Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲတာဝန်ခံသည် “Ma Chan Kiwi Green Tea” အမှတ်တံဆိပ်ဖြင့် ကျန်းမာရေးအဆီကျလက်ဖက်ခြောက်ထုတ်လုပ်သည့် လုပ်ငန်းရှင်နှင့် တွေ့ဆုံဆွေးနွေး

  စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်၊ ပြည်နယ်ဦးစီးမှူးရုံးမှ၊ ထုတ်ကုန်လုံခြုံစိတ်ချရ မှုဌာနခွဲတာဝန်ခံ ဦးစီးမှူး ဒေါ်စောကြည်သည် ၂၃..၂၀၂ ရက်နေ့တွင် Ma Chan Kiwi Green Tea” အမှတ်တံဆိပ်ဖြင့် ကျန်းမာရေးအဆီကျလက်ဖက်ခြောက်ထုတ်လုပ်သည့် လုပ်ငန်းရှင်နှင့်တွေ့ဆုံ၍ ကုန်အညွှန်းအမှတ်အသား ဆိုင်ရာများနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ ပါသည်။

    အဆိုပါ ကုန်အညွှန်းအမှတ်အသားပြုလုပ်ရာတွင် လိုအပ်သည်များကို ထုတ်ကုန်လုံခြုံ စိတ်ချရမှုဌာနခွဲတာဝန်ခံက လုပ်ငန်းရှင်အား ၎င်းတို့၏ ထုတ်ကုန်ပစ္စည်းများပေါ်တွင် စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉ အခန်း (၁၈)တွင် ဖော်ပြထားသောပြဌာန်းချက်အတိုင်း ကုန်အညွှန်းအမှတ်အသားကို ပြည့်စုံစွာဖော်ပြရန်၊ ကုန်စည်အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်၊ အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှုအညွှန်းတို့ကို မြန်မာဘာသာဖြင့် ဖြစ်စေ၊ မြန်မာဘာသာ (သို့မဟုတ်) အခြားဘာသာတစ်ခုဖြင့်ဖြစ်စေ ဖော်ပြရန် အသိပညာပေး ဆွေးနွေးခဲ့ပြီး ကုန်အညွှန်းအမှတ်အသား ဖော်ပြချက်၊ မူပိုင်ခွင့်လျှောက်ထားခြင်းနှင့် ပတ်သက်၍ အသိပညာပေး ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA (မွန်)

ဘီးလင်းမြို့နယ်တွင် မှုခင်းကျဆင်းရေး၊ ယာဉ်အန္တရာယ်ကင်းရှင်းရေး၊ မူးယစ်ဆေးဝါးနှင့်ပတ်သတ်၍ ရှောင်ကြဉ်ရေး ပြစ်မှုပြစ်ဒဏ်များစသည့် ဥပဒေအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်

    ၂၃.၇.၂၀၂၅ ရက်နေ့ နံနက် (၁၁း၃၀) နာရီအချိန်တွင် မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ် အတွင်း အခြေခံပညာကျောင်းများမှ ကျောင်းသား/သူ များအား မှုခင်းကျဆင်းရေး၊ ယာဉ်အန္တရာယ်ကင်းရှင်းရေး၊ မူးယစ်ဆေးဝါးနှင့်ပတ်သတ်၍ ရှောင်ကြဉ်ရေး ပြစ်မှုပြစ်ဒဏ်များ စသည့် ဥပဒေအသိပညာပေးဟောပြောဆောင်ရွက်မှုအနေဖြင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မြို့နယ်စခန်းမှူး၊ ယာဉ်ထိန်းရဲတပ်ဖွဲ့တို့မှ ဦးဆောင်၍ ဘီးလင်းမြို့နယ်၊ ဘိုးရာဇာရပ်ကွက်ရှိ အ.ထ.က (ဘီးလင်း) ရှိ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ/မများ၊ ကျောင်းသား/ သူများ စုစုပေါင်းအင်အား (၇၀၀)ဦးခန့်အား လည်းကောင်း၊ ကင်းရွာကျေးရွာ၊ အ.ထ.က (ကင်းရွာ)ရှိ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ/မများ၊ ကျောင်းသား/ သူများ စုစုပေါင်းအင်အား (၂၃၅)ဦးခန့်အား အသိပညာပေး ဟောပြော ဆောင်ရွက်ခဲ့ကြောင်း သိရပါသည်။

