Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ဟင်္သာတခရိုင် ဇလွန်မြို့နယ် ဆန်တန်းရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး၌ စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲဆောင်ရွက်

     ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ(၁၄)ရက်နေ့ နံနက်(၁၁:၃၀)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီး ဌာန မှ မြို့နယ်ဦးစီးမှူးသည် ဇလွန်မြို့နယ်၊ ဆန်တန်းရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး၌ မုန့်မျိုးစုံဆိုင် လုပ်ငန်းရှင်များအား ကုန်အညွှန်းအမှတ်အသားများပြည့်စုံကိုက်ညီမှုရှိစေရန်၊ ဥပဒေ၊ ညွှန်ကြား ချက်များအား လိုက်နာဆောင်ရွက်မှုရှိစေရန်အတွက် စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာ ပေး ဟောပြောပွဲ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

          အဆိုပါဟောပြောပွဲတွင် ဇလွန်မြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးသန့်ဇင်ဦးက စားသုံးသူကာကွယ်ရေးဥပဒေပြဌာန်းချက်ပါ စီးပွားရေးလုပ်ငန်းရှင်တာဝန်များကို လိုက်နာဆောင်ရွက်ရန်ဖြစ်ပြီး ကုန်စည်(သို့)ဝန်ဆောင်မှု၏အာမခံချက်၊ သတ်မှတ်ချက်များနှင့် စပ်လျဉ်း၍ သတင်းအချက်အလက်များကို ပွင့်လင်းမြင်သာစွာဖော်ပြရန်၊ စီးပွားရေးဆိုင်ရာ ကျင့် ဝတ်၊ စည်းကမ်းနှင့်အညီ ဖြောင့်မတ်မှန်ကန်စွာဆောင်ရွက်ရန်၊ ကုန်စည်၏အရည်အသွေးအား အာမခံချက်ပေးခြင်းနှင့် စားသုံးသူနစ်နာဆုံးရှုံးမှုများအတွက် တာဝန်ယူဆောင်ရွက်ပေးရန်လိုအပ် ကြောင်း၊  မိမိတို့ ထုတ်လုပ်ဖြန့်ဖြူးရောင်းချသည့် ကုန်စည်အမျိုးအစားများ၌ ကုန်အညွှန်းအမှတ် အသားဆိုင်ရာ ဖော်ပြချက်များ ပြည့်စုံမှန်ကန်စွာဖော်ပြရန် လိုအပ်ကြောင်း၊  အွန်လိုင်းမှရောင်း ချသည့် ကုန်စည်များ နှင့်စပ်လျဉ်း၍ ကုန်သွယ်ရေးဦးစီးဌာန၌ online မှတ်ပုံတင်ခြင်း ဆောင်ရွက် ရန် နှင့် မှတ်ပုံတင် လက်မှတ်မရှိဘဲ အွန်လိုင်းစနစ်ဖြင့်ရောင်းချခြင်းလုပ်ငန်းကိုဆောင်ရွက်ပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေ ပုဒ်မ ၅ အရ အရေးယူဆောင်ရွက်ခံရမည်ဖြစ်ကြောင်း စသည့်အချက်များအား ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA (ဧရာဝတီ)

မြန်အောင်ခရိုင်၊ မြန်အောင်မြို့နယ်အတွင်းရှိ ဆေးနှင့်ဆေးပစ္စည်းအရောင်းဆိုင်များ၌ ဈေးကွက်စောင့်ကြည့်စစ်ဆေးမှုများဆောင်ရွက်

      မြန်အောင်ခရိုင်၊ မြန်အောင်မြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ စစ်ဆေးရေးအရာရှိနှင့် ဝန်ထမ်းများသည် ၂၀၂၅ ခုနှစ် ဇူလိုင်လတွင် မြို့မနေခြည်ဈေးအတွင်းရှိ ဆေးနှင့်ဆေးပစ္စည်း အရောင်းဆိုင်များ၌ ရောင်းချလျက်ရှိသော အိမ်သုံးဆေးအမျိုးမျိုးတို့အား ဈေးကွက်စောင့်ကြည့် စစ်ဆေးမှုများဆောင်ရွက်ခဲ့ကြကြောင်းသတင်းရရှိပါသည်။

   စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မြန်အောင် ခရိုင်၊ မြန်အောင်မြို့နယ်မှ စစ်ဆေးရေးအရာရှိ ဦးမြင့်အောင်နှင့်ဝန်ထမ်းများသည် ဆက်စပ်ဌာန ဆိုင်ရာများနှင့်ပူးပေါင်း၍ မြို့မနေခြည်ဈေးအတွင်းရှိ ဆေးနှင့်ဆေးပစ္စည်းအရောင်းဆိုင်များ၌ ရောင်းချဖြန့်ဖြူးလျက်ရှိသည့် အိမ်သုံးဆေးဝါးများ ဈေးနှုန်းမြှင့်တင်ရော်ငးချခြင်းရှိ/မရှိနှင့် ညွှန် ကြားချက်အမှတ် ၂/၂၀၁၉ အားလိုက်နာဆောင်ရွက်မှုရှိ/မရှိ သက်ဆိုင်ရာဌာနထောက်ခံချက်များ ပါဝင်မှုရှိ/မရှိတို့အားဈေးကွက်စောင့်ကြည့်စစ်‌ဆေးမှုများဆောင်ရွက်ခဲ့ရာ ညွှန်ကြားချက်များအား လိုက်နာဆောင်ရွက်မှုရှိကြောင်းတွေ့ရှိရပြီး လိုက်နာဆောင်ရွက်မှုမရှိပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပညာပေးဟောပြောခဲ့ ကြောင်း သတင်းရရှိပါသည်။

DOCA (ဧရာဝတီ)

(မုံရွာမြို့) သူနာပြုနှင့် သားဖွားသင်တန်းကျောင်းတွင် စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲဆောင်ရွက်

      စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန ဒု-တိုင်းဒေသကြီးဦးစီးမှူး ဦးဆောင်၍ ဝန်ထမ်းများသည် (မုံရွာမြို့) သူနာပြုနှင့်သားဖွား သင်တန်းကျောင်းတွင် စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲဆောင်ရွက်ရာ ကျောင်းအုပ် ဆရာမကြီးက နှုတ်ဆက်အဖွင့်အမှာစကားပြောကြားပြီး  ဆရာ/ဆရာမများ၊ ကျောင်းသား/သူများ စုစုပေါင်း (၁၅၀)ဦး တက်ရောက်ကြောင်း သတင်းရရှိပါသည်။

      အဆိုပါစားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲတွင် ဒု-တိုင်းဒေသကြီးဦးစီးမှူး ဒေါ်ဇင်မာဦးက ဝန်ကြီးဌာနအကြောင်းနှင့် စားသုံးသူအခွင့်အရေး(၈)ချက်ကို ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေး‌ဟောပြောခဲ့ပြီး၊ စားသုံးသူတို့လိုက်နာရမည့် တာဝန်များနှင့် စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာရမည့် တာဝန်များအကြောင်း ရှင်းလင်းဆွေးနွေးခဲ့ပါသည်။  ဆက်လက်၍ စားသုံး/ထုတ်လုံ ဌာနခွဲတာဝန်ခံ ဦးစီးအရာရှိ ဒေါ်အေးမြင့်ငြိမ်းက စားသုံးသူကာကွယ်ရေးအကြောင်းသိကောင်းစရာများ နှင့် စားသုံးသူနစ်နာဆုံးရှုံးမှုရှိပါက တိုင်ကြားမှုများကို လက်ခံညှိနှိုင်း ဖြေရှင်းဆောင်ရွက်မှုနှင့် ဖြေရှင်း ပြီးစီးမှုအကြောင်းများ၊ အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းများ မှတ်ပုံတင်ခြင်းဆိုင်ရာများ  ဆွေးနွေးပြောကြားပြီး၊ တက်‌ရောက်လာသူများမှ သိလိုသည်များအား ဒု-တိုင်းဒေသကြီးဦးစီးမှူးက ရှင်းလင်းဖြေကြား၍ အသိပညာပေးလက်ကမ်းစာဆောင်များ ဖြန့်ဝေခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်၊ အောင်သပြေဈေးအတွင်းရှိ ကုန်မျိုးစုံဆိုင်များတွင်ရောင်းချနေသော  duck, Goody ဆီသန့်ဘူးများတွင် ကုန်အညွှန်းအမှတ်အသားပြည့်စုံမှု ရှိ/ မရှိ ကွင်းဆင်းစစ်ဆေး

          ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင် ဝါးခယ်မမြို့နယ်တာဝန်ခံ ဦးအောင်မိုးနှင့်ဝန်ထမ်းများသည် မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် ပူးပေါင်း၍ (၁၄.၇.၂၀၂၅)ရက်၊ နေ့လယ် (၁၂း၀၀)နာရီ ဝါးခယ်မမြို့နယ်အောင်သပြေဈေးအတွင်းရှိ ကုန်မျိုးစုံဆိုင်များတွင် ရောင်းချနေသော ကုန်မျိုးစုံဆိုင်များတွင် ရောင်းချနေသော duck,goody မေစင် ဆီသန့်ဘူးများတွင် ကုန်အညွှန်းအမှတ်အသားဖော်ပြချက် ပြည့်စုံခြင်း ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

          ထိုသို့ကွင်းးဆင်းစစ်ဆေးဆောင်ရွက်ရာတွင် ဝါးခယ်မမြို့နယ်တာဝန်ခံမှမြို့မဈေးအတွင်းရှိ ကုန်မျိုးစုံဆိုင် များတွင်ရောင်းချနေသော duck, Goody မေစင်ဆီသန့်ဘူးများတွင် ကုန်ညွှန်းအမှတ်အသားဖော်ပြခြင်း ပြည့်စုံမှု ရှိ/မရှိစစ်ဆေးခဲ့ပြီး၊ ကုန်မျိးစုံဆိုင်ပိုင်ရှင်များအား စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန် ထားသော စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉ပါပြဌာန်းချက်များမှ အခန်း(၁၈)ပါ  ကုန်ညွှန်းအမှတ်အသား ဖော်ပြခြင်း နှင့်စပ်လျဉ်း၍ မည်သည့်စီးပွားရေးလုပ်ငန်းရှင်မဆို ပုဒ်မ၄၁ ပုဒ်မခွဲ(ခ)နှင့် (ဆ)တို့ပါ ကုန်ညွှန်းအမှတ်အသား ဖော်ပြရာတွင် မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့်အခြားဘာသာတစ်ခု (သို့)တစ်ခုထက်ပို၍ တွဲလျက်ဖြစ်စေ  ရေးသားဖော်ပြရမည်ဖြစ်ပြီး၊ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ထားသည့် ဥပဒေညွှန်ကြားချက်များအား လိုက်နာဆောင်ရွက်ကြရန် ဈေးကွက်အတွင်းရောင်းချနေသော ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသား ဖော်ပြချက်၊ ပြည့်စုံမှုရှိ/မရှိအားဌာနအနေဖြင့် ဈေးကွက်စောင့်ကြည့်စစ်ဆေးမှုများ စဉ်ဆက်မပြတ်ဆောင်ရွက်သွားမည် ဖြစ်ကြောင်းသိရှိရပါသည်။

DOCA(ရန်ကုန်)

ညောင်တုန်းမြို့နယ် ပဲနှမ်းအသင်းနှင့် တွေ့ဆုံခြင်း

             စားသုံးသူရေးရာဦးစီးဌာန၊ ညောင်တုန်းမြို့နယ်ဦးစီးမှူး ဦးအောင်လွင်သည် (၉.၇.၂၀၂၅)ရက်နေ့ နံနက် (၀၉:၃၀) နာရီအချိန်တွင် ညောင်တုန်းမြို့နယ်ဦးစီးမှူးရုံးခန်းမတွင်  ပဲ/နှမ်း ကုန်သည်များအသင်းအဖွဲ့မှ တာဝန်ရှိသူများနှင့် တွေ့ဆုံ၍ ပြည်တွင်း ကုန်သွယ်မှုဖွံ့ဖြိုးတိုးတက်စေရေး ဆွေးနွေးခြင်းကို ဆောင်ရွက်ခဲ့ပါသည်။

