Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

“ အလှကုန်ပစ္စည်းအမျိုးမျိုးတို့တွင်သတ်မှတ်ထားသောကုန်အညွှန်းအမှတ်အသားဖော်ပြပါရှိ ခြင်းရှိ/မရှိကွင်းဆင်းစစ်ဆေး ”

                   ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ် ရပ်ကွက်များနှင့် စည်ပင်သာယာ မြို့မဈေးအတွင်း/အပြင်ရှိ အလှကုန်ပစ္စည်းအရောင်းဆိုင်များသို့ စက်တင်ဘာလ(၁၂)ရက်နေ့၊ နေ့လည်(၁၃:၃၀) နာရီအချိန်တွင် ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေးနှင့် စားသုံးသူပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစေရန်တို့အတွက် အလှကုန်ပစ္စည်းအမျိုးမျိုး (၁၀)ဂရမ်နှင့်အထက်တို့ တွင် သတ်မှတ်ထားသော ကုန်အညွှန်းအမှတ်အသားဖော်ပြချက်ပြည့်စုံစွာ ဖော်ပြပါရှိခြင်းရှိ/မရှိ ဈေးကွက်စောင့်ကြည့် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

   ထိုသို့ ဈေးကွက်ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ် တာဝန်ခံ ဦးတင်မင်း၊ ဒုတိယဦးစီးမှူး ဒေါ်နီလာဝင်းနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ မြို့မ ဈေးတာဝန်ခံ ဦးအေးသွင်တို့ ပူးပေါင်း၍ စားသုံးသူရေးရာဦးစီးဌာန ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူး ရုံး၏ ညွှန်ကြားချက်နှင့်အညီ ပြည်တော်သာရပ်ကွက်၊ မြို့မရပ်ကွက်နှင့် မြို့နယ်စည်ပင်သာယာ မြို့မဈေးအတွင်း/အပြင်ရှိ အလှကုန်ပစ္စည်းအရောင်းဆိုင်များ (၁၀)ဂရမ်နှင့်အထက် အလှကုန် ပစ္စည်းအမျိုးမျိုးတို့တွင် အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်၊ အသားတင်ပမာဏသုံးစွဲပုံ နည်းလမ်းထားသိုသိမ်းဆည်းမှုအညွှန်း၊ဓာတ်မတည့် ကြောင်း ဖော်ပြချက်များအား ကုန်စည် အုပ်စုအလိုက် မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု(သို့) တစ်ခု ထက်ပို၍ တွဲလျက်ဖြစ်စေ ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာ ဖော်ပြပါရှိခြင်းရှိ/မရှိ ကွင်းဆင်း စစ်ဆေးခဲ့ပြီး ဆိုင်ပိုင်ရှင်စီးပွားရေးလုပ်ငန်းရှင်များအား ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာ ဖော် ပြပါရှိသော အလှကုန်ပစ္စည်းအမျိုးမျိုးတို့ကိုသာ ဝယ်ယူပြီး ဈေးကွက်အတွင်း ပြန်လည်ဖြန့်ဖြူး ရောင်းချပေးကြရန် စားသုံးသူကာကွယ်ရေး အသိပညာပေး ဆွေးနွေးပြောကြားခဲ့ကြကြောင်း သိ ရှိရပါသည်။

DOCA(ရန်ကုန်)

ကုန်မျိုးစုံရောင်းချသူ လုပ်ငန်းရှင်များအား Online Sale စနစ်ရောင်းချခြင်းနှင့် ပက်သက်၍ အသိပညာပေး ဟောပြောခြင်း

     ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းတို့သည် ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ (၁၉) ရက်နေ့၊ နံနက် (၁၀:၃၀) နာရီအချိန်တွင် (၉) ရပ်ကွက် ဓမ္မာရုံ၌ လုပ်ငန်းရှင် (၂၂) ဦးအား  Online Sale စနစ်ရောင်းချခြင်းနှင့် ပက်သက်၍ အသိပညာပေး ဟောပြောခဲ့ပါသည်။

