
၂၀၂၆ ခုနှစ်၊ သြဂုတ်လ၊ ၁ ရက်နေ့၊ ၁၃း၀၀ နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မြိတ်ခရိုင်ဦးစီးမှူုးရုံးတွင် ခရိုင်ဦးစီးမှူးမှ စားသုံးဆီဖြန့်ဖြူးရောင်းချမှုနှင့် ပတ်သက်၍ မြိတ်ခရိုင်ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။
အဆိုပါ တွေ့ဆုံဆွေးနွေးရာတွင် ခရိုင်ဦးစီးမှူးမှအဖွင့်အမှာစကားပြောကြားခြင်းနှင့် လက်ကားကိုယ်စားလှယ်များမှ ဆီကန်များမှဆီထုတ်ယူမှုအခြေအနေများ၊ ဆီကားရောက်ရှိမှု အခြေအနေများ၊ လက်လီဆိုင်များများသို့ဆီဖြန့်ခွဲမှုများ၊ လက်လီဆိုင်များမှ စားသုံးဆီများအား ဖြန့်ဖြူးရောင်းချမှုစနစ်များ၊ ရည်ညွှန်းသတ်မှတ်စျေးနှုန်းများအပေါ် ၂% အမြတ်ထက်မပိုဘဲရောင်းချသွားရန်၊ အရည်အသွေးပမာဏ ပြည့်စုံမှန်ကန်မှုရှိစေရေး၊ နေ့စဥ်ရောင်းချမှုစျေးနှုန်းများအား ဗီနိုင်းဖြင့်ဖော်ပြထားရှိရန်၊ ရောင်းချမှုအခြေအနေများအား စာရင်းထားရှိတင်ပြသွားရန် စသည့်ကိစ္စများနှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေးခဲ့ပြီး တက်ရောက်လာကြသူများမှ သိရှိလိုသည်များအား မေးမြန်းဆွေးနွေးခဲ့ကာ တွေ့ဆုံဆွေးနွေးပွဲအား အောင်မြင်စွာရုတ်သိမ်းခဲ့ကြောင်း သိရှိရပါသည်။
DOCA(တနင်္သာရီ)