               ထိုသို့ဆွေးနွေးခဲ့ရာတွင် ညောင်တုန်းမြို့နယ်ဦးစီးမှူးဦးအောင်လွင်က ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးတိုးတက်ရေးဆွေးနွေးပြီး မြို့နယ်တွင်း ပဲ၊ နှမ်းထွက်ရှိမှုအခြေအနေများကိုမေးမြန်းခဲ့သည်။  အသင်းအဖွဲ့ဝင်က  မြို့နယ်ကအသင်းအနေဖြင့် ဒေသတွင်းထွက်ရှိသော မတ်ပဲများကို အဓိကထားဝယ်ယူပြီး ရန်ကုန်တင်ပို့မှုအခြေအနေများကို ဆွေးနွေးခြင်း၊ ကုန်ပစ္စည်းအရည်အသွေး၊ အလေးချိန်၊ ဈေးနှုန်းမှန်ကန်စေရေး ဦးစားပေးဆောင်ရွက်လျက်ရှိပြီး ကြောင်း၊ အသင်းအဖွဲ့ဝင်အားလုံးမှာလည်း မိမိတို့မြို့နယ်တွင် လုပ်ငန်းရှင်သန်လည်ပတ်နိုင်ရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း၊ သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်း များမှလည်း ကူညီဆောင်ရွက်ပေးလျက်ရှိပြီး ဒေသတွင်းဖွံ့ဖြိုးမှုအခြေအနေများကို ပိုမိုတိုးတက်လာနိုင်မှာဖြစ်ကြောင်း ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

MITS, MRF, DOCA & DOTအဖွဲ့များ ပို့ကုန်ဝင်ငွေဝင်ရောက်မှု MyRo မှတ်ပုံတင်ထားမှုနှင့်စပ်လျဉ်း၍ ညောင်တုန်းမြို့နယ်ဆန်/ ဆန်ကွဲသိုလှောင်ရုံများအား ကွင်းဆင်းစစ်ဆေး

         ၁၁.၇.၂၀၂၅ ရက်နေ့ နံနက် (၁၀း၀၀)နာရီအချိန်တွင် အမှတ် (၃၄၉)၊ အရွဲကျေးရွာ၊ညောင်တုန်းမြို့နယ်။ (၁၉ - မိုင်) Golden Lake Import & Export Co.,Ltd Myanmar Broken Rice B 1:2 (Sortexed) 1040 MTသို့  ဆန်/ ဆန်ကွဲ သိုလှောင်ထားရျိမှု အခြေအနေများကို MITS, MRF, DOCA & DOTအဖွဲ့များ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြောင်းသိရသည်။

          ထိုသို့ကွင်းဆင်းရာတွင် တာဝန်ရှိသူများက ညောင်တုန်းမြို့နယ်မှ ဆန်စပါးသိုလှောင်ရုံမှတ်ပုံတင်ရန်ဆောင်ရွက်ပြီး Myro တွင် ၂၀၂၄ ဇွန်လက သက်တမ်းတစ်နှစ် များပြည့်မြှောက်ပြီးမှုရှိ/မရှိကို စစ်ဆေးပြီး နှစ်ပြည့်ပါက သက်တမ်းတိုးဆောင်ရွက်နိုင်ရန် အသိပညာပေးဆောင်ရွက်ခြင်း၊ ပြည်ပသို့ ဆန်တင်ပို့မည့် ပို့ကုန်လုပ်ငန်းရှင်အနေဖြင့် ညောင်တုန်းဆန်စက်များမှ ဆန်နှင့် ဆန်ထွက်ပစ္စည်းများ ပြည်ပသို့တင်ပို့ရာတွင် စနစ်တကျဖြစ်ပေါ်စေရန်နှင့် ပို့ကုန်လိုင်စင်ပြင် ဆင်ခွင့်လျှောက်ထားခြင်းကို လိုင်စင်သက်တမ်းကာလအတွင်း ကုန်ပစ္စည်းတင်ပို့ခြင်းမပြုမီ ကြိုတင်တင်ပြ လျှောက်ထားရမည်ဖြစ် ကြောင်းကို ရှင်းလင်းပြောကြားခြင်း၊ ပြည်ပသို့တင်ပိုရန် ဆန်/ ဆန်ကွဲအမျိုးအစား၊ ဆန်တန် ဆန်/ ဆန်ကွဲသိုလှောင်ထားရှိမှု မြေပြင်အခြေအနေများကို အဖွဲ့ဖြင့် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

