Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

မြန်မာနိုင်ငံ ဆန်စက်လုပ်ငန်းရှင်များအသင်းခွဲ (မအူပင်) ၂၀၂၅-၂၀၂၈ သက်တမ်းကာလ ရွေးချယ်တင်မြှောက်ခြင်းအခမ်းအနားကျင်းပပြုလုပ်

          မြန်မာနိုင်ငံဆန်စက်လုပ်ငန်းရှင်များအသင်းခွဲ မအူပင်မြို့နယ်၏ ၂၀၂၅-၂၀၂၈ သက်တမ်းကာလ အလုပ်အမှု ဆောင်ရွေးချယ်တင်မြှောက်ခြင်းအခမ်းအနားကို ၁၃-၇-၂၀၂၂ ရက်နေ့ နံနက် ၁၀:၃၀ နာရီတွင် မအူပင်မြို့နယ် ဆန်စက်လုပ်ငန်းရှင်အသင်း အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ရာ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ မအူပင် ဆန်စက်ပိုင်ရှင်များ၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ ဆန်စက်အသင်းကိုယ်စားလှယ်နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

           အမှုဆောင်ရွေးချယ်ရေးအတွက် သက်ဆိုင်ရာဌာနများမှ ကိုယ်စားလှယ်များဖြင့်ပူးပေါင်း၍ အမှုဆောင်ရွေးချယ်ရေး လုပ်ငန်းကော်မတီကို ၅ဦးကော်မတီဖြင့် ဖွဲ့စည်းခဲ့ပြီး အမှုဆောင်အသစ်များကို တိုင်းအသင်းကိုယ်စားလှယ်များ မြို့နယ်အသင်း နာယကကြီးများကို ရွေးချယ်တင်မြှောက်ခဲ့ကြပြီး စားသုံးသူရေးရာဦးစီးဌာနမှ ဒု-ခရိုင်ဦးစီးမှူးက အသင်းဖွဲ့စည်းပြီးမှုအခြေအနေများကို တိုင်းဒေသကြီးသို့ ဆက်လင်တင်ပြဆောင်ရွက်သွားမည်ဖြစ်ပြီး အသင်း၏ ရှေ့ဆက်လုပ်ဆောင်ရမည့် လုပ်ငန်းစဉ်များအကြောင်းနှင့် အသင်းအစု၊ အဖွဲ့များ ရှင်သန်အားကောင်းစေရေး ဒေသတွင်းလုပ်ငန်းများ ဖွံဖြိုးတိုးတက်ရန် အသင်းများမှ ဆောင်ရွက်သွားရန်လိုအပ်ကြောင်းကို ထည့်သွင်းဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

မြန်အောင်မြို့မနေခြည်ဈေးအတွင်းရှိ ဆန်ဆိုင်ကြီးများအား အဖွဲ့နှင့် ကွင်းဆင်းစစ်ဆေးခြင်း

   စားသုံးသူရေးရာဦးစီးဌာန၊မြန်အောင်မြို့နယ်ဦးစီးမှူးသည်(၁၄.၇.၂၀၂၅)ရက်နေ့ နံနက် (၀၉:၀၀) နာရီအချိန်တွင် မိတ်ဘက်ဌာနဆိုင်ရာများနှင့် ပူးပေါင်း၍ မြန်အောင်မြို့မနေခြည်ဈေးအတွင်းရှိ ဆန်ဆိုင် ကြီးများအား မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် MRF မှ သတ်မှတ်ထုတ်ပြန်ထားသည့် ဈေးနှုန်းအပေါ် မြှင့်တင်ရောင်းချမှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်းကိုဆောင်ရွက်ခဲ့ပါသည်။

