Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

Thursday Talk ကျင်းပပြုလုပ်

     စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊စားသုံးသူရေးရာဦးစီးဌာန မန္တလေးတိုင်း ဒေသကြီးဦးစီးမှူးရုံး အစည်းအဝေးခန်းမတွင် ၁၁.၉.၂၀၂၅ ရက်နေ့ နံနက် ၁၀:၀၀ နာရီအချိန်တွင် “Thursday Talk” အခမ်းအနားကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါအခမ်းအနားသို့တိုင်းဒေသကြီး ဦးစီးမှူး၊ ဒုတိယတိုင်းဒေသကြီးဦးစီးမှူးနှင့် အရာထမ်း ၊ အမှုထမ်းများတက်ရောက်ခဲ့ကြပြီး ကျောက်ဆည်ခရိုင်၊ မိတ္ထီလာခရိုင်နှင့် မြင်းခြံခရိုင်ဦးစီးမှူးရုံးများမှ ခရိုင်ဦးစီးမှူးများနှင့် အရာထမ်း ၊ အမှုထမ်းများ ပြင်ဦးလွင်ခရိုင်နှင့် ညောင်ဦးခရိုင်ရုံးများမှ ခရိုင်တာဝန်ခံများနှင့် ဝန်ထမ်းများက Zoom ဖြင့်တက် ရောက်ခဲ့ကြပါသည်။

    အဆိုပါအခမ်းအနားတွင် တိုင်းဒေသကြီးဦးစီးမှူး ဦးဇေယျာဆွေက အဖွင့်အမှာစကားပြော ကြားရာတွင် “Thursday Talk” ကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်မှာ ဝန်ထမ်းများစွမ်းဆောင်ရည် မြင့်မားစေရန်နှင့် အလေ့အကျင့်ကောင်းများ ရရှိစေရန်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ ထို့နောက် မြင်းခြံခရိုင်ဦးစီးမှူးရုံးမှ ဦးတင်ဇော်ထွေး(ဦးစီးအရာရှိ)က “စာနယ်ဇင်းကျင့်ဝတ်နှင့်သတင်းဟူသည်” ခေါင်းစဉ်ဖြင့်လည်းကောင်း ၊ ကျောက်ဆည်ခရိုင်ဦးစီးမှူးရုံး မှ ဒေါ်မော်မော်အောင် (ဒု-ဦးစီးမှူး)က “စားသုံးသူသတင်းပြန်ကြားရေးနှင့် တိုင်ကြားမှုလက်ခံဆောင်ရွက်ရေးစင်တာ Consumer Call Center နှင့်ပတ်သက်သည့်လုပ်ထုံးလုပ်နည်းများဆွေးနွေးခြင်း” ခေါင်းစဉ်ဖြင့်၎င်းဟောပြောဆွေးနွေး ခဲ့ကြ သည်။ ဟောပြောဆွေးနွေး ချက်များအပေါ် တိုင်း၊ခရိုင်ရုံးများမှဝန်ထမ်းများက comment ပေးခဲ့ကြပြီး တိုင်းဒေသကြီးဦးစီးမှူးက နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(မန္တလေး)