“ ကွမ်းခြံကုန်းမြို့နယ်ဈေးကွက်အတွင်းအခြေခံစားသောက်ကုန်ဈေးနှုန်းများကွင်းဆင်း စစ်ဆေးခြင်း”

  ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကွမ်းခြံကုန်းမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဒေါ်နွယ်နွယ်အေးနှင့် ဝန်ထမ်းများသည် ရန်ကုန်တောင်ပိုင်းခရိုင် ဦးစီးမှူးရုံး၏ ညွှန်ကြားချက်နှင့်အညီ ဇွန်လ(၁၄)ရက်နေ့၊ နံနက်(၀၉:၀၀)နာရီအချိန်တွင် ကွမ်းခြံကုန်းမြို့နယ် မြို့မဈေးအတွင်း အခြေခံစားသောက်ကုန် ရောင်းချသောဆိုင်များသို့ ကွင်းဆင်းစိစစ်ခဲ့ကြ ကြောင်း သိရှိရသည်။  ထိုသို့ ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်ရာတွင် ကွမ်းခြံကုန်းမြို့နယ် စည်ပင် သာယာရေးအဖွဲ့မှ ဈေးတာဝန်ခံ ကျန်းမာရေးမှူး-၃ ဦးထွန်းထွန်း၊ စားသုံးသူရေးရာ ဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဒေါ်နွယ်နွယ်အေးနှင့် ဌာနခွဲစာရေး ဦးတင်ထွန်းဦးတို့ ပါဝင်သော ပူးပေါင်း အဖွဲ့ ဖြင့် အခြေခံစားသောက်ကုန် ရောင်းချသော ဦးအောင်ပု(၂) ကုန်မျိုးစုံရောင်းဝယ်ရေးနှင့် ဒေါ်ကြည်ကြည်သန်း ကုန်စုံဆိုင်တို့မှ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ငရုပ်ပု၊ ငရုပ်ရှည်၊ အာလူး၊ ကုလားပဲ၊ ဆား၊ သကြားဈေးနှုန်းများကိုလည်းကောင်း၊ ဆရာမ မုန့်ဖတ်၊ ငံပိရောင်းဝယ်ရေးမှ ငံပိဈေးနှုန်းကိုလည်းကောင်း၊ ဒေါ်နှင်းဝေဦးဆိုင်မှ ကြက်ဥ၊ ဘဲဥ ဈေးနှုန်းများကိုလည်းကောင်း၊ ကြက်သားဈေးနှုန်းကို ဒေါ်စန္ဒာဆိုင်မှလည်းကောင်း၊ ဝက်သားဈေးနှုန်းကို ဦးကုလားဆိုင်မှ လည်းကောင်း၊ အမဲသားဈေးနှုန်းကို ဦးကျော်လေးဆိုင်မှလည်းကောင်း၊ ငါးကြင်း၊ ငါးမြစ်ချင်း ဈေးနှုန်းများကို ဒေါ်မာမာလွင်ဆိုင်မှလည်းကောင်း၊ စားအုန်းဆီ၊ မြေပဲဆီဈေးနှုန်းကို ဒေါ်ရီရီဆန် ဆိုင်မှလည်းကောင်း ကွင်းဆင်းစုံစမ်းခဲ့ကြရာ ယခင်တစ်ပတ်ဈေးနှုန်းများနှင့် ကွာခြားမှုမရှိ ကြောင်း တွေ့ရှိခဲ့ကြသည်။  ထို့နောက် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဒေါ်နွယ်နွယ်အေးက အခြေခံ စားသောက်ကုန်များသည် စားသုံးသူများ နေ့စဉ်မရှိမဖြစ် ဝယ်ယူသုံးစွဲနေရသည့် ကုန်စည်များ ဖြစ်ခြင်းကြောင့် ပစ္စည်းပြတ်လပ်မှုမရှိစေရေး၊ ဈေးနှုန်းမြှင့်တင် ရောင်းချခြင်းမရှိစေရေးတို့ကို ရောင်းချသူများနှင့် တွေ့ဆုံဆွေးနွေး ကွင်းဆင်းစိစစ်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

