
(၂၅.၈.၂၀၂၅)ရက်နေ့ နံနက် (၁၀:၂၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဒေါ်နီလာဝင်း၊ ဦးစီးမှူးပါ (၃)ဦးတို့သည် အမှတ်(၃၀၈)၊ ဇေကမ္ဘာ(၁)လမ်း၊ ဇေကမ္ဘာဝင်း၊ ရန်ကုန်စက်မှုဇုန်၊ မင်္ဂလာဒုံမြို့နယ်ရှိ CK ပေါင်မုန့်၊ ကိတ်ခြောက်၊ ကိတ်စိုမုန့်ထုတ်လုပ်သည့် လုပ်ငန်းရှင်ထံ ကွင်းဆင်းသွားရောက်တွေ့ဆုံပြီး လုပ်ငန်းရှင်၏တွေ့ကြုံနေရသည့်အခြေအနေ၊ အခက်အခဲ၊ လိုအပ်ချက်နှင့်ထုတ်လုပ်ဖြန့်ဖြူးရောင်းချမှုအား တွေ့ဆုံမေးမြန်းခဲ့ပါသည်။
တာဝန်ခံဖြစ်သူက CK မုန့်လုပ်ငန်းမှ ထုတ်လုပ်သော အမှတ်တံဆိပ်များမှာ ကြက်သား အရသာပေါင်မုန့်၊ နို့အရသာပေါင်မုန့်၊ ချောကလက်အရသာပေါင်မုန့်နှင့် CK ကိတ်ခြောက်/ ကိတ်စို ထုတ်လုပ်လျက်ရှိပြီး တစ်ရက်ထုတ်လုပ်မှုမှာ ပေါင်မုန့်(၃)မျိုးပေါင်း တစ်မျိုးလျှင်အလုံးပေါင်း (၂၀၀) ထုတ်လုပ်ပြီး ကိတ်ခြောက်အထုပ်(၁၀၀)နှင့် ကိတ်စိုအလုံးပေါင်း(၁၀၀)ထုတ်လုပ်ကာ ဝန်ထမ်းအင်အားမှာ ကျား(၃၀)၊ မ(၂၀)ဉီးဖြင့် လုပ်ငန်းအဆက်မပြတ်လုပ်ကိုင်နေပြီး ရန်ကုန်မြို့တွင်း မြို့နယ်အနှံ့အပြားသို့ ဖြန့်ဖြူးရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။
DOCA (ရန်ကုန်)