
မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာနသည်၊ မအူပင်ခရိုင်ရုံး၏ကြီးကြပ်မှုဖြင့် မြို့နယ်များရှိ စပါးတင်း(၂၅၀၀)အထက်နှင့်၊ ဆန်အိတ်(၅၀၀)အထက်၊ သိုလှောင်သော ဆန်စက်ပိုင်ရှင်များ၊ ဆန်ကုန်သည်များ My Ro တွင်မှတ်ပုံတင်ထားရှိစေရေးအတွက် ကြပ်မတ်ဆောင်ရွက်လျက်ရှိရာ ၃၀-၁၀-၂၀၂၅ ရက်နေ့ နောက်ဆုံးစာရင်းများအရမြို့နယ်ကွင်းဆင်းဆောင်ရွက်မှုအရလုပ်ငန်းရှင်များ မှတ်ပုံတင်ဆောင်ရွက်ထားရှိပြီး ဖြစ်သည်။
ညောင်တုန်းမြို့နယ်ဦးစီးမှူးရုံးမှ ဦးစီးအရာရှိ ဦးအောင်လွင်သည်၊ ညောင်တုန်းမြို့နယ် သိုလှောင်ရုံ၊ ကုမ္ပဏီ၊ ဆန်စက်၊ လုပ်ငန်းရှင်များ MyRoတွင် မှတ်ပုံတင်ထားရှိမှုစာရင်း (၇၆)လုံးရှိပြီး မှတ်ပုံတင်ကျပြီး (၇၅)လုံးရှိကြောင်း ကုမ္ပဏီအနေဖြင့် ၅ရှိပြီး၊ ကုမ္ပဏီမှ မှတ်ပုံတင်ထားရှိမှု ၁၂ လုံးကိုလည်းကောင်း၊ ဆန်စက်ပိုင်ရှင် ၄၀ဦး ဆန်စက်မှ မှတ်ပုံတင် သိုလှောင်ရုံ ၅၂လုံးတွင် အလတ် ၃၆၊ အသေး၊ ၁၆လုံးကိုလည်းကောင်း၊ သီးခြားသိုလှောင်ရုံ ၁၂ဦးရှိပြီး မှတ်ပုံတင်ပြီး သိုရုံ၁၂လုံးတွင် အကြီး ၁လုံး၊ အလတ် ၇လုံး၊ အသေး ၄လုံး၊ စုစုပေါင်း (၇၆)လုံးရှိကြောင်းနှင့် ၎င်း လုပ်ငန်းရှင်များမှ လစဉ်လဆန်းရက်များတွင် စပါး/ဆန်လက်ကျန်စာရင်းများကို Update စာရင်းဖြည့်သွင်းကြီး ကြပ်နိုင်ရေးကိုလည်း ကြပ်မတ်ဆောင်ရွက်လျက်ရှိပြီး မြေပြင်ကွင်ဆင်းဆောင်ရွက်ခြင်များလည်း စစ်ဆေးဆောင်ရွက်ကြောင်း သိရပါသည်။
DOCA(ဧရာဝတီ)