“ ကွမ်းခြံကုန်းမြို့နယ်အတွင်း ရောင်းချသော ဆန်ဆိုင်များအား ကွင်းဆင်းစိစစ်ခြင်း”

   ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကွမ်းခြံကုန်းမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဒေါ်နွယ်နွယ်အေးနှင့် ဝန်ထမ်းများသည် ကွမ်းခြံကုန်းမြို့နယ် ဈေးကွက် အတွင်း ရောင်းချနေသော ဆန်ဆိုင်များအား ဇွန်လ (၁၅)ရက်နေ့၊ နံနက် (၀၈:၄၅)နာရီအချိန် တွင် ပူးပေါင်းအဖွဲ့ဖြင့် ကွင်းဆင်းစိစစ်ခဲ့ကြောင်း သိရှိရသည်။
  ထိုသို့ ဈေးကွက်အတွင်း ကွင်းဆင်းစိစစ်ခြင်းများ ဆောင်ရွက်ရာတွင် ကွမ်းခြံကုန်းမြို့ နယ် စည်ပင်သာယာရေးအဖွဲ့မှ ဈေးတာဝန်ခံ ကျန်းမာရေးမှူး-၃ ဦးထွန်းထွန်း၊ စားသုံးသူရေးရာ ဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဒေါ်နွယ်နွယ်အေးနှင့် ဌာနခွဲစာရေး ဦးတင်ထွန်းဦးတို့ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ကွမ်းခြံကုန်းမြို့နယ် မြို့မဈေးအတွင်း ရောင်းချသော ဒေါ်အေးကြိုင် ဆန်နှင့် ဆန်ထွက်ပစ္စည်းရောင်းဝယ်ရေး၊ ကိုသန်းအေး+ဒေါ်အေးလှိုင် ဆန်နှင့်ဆန်ထွက်ပစ္စည်းရောင်း ဝယ်ရေး၊ ကိုရန်ကုန်သား ဆန်နှင့်ဆန်ထွက်ပစ္စည်းရောင်းဝယ်ရေးဆိုင်များနှင့် ကွမ်းခြံကုန်းမြို့ နယ်ဈေးပိုင်းရပ်ကွက်အတွင်း ရောင်းချသော အောင်မင်္ဂလာဆန်ဆိုင်၊ သူရထွန်း ဆန်နှင့်ဆန် ထွက်ပစ္စည်းရောင်းဝယ်ရေးဆိုင်များတွင် ရောင်းချသော ငစိန် (ထွန်းပု)ဆန်၊ ဧည့်မထ(ရက်၉၀) ဆန်၊ မီးဒုံ(ခွန်နီ)ဆန်၊ ငကျွဲ(တောင်ပျံ)(ပုသိမ်ညွှန့်) ကြားပျံဆန် ဈေးနှုန်းများအား ကွင်းဆင်းစိ စစ်ခဲ့ကြောင်း သိရှိရသည်။
  ထို့နောက် စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံ ဒေါ်နွယ်နွယ်အေးက မိမိတို့ဌာန အနေဖြင့် အမျိုးအစားအလိုက် ရောင်းချရမည့် သင့်တင့်မျှတသော ဆန်ဈေးနှုန်း၊ ရည်ညွှန်းဈေး များကိုလည်း လစဉ်ထုတ်ပြန်လျက်ရှိရာ ရောင်းချသူ လုပ်ငန်းရှင်များ အနေဖြင့် သတ်မှတ်ထား သောရည်ညွှန်းဈေးဖြင့်သာ ရောင်းချသွားကြရန်၊ ဈေးကစားရန် ရည်ရွယ်၍ သိုလှောင်ခြင်းများ မပြုလုပ်ကြရန် လုပ်ငန်းရှင်များအား တွေ့ဆုံဆွေးနွေး ကွင်းဆင်းစိစစ်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

