Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ရွှေပန်းသီး အမှတ်တံဆိပ် မုန့်တီခြောက်လုပ်ငန်းအား ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရန် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းနှင့် စီးပွားရေးလုပ်ငန်းရှင်တွေ့ဆုံဆွေးနွေးခြင်း

        ၂၀၂၅ခုနှစ်၊ စက်တင်ဘာလ ()ရက်နေ့၊ နံနက် (:၀၀)နာရီအချိန်တွင် စားသုံးသူရေးရာ ဦးစီးဌာန၊ ဒုတိယပြည်နယ်ဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူး ဦးအောင်လင်းဦး (ဦးစီးမှူး) ဦးစီး၍ စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာနနှင့်ပူးပေါင်းကာ ကျိုင်းတုံမြို့၊ ရပ်ကွက် () စွန်မိုင် ရပ်ကွက်အတွင်းရှိ ရွှေပန်းသီးအမှတ်တံဆိပ် မုန့်တီခြောက်ထုတ်လုပ်သည့်လုပ်ငန်းအား ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရန် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းနှင့် စီးပွားရေးလုပ်ငန်းရှင် တွေ့ဆုံဆွေးနွေးခြင်းလုပ်ငန်း ဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့စစ်ဆေးရာတွင် ရွှေပန်းသီးအမှတ်တံဆိပ် (မုန့်တီခြောက်)လုပ်ငန်းသည် စားသုံးသူ ကာကွယ်ရေးဥပဒေ အခန်း (၁၈)ပါကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် ပတ်သက်၍ ပြည့်စုံ စွာ ဖော်ပြထားပြီး ထုတ်ကုန်များကိုလည်း သန့်ရှင်းသပ်ရပ်စွာ ထုတ်လုပ်ဖြန့်ချိသည်ကို စစ်ဆေးတွေ့ ရှိရပါသည်။

    ထို့နောက် စစ်ဆေးရေးမှူးနှင့် တာဝန်ရှိသူများသည်ရွှေပန်းသီးအမှတ်တံဆိပ် မုန့်တီခြောက် ထုတ်လုပ်သည့် လုပ်ငန်းရှင်အား စားသုံးသူဘေးအန္တရာယ်ကင်းရှင်းစေရေး အလေးထားဆောင်ရွက်ရန်၊ ကုန်ကြမ်းများစနစ်တကျ သိုလှောင်ရန်နှင့် စားသုံးသူကာကွယ်ရေးဥပဒေ အခန်း (၁၀)ပါစီးပွားရေးလုပ်ငန်းရှင်၏တာဝန်များကို လိုက်နာဆောင်ရွက်ရန် ဆွေးနွေးခဲ့ကြပါသည်။

DOCA(ရှမ်း)

“မိုးပွင့်ကြယ်” အမှတ်တံဆိပ် မုန့်တီခြောက်လုပ်ငန်းအား ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရန် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

     ၂၀၂၅ခုနှစ်၊ စက်တင်ဘာလ (၁၀)ရက်နေ့၊ နံနက် (:၀၀)နာရီအချိန်တွင် စားသုံးသူရေးရာ ဦးစီးဌာန၊ ဒုတိယပြည်နယ်ဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူး ဦးအောင်လင်းဦး (ဦးစီးမှူး) ဦးစီး၍ စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာနနှင့် ပူးပေါင်းကာ ကျိုင်းတုံမြို့၊ ရပ်ကွက် () အတွင်းရှိ ‌“မိုးပွင့်ကြယ်အမှတ်တံဆိပ် မုန့်တီခြောက်ထုတ်လုပ်သည့် လုပ်ငန်းအား ထုတ်ကုန်များ လုံခြုံစိတ် ချရမှုရှိစေရန် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်း ဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့စစ်ဆေးရာတွင် မိုးပွင့်ကြယ်အမှတ်တံဆိပ် (မုန့်တီခြောက်)လုပ်ငန်းသည် စားသုံးသူ ကာကွယ်ရေးဥပဒေ အခန်း (၁၈)ပါကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် ပတ်သက်၍ ပြည့်စုံ စွာ ဖော်ပြထားပြီး ထုတ်ကုန်များကိုလည်း သန့်ရှင်းသပ်ရပ်စွာ ထုတ်လုပ်ဖြန့်ချိသည်ကို စစ်ဆေး တွေ့ရှိရပါသည်။