DOCA (မွန်)

၂၀၂၅ ခုနှစ် ပါတီစုံအထွေထွေဒီမိုကရေစီ ရွေးကောက်ပွဲတွင် အသုံးပြုမည့် MEVM မဲပေးစက်အသုံးပြုနည်းသင်တန်းဖွင့်ပွဲသို့ ဘီးလင်းမြို့နယ်တာဝန်ခံတက်ရောက်

   ၂၂.၇.၂၀၂၅ ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ ဘီးလင်းမြို့နယ်တာဝန်ခံသည် မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ ကန်သာယာရပ်ကွက်၊ အ.ထ.က(ကန်သာယာ)ရှိ မဟော်သဓာ ခန်းမ၌ ၂၀၂၅ ခုနှစ် ပါတီစုံအထွေထွေဒီမိုကရေစီ ရွေးကောက်ပွဲတွင် အသုံးပြုမည့် MEVM မဲပေးစက်အသုံးပြုနည်းသင်တန်း ဖွင့်ပွဲသို့ တက်ရောက်ခဲ့ပါသည်။ အဆိုပါ MEVM မဲပေးစက်အသုံးပြုနည်းသင်တန်းအား နည်းပြ (၁၁)ဦးနှင့် သင်တန်းသား (၄၉၇) ဦးတို့ဖြင့် ကျင်းပခဲ့ကြောင်း သိရှိရပါသည်။

DOCA (မွန်)

ဆန်စက်များနှင့်ဆန်၊စပါးသိုလှောင်ရုံများအား MyRoတွင် မှတ်ပုံတင်သက်တမ်းတိုး ဆောင်ရွက်ရန် ကွင်းဆင်းဆောင်ရွက်

   (၂၂.၇.၂၀၂၅) ရက်နေ့ မွန်းလွှဲ (၂း၀၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ ဦးအောင်ကျော်မင်း (ဦးစီးအရာရှိ)နှင့် ဦးစည်သူ (ဒုတိယဦးစီးမှူး)တို့သည် ဆန်စက်များနှင့် ဆန်၊ စပါးသိုလှောင်ရုံများအား MyRoတွင် မှတ်ပုံတင်သက်တမ်းတိုးရန် ကွင်းဆင်းဆောင်ရွက် ခဲ့ကြသည်။ 

   ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် သထုံမြို့နယ်၊ သုဝဏ္ဏဝတီမြို့ရှိ ဦးတင်သန်း ပိုင်ဆန်စက်နှင့်ဆန်၊ စပါးသိုလှောင်ရုံအား MyRoတွင် မှတ်ပုံတင်သက်တမ်းတိုး ဆောင်ရွက်ရန်၊ ဆန်၊ စပါး ဝင်/ထွက် လက်ကျန်စာရင်းအား လစဥ်ပုံမှန်ဖြည့်သွင်းရန်၊ ဆန်၊ စပါး သိုလှောင်ထားရှိမှုအခြေအနေ၊ ဆန်စျေးနှုန်းတည်ငြိမ်မှု ရှိ/မရှိ၊ ဆန်ကြိတ်ခွဲနိုင်စွမ်းအား၊ စျေးကွက်စျေးနှုန်း အခြေအနေ၊ ဆန်၊ စပါးရောင်းဝယ်ဖောက်ကားမှု အခြေအနေများအား ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြောင်းသိရသည်။

DOCA (မွန်)

ကျိုက်ထိုမြို့နယ်တွင် ဆန်စပါးသိုလှောင်ရုံများအား MyRoတွင် မှတ်ပုံတင်ခြင်း သက်တမ်းတိုး ဆောင်ရွက်ရန် ကွင်းဆင်းစစ်ဆေး