Online Sale မှတ်ပုံတင်လက်မှတ်ထုတ်ပေးနိုင်ရေး မြေပြင်ကွင်းဆင်းစစ်ဆေး

     Online စနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းအား ၂၁.၇.၂၀၂၃ ရက်စွဲပါ အမိန့်ကြော်ငြာစာ အမှတ်(၅၀/၂၀၂၃)ဖြင့် အရေးကြီးဝန်ဆောင်မှုလုပ်ငန်းအဖြစ်သတ်မှတ်ခဲ့ပါသည်။ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ (၁) ရက်နေ့မှစ၍ Online Sale မှတ်ပုံတင်လက်မှတ်လျှောက်ထားလာမှုများအား မြေပြင်ကွင်းဆင်းစစ်ဆေး၍ လျှောက်ထားသည့့််အချက်အလက်များနှင့်  မြေပြင်တွင် အမှန်တကယ် ကိုက်ညီမှု ရှိမှသာလျှင် မှတ်ပုံတင်လက်မှတ် ထုတ်ပေးမည်ဖြစ်ရာ စားသုံးသူရေးရာဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ စစ်ဆေးရေးအရာရှိဒေါက်တာဇော်လွင်၊ ဒေါ်ဖြူသဲနွယ်၊ဦးမျိုးထွန်းနှင့် ဒေါ်မြင့်မာလာဝင်းတို့ဦးဆောင်၍(၉-၉-၂၀၂၅)ရက်နေ့နှင့် (၁၂-၉-၂၀၂၅) ရက်နေ့တို့တွင် မန္တလေးမြို့ပေါ်ရှိ Online Sale မှတ်ပုံတင်လျှောက်ထားသည့်လုပ်ငန်း(၃၆)ဆိုင်တို့မှလျှောက်ထားသည့် ကုန်စည်များဖြစ်သည့်ဖန်စီပစ္စည်းများ ၊အထည်အလိပ်၊ အဝတ်အထည်နှင့်ဆက်စပ်ပစ္စည်းများ၊ ဖက်ရှင်အသုံးအဆောင်ပစ္စည်းများ၊ အလှကုန်များနှင့်လူသုံးကုန်များ၊ လက်မှုပစ္စည်းများ၊ စားသောက်ကုန်များ၊ အီလက်ထရောနစ်ပစ္စည်းများ၊ပညာရေးဝန်ဆောင်မှု၊အခြားဝန်ဆောင်မှုများ၊ စိုက်ပျိုးရေးသုံး ပစ္စည်းများစသည့် လုပ်ငန်းများအား မြေပြင်ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်းသတင်း ရရှိပါသည်။

DOCA(မန္တလေး)

 

ညောင်ဦးမြို့နယ် သူ့စိတ်ကြိုက်ဆန်လက်လီလက်ကားအရောင်းဆိုင်သို့ ကွင်းဆင်းခြင်း

     စားသုံးသူရေးရာဦးစီးဌာန၊‌ညောင်ဦးခရိုင်တာဝန်ခံဦးတင်မျိုးခိုင်(ဦးစီးအရာရှိ) ဦးဆောင်၍ ညောင်ဦးမြို့နယ် မဏိစည်သူဈေးအတွင်းရှိ ဆန်လက်လီလက်ကားရောင်းချသော သူ့စိတ်ကြိုက် ဆန်ဆိုင်သို့ ၁၂-၉-၂၀၂၅ ရက်နေ့ နံနက်(၀၉:၃၀)နာရီတွင် မြို့နယ်စည်ပင်သာယာရေး ပူးပေါင်းအဖွဲ့ဖြင့် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရသည်။ 

     ထိုသို့ကွင်းဆင်းဆောင်ရွက်ရာ၌ သူ့စိတ်ကြိုက်ဆန်လက်လီလက်ကား အရောင်းဆိုင်တွင် ရောင်းချနေသော ဆန်အမျိုးအစားများမှာ ရွှေဘိုပေါ်ဆန်း (၂၄)ပြည်တစ်အိတ်လျှင် (၁၅၀၀၀၀) ကျပ်၊ ဧရာမင်း(၂၄)ပြည်တစ်အိတ်လျှင် (၁၂၅၀၀၀) ကျပ်၊မနောသုခဆန် (၂၄)ပြည်တစ်အိတ် လျှင်(၈၀၀၀၀)ကျပ်၊ ဧည့်မထဆန်(၂၄)ပြည် တစ်အိတ်လျှင်(၇၅၀၀၀)ကျပ်ဖြင့် သင့်တင့်မျှတ သောဈေးနှုန်းများဖြင့် ရောင်းချလျက်ရှိကြောင်းစစ်ဆေးတွေ့ရှိရပြီး၊ ဆန်ဆိုင်ပိုင်ရှင်အား ဈေးကွက် အတွင်းဆန်များ ပြတ်လပ်မှုမရှိစေရေး၊ ဈေးနှုန်းကြီးမြင့်မှုမရှိစေရေး၊ ဈေးနှုန်းများတည်ငြိမ်စေရေး၊ ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းများမပြုလုပ်ရန်၊ ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် သိုလှောင်းခြင်းများ မပြုလုပ်ရန်နှင့် ဆန်သိုလှောင်ရုံမှတ်ပုံတင်သက်တမ်းပြည့်ပါက MyRO တွင်ဆက်လက်မှတ်ပုံတင် သက်တမ်းတိုးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်သွားရန် စသည်တို့ကိုဆွေးနွေး ပြောကြားခဲ့ကြောင်း သိရှိရသည်။