      အဆိုပါ  အသိပညာပေးရာတွင် အလှကုန်၊ဆေးဝါး၊ လူသုံးကုန်ပစ္စည်းများ၊ အစားအသောက်များကို Online စနစ်ဖြင့် ရောင်းချမည်ဆိုပါက ဦးစီးဌာနက သတ်မှတ်ထားသော လျှောက်လွှာတွင် ဖြည့်သွင်း၍ မှတ်ပုံတင်လက်မှတ်လျှောက်ထားရမည်ဖြစ်ကြောင်း၊ မှတ်ပုံတင်လက်မှတ်လျှောက်ထား သူသည် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံသား ဖြစ်ပြီး အသက်(၁၈) နှစ်ပြည့်ပြီးသူဖြစ်ရမည်ဖြစ်ကြောင်း၊ ရောင်းချခြင်းလုပ်ငန်းဆောင်ရွကမည့်နေရာကို တင်ပြနိုင်ရမည်ဖြစ်ပါသည်။ မှတ်ပုံတင် လက်မှတ်ရှိပါက စားသုံးသူ၏ တိုင်ကြားမှုတွင် ဥပဒေအရ ကာကွယ်ခုခံပိုင်ခွင့်ရှိပြီး ကုန်စည်(သို့) ဝန်ဆောင်မှုကို ရောင်းချရာတွင် သဘောတူညီချက်၊တန်ဖိုးနှင့်အညီ ငွေပေးချေမှုကို လက်ခံရယူပိုင်ခွင့် ရှိခြင်း စသည့် Online မှတ်ပုံတင်ခြင်းဆိုင်ရာ ကိစ္စရပ်များနှင့် စပ်လျဉ်း၍ အားသာချက်များကို ကျယ်ကျယ်ပြန့်ပြန့် အသိပညာပေး ဟောပြောဆွေးနွေးခဲ့မှုအပေါ် သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

 

ဘိုကလေးမြို့နယ်အတွင်းရှိ စားသောက်ဆိုင်များအား ကွင်းဆင်းဆောင်ရွက်ခြင်း

     ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင် ၊ ဘိုကလေးမြို့နယ် စားသုံးသူရေးရာဦးစီးဌာန နှင့် မြိုနယ်အထွေထွေ  အုပ်ချုပ်ရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့၊ ကျန်းမာရေးဦးစီးဌာန တို့ပူးပေါင်း ၍ ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ (၁၈) ရက်နေ့၊ နံနက် (၁၀:၃၀) နာရီအချိန်တွင် ဘိုကလေးမြို့၊ (၁၀) ရပ်ကွက်ရှိ စားသောက်ဆိုင်(၃) ဆိုင်အား ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

     အဆိုပါကွင်းဆင်းစစ်ဆေးရာတွင် ပူးပေါင်းအဖွဲ့မှ စားသောက်ဆိုင်များတွင် စားသောက် ကုန်အသီးအနှံများ၊ အသား/ငါးများကို ယင်မနားအောင်ဖုံးအုပ်ထားရန် ၊ စဉ်းနီတုံး များကို အသား/ငါးများ ခုတ်ပြီးပါက ဆေးကြောသန့်စင်၍ ဖုံးအုပ်ထားရန်နှင့် စားသောက်ဆိုင်ရှိ ဝန်ထမ်းများ၏ လက်သဲများကို သန့်ရှင်းစွာ လှီးဖြတ်ထားရန်၊ အိုးခွက်ပန်းကန်များကို သန့်ရှင်း သပ်ရပ်စွာ ထားရှိရန် အသိပညာပေးဟောပြောဆွေးနွေးခဲ့ပါသည်။ ၎င်းအပြင် စွန့်ပစ်ထားသော အမှိုက်များကို အမှိုက်ပုံးထဲသို့ ကျွတ်ကျွတ်အိတ်စွပ်၍ စွန့်ပစ်ရန်၊ မြောင်းများကို ရေစီးရေလာ ကောင်းမွန် အောင်ပြုလုပ်ဆောင်ရွက်ထားရန်နှင့် ယင်ကောင်မှတဆင့် ကူးစက်တတ်သော ဝမ်းပျက်/ ဝမ်းလျော ရောဂါများ အကြောင်း အသိပညာပေးဆွေးနွေးခဲ့ပြီး အသိပညာပေး ပန်းဖလက်များ ပေးဝေ ခြင်းတို့ကို ပြုလုပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