  စားသုံးသူရေးရာဦးစီးဌာန၊ ကျိုက်ထိုခရိုင်တာဝန်ခံနှင့် မြို့နယ်တာဝန်ခံတို့သည် (၂၂.၇.၂၀၂၅) ရက်နေ့ နံနက် (၁၀း၀၀) နာရီတွင် ဆန်စပါးသိုလှောင်ရုံများအား MyRo တွင် မှတ်ပုံတင်ခြင်း သက်တမ်းတိုးဆောင်ရွက်ရန် ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။

  ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် ရန်ကုန်-မော်လမြိုင်ကားလမ်းဘေးရှိ ဒေါ်မေဇွန် ပိုင်သည့် အောင်ပြည့်စံဆန်စက်နှင့် သိုလှောင်ရုံအား MyRoတွင် မှတ်ပုံတင်သက်တမ်းတိုး ဆောင်ရွက်ရန် ဆန်၊ စပါး ဝင်/ထွက် လက်ကျန်စာရင်းအား လစဥ်ပုံမှန်ဖြည့်သွင်းရန်၊ ဆန်စပါးသိုလှောင်ထားရှိမှု အခြေအနေ၊ ဆန်စျေးနှုန်းတည်ငြိမ်မှု ရှိ/မရှိ၊ စျေးကွက်စျေးနှုန်းနှင့် ဆန်၊ စပါးရောင်းဝယ် ဖောက်ကားမှု အခြေအနေများအား ကွင်းဆင်းမေးမြန်း ဆောင်ရွက် ခဲ့ကြောင်း သိရပါသည်။

  DOCA (မွန်)

 “ ကော့မှူးမြို့နယ်ဈေးကွက်အတွင်းအခြေခံစားကုန်ပစ္စည်းများဇူလိုင်လဆန်းပိုင်းတွင်ဖြစ်ပေါ် နေသည့်ဈေးနှုန်းအခြေအနေမြေပြင်ကွင်းဆင်းစစ်ဆေး ”

            ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ် စည်ပင်သာယာမြို့မဈေးအတွင်း/ အပြင်နှင့် ရပ်ကွက်များရှိ အခြေခံစားကုန် ပစ္စည်းအရောင်းဆိုင်များသို့ ဇူလိုင်လ(၁၄)ရက်နေ့၊ နံနက်(၀၉:၀၀)နာရီအချိန်တွင် ဇူလိုင်လဆန်းတွင် ဖြစ်ပေါ်နေသည့် အခြေခံစားကုန်ပစ္စည်းများ၏ ဈေးနှုန်းအခြေအနေအား မြေပြင်ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