    ထိုသို့ကွင်းဆင်းရာတွင် မြို့နယ်ဦးစီးမှူး ဦးမြင့်အောင်က မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် MRFမှလအလိုက်ထုတ်ပြန်ပေးသော သင့်တင့်မျှတသောဈေးကွက်ဈေးနှုန်းဖြင့်ဆန်များဖြန့်ဖြူးရောင်းချ နိုင်ရေးကိုကြော်ငြာချက်ပါ ဆန်ဈေးနှုန်းများအလိုက် ရောင်းချနိုင်စေရေး၊ သတ်မှတ်ရည်ညွှန်းဈေးထက် ကျော်လွန် ရောင်းချခြင်းမဖြစ်စေရေး၊ ဈေးကွက်အတွင်း ကုန်စည်များ ပြတ်လပ်မှု မရှိစေရေးတို့ကို စစ်ဆေးခဲ့ပြီး၊ ဒေသထွက် စားသုံးဆန်များအား ပစ္စည်းမှန်၊ဈေးနှုန်းမှန်၊ အရည်အသွေးမှန်၊ အလေး ချိန်မှန်ဖြင့် ရောင်းချပေးနိုင်ရေးဆွေးနွေးခဲ့ပါသည်။ ဈေးကွက်အတွင်းရောင်းချနေသော ဆန်ဈေးနှုန်း များ မှာ သတ်မှတ်ရည်ညွှန်းဈေးများအတိုင်းရောင်းချလျက်ရှိပြီး ဈေးကစားလိုသောရည်ရွယ်ချက်ဖြင့် သိုလှောင်ထားခြင်းများ မရှိကြောင်း  စိစစ်တွေ့ရှိရသည်ဟု သတင်းရရှိပါသည်။

 (DOCA ဧရာဝတီ)

ကြံခင်းမြို့နယ် စားသုံးသူအသိပညာပေးရေးနည်းလမ်းများ TALK SHOW အစီအစဉ်ဆောင်ရွက်ခြင်း

   စားသုံးသူရေးရာဦးစီးဌာန၊ကြံခင်းမြို့နယ်တာဝန်ခံသည်(၁၀.၇.၂၀၂၅)ရက်နေ့ နေ့လည်(၁၃:၀၀) အချိန်တွင် ကြံခင်းမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ စားသုံးသူအသိပညာပေးရေးနည်းလမ်းများ၊ စားသုံးသူကာကွယ်ရေး လုပ်ငန်းများဆိုင်ရာ Talk Show အစီအစဉ်ကို ဆောင်ရွက်ခဲ့ပါသည်။

   အဆိုပါ အစီအစဉ်တွင်  မြို့နယ်တာဝန်ခံ ဦးကျော်နိုင်ဝင်းက   စားသုံးသူရေးရာဦးစီးဌာန အနေ ဖြင့် စားသုံးသူအသိပညာပေးရေး လုပ်ငန်းများဆောင်ရွက်ရာတွင် ရည်ရွယ်သည့် အုပ်စုအမျိုးအစား များနှင့် လိုက်လျောညီထွေ ရှိစေမည့် သင်ခန်းစာများ၊ လူထုဆက်သွယ်ရေးနည်းလမ်းများမှ တစ်ဆင့် အသိပညာပေးခြင်း၊ www.doca.gov.mm Website တွင် ဖော်ပြခြင်းနှင့် စားသုံးသူများသို့ တိုက်ရိုက် အသိပညာပေးခြင်း စသည့်နည်းလမ်းများဖြင့် ဆောင်ရွက်လျက်ရှိကြောင်း၊ စားသုံးသူကာကွယ်ရေး ဆိုင်ရာ လုပ်ငန်းဆောင်ရွက်ချက်များကို website တွင် သတင်းလွှင့်တင်မှု အခြေအနေများ၊ စားသုံးသူ ကာကွယ်ရေးလုပ်ငန်းများတွင် ဦးစီးဌာနအနေဖြင့် စားသုံးသူများကိုသာမက စီးပွားရေးလုပ်ငန်းရှင်များ ကိုပါ ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး သင်တန်းများဖွင့်လှစ်ပို့ချခြင်း၊ အလုပ်ရုံဆွေးနွေးပွဲများ ကျင်းပ ၍ ပညာပေးခြင်းလုပ်ငန်းများနှင့် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းဆိုင်ရာလုပ်ငန်းများဖြင့် စားသုံးသူ ကာကွယ်ရေးအသိပညာပေး လုပ်ငန်းများကို‌ ဆောင်ရွက်လျက်ရှိပါသည်။  စားသုံးသူများထံသို့ စားသုံး သူကာကွယ်ရေးဆိုင်ရာ သတင်းများ ဖြန့်ဝေနိုင်ရန်နှင့် နစ်နာဆုံးရှုံးမှုများဖြစ်ပေါ်လာပါက လွယ်ကူစွာ တိုင်ကြားနိုင်ရန်အတွက် စားသုံးသူ သတင်းပြန်ကြားရေးနှင့် တိုင်ကြားမှု လက်ခံဆောင်ရွက်ရေးစင်တာ (CICC) ဖွင့်လှစ်ထားရှိမှုအကြောင်း၊ Consumer Call Center 1535 သိုလည်း ဆက်သွယ်မေးမြန်း တိုင်ကြားနိုင်ကြောင်း စသည်တို့ကို အကျယ်တဝင့် ရှင်းလင်းဆွေးနွေးခဲ့ပါသည်။  

