
စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူး၊ ခရိုင်ဦးစီးမှူး၏ လမ်းညွှန်မှုဖြင့် ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ ဆိပ်ဖြူမြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းသည်(၂၆.၉.၂၀၂၅) ရက်နေ့၊ နံနက်(၀၉:၀၀)အချိန်တွင် ဆိပ်ဖြူမြို့ ရေလယ်ကျွန်း အခြေခံပညာ မူလတန်းကျောင်းတွင် ဆရာ/ဆရာမ(၁၀)ဦး၊ ကျောင်းသား/ကျောင်းသူ(၁၂၅)ဦးတို့ တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။
အဆိုပါဟောပြောပွဲတွင် ဆိပ်ဖြူမြို့နယ်တာဝန်ခံက စားသုံးသူရေးရာဦးစီးဌာန၏ဆောင်ပုဒ်၊ မျှော်မှန်းချက်၊ ရည်မှန်းချက်များ၊ ဌာန၏သမိုင်းကြောင်းနှင့်လုပ်ငန်းဆောင်ရွက်ချက်များ၊ စားသုံးသူ ၏ အခွင့်အရေးနှင့်တာဝန်များ၊ စားသုံးသူကာကွယ်ရေးဥပဒေပါ အကြောင်းအရာများ၊ ကုန်စည်နှင့် ဝန်ဆောင်မှုများ ရွေးချယ်ဝယ်ယူအသုံးပြုရာတွင် လိုအပ်သောသတင်းအချက်အလက်များ ပြည့်စုံ မှန်ကန်စွာ သိရှိခွင့်နှင့်ပြေစာ(သို့မဟုတ်)အထောက်အထား ရယူထားရှိခြင်းမှာ အရေးကြီးပါကြောင်း၊ နစ်နာဆုံးရှုံးမှုများဖြစ်ပေါ်ပါက ဌာနသို့တိုင်ကြားစေခြင်းဖြင့် ကုစားခွင့်များရရှိမှာဖြစ်ကြောင်း၊ စားသုံး သူကာကွယ်ရေးဥပဒေအရကုန်စည်နှင့် ဝန်ဆောင်မှုကို တိုက်ရိုက်သုံးစွဲသူ ပြည်သူများရရှိခံစား ရမည့်အကျိုးကျေးဇူးများအား အကျယ်တဝင့်ရှင်းလင်းဆွေးနွေးခဲ့ပြီး ဒု-ဦးစီးမှူး ဒေါ်တင်မာရီမှ စားသုံးသူကာကွယ်ရေး ဥပဒေပါ အခန်း(၁၈)မှ ကုန်အညွှန်းအမှတ်အသားဖော်ပြချက်များ၊ တိုင်ကြား နိုင်သည့် ပုဂ္ဂိုလ်များ၊ တိုင်ကြားနိုင်သည့်နေရာများနှင့် Consumer Call Center (1535) သို့ဆက်သွယ် ၍လည်း စားသုံးသူရေးရာနှင့် ပတ်သက်၍ သိရှိလိုသည်များ ရှင်လင်းဆွေးနွေးခဲ့ပြီး ဌာနမှ စားသုံးသူကာကွယ်ရေး အသိပညာပေး လက်ကမ်းစာစောင်များ ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။
DOCA(မကွေး)