       ထိုသို့ ဈေးကွက်အတွင်း မြေပြင်ကွင်းဆင်း စစ်ဆေးခဲ့ရာတွင် စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံ ဦးတင်မင်းနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ မြို့မဈေးတာဝန်ခံ ဦးအေးသွင်တို့သည် စည်ပင်လမ်း ပြည်တော်သာရပ်ကွက်ရှိ ရတနာလွင် ကုန်စုံဆိုင်၊ ဗိုလ်ချုပ်လမ်း မြို့မရပ်ကွက်ရှိ ဦးသိန်းထွဋ်(ခ) ဦးကိုလေး ကုန်စုံဆိုင်၊ စည်ပင်သာယာမြို့မဈေးအတွင်းရှိ ဒေါ်မူ၊ ဒေါ်မွှေးကြူ၊ မိဘရိပ် ဆန်ဆိုင်၊ မြို့မဈေး အပြင်တန်းရှိ ဒေါ်လုံးလုံး၊ ဦးချမ်းသာကြီးဆန်ဆိုင်၊ ဦးတင့်ဆွေဦး၊ ဦးဌေးလှိုင်၊ ဦးတင်ဝင်း၊ ဒေါ်ချောစုလှိုင်၊ ဒေါ်ချိုချိုမြင့် ကုန်ခြောက်ဆိုင်၊ ဒေါ်ပေါက်၊ ဒေါ်နိုင်နိုင်မော် ကြက်သားဆိုင်၊ ဦးခင်မောင်ဝင်း ဝက်သားဆိုင်၊ ဦးကုလား အမဲသားဆိုင်၊ ဦးဇော်ကြီး ဆိတ်သားဆိုင်၊ ဒေါ်သင်းသင်း၊ ဒေါ်မျိုးမျိုးဝင်း ရေချိုရေငံ ငါးပုဇွန် အရောင်းဆိုင်၊ ဒေါ်ချို ကြက်ဥ၊ ဘဲဥ လက်လီလက်ကား အရောင်းဆိုင်၊ ဒေါ်သန်းသန်းစိုး ငါးပိ၊ ငါးခြောက် ဆိုင်နှင့် ဦးဖိုးထောင်၊ ဦးကျောက်ခဲ အသီးအရွက် ကုန်စိမ်းဆိုင်တို့တွင် ဇူလိုင်လဆန်းနှင့် ဇူလိုင်လ အလယ်တွင် ဖြစ်ပေါ်နေသည့် အခြေခံစားကုန်ပစ္စည်း ဈေးနှုန်းအခြေအနေတို့မှာ သိသိသာသာ ကွာခြားမှုမရှိဘဲ စားအုန်းဆီဈေးနှုန်းမှာလည်း တည်ငြိမ်လျက်ရှိသည်ကို စစ်ဆေးတွေ့ရှိခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

“ မြို့သစ်ရပ်ကွက် အခြေခံမူလတန်းကျောင်း၌စုပေါင်းသန့်ရှင်းရေးဆောင်ရွက် ”

     ၂၀၂၅-၂၀၂၆ ပညာသင်နှစ်တွင် ကျောင်းသား/ကျောင်းသူများ အဆင်ပြေချောမွေ့စွာ သင်ကြားနိုင်ရေးနှင့် စာသင်ကျောင်းများ ဥပတိရုပ်ကောင်းမွန်စေရေးအတွက် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ အခြေခံပညာကျောင်းများ၌ ကျောင်းပတ်ဝန်းကျင် သန့်ရှင်းသာယာ လှပရေးအတွက် နယ်မြေခံတပ်မတော်သားများ၊ ဌာနဆိုင်ရာ ဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ဒေသခံပြည်သူများက စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက် ရှိကြောင်း သိရသည်။ 

        ထိုသို့ ဆောင်ရွက်ပေးလျက်ရှိရာ ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ် မြို့သစ်ရပ်ကွက် အခြေခံမူလတန်းကျောင်းတွင် ဇူလိုင်လ (၁၂)ရက်နေ့၊ နံနက်(၀၇:၀၀)နာရီ အချိန်တွင် နယ်မြေခံတပ်မတော်သားများ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ ရပ်ကွက်‌ချုပ်ရေးမှူးများ၊  လူမှုရေးအသင်းအဖွဲ့များနှင့် ဒေသခံပြည်သူများက မြို့သစ်ရပ်ကွက် အခြေခံပညာကျောင်း အတွင်း/အပြင်ရှိ ချုံနွယ်ပေါင်းမြက်များ ခုတ်ထွင်ရှင်းလင်းခြင်း၊ အမှိုက်များရှင်းလင်းခြင်း၊ ရေစီးရေသာကောင်းမွန်စေရေး ရေနုတ်မြောင်းများ တူးဖော်ပေးခြင်း၊ ရေကန်များတွင် အဘိတ်ဆေးများ ခတ်ပေးခြင်း၊ ခြင်ခိုအောင်းနိုင်သည့်နေရာများအား ဆေးဖျန်းခြင်းလုပ်ငန်းများ စုပေါင်းဆောင်ရွက်ခဲ့ကြကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်‌)