(DOCA ဧရာဝတီ)

မြန်အောင်မြို့နယ် အ.မ.က အောင်ရတနာကျောင်းတွင် လူငယ်ရေးရာအသိပညာပေးဟောပြောခြင်း

    စားသုံးသူရေးရာဦးစီးဌာန၊ မြန်အောင်မြို့နယ်ဦးစီးမှူးနှင့်ဝန်ထမ်းများသည် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနတို့နှင့်ပူးပေါင်း၍ (၁၄.၇.၂၀၂၅)နေ့ နံနက် (၁၁:၀၀)နာရီ အချိန်တွင် မြန်အောင်မြို့၊ ညောင်မြစ်ဆွဲကျေးရွာရှိ အခြေခံပညာမူလတန်း အောင်ရတနာ ကျောင်းတွင် ဆရာ၊ဆရာမ နှင့် ကျောင်းသား၊ကျောင်းသူ ၂၂၇ ဦးအား စားသုံးသူကာကွယ်ရေး အသိ ပညာပေးခြင်းနှင့်  စာဖတ်ရှိန်မြှင်တင်ရေး  အသိပညာပေးဟောပြောပွဲကို ဆောင်ရွက်ခဲ့ပါသည်။

          အဆိုပါဟောပြောပွဲတွင် မြို့နယ်ဦးစီးမှူး ဦးမြင့်အောင်က အစားအသောက်များတွင် ပါဝင်သော ဓါတုဆိုးဆေး၏ ဆိုးကျိုးများအကြောင်း၊ မြန်မာဘာသာဖြင့် ကုန်အညွှန်းဖော်ပြထားခြင်းမရှိသော အစားအသောက်များနှင့် လူသုံးကုန်ပစ္စည်းများ ဝယ်ယူအသုံးပြုရာတွင် သတိပြုလိုက်နာဆောင်ရွက်ရ မည့်အချက်များ၊ စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူ အခွင့်အရေးနှင့် တာဝန်များအကြောင်း၊ ဝယ်ယူအသုံးပြုခဲ့သော ကုန်စည်နှင့်ဝန်ဆောင်မှုများကြောင့်နစ်နာ ဆုံးရှုံးမှုများဖြစ်ပေါ်လာပါက ပြောဆို တင်ပြတိုင်ကြားခွင့်နှင့်ပြန်လည်ကုစားနိုင်ခွင့်များအကြောင်း ကို အကျယ်တဝင့် ရှင်းလင်းဆွေးနွေးခဲ့ပြီး၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မှ မြို့နယ်ဦးစီးