဈေးထက် သက်သာသောဈေးနှုန်းများဖြင့် ရောင်းချပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA (မွန်)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