DOCA(မန္တလေး)

 

 

 

ပခုက္ကူမြို့ပေါ်ရှိ ပဲဆီသန့်(စက်)နှင့် မြေပဲဆုံဆီ လုပ်ငန်းရှင်များအား အသိပညာပေးဆွေးနွေး

      စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူး၏ လမ်းညွှန်မှု၊ ပခုက္ကူခရိုင်ဦးစီးမှူး၏ အနီးကပ်ကြီးကြပ်မှုဖြင့် စီးပွားရေးလုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေးဥပဒေပါ ပြဌာန်းချက်များကို လိုက်နာဆောင်ရွက်ခြင်းဖြင့် စားသုံးသူများဘေးအန္တရာယ်ကင်းရှင်း ပြီး မိမိတို့လုပ်ငန်းများ ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိပြီး အကျိုးစီးပွားအောင်မြင်ဖြစ်ထွန်းစေရန် ရည်ရွယ်၍ စားသုံးသူရေးရာဌာနခွဲတာဝန်ခံ ဒေါ်နွယ်နွယ်အေးနှင့် ဝန်ထမ်းများသည် (၂၂.၉.၂၀၂၅) ရက်နေ့၊ နံနက်(၁၀:၃၀)အချိန်တွင် ပခုက္ကူမြို့ပေါ်ရှိ ပဲဆီသန့်(စက်) မြေပဲဆုံဆီ  လုပ်ငန်းရှင်များထံသို့ သွားရောက်၍ အသိပညာပေးဆွေးနွေးခဲ့ကြောင်း သိရသည်။

          စားသုံးသူရေးရာဌာနခွဲတာဝန်ခံက ဆွေးနွေးရာတွင် မိမိတို့ထုတ်လုပ်သော မြေပဲဆံများမှာ အာဖလာတော့ပ်ဆင်မှိုဆိပ်ပါနိုင်၍ စနစ်တကျအခြောက်ခံ၍ပြုလုပ်စေလိုကြောင်း၊ အစားအသောက် ၏ အခြေခံအချက်မှာ သန့်ရှင်းသပ်ရပ်စွာ ထုတ်လုပ်ရန်နှင့် ဘေးအန္တရာယ်ကင်းသော ကုန်ကြမ်း ပစ္စည်းများကိုသာ သတိပြုသုံးစွဲစေလိုကြောင်း၊ မိမိတို့ ထုတ်လုပ်သောကုန်စည်အမျိုးအစား အလိုက် စားသုံးသူကာကွယ်ရေးဥပဒေ (၂၀၁၉)အခန်း (၁၈)ပါ ကုန်အညွှန်း အမှတ်အသား ဖော်ပြချက်များနှင့် ကိုက်ညီသည့် ကုန်စည်များကို စားသုံးသူရေးရာဦးစီးဌာန၏ စိစစ်ခွင့်ပြုချက်ရရှိရန် လျှောက်ထား နိုင်ကြောင်း ကုန်စည်(သို့မဟုတ်)ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ အာမခံပေးထားမှုအပေါ် စားသုံးသူက တောင်းဆိုနိုင်သည့် အခွင့်အရေးများလည်းရှိ၍ ရိုးရှင်းမှန်ကန်စွာ သတင်းအချက်အလက်ပေးစေလိုကြောင်းဆွေးနွေးခဲ့ပြီး လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သိရသည်။

DOCA(မကွေး)

 

လုပ်ငန်းရှင်များအား Consumer Call Center (1535)နှင့် စပ်လျဉ်း၍ အသိပညာပေးဆွေးနွေး

     စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူး၏ လမ်းညွှန်မှု၊ ခရိုင် ဦးစီးမှူး၏ ကြီးကြပ်မှုဖြင့် ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ  စားသုံးသူရေးရာဌာနခွဲတာဝန်ခံ ဒေါ်နွယ်နွယ်အေး နှင့်ဝန်ထမ်းများသည် (၂၂..၂၀၂၅)ရက်နေ့၊ နံနက်(၁၁:၃၀)အချိန်တွင် ပခုက္ကူမြို့၊ အမှတ်(၁၁)ရပ်ကွက် ရှိ ဇင် ပဲဆီသန့်(စက်)လုပ်ငန်းရှင်အား Consumer Call Center နှင့်စပ်လျဉ်း၍ အသိပညာပေးဆွေးနွေးခဲ့ကြောင်း သိရသည်။

