Main menu

သာယာဝတီမြို့မှငွေစင်လင်းမုန့်လုပ်ငန်းသို့ကွင်းဆင်းစစ်ဆေးခြင်း

Powered by Drupal

   ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ် တည်ဆောက်ရေး(၉)လမ်းတွင် ရှိသော ဦးကျော်သီဟ၏ ငွေစင်လင်းမုန့်မျိုးစုံလုပ်ငန်းအား ဒု-ခရိုင်မှူး ဒေါ်ခိုင်ခိုင်ရီ၊ ထုတ်လုံတာဝန်ခံ ဦးဇော်ထွန်း၊ သာယာဝတီမြို့နယ် တာဝန်ခံ ဒေါ်အေးသန္တာထွန်းမှ (၁၀.၁၁.၂၀၂၅)ရက်နေ့ နံနက်(၁၀:၀၀) နာရီ အချိန်တွင်  အရသာ အထူး ကောင်းမွန်သော ပဲအနှစ်ဂျုံ အကာဖြင့်ပြုလုပ်သော မုန့်လုပ်ငန်းခွင်မှ ထုတ်လုပ်မှု အဆင့်ဆင့် ကို လေ့လာခဲ့ပြီး မုန့်(၆)ခုပါ တစ်ဘူး လျှင် ၂၂၀၀ကျပ်နှုန်းဖြင့် ဝယ်ယူ ရရှိနိုင်ပြီး၊ဘူးတစ်ဘူးလျှင် (၇)ရက်အထိ ကြာရှည်ခံထားပြီး စားသုံးနိုင်ပါသည်။သာယာဝတီမြို့နှင့်အနီးတဝိုက် ကျေးလက်များ၊ ရန်ကုန်မြို့အထိ တင်ပို့ရောင်းချ လျက်ရှိပါကြောင်း ငွေစင်လင်းမုန့်၏ ပုံရိပ်များအား သိရှိရေး သားလိုက်ပါသည်။

DOCA(ပဲခူး)