ကျွန်းလှမြို့၊ ပိတောက်မြိုင်ရပ်ကွက် အတွင်းရှိ ကုန်မျိုးစုံရောင်းဝယ်ရေးဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေး

     စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံသူရေးရာဦးစီးဌာန၊ ကျွန်းလှမြို့နယ် တာဝန် ခံရုံးအနေဖြင့်  စားသုံးသူပြည်သူများ ဘေးအန္တရာယ် ကင်းရှင်းစေရေးနှင့် ထုတ်ကုန်များ လုံခြုံစိတ်ချရမှု ရှိစေ ရေးအတွက် ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်းများကို ဆောင်ရွက်လျက်ရှိရာ ၂၀၂၅ ခုနှစ်၊ ဇူလိုင် (၁၄)ရက်နေ့ နံနက်(၁၀:၀)နာရီ အချိန်တွင် ကျွန်းလှမြို့၊ ပိတောက်မြိုင်ရပ်ကွက်အတွင်းရှိ  ကုန်မျိုးစုံ ရောင်းဝယ်ရေးဆိုင်များအား ကျွန်းလှမြို့နယ်တာဝန်ခံ ဒေါ်ဝေဝေအောင် ဦးဆောင်သည် မိတ်ဖက်ဌာနဆိုင်ရာ များဖြစ်သည့် မြို့နယ် ထွေ/အုပ်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မြို့နယ်ကျန်းမာရေး နှင့် မြို့နယ်စည်ပင်သာယာရေး အဖွဲ့တို့ ပူးပေါင်း၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

     ထိုသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းဆောင်ရွက်သည့် CHERRY MART ဆိုင်တွင် ရောင်းချနေ သော စည်သွတ်အစားအစာဘူးများနှင့် အခြားကုန်ပစ္စည်းများတွင် ကုန်အညွှန်းအမှတ် အသားဖော်ပြခြင်း နှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံ စားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက်အမှတ်(၂/၂၀၁၉)နှင့်အညီ ကုန်စည်အုပ်စုအလိုက် မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသားဖော်ပြရမည့် အသေး စိတ်စိစစ်ချက် များအတိုင်း ပြည့်စုံစွာထည့်သွင်ဖော်ပြထားခြင်း ရှိ/မရှိ နှင့် သက်တမ်းလွန် ကုန်စည်များ ရောင်းချနေခြင်း ရှိ/မရှိ တို့အား လစဉ် လျာထားချက်များ သတ်မှတ်ထားသည်ထက် ကျော်လွန်အောင် ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိပါသည်။ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း ဆောင် ရွက်သည့် CHERRY MART ဆိုင်တွင် ရောင်းချနေသော စည်သွတ်အစားအစာဘူးများ နှင့် အခြားကုန် ပစ္စည်းများတွင် ကုန်အညွှန်းအမှတ်အသားများကို မြန်မာ ဘာသာဖြင့် ကုန်အညွှန်းအမှတ်အသားဖော်ပြရမည့် အသေးစိတ်စိစစ်ချက်များအတိုင်း ပြည့်စုံစွာထည့်သွင် ဖော်ပြထားသည်ကိုတွေ့ရှိရပြီး သက်တမ်းလွန် ကုန်စည်များ ရောင်းချနေခြင်း မရှိသည်ကို စစ်ဆေး တွေ့ရှိရပါည်။  