    ထိုသို့ အသိပညာပေးဆွေးနွေးရာတွင် စားသုံးသူကာကွယ်ရေးလုပ်ငန်းများဆောင်ရွက်ရာတွင် စားသုံးသူပြည်သူများ၊ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် စားသုံးသူကာကွယ်ရေးနှင့်စပ်လျဉ်းသည့် သတင်းအချက်အလက်များ၊ စားသုံးသူရေးရာကိစ္စရပ်များနှင့်စပ်လျဉ်း၍ စုံစမ်းမေးမြန်းရန်၊ တိုင်ကြားနိုင်ရန်နှင့် သိရှိလိုသည်များကို Consumer Call Center (1535) သို့ ရုံးဖွင့်ရက်၊ ရုံးချိန်အတွင်းမှာ ခေါ်ဆိုမေးမြန်းနိုင်ကြောင်း၊ အသိပညာပေးလျက်ရှိသည့်အပေါ် ဇင် ပဲဆီသန့်(စက်)ထုတ်လုပ်သည့် လုပ်ငန်းရှင်မှ  Consumer Call Center (1535) လိုင်းခွဲ()အား ဖုန်းခေါ်ဆို၍ ဆီထုတ်လုပ်ရာတွင် ပါဝင်ရမည့်အချက်များ မေးမြန်းခဲ့ရာတာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဖြေကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)

 

စားသုံးသူ၏အကျိုးစီးပွား ကာကွယ်မြှင့်တင်ဖို့ ခရိုင်ကော်မတီအစည်းအဝေးများပြုလုပ်စို့

    စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ညွှန်ကြား ရေးမှူးချုပ် ဦးဆောင်၍ ခရိုင်စားသုံးသူရေးရာကော်မတီ၏ လုပ်ပိုင်ခွင့်နှင့် လုပ်ငန်းတာဝန်များကို ဆောင်ရွက်ခြင်းနှင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ထိရောက်အောင်မြင် စေရန် ရည်ရွယ်၍ ခရိုင်စားသုံးသူရေးရာကော်မတီများနှင့် ဆွေးနွေးပွဲကို (၁၈.၉.၂၀၂၅) ရက်နေ့၊ နေ့လယ် (၁၃:၀၀)နာရီ အချိန်တွင် Virtual စနစ်ဖြင့် ပခုက္ကူခရိုင် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေး ကော်မတီရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ ခရိုင်စားသုံးသူရေးရာ ကော်မတီ အဖွဲ့ဝင် ()ဦးနှင့်စားသုံးသူရေးရာဦးစီးဌာနမှ ဝန်ထမ်း()ဦး၊ စုစုပေါင်း(၁၀)ဦးတက်ရောက်ခဲ့ကြောင်း သိရသည်။

