Main menu

လက်ပံတန်းမြို့ရှိ ရွှေရောင်အနာဂတ်ကိုယ်ပိုင်ကျောင်း၌အသိပညာပေးဟောပြောခြင်း

Powered by Drupal

               ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင် ဦးစီးမှူးရုံးအနေဖြင့်  လက်ပံတန်းမြို့နယ်အတွင်း  စားသုံးသူကာကွယ်ရေးကိစ္စရပ်များအား အများပြည်သူတို့ ကျယ်ကျယ် ပြန့်ပြန့် သိရှိနိုင်ရေး လျာထား ချက်များ ချမှတ်၍ လုပ်ငန်းများဆောင်ရွက်လျက်ရှိရာ ၂၀၂၆ခုနှစ် ဇူလိုင်လ ၂၁ရက်နေ့၊ နေ့လည် (၁:၀၀) အချိန်တွင် လက်ပံတန်းမြို့နယ်တာဝန်ခံ ဦးကျော်မျိုးထွန်းနှင့် ဝန်ထမ်းတို့မှသွားရောက်၍ စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောဆွေးနွေး ဆောင်ရွက်ခဲ့ပါသည်။

          ဆွေးနွေးဟောပြောပွဲတွင် လက်ပံတန်းမြို့နယ်တာဝန်ခံ ဦးကျော်မျိုးထွန်းမှ စားသုံးသူကာ ကွယ်ရေးဆိုင်ရာ စားသုံးသူအခွင့်အရေးနှင့် တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်များ၏ တာဝန်များ၊ ကုန်အညွှန်း အမှတ်အသား ရေးသားဖော်ပြခြင်းဆိုင်ရာ အကြောင်းအရာများ၊နစ်နာဆုံးရှုံးမှုများ ရှိပါက တိုင်ကြား နိုင်သည့် နည်း လမ်းများ၊ပြစ်မှု၊ပြစ်ဒဏ်များ Online Sale မှတ်ပုံတင် လက်မှတ် လျှောက်ထားခြင်း၊ အွန်လိုင်းမှ ဈေးဝယ်ခြင်းများနှင့် စပ်လျဉ်း၍ သိကောင်းစရာများအား ဆွေးနွေး ဟောပြောခြင်း ဆောင်ရွက်ခဲ့ပြီး အဆိုပါဆွေးနွေး ဟောပြောပွဲသို့စိုက်ပျိုးရေးသိပ္ပံ ကျောင်းအုပ် ဆရာကြီးအပါအဝင် ဆရာ၊ ဆရာမများ ကျောင်းသား၊ ကျောင်းသူ (၉၀) ဦးတက်ရောက်ကြပြီး တက်ရောက်လာသူများအား လက်ကမ်း စာစောင်များ ဖြန့်ဝေခဲ့ပါသည်။

 DOCA(ပဲခူး)