ဘိုကလေးမြို့ပေါ်ရှိ ဘိလပ်မြေ အရောင်းဆိုင်များအား ဈေးကွက်စောင့်ကြည့်စိစစ်ခြင်း

     ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ် စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းတို့သည် ၂၀၂၅ ခုနှစ်၊စက်တင်ဘာလ (၁၇) ရက်နေ့၊ နေ့လယ်(၁၄:၃၀) နာရီအချိန်တွင် (၃) ရပ်ကွက်ရှိ ဘိလပ်မြေအရောင်းဆိုင်သို့ ဈေးနှုန်းဈေးကွက်အခြေအနေ မေးမြန်း၍ ကွင်းဆင်း စိစစ်ခဲ့ကြပါသည်။

          အဆိုပါ ကွင်းဆင်းစိစစ်ရာတွင် ဘိလပ်မြေ ဆိုင်များအနေဖြင့် ပစ္စည်းပြတ်လပ်မှုမရှိစေရေး၊ ဈေးနှုန်းတည်ငြိမ်ရေးတို့အတွက် ဘိလပ်မြေအရောင်းဆိုင်များမှ ဘိလပ်မြေအိတ်များကို ဝယ်ရင်း ဈေး ထက်အမြတ်(၁၀%) ထက်ပို၍ ရောင်းချခြင်းရှိ/မရှိ ဈေးကွက်စောင့်ကြည့် စစ်ဆေးရာအဆိုပါ အရောင်းဆိုင်အနေဖြင့် ဝယ်ရင်းဈေးထက် အမြတ် (၂%) သာ ယူ၍ ရောင်းချလျက်ရှိကြောင်း ဈေးကွက်စောင့်ကြည့်စိစစ်ခဲ့မှုအရ သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

ဘိုကလေးမြို့ (၁) ရပ်ကွက် ၊ စက်မှုမြေလမ်းရှိ “ဇေယျာထွန်း” ရေခဲစက်သို့ ကွင်းဆင်းစိစစ်ခြင်း

       စားသုံးသူရေးရာဦးစီးဌာန ဘိုကလေးမြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းတို့သည် စည်ပင်သာယာရေး အဖွဲ့နှင့် ပူးပေါင်း၍ ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ (၁၇) ရက်နေ့၊ နံနက် (၁၀:၃၀) နာရီအချိန်တွင် ဘိုကလေးမြို့ ၊ အမှတ်(၁) ရပ်ကွက်၊ စက်မှုမြေလမ်းရှိ ဇေယျာထွန်း ရေခဲစက်သို့ MSMEs ဖွံ့ဖြိုး တိုးတက်ရေး ကွင်းဆင်းစိစစ်ခဲ့ကြပါသည်။

      မြို့နယ်တာဝန်ခံမှ ရေခဲစက်ပိုင်ရှင် ဦးသန်းစိုးအား MSMEs ဖွံ့ဖြိုးတိုးတက်ရေးအတွက် မေးမြန်းခဲ့ရာ ရေခဲတစ်နေ့ ထုတ်လုပ်မှုအနေဖြင့် ၃၀၀ ပေါင် ရေခဲတုံး (၁၀၀) တုံး ထုတ်လုပ်နိုင်ပြီး ဈေးနှုန်းအနေဖြင့် (၁) တုံးလျှင် (၉၀၀၀) ကျပ်ဖြင့် ရောင်းချပေးလျက်ရှိပါသည်။ လုပ်သားအင်အား (၄) ဦးခန့်ရှိပြီး လုပ်ခလစာအနေဖြင့် တစ်လလျှင် (၂၅၀၀၀၀) နှုန်းပေးချေပြီး လုပ်ငန်းလည်ပတ်လျက် ရှိပါသည်။

     မြို့နယ်တာဝန်ခံမှ လုပ်ငန်းလည်ပတ်ရာတွင် အသုံးပြုသော ကိရိယာများ၊ ထုတ်လုပ်သည့် ရေအ မျိုးအစားနှင့် လုပ်ငန်းခွင် သန့်ရှင်းသပ်ရပ်မှုရှိစေရေး၊ MSMEs ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် ကွင်းဆင်း စိစစ်ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