     ထို့နောက် စစ်ဆေးရေးမှူးနှင့်တာဝန်ရှိသူများသည် မိုးပွင့်ကြယ်အမှတ်တံဆိပ် မုန့်တီခြောက် ထုတ်လုပ်သည့် လုပ်ငန်းရှင်အား စားသုံးသူဘေးအန္တရာယ်ကင်းရှင်းစေရေး အလေးထားဆောင်ရွက် ရန်၊ ကုန်ကြမ်းများ စနစ်တကျ သိုလှောင်ရန်နှင့် စားသုံးသူကာကွယ်ရေးဥပဒေ အခန်း (၁၀)ပါစီးပွားရေးလုပ်ငန်းရှင်၏တာဝန်များကို လိုက်နာဆောင်ရွက်ရန် အသိပညာပေးခြင်း ဆောင်ရွက်ခဲ့ ပါသည်။

DOCA(ရှမ်း)

 

ကုန်အညွှန်းအမှတ်အသားပြည့်စုံစေရေး Smart Water (သောက်ရေသန့်) လုပ်ငန်းအားကွင်းဆင်းစိစစ်

     စားသုံးသူရေးရာဦးစီးဌာန၊ ကလောခရိုင်ဦးစီးမှူးရုံး(အောင်ပန်း)မှ ခရိုင်ဦးစီးမှူး ဦးမြင့်နိုင် (ဦးစီးအရာရှိ)သည်( ၉-၉-၂၀၂၅ ) နံနက် (၁၀:၀၀) နာရီအချိန်တွင် သလဲအုပ်စု၊ ရွာတော်ကျေးရွာ၊ ပင်းတယလမ်း၊ ကလောမြို့နယ်ရှိ Smart Water(သောက်ရေသန့်)လုပ်ငန်းအား ကုန်အညွှန်းအမှတ် အသား ပြည့်စုံစွာ ပါရှိစေရေး (Pre Market)ဈေးကွက်မရောက်မီ စောင့်ကြည့်စစ်ဆေးခြင်း လုပ်ငန်း များ ဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့ဆောင်ရွက်ရာတွင် ခရိုင်ဦးစီးမှူး ဦးမြင့်နိုင် မှ ကုန်စည် နှင့်စပ်လျဉ်း၍ မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသားဖော်ပြထားမှု ရှိ/မရှိ၊ သက်ဆိုင်ရာဌာန ထောက်ခံချက် ရှိ/မရှိ တို့အား စစ် ဆေးခဲ့ပြီး စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၈)ပါ စီးပွားရေးလုပ်ငန်းရှင်များလိုက်နာရမည့် တာဝန်များအကြောင်း၊ တားမြစ်ချက်များအကြောင်း နှင့် ပြစ်မှုပြစ်ဒဏ်များအကြောင်း၊ ကုန်အညွှန်း အမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ မည်သည့်စီးပွားရေးလုပ်ငန်းရှင်မဆို ပုဒ်မ(၄၁) ပုဒ်မခွဲ(က)၊ (ခ)၊ (ဂ) နှင့် (ဇ)တို့ပါအချက်အလက်များကို ပြည့်စုံစွာ ဖော်ပြရမည်ဖြစ်ပြီး ကုန်စည်အမျိုးအစား အလိုက် သတ်မှတ်ထားသည့် ဥပဒေညွှန်ကြားချက်များအား အထူးအလေးထား လိုက်နာဆောင်ရွက် ရန် ရှင်းလင်းဆွေးနွေးပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ရှမ်း)

 

စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ

     ရှမ်းပြည်နယ် (တောင်ပိုင်း)၊ စားသုံးသူရေးရာဦးစီးဌာန၊ လွိုင်လင်ခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည်  ၂၀၂၅ခုနှစ် ၊ စက်တင်ဘာလ (၁၀) ရက်နေ့၊ နေ့လယ် (၁၄:၀၀)နာရီ အချိန်တွင် လွိုင်လင်မြို့နယ်၊ အမှတ်(၂)၊ အခြေခံပညာအထက်တန်းကျောင်းတွင် စားသုံးသူကာကွယ်ရေးဆိုင်ရာအသိပညာပေး ဟောပြောပွဲကို ကျင်းပခဲ့ပါသည်။ ထိုဟောပြောပွဲသို့ ဆရာ၊ ဆရာမများနှင့် ကျောင်းသားကျောင်းသူများ စုစုပေါင်း (၁၂၀)ဦး တက်ရောက်ခဲ့ပါသည်။

     အဆိုပါဟောပြောပွဲတွင် စားသုံးသူရေးရာဦးစီးဌာန၊ လွိုင်လင်ခရိုင်ဦးစီးမှူးရုံးမှ  ဦးသန်းတိုး (ဦးစီးအရာရှိ)သည် စားသုံးသူကာကွယ်ရေးနှင့်ပတ်သက်၍ အသိပညာပေးဟောပြောခဲ့ပါသည်။ စားသုံးသူကာကွယ်ရေးနှင့်ပတ်သက်၍ စားသုံးသူကာကွယ်ရေးဥပဒေပြဌာန်းချက်ပါ စားသုံးသူ အခွင့်အရေးနှင့်တာဝန်များ၊ ကုန်စည်တစ်ခုကိုဝယ်ယူမည်ဆိုပါက စစ်ဆေးကြည့်ရှုရမည့်အချက်များ၊ ဘေးအန္တရာယ်ဖြစ်စေနိုင်သည့် အစားအစာများနှင့် စားသုံးရန်သင့်/မသင့် သိရှိသင့်သည့် ကုန်အညွှန်း အမှတ်အသားပါအချက်အလက်များကို ရှင်းလင်းပြောကြားခဲ့ပါသည်။

DOCA(ရှမ်း)

ရှမ်းပြည်နယ်အစိုးရအစီအစဉ်ဖြင့် တောင်သူများအား ဈေးနှုန်းသက်သာစွာဖြင့် စားအုန်းဆီရောင်းချပေးခြင်း

    ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့တွင် ပြည်နယ်အစိုးရအစီအစဉ်ဖြင့် မိုးစပါး ပန်းတိုင်အထွက်နှုန်းရရှိစေရေးအတွက် သွင်းအားစုထောက်ပံ့ပေးအပ်ပွဲနှင့် နည်းပညာပေး ဆွေးနွေးပွဲအခမ်းအနားအား (၁၀.၉.၂၀၂၅)ရက်နေ့ နံနက် (၉:၀၀)နာရီအချိန်၌ စိုက်ပျိုးရေး ဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ပြီး ရှမ်းပြည်နယ်အစိုးရ အဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ်တက်ရောက်ခဲ့ပြီး အဖွင့်အမှာစကားပြောကြားခဲ့ကြောင်း သိရှိရပါသည်။

    အဆိုပါအခမ်းအနားသို့ စားသုံးသူရေးရာဦးစီးဌာနမှ ရှမ်းပြည်နယ်အစိုးရအစီအစဉ်ဖြင့် အခမ်းအနားသို့တက်ရောက်လာသည့် တောင်သူများအား ဈေးနှုန်းသက်သာစွာဖြင့် စားအုန်းဆီ တစ်ပိဿာလျှင် (၇၅၀၀)ကျပ်ဖြင့် ရောင်းချပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရှမ်း)

မင်းဘူးမြို့နှင့်စကုမြို့ပေါ်ရှိ စားအုန်းဆီအရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေး

   စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူး၏ လမ်းညွှန်မှုဖြင့် မင်းဘူးခရိုင်တာဝန်ခံရုံးမှ ခရိုင်တာဝန်ခံနှင့်ဝန်ထမ်းများသည် (၅.၉.၂၀၂၅)ရက်နေ့၊ နံနက်(၀၉:၃၀) အချိန်တွင် ရောနှောဆီရောင်းချမှုရှိ/မရှိ၊ သတ်မှတ်ရည်ညွှန်းဈေးအတိုင်းရောင်းချမှုရှိ/မရှိနှင့် ဘူးသွပ်ဆီ များကိုသာရောင်းချခွင့်ရှိပြီး စားအုန်းဆီများကို ခွက်မှောက်ခွက်လှန်ရောင်းချခြင်း မရှိစေရေးတို့ အတွက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန၊ မင်းဘူးခရိုင်ဆီကုန်သည်အသင်း ဥက္ကဌတို့နှင့်ပူးပေါင်း၍ မင်းဘူးမြို့နှင့် စကုမြို့ပေါ်ရှိ စားအုန်း ဆီလက်လီ/လက်ကားအရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

          ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် စားအုန်းဆီလက်လီ/လက်ကားအရောင်းဆိုင်များ၌ ရော နှောဆီရောင်းချခြင်းမရှိသည့်အပြင် သတ်မှတ်ရည်ညွှန်းဈေးအတွင်းသာ ရောင်းချမှုရှိကြောင်း စစ် ဆေးတွေ့ရှိရပြီး မင်းဘူးခရိုင်တာဝန်ခံမှ လုပ်ငန်းရှင်များအား ဘူးသွတ်ဆီများနှင့် ဒေသထွက်ပဲဆီ၊ နှမ်းဆီစသည်တို့ကိုသာ ရောင်းချခွင့်ရှိပြီး စားအုန်းဆီများကို ခွက်မှောက်ခွက်လှန် ရောင်းချခြင်းမရှိ စေရန်နှင့် စစ်ဆေးတွေ့ရှိပါက ချက်ချင်းဖမ်းဆီးအရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ဈေးနှုန်း ကစားခြင်း၊ ဈေးနှုန်းကြီးမြှင့်ရောင်းချခြင်း မပြုလုပ်ကြရန် အသိပေးဆွေးနွေးပြောကြားခဲ့ကြောင်း သိရှိရသည်။

DOCA(မကွေး)

မကွေးမြို့ပေါ်ရှိ စားအုန်းဆီအရောင်းဆိုင်အား ကွင်းဆင်းစစ်ဆေး

  ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ (၂)ရက်နေ့တွင် ကျင်းပပြုလုပ်သည့် စားသုံးဆီဖြန့်ဖြူးခြင်းကြီး ကြပ်ဆောင်ရွက်ခြင်းဆိုင်ရာကိစ္စရပ်များနှင့် စပ်လျဉ်းသည့် လုပ်ငန်း ညှိနှိုင်းအစည်းအဝေးတွင် စားအုန်း ဆီအလွတ်များအား ခွက်မှောက်ခွက်လှန်ရောင်းချခြင်းမျိုးမပြုရန်နှင့် စစ်ဆေးတွေ့ရှိပါက ချက်ချင်း ဖမ်းဆီးအရေးယူဆောင်ရွက်သွားရန် စားသုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေး ကော်မတီ၊ အတွင်းရေးမှူးမှ လမ်းညွှန်ထားပါသည်။