အစားအသောက်ဝန်ဆောင်မှုပေးသည့် လုပ်ငန်းအား ကွင်းဆင်းစစ်ဆေး

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ကသာခရိုင်ဦးစီး မှူးရုံး အနေဖြင့် ပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းသော အစားအသောက်များ ဝယ်ယူနိုင်ရန်အတွက်  အစားအသောက်ဝန်ဆောင်မှုပေးသည့်လုပ်ငန်းများဖြစ်သည့် စားသောက်ဆိုင်များသို့ ကွင်းဆင်းစစ်ဆေး ခြင်းအား လစဉ်ဆောင်ရွက်လျက်ရှိရာ ၂၀၂၅-ခုနှစ် ဇွန်လ(၂၈) ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာနမှ ဒုတိယခရိုင်ဦးစီးမှူး ဦးကြည်နိုင်ဦးမှ ဦးဆောင်၍ ပူးပေါင်းဌာနများဖြစ်သည့် ခရိုင်ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့်မြို့နယ်စည်ပင်သာယာရေးအဖွဲ့ဝင်များဖြင့် 158 စားသောက် ဆိုင် သို့ကွင်းဆင်းစစ်ဆေးခြင်းအား ဆောင်ရွက်ခဲ့ပါသည်။

ထိုသို့စစ်ဆေးရာတွင် အစားအသောက်ချက်ပြုတ်သူများ၊ အစားအသောက်ဝန်ဆောင်မှု ပေးသူ များ၏ ကျန်းမာရေး၊ သန့်ရှင်းသပ်ရပ်မှု၊ အစားအသောက်ချက်ပြုတ်ရာနေရာများ သန့်ရှင်းမှု ရှိ/မရှိနှင့် ဟင်းသီးဟင်းရွက်၊ အသား/ငါး စသည်တို့ လတ်ဆတ်မှုရှိ/မရှိ စသည်များအား စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပြီး လုပ်ငန်းရှင်အား အစားအသောက်ရောင်းချရာတွင် အဓိက သန့်ရှင်းသပ်ရပ်မှုရှိစေရေး မှာ အဓိကကျသည့်အတွက် သန့်ရှင်းကောင်းမွန်သော စားသောက်ဆိုင်ဖြစ်အောင် ဂရုစိုက်ကြရန်နှင့် အစားအသောက်များ၏ အရွယ်အစားအလိုက် ဈေးနှုန်းများကိုလည်း သိသာထင်ရှားစွာဖော်ပြထား ရှိရေး၊ စားသုံးသူအခွင့်အရေး အပြည့်အဝရရှိစေရေး ဆွေးနွေးမှာကြားခြင်းများ ဆောင်ရွက်ခဲ့ပြီး လက်ကမ်း စာစောင်များဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။

Doca(စစ်ကိုင်း)

ပေါင်မြို့နယ်၌ အငြိမ်းစား နိုင်ငံ့ဝန်ထမ်းများအား အခမဲ့ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း၊ အခြေခံစားသောက်ကုန်များ သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေးခြင်းများ ဆောင်ရွက်

  မွန်ပြည်နယ်၊ ပေါင်မြို့နယ်တွင် အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား အခမဲ့ကျန်းမာရေး စောင့်ရှောက်မှုပေးခြင်း၊ အခြေခံစားသောက်ကုန်များ သက်သာသောဈေးနှုန်းတို့ဖြင့် ရောင်းချ ပေးခြင်းတို့ကို ၂၁.၇.၂၀၂၅ ရက်နေ့ နံနက်က ပေါင်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝါရီရူခန်းမ၌ တာဝန်ရှိသူများနှင့် ပူးပေါင်းဆောင်ရွက်ခဲ့ကြသည်။

   ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌနှင့် အဖွဲ့ဝင်များ၊ တာဝန်ရှိသူ များ ကျန်းမာရေးဝန်ထမ်းများမှ ကျန်းမာရေးစစ်ဆေးခြင်း ကုသခြင်းနှင့် လိုအပ်သည့်ဆေးဝါး များ အခမဲ့ပေးအပ်ခြင်း၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် တာဝန်ရှိသူ တို့ပူးပေါင်းကာ သက်‌သာသောဈေးနှုန်းဖြင့် ပဲ၊ အာလူး၊ ဆီစသည့် အခြေခံစားသောက်ကုန်များကို ရောင်းချ ပေးခြင်း၊ လိုအပ်သည်တို့ကိုပံ့ပိုးပေးခဲ့ကြသည်။