    ညွှန်ကြားရေးမှူးချုပ်က ဆွေးနွေးရာတွင် စားသုံးသူ၏အသံများကို နားထောင်ဖို့ လိုအပ်နေပြီ ဖြစ်ကြောင်း၊ စားသုံးသူ၏အခွင့်အရေးများကို အသိပညာပေးရန်နှင့် ကာကွယ်ရေးလုပ်ငန်းများ ထိရောက်စွာ လုပ်ဆောင်ရန် လိုအပ်ကြောင်း၊ ခရိုင်များမှ အခြေခံ၍ ခရိုင်ကော်မတီ၊ တိုင်းကော်မတီ အဆင့်ဆင့်လုပ်ဆောင်ရမည်ဖြစ်ကြောင်း၊ပြည်သူတိုင်းဟာ စားသုံးသူဖြစ်တယ် စားသုံးသူတိုင်းမှာ စားသုံးသူအခွင့်အရေးရှိတယ်ဆိုတဲ့ အတိုင်း လုပ်ဆောင်ပေးမှုများမှာ ဌာန၏ တာဝန်များဖြစ်ပြီး ပရဟိတလုပ်ငန်းလည်းဖြစ်၍ စေတနာထား၍ ဆောင်ရွက်စေလိုကြောင်းပြောကြားခဲ့ပြီး စားသုံးသူ ရေးရာဌာနခွဲမှ ညွှန်ကြားရေးမှူးက စားသုံးသူရေးရာလှုပ်ရှားမှုများ ဖြစ်ပေါ်လာပုံ၊ အာဆီယံစားသုံးသူကာကွယ်ရေးကော်မတီ၊ အမျိုးသားစားသုံးသူကာကွယ်ရေးအစီအစဉ်များ အကြောင်းအား ကျယ်ကျယ် ပြန့်ပြန့်ရှင်းလင်းဆွေးနွေးခြင်းနှင့် ဒုတိယညွှန်ကြားရေးမှူးက ဆွေးနွေးရာတွင် အစည်းအဝေး ကျင်းပရန် ပြင်ဆင်ဆောင်ရွက်ရမည့်အချက်များ၊ စားသုံးသူအငြင်းပွားမှုဖြေရှင်းခြင်းအကြောင်း၊ အစည်း အဝေးမှတ်တမ်း နမူနာပုံစံများနှင့် အမှာစာများ အကြောင်းအား Power Point ဖြင့် အသေးစိတ် အသိပညာပေး ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)

 

ပခုက္ကူခရိုင်တွင် “ဦးဟံသာတိုး”၏  ဆန်သိုလှောင်ရုံအား MyRO တွင် မှတ်ပုံတင် လာရောက်လျှောက်ထား

     စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးတွင် ဆန်စပါး သိုလှောင်ရုံများကို MyRO Website တွင် မှတ်ပုံတင် ဆောင်ရွက်လျက်ရှိရာ (၁၉.၉.၂၀၂၅)ရက်နေ့တွင် ပခုက္ကူမြို့၊ အမှတ်() ရပ်ကွက်၊ ဆုတောင်းပြည့်လမ်းရှိ ဦးဟံသာတိုး (အောင်ချမ်းငြိမ်း)ဆန်ပွဲရုံ၏ သိုလှောင်ရုံအား မှတ်ပုံတင်လာရောက်လျှောက်ထားကြောင်း သိရသည်။

          အဆိုပါ ဆန်သိုလှောင်ရုံသည် ဝင်ဆံ့နိုင်သည့်ပမာဏ အိတ်ရေ(၁၅၀၀)ခန့်ရှိပြီး သိုလှောင်ရုံ အမျိုးအစား အလတ်စားတွင် ပါဝင်ပြီး သိုလှောင်ရုံအဆောက်အဦးမှာ ၂၀၁၁ခုနှစ်က စတင် တည်ထောင်ခဲ့ပြီး အလျား(၉၁)ပေ၊ အနံ(၃၄)ပေ၊ အမြင့်(၃၀)ပေရှိပြီး အမိုး(သွပ်) အကာ (အုတ်) အခင်း(ကွန်ကရစ်) ဖြင့် ဆောက်လုပ်ထားကြောင်း၊ သိုလှောင်ထားသော ဆန်အမျိုးအစားမှာ မျိုးစုံ ဖြစ်ပြီး (၁၇..၂၀၂၅)ရက်နေ့ထိ သိုလှောင်ထားရှိမှုအခြေအနေမှာ အိတ်ရေ (၆၅၀)ခန့်ရှိကြောင်း သိရှိ ရသည်။

          စားသုံးသူရေးရာဦးစီးဌာန၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးအနေဖြင့် မှတ်ပုံတင်ရန်လာရောက်လျှောက် ထားသည့် နည်းပညာအခက်အခဲရှိသော ဆန်လုပ်ငန်းရှင်များအား MyRO Website အသုံးပြုနည်း၊ ဆန်လက်ကျန်များကို လစဉ် ကုန်ရ၊ ကုန်ထုတ်၊ ကုန်လက်ကျန် အခြေအနေများအား ထည့်သွင်းပေး ရန် ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်းနှင့် စုစုပေါင်း ပခုက္ကူခရိုင်၌ MyRO တွင် မှတ်ပုံတင်ပြီး စီးသော ဆန်သိုလှောင်ရုံ(၄၇)လုံးရှိကြောင်း သိရှိရပါသည်။