“ ခရမ်းမြို့နယ်၌အိမ်ထောင်စုအလိုက်ဆီထုတ်စာအုပ်စနစ်ဖြင့်စားအုန်းဆီများသတ်မှတ် ဈေးနှုန်းဖြင့်ရောင်းချမှုရှိ/မရှိကွင်းဆင်းစစ်ဆေးခြင်း ”

      ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ခရမ်းမြို့နယ်တွင် အိမ်ထောင်စုအလိုက် ဆီထုတ် စာအုပ်စနစ်ဖြင့် စားအုန်းဆီများ သတ်မှတ်ဈေးနှုန်းအတိုင်း ရောင်းချမှုရှိ/မရှိ၊ အိမ်ထောင်စုတစ်ခု လျှင် ဆီရရှိမှုပမာဏများအား စားသုံးသူရေးရာဦးစီးဌာန၊ တောင်ပိုင်းခရိုင်ဦးစီးမှူး ဦးအောင်စိုးမိုး၊ မြန်မာနိုင်ငံ ဆီကုန်သည်ကြီးများအသင်းကိုယ်စားလှယ်၊ စားအုန်းဆီဖြန့်ဖြူး ရောင်းချသော Wilmar Myanmar ကုမ္ပဏီ၊ Lann Lann Sann Sann ကုမ္ပဏီမှကိုယ်စားလှယ် နှင့်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာနတို့မှ တာဝန်ရှိ ဝန်ထမ်းများ ပူးပေါင်းအဖွဲ့သည်  စက်တင်ဘာလ(၁၂)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်မှစ၍ မြေပြင်ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

     ထိုသို့ မြေပြင်ကွင်းဆင်းစစ်ဆေးရာတွင် ခရမ်းမြို့နယ် မြို့ပေါ်ရပ်ကွက်များ၊ ကျေးရွာများ တွင် နေထိုင်သောအိမ်ထောင်စုအလိုက် ဆီထုတ်စာအုပ်စနစ်ဖြင့် စားအုန်းဆီရောင်းချရာတွင် သတ်မှတ်ဈေးနှုန်းများအတိုင်း ရောင်းချမှုရှိ/မရှိ၊ အိမ်ထောင်စုတစ်ခုလျှင် ရောင်းချသော ဆီ ပမာဏများအား မြေပြင်ကွင်းဆင်း၍ အိမ်ထောင်စုများအား စစ်ဆေးရာတွင် ခရမ်းမြို့နယ်၏ ဆီခွဲ တမ်းရရှိမှုပေါ်တွင် လက်လီ/လက်ကားဆီရောင်းချကိုယ်စားလှယ်များမှ အိမ်ထောင်စုအလိုက် ဆီထုတ်စာအုပ်စနစ်ဖြင့် သတ်မှတ်ဈေးနှုန်းများအတိုင်း ပုံမှန်ရောင်းချလျှက်ရှိသည်ကို စစ်ဆေး တွေ့ရှိရကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)

ကြို့ပင်ကောက်မြို့တွင် စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောခြင်း

       ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့၊ရွာမမြောက်ရပ်ကွက်ရှိ ဗောဓိရုက္ခ အလယ်တန်းကျောင်းသို့ (၁၅ .၉.၂၀၂၅) ရက်နေ့ နံနက်(၁၀:၀၀)နာရီအချိန်တွင် မြို့နယ် တာဝန်ခံ ဒေါ်ရီရီရှိန်မှ Grade-5 ကျောင်းသား/ကျောင်းသူ (၇၀)ဦးနှင့်ဆရာမတို့အား စားသုံးသူကာကွယ်ရေး ဥပဒေပါစားသုံးသူအခွင့်ရေးများအကြောင်း၊စားသုံးသူများနှစ်နာမှုရှိလျှင် တိုင်ကြား နိုင်သည့် Call Center ဖုန်းနံပါတ်များအား ပြောကြားခြင်၊ကုန်ပစ္စည်းများ ဝယ်ယူရာတွင် ကုန်ညွှန်း အမှတ်အသား  များ ကြည့်ရှု့ဝယ်ယူတက်စေရန် နမူနာမုန့်ထုပ်များ ပြသရှင်းပြခဲ့ပြီးကျောင်းမုန့်ဈေးဆိုင်သို့  စားသုံး ရန် မသင့်သောမုန့်များရောင်းချမှု့ရှိ/မရှိတို့အား စစ်ဆေးဆောင်ရွက်ခဲ့ပါသည်။