       ထိုသို့ လမ်းညွှန်ထားမှုအပေါ် (၈.၉.၂၀၂၅)ရက်နေ့၊ နံနက်(၀၉:၀၀)အချိန်တွင် စားသုံးသူရေးရာဦးစီးဌာနမကွေး တိုင်းဒေသကြီး၊ မကွေး/ချောက်ခရိုင်တာဝန်ခံ ဒေါ်တင်တင်လှဦးဆောင်သည့် ဝန်ထမ်း (၅)ဦး၊  မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မြို့နယ် စည်ပင်သာယာရေးအဖွဲ့၊ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန တို့ ပူးပေါင်း၍ မကွေးမြို့ပေါ်ရှိ စားအုန်းဆီလက်လီ/လက်ကား အရောင်းဆိုင်များတွင် ရောနှောဆီ ရောင်းချမှုရှိ/မရှိ၊ သတ်မှတ်ရည်ညွှန်းဈေးအတိုင်းရောင်းချမှုရှိ/မရှိနှင့် ဘူးသွပ်ဆီများကိုသာရောင်းချခွင့် ရှိပြီး စားအုန်းဆီများကို ခွက်မှောက်ခွက်လှန်ရောင်းချခြင်း မရှိစေရေးတို့ အတွက် ကွင်းဆင်းစစ်ဆေးရာ ရောနှောဆီရောင်းချခြင်းမရှိဘဲ သတ်မှတ်ရည်ညွှန်းဈေးဖြင့်သာ ရောင်းချမှုရှိကြောင်းနှင့် စားအုန်းဆီ များကို ခွက်မှောက်ခွက်လှန် ရောင်းချခြင်းမရှိစေရန်နှင့် စစ်ဆေးတွေ့ရှိပါက ချက်ချင်းဖမ်းဆီးအရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပညာပေးဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)

အသင့်သောက်ကော်ဖီနှင့် လက်ဖက်ရည်အမျိုးမျိုးအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

       ရှမ်းပြည်နယ်(တောင်ပိုင်း)၊ စားသုံးသူရေးရာဦးစီးဌာန၊ လွိုင်လင်ခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် (၁၁.၉.၂၀၂၅)ရက်နေ့၊ နံနက် (၁၁:၀၀) နာရီအချိန်၌ နမ့်စန်မြို့ပေါ်ရှိ ကုန်စုံဆိုင်များတွင် အသင့်သောက်ကော်ဖီနှင့် လက်ဖက်ရည်အမျိုးမျိုးတို့အား ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ပါသည်။

        ထိုသို့ကွင်းဆင်းစစ်ဆေးရာ၌ ကုန်စုံဆိုင်တွင်ရောင်းချနေသော အသင့်သောက်ကော်ဖီနှင့် လက်ဖက်ရည်အမျိုးမျိုးတွင် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြထားခြင်း ရှိ/မရှိ၊ စားသုံးသူဘေးအန္တရာယ်ဖြစ်စေနိုင်သော ကုန်စည်များရောင်းချခြင်းရှိ/မရှိတို့အား စစ်ဆေးခဲ့ပြီး သတ်မှတ်စံချိန်စံနှုန်းနှင့် ကိုက်ညီ၍ သက်ဆိုင်ရာဌာနများမှ ခွင့်ပြုထားသော ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြထားသည့် ကုန်စည်များကိုသာ ဈေးကွက်အတွင်း တင်သွင်းရောင်းချစေရန် အသိပညာပေးခြင်းတို့ကို ဆောင်ရွက်ခဲ့ပါသည်။

DOCA(ရှမ်း)

မကွေးမြို့၊ မြို့မဈေး၌ ကုန်အညွှန်းအမှတ်အသားပြည်စုံသော ကုန်ပစ္စည်းများ ရောင်းချစေရေးနှင့် ပလတ်စတစ်သုံးစွဲမှု လျော့ချရေး ကွင်းဆင်းစစ်ဆေး

  မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မကွေးမြို့နယ်တွင် မြို့နယ်သာယာလှပစရေးနှင့် သဘာဝ ပတ်ဝန်းကျင် ထိခိုက်မှုမရှိစေရေးအတွက် ပလတ်စတစ်သုံးစွဲမှုလျော့ချရေး Campaign အား မကွေး တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်၏ လမ်းညွှန်မှုဖြင့် အပတ်စဉ် တနင်္လာနေ့တိုင်းအား ပလတ်စတစ်အိတ်မသုံးစွဲရေးနေ့ဟု သတ်မှတ် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ (၈.၉. ၂၀၂၅)ရက်နေ့၊ နံနက်(၀၈:၀၀)အချိန်တွင် မကွေးမြို့၊ မြို့မစျေး၌ ကုန်အညွှန်းအမှတ်အသား ပြည့်စုံသော ပစ္စည်းများရောင်းချစေရေးနှင့် ဈေးဆိုင်များတွင် ပလတ်စတစ်အိတ်ဖြင့် ထုတ်ပိုးရောင်းချ ခြင်းမရှိစေရန်အတွက် စစ်ဆေးခြင်းနှင့် ပလတ်စတစ်အိတ် အစား စက္ကူအိတ်များ၊ အင်ဖက်များ၊ ငှက်ပျောဖက်များဖြင့် အစားထိုး ထုပ်ပိုးသုံးစွဲစေရေး အသိပညာပေးခြင်းနှင့် အသိပညာ‌ ပေးလက်ကမ်းစာစောင်များဖြန့်ဝေခြင်းများဆောင်ရွက်ခဲ့ကြောင်း သိရသည်။

          ထိုသို့ စစ်ဆေးရာတွင် စည်ပင်သာယာရေးအဖွဲ့၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ စားသုံးသူ ရေးရာဦးစီးဌာန၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် စျေးကော်မတီဝင်များ ပူးပေါင်း၍ မြို့မစျေးအတွင်းနှင့် အပြင်တွင် ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

DOCA(မကွေး)

ထားဝယ်မြို့သို့ မြန်မာနိုင်ငံဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်းမှ ရောင်းချမည့် စားအုန်းဆီများ ရောက်ရှိ

      ၂၀၂ခုနှစ်၊စက်တင်ဘာလ ၁၄ ရက်နေ့၊ ၁၁း၀၀နာရီအချိန်တွင် ထားဝယ်မြို့၊ အိမ်ရှေ့ပြင်ရပ်၊ ရေးလမ်းရှိ ဟိုင်း‌ဝေးကားဂိတ်ယာဥ်ရပ်နားစခန်းသို့ မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များ အသင်း၏ စီစဥ်မှုဖြင့် Myanmar Oil Alliance Co,Ltd တို့မှ တင်ပို့ရောင်းချသည့် စားအုန်းဆီ ၁ ပေပါ လျှင် ၁၁၀ ပိဿာပါ စားအုန်းဆီ (၈၄) ပေပါကို ယာဥ်မောင်း ဦးရဲနိုင်ဦး၊ ယာဉ်အမှတ် 2I-70444 / Nissan မော်တော်ယာဉ်နှင့် အလားတူ Myanmar Oil Alliance Co,Ltd တို့မှ တင်ပို့ရောင်းချသည့် စားအုန်းဆီ ၁ ပေပါ လျှင် ၁၁၀ ပိဿာပါ စားအုန်းဆီ (၈၄) ပေပါကို ယာဉ်မောင်း ဦးမျိုးမင်းကျော်၊ ယာဉ်အမှတ် 7K-6531/ Hino မော်တော်ယာဉ်တို့ဖြင့် တင်ဆောင်၍ အသီးသီးရောက်ရှိလာရာ စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးဦးစိုးဦးနှင့် တာဝန်ရှိသူများက သွားရောက်စစ်ဆေးခဲ့ကြောင်း၊ ယင်းသို့ရောက်ရှိ လာသောစားအုန်းဆီ (၁၆၈) ပေပါအား ကုမ္ပဏီ၏ လက်ကားအ​ရောင်းကိုယ်စားလှယ်မှတစ်ဆင့် ထားဝယ်မြို့၊ အိုးလုပ်ရပ်ကွက်၊ နိဗ္ဗာန်လမ်းရှိ ဦးဘိုသစ်၏ ယမုံလှိုင် ကုန်စုံဆိုင်အပါအဝင် လက်လီဆိုင် ၁၅ ဆိုင်မှတစ်ဆင့် သတ်မှတ်ရည်ညွှန်းစျေးအတိုင်း စားသုံးသူများအား ရောင်းချပေးသွားမည် ဖြစ်ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