DOCA(မကွေး)

 

 

နိုင်ငံ့ဝန်ထမ်းပင်စင်စားများအား စားသုံးဆီများ သက်သာသောစျေးနှုန်းဖြင့် ရောင်းချပေး

     မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်၏လမ်းညွှန်ချက်နှင့်အညီတိုင်းဒေသကြီးအတွင်းရှိ နိုင်ငံ့ဝန်ထမ်းပင်စင်စားများအား ၂၀၂၄-ခုနှစ်၊ နိုဝင်ဘာလမှစ၍ လစဉ်ပင်စင်ထုတ်သည့်ရက်တွင် သက်သာသောစျေးနှုန်းဖြင့် စားအုန်းဆီများအား ပင်စင်စားဝန်ထမ်း(၁)ဦးလျှင် (၁)ပိဿာနှုန်းဖြင့် ရောင်းချပေးခြင်းကို ပင်စင်စတင်ထုတ်ယူသည့် (၂၁)ရက်နေ့မှ လကုန်ရက်အထိ ရုံးပိတ်ရက်မပါ ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။

     ထိုသို့ ဆောင်ရွက်ရာ(၂၂.၉.၂၀၂၅)ရက်နေ့မှ စတင်ပြီး စီးပွားရေးဘဏ်တွင် နိုင်ငံ့ဝန်ထမ်း ပင်စင်စား (၁)ဦးလျှင် စားအုန်းဆီ (၁)ပိဿာနှုန်းဖြင့် ၎င်းတို့ ဝယ်ယူနိုင်သည့် အနေအထား ပေါ်မူတည်၍ ဆီ(၅၀)ကျပ်သား ဝယ်ယူလိုပါကလည်း ဝယ်ယူနိုင်ကြောင်း စီစဉ်ဆောင်ရွက်လျက် ရှိပြီး သက်သာသော စျေးနှုန်းဖြင့် စားအုန်းဆီရောင်းချပေးရာတွင်လည်း စားသုံးသူရေးရာဦးစီးဌာန၊ မကွေး/ ချောက်ခရိုင်ဦးစီးမှူးရုံး၊ ဝန်ထမ်းများမှ ပင်စင်စားဝန်ထမ်းများအား စနစ်တကျဝယ်ယူရရှိ စေ‌ရေး၊ အချိန်အတွယ်ပြည့်ဝစေရေး၊ အရည်အသွေးကောင်းမွန်စေရေးတို့ရှိစေရန် ကြီးကြပ်ဆောင် ရွက်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(မကွေး)

 

ချောက်မြို့မစျေး၌ ပလတ်စတစ်လျော့ချရေးနှင့် ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာမပါရှိသော ပစ္စည်းများအား ရောင်းချမှုရှိ/ မရှိ ကွင်းဆင်းစစ်ဆေးဆောင်ရွက်

    မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့မစျေး၌ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး နှင့် ပြည်သူများ ပလတ်စတစ်အိတ်လျော့နည်းသုံးစွဲစေရန်ရည်ရွယ်၍ အပတ်စဉ် တနင်္လာနေ့တိုင်း ပလတ်စတစ်အိတ်၊ ကြွပ်ကြွပ်အိတ်များမသုံးစွဲရေးနေ့သတ်မှတ်ပြီး အကောင်အထည်ဖော်ဆောင် ရွက်လျက်ရှိရာ (၂၂.၉.၂၀၂၅)ရက်နေ့၊ နံနက် (၀၉:၀၀)အချိန်တွင် ချောက်မြို့မစျေးအတွင်း ပလတ် စတစ်အိတ်ဖြင့် ထုပ်ပိုးရောင်းချခြင်းမရှိစေရန်အတွက် စစ်ဆေးခြင်းနှင့် ပလပ်စတစ်အိတ်အစား အင်ဖက်၊ ငှက်ပျောဖက်၊ သတင်းစာစက္ကူတို့ဖြင့် အစားထိုးထုပ်ပိုးသုံးစွဲစေရေးအသိပညာပေးခြင်း၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာမှ အသားငါးများရောင်းချရာတွင် သတ်မှတ်စျေးအတိုင်းရောင်းချမှု ရှိ/မရှိ၊ အလေးချိန်ပြည့်ဝမှုရှိ/ မရှိစစ်ဆေးခြင်း၊ ကုန်အညွှန်းအမှတ်အသားမပြည့်စုံသော ပစ္စည်းများ ရောင်းချမှုမရှိစေရေး အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းများဆောင်ရွက်ခဲ့ကြောင်း သိရသည်။