   အဆိုပါ အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများစောင့်ရှောက်မှုပေးရာတွင် မြို့နယ်ကြက်ခြေနီ သူနာပြုတပ်ဖွဲ့ဝင်များ၊ အမျိုးသမီးရေးရာအဖွဲ့၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းနှင့် ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးအဖွဲ့တို့မှ လိုအပ်သည်တို့ကို ကူညီဆောင်ရွက်ပေးခဲ့ကြပြီး ဇူလိုင်လ ၂၁ ရက်နေ့မှ ၂၃ ရက်နေ့ထိ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

DOCA (မွန်)

“ ကော့မှူးမြို့နယ်၌မိုးစပါးတိုက်ရိုက်အစေ့ချကိရိယာ Seeder ဖြင့်လက်တွေ့စိုက်ပျိုးခြင်း အခမ်းအနားကျင်းပ ”

        တိုက်ရိုက်မျိုးစေ့ချကိရိယာ (Seeder)ဖြင့် မိုးစပါးလက်တွေ့ စိုက်ပျိုးခြင်း အခမ်းအနားကို ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ်၊ အဖျောက်ကျေးရွာအုပ်စု၊ ကွင်းအမှတ် (၂၇၇) ဦးပိုင်အမှတ်(၁/၁) သရုပ်ပြဧက(၅)ဧက တောင်သူ ဦးစန်းလွင်၏ လယ်ယာမြေ၌ ဇူလိုင်လ (၁၁)ရက်နေ့၊ နံနက် (၀၉:၃၀)နာရီအချိန်တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။                                                                                                 အဆိုပါ အခမ်းအနားတွင် ကော့မှူးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးမျိုးမင်းမှ အဖွင့် အမှာစကားပြောကြားပေးခဲ့ပြီး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးသက်နိုင်မှ တိုက်ရိုက်မျိုးစေ့ချ ကိရိယာ seeder ၏ အကျိုးကျေးဇူးများဖြစ်သော လုပ်အားသက်သာခြင်း မျိုးစေ့ကုန်ကျသက်သာခြင်း ပင်ကြားတန်းကြား ညီညာစွာ စိုက်ပျိုးနိုင်ခြင်း၊ ကြားလိုက်သမန်းနိုး ရန်လွယ်ကူခြင်း၊ တစ်ဧကအောက်ကွက် ပြည့်မှီခြင်း၊ ပင်ပွားကောင်းမွန်ခြင်း၊ လေဝင်လေထွက် ကောင်း၍ အပင်ဖြစ်ထွန်းမှု ပိုမိုကောင်းမွန်ခြင်း စသည့်တို့အား အကျယ်တဝင့် ရှင်းလင်းပြော ကြားပေးခဲ့ပြီး မိုးစပါးတိုက်ရိုက်မျိုးစေ့ချ ကိရိယာ Seeder ဖြင့် လက်တွေ့စိုက်ပျိုးခြင်းတို့အား ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

           အဆိုပါ မိုးစပါး တိုက်ရိုက်မျိုးစေ့ချ ကိရိယာ Seeder ဖြင့် လက်တွေ့စိုက်ပျိုးခြင်း အခမ်း အနားသို့ တွံတေးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၂) ဦးဝင်းထွန်းနိုင်နှင့် ကော့မှူးမြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စိုက်ပျိုးကြီးကြပ်မှုအဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာအုပ်စုမှ အုပ်ချုပ်ရေးမှူးနှင့် လေ့လာသူ တောင်သူများ တိုက်ရိုက်မျိုးစေ့ချ ကိရိယာ Seeder ဖြင့် သရုပ်ပြ စိုက်ပျိုးခြင်းအား လှည့်လည်ကြည့်ရှု့ခဲ့ကြကြောင်း သိရှိရပါသည်။ 

DOCA(ရန်ကုန်)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