     ကုန်မျိုးစုံရောင်းချသည့် စီးပွားရေးလုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေး လုပ်ငန်းရှင်၏ လိုက်နာဆောင်ရွက်ရမည့် တာဝန်များကို သိရှိနားလည်ထားရန်လိုကြောင်း ၊ ထုန်ကုန် လုံခြုံ စိတ်ချရမှုရှိပြီး ကုန်အညွှန်းအမှတ်အသား ပြည့်စုံသော၊ သက်ဆိုင်ရာဌာန၏ ထောက်ခံချက် ပါရှိသော ကုန်စည်များကိုသာ ရောင်းချရန် အသိပညာပေးခဲ့ပြီး မြန်မာနိုင်ငံ စားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက်အမှတ် (၂/၂၀၁၉) ကုန်အညွှန်းအမှတ်အသား အသေးစိတ် စိစစ်ချက်များပါရှိသော လက်ကမ်း စာစောင်များ ဖြန့်ဝေခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

 

စားအုန်းဆီ လက်လီ/လက္ကားဖြန့်ဖြူး ရောင်းချသည့် ကိုယ်စားလှယ်များအားစားအုန်းဆီဖြန့်ဖြူးမှုကြီးကြပ်သည့် EOS(Software) သင်တန်းကို ညောင်တုန်း၊ ဓနုဖြူ မြို့နယ် ကိုယ်စားလှယ်များ တက်ရောက်

              (၁၄.၇.၂၀၂၅)ရက်နေ့ မအူပင်ခရိုင် မအူပင်မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးအစည်းအဝေးခန်းမတွင် စားအုန်းဆီ လက်လီ/လက္ကားဖြန့်ဖြူး ရောင်းချသည့် ကိုယ်စားလှယ်များအားစားအုန်းဆီဖြန့်ဖြူးမှုကြီးကြပ်သည့် EOS(Software) သင်တန်းသို့ ညောင်တုန်း မြို့နယ်မှ(၇၅)ဦးနှင့် ဓနုဖြူမြို့နယ်မှ(၃၁)ဦးတက်ရောက်ခဲ့ကြောင်း သိရသည်။

             သင်တန်းတွင် စားသုံးသူရေးရာဦးစီးဌာနမှ ဒုခရိုင်ဦးစီးမှူး ဦးအောင်ဇော်ဦးက အဖွဲ့အမှာစကားပြောကြားခဲ့ပြီး စားသုံးသူလက်ဝယ်အရောက် ဆီရောင်းချခွင့်လုပ်ငန်းစဉ်များကို သိရှိနိုင်ရန် လေ့လာမှတ်သားရန်လိုအပ်ကြောင်း၊ စီးပွားရေးလုပ်ငန်းရှင်နှင့် စားသုံးသူအကြား အခွင့်အရေးထိခိုက်နစ်နာမှု မရှိစေရန် ရည်ရွယ်၍ သင်ကြားပို့ချ လုပ်ဆောင်ခြင်းဖြစ်ကြောင်း ပြောကြားခဲ့ပြီး၊ ကုမ္ပဏီမှ မြို့နယ်ဆီလက်ကား ကိုယ်စားလှယ်များမှ EOS(Softwareဖြင့် ဆီရောင်းချခွင့် လုပ်ငန်းစဉ်အဆင့်ဆင့်နှင့် လက်ကားဆိုင်များမှ လက်လီဆိုင်များကို ဆီရော်ငးချခွင့်လုပ်ငန်းအဆင့်ဆင့်၊ လက်လီဆိုင်များမှ အထောင်စု  မိသားစုများ လစဉ် ဆီထုတ်ယူခွင့် လုပ်ငန်းအဆင့်ဆင့်ကို Power Pointဖြင့် ချပြရှင်းလင်းခဲ့ပြီး MCBဘဏ်၏ CTIZEN Payတို့ဖြင့် လုပ်ဆောင်ရမည့် ဆောင်ရွက်ချက်မျာစးကို သင်တန်းသူ/သားများအား ဖွင့်လှစ်ပြီး အကောင့်ဖွင့် ဆောင်ရွက်ခဲ့ပြီးနေ့လည် (၁၄၀၀)နာရီတွင် သင်တန်းပြီးဆုံးကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