     ထိုသို့ စစ်ဆေးရာတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ၏ ကြီးကြပ်မှုဖြင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနတို့ ပူးပေါင်း၍ မြို့မစျေးအတွင်း နှင့် အပြင်တွင် ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

DOCA(မကွေး)

ဆိပ်ဖြူမြို့ အနောက်ပိုင်းရပ်ကွက်ရှိ “ကြည်သာ”သောက်ရေသန့်လုပ်ငန်းရှင်အား အသိပညာပေးဆွေးနွေး

      စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်း ဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူး၏လမ်းညွှန်မှု၊ ပခုက္ကူခရိုင်ဦးစီးမှူး၏ကြီးကြပ်မှုဖြင့် ဆိပ်ဖြူမြို့ နယ်တာဝန်ခံနှင့် ဝန်ထမ်းသည် (၁၆..၂၀၂၅)ရက်နေ့၊ နံနက်(:၀၀)နာရီအချိန်တွင် စားသုံးသူများ ဘေးကင်းလုံခြုံမှုရှိစေရေးနှင့် ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေးအတွက် ဆိပ်ဖြူမြို့၊ အနောက် ပိုင်းရပ်ကွက်ရှိ "ကြည်သာ" သောက်ရေသန့်လုပ်ငန်းရှင်အား အသိပညာပေးဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

    ဆိပ်ဖြူမြို့နယ်တာဝန်ခံက သောက်ရေသန့်များ ထုတ်လုပ်ရောင်းချခြင်းနှင့်ပတ်သက်၍ စားသုံးသူကာကွယ်ရေးဥပဒေ(၂၀၁၉)ပါ စီးပွားရေးလုပ်ငန်းရှင်များ၏ တာဝန်များ၊ ကုန်စည်(သို့) ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ စားသုံးသူများ ဘေးကင်းလုံခြုံစိတ်ချရမှုရှိစေရေးအတွက် သောက်ရေသန့် ထုတ်လုပ်ရောင်းဝယ်ရေးလုပ်ငန်းရှင်များမှ အဆင့်ဆင့်ကျိုချက်ထုတ်လုပ်ရာတွင် သန့်ရှင်းသပ်ရပ်စွာ ဖြင့် ထုတ်လုပ်ဆောင်ရွက်ရေး၊ စားသုံးသူဘေးအန္တရာယ်ကင်းရှင်းစေရန်အတွက် ရေသန့်ဘူးများကို သန့်ရှင်းသပ်ရပ်စွာပြုလုပ်ပြီး ကုန်စည်ပေါ်တွင် စားသုံးသူများ မြင်သာအောင် ကုန်အညွှန်းအမှတ် အသား ပြည့်စုံစွာရေးသားဖော်ပြပြီး ရောင်းချသွားရန်နှင့် စားသုံးသူများ ဝယ်ယူသုံးစွဲရာတွင် နစ်နာမှု မရှိစေရေး၊ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်မှ ထုတ်ပြန်ထားသည့် (/၂၀၁၉)နှင့်အညီ ပြည့်စုံစွာ ဖော်ပြလာစေရေးနှင့် မြန်မာဘာသာဖြင့်ဖော်ပြရမည့် ကုန်ပစ္စည်းအမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်၊ အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှုအညွှန်းတို့ကို ထည့်သွင်းဖော်ပြ ရမည်ဖြစ်ပြီး ကုန်အညွှန်းအမှတ်အသား ပြည့်စုံခြင်းမရှိသော သောက်ရေသန့်များ ဈေးကွက်အတွင်း ရောင်းချသည်ကို စစ်ဆေးတွေ့ရှိပါက စားသုံးသူကာကွယ်ရေးဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း လုပ်ငန်းရှင်အား အသိပညာပေးဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