DOCA(ပဲခူး)

သာယာဝတီခရိုင်၊ သုံးဆယ်မြို့တွင် စားအုန်းဆီရောင်းဝယ်ရေးလုပ်ငန်းရှင်နှင့်တွေ့ဆုံဆွေးနွေးဟောပြောခြင်း

     စားသုံးသူရေးရာဦးစီးဌာန ၊    ပဲခူးတိုင်းဒေသကြီး၊    သာယာဝတီခရိုင် ၊  သာယာဝတီမြို့နယ် သုံးဆယ်မြို့ အလယ်ကုန်းရပ်ကွက်၌ စားအုန်းဆီရောင်းဝယ်ရေး လုပ်ငန်းရှင်ဒေါ်အေးအေးထိုက်နှင့် (၁၆.၉.၂၀၂၅ )ရက်နေ့၊နေ့လယ်(၁၃:၀၀ )နာရီအချိန်တွင် ၊ ဦးစီးမှူး ဒေါ်ခိုင်ခိုင်ရီနှင့် မြို့နယ် တာဝန်ခံ ဒေါ်အေးသန္တာထွန်းတို့မှ  တွေ့ဆုံ၍  စားသုံးသူကာကွယ်ရေး   ဥပဒေအခန်း  ( ၁၈ )ပါ  ကုန်စည်များပေါ်တွင် ကုန်အညွှန်းအမှတ်အသား‌ဖော်ပြခြင်းနှင့် စပ်လျဉ်း၍ ကုန်စည်အမျိုးအစားအလိုက်သတ်မှတ်ချက်များနှင့်အညီ ဖြန့်ဖြူးရောင်းချရန်၊ ကုန်စည်၏အရည်အသွေး၊ ထုတ်လုပ်ရက်စွဲ၊ သက်တမ်းကုန်ဆုံးရက်စွဲများ၊ ထားသိုသိမ်းဆည်းမှုအညွှန်း၊ သုံးစွဲပုံနည်းလမ်းများအားလည်းကောင်း၊ ဥပဒေအခန်း(၁၀)ပါစီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ၊ဥပဒေအခန်း(၁၁)ပါကုန်စည်နှင့်စပ်လျဉ်း၍စားသုံးသူလက်ခံနိုင်သည့်အရည်အသွေးရှိခြင်းကို အထူးအလေးထားဆောင်ရွက်ရန်  အသိပညာပေး ဆွေးနွေး ဆောင်ရွက်ခဲ့ပြီး လက်ကမ်း ‌စာစောင်များဖြန့်ဝေခဲ့ပါသည်။

DOCA(ပဲခူး)   

 “ သန်လျင်မြို့နယ်ရှိ City Mart Supermarket အတွင်းရှိအလှကုန်ပစ္စည်းများအားကုန်အညွှန်း အမှတ်အသားပြည့်စုံခြင်းရှိ/မရှိကွင်းဆင်းစစ်ဆေးခြင်း ”

            ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ သန်လျင်မြို့ရှိ City Mart Supermarket အတွင်း ရောင်းချလျက်ရှိသည့် အလှကုန်ပစ္စည်းများတွင် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာ ဖော်ပြထား ခြင်းရှိ/မရှိ စစ်ဆေးရန်အလို့ဌာ တောင်ပိုင်းခရိုင်ဦးစီးမှူးရုံး (သန်လျင်မြို့နယ်)ရှိ စစ်ဆေးရေးမှူး နှင့်ဝန်ထမ်းများသည် စက်တင်ဘာလ(၁၅)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်၌ မြေပြင်ကွင်း ဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရသည်။

          ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ရန်ကုန်တောင်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဒေါ်ငြိမ်းငြိမ်းဝင်း ဦးစီးမှူးက City Mart Supermarket မှ မန်နေဂျာနှင့် တွေ့ဆုံကာ အလှကုန်ပစ္စည်းများတွင် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာ ဖော်ပြထားခြင်းရှိ/မရှိ မြေပြင်ကွင်းဆင်း စစ်ဆေးခြင်းဖြစ်ပါ ကြောင်း ပြောကြားပြီး အလှကုန်ပစ္စည်းများအား လိုက်လံစစ်ဆေးခဲ့ကြောင်း သိရှိရသည်။ ဆက်လက်၍ မန်နေဂျာအား မြန်မာနိုင်ငံ စားသုံးသူကာကွယ်ရေးကော်မရှင်မှ ထုတ်ပြန်ထားသည့် ညွှန်ကြားချက်အမှတ်(၂/၂၀၁၉)ပါ ပြဌာန်းချက်များမှ စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာဆောင် ရွက်ရမည့် ကုန်စည်အမျိုးအစားအလိုက် ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု (သို)တစ်ခုထက်ပို၍ တွဲလျက် ဖြစ်စေ ရေးသားဖော်ပြရမည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့ပြီး အလှကုန်ပစ္စည်းအမျိုးမျိုး (၁၀)ဂရမ်အထက်တွင် ကုန်အညွှန်းအမှတ်အသား ဖော်ပြရ၌ မဖြစ်မနေဖော်ပြရမည့်အချက် (၅)ချက်ရှိကြောင်းနှင့် အဆိုပါ(၅)ချက်အား ပြည့်စုံစွာဖော်ပြထားခြင်းမရှိပါက ဈေးကွက်အတွင်း ရောင်းချခြင်းမပြုလုပ်ရန် အသိပညာပေး ဟောပြောခဲ့ကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)

“ စားသုံးဆီအမျိုးမျိုးတို့တွင်ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြထားခြင်းရှိ/မရှိ ကွင်းဆင်းစစ်ဆေး ”

      ရန်ကုန်တိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ တောင်ပိုင်းခရိုင်ဦးစီးမှူးရုံး  သန်လျင် မြို့နယ်မှ ဒေါ်ငြိမ်းငြိမ်းဝင်း(ဦးစီးမှူး)နှင့်ဝန်ထမ်းများသည် စက်တင်ဘာလ(၁၂)ရက်နေ့၊ နေ့လည် (၁၃:၀၀)နာရီအချိန်တွင် ကျိုက်ခေါက်ဘုရားလမ်း၊ အောင်ချမ်းသာရပ်ကွက်၊ သန်လျင်မြို့နယ်ရှိ City Mart Super Market အတွင်းရောင်းချလျက်ရှိသော စားသုံးဆီအမျိုးမျိုးတို့ ကုန်အညွှန်း အမှတ်အသားပြည့်စုံစွာ ဖော်ပြထားခြင်းရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရသည်။

      အဆိုပါ ကွင်းဆင်းစစ်ဆေးမှုတွင် ရန်ကုန်တောင်ပိုင်းခရိုင်ဦးစီးမှူးရုံး၊ သန်လျင်မြို့နယ်မှ ဒေါ်ငြိမ်းငြိမ်းဝင်း(ဦးစီးမှူး)က City Mart Supermarket အတွင်း ရောင်းချလျက်ရှိသည့် စားသုံး ဆီအမျိုးမျိုးတို့၌ ကုန်အညွှန်းအမှတ်အသားဖော်ပြရာတွင် မဖြစ်မနေဖော်ပြရမည့်အချက် များဖြစ်သည့် အမျိုးအမည်၊ အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှုအညွှန်းတို့အား မြန်မာဘာသာဖြင့် ဖြစ်စေ၊ မြန်မာဘာသာနှင့်အခြားဘာသာတစ်ခု(သို့) တစ်ခုထက်ပို၍ တွဲလျက်ဖြစ်စေ ပြည့်စုံစွာ ဖော်ပြထားခြင်းရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် စပ်လျဉ်း၍ စားသုံးသူကာကွယ်ရေး ဥပဒေပုဒ်မ (၄၃)အရ စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာ ဆောင်ရွက်ရမည့် အချက်များအား ရှင်းလင်းပြောကြားခဲ့ပြီး ကုန်အညွှန်းအမှတ်အသားများအား မြန်မာဘာသာဖြင့် ပြည့်စုံစွာဖော်ပြထားခြင်း မရှိသည့် စားသုံးဆီများအား ဈေးကွက်အတွင်း ဖြန့်ဖြူးရောင်းချခြင်း မပြုလုပ်ကြရန် အသိပညာပေးဟောပြောခဲ့ကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