
မွန်ပြည်နယ်၊ ပေါင်မြို့နယ်သည် စပါးစိုက်ဧကအများဆုံးဖြစ်ပြီး စပါးအထွက်နှုန်း ကောင်းမွန်ကာ မြေဆီ၊ မြေသြဇာကောင်းသောဒေသဖြစ်သည်။ ယနေ့စပါးစျေးကွက် အခြေအနေအရ စပါးစျေးသည် ယခင်လထက် စျေးကျနေပြီး အရောင်းအဝယ်မရှိခြင်းကြောင့် တောင်သူများအခက်တွေ့နေခြင်းနှင့် ဆန်စက်လုပ်ငန်းများလည်း စပါးဝယ်ယူခြင်းမရှိ ခြင်းကြောင့် ခေတ္တရပ်နားထားရခြင်းနှင့် လျှပ်စစ်မီးလုံလောက်စွာမရရှိခြင်းတို့ကြောင့်လည်း ဝယ်ယူသိုကြိတ်ရာတွင် ခက်ခဲဖြစ်နေရကြောင်း၊ အလုပ်သမားများ ခေါ်ယူ၍မရခြင်းနှင့် ဆန်စက်ပိုင်ရှင်များကိုယ်တိုင်ပင် လုပ်ကိုင်ဝင်ရောက်နေရကြောင်း၊ လက်ရှိလုပ်ကိုင်နေသော လုပ်သားများအား စက်မလည်ပတ်သေးသောကာလများတွင်လည်း နေ့တွက်ခပေးပြီး အလုပ်သမားရှားပါးမှုအား ဖြေရှင်းနေရကြောင်း ဆန်စက်ပိုင်ရှင်တစ်ဦး၏ပြောကြားချက်အရ သိရှိရပါသည်။ လက်ရှိဆန်စျေးနှုန်းသည်လည်း အတက်အကျမရှိဘဲ အနည်းငယ်သာတက်လိုက်၊ ကျလိုက်နှင့် အဝယ်အေးနေကြောင်း ဆန်ရောင်းဝယ်နေသူများထံမှ သိရှိရသည်။
DOCA (မွန်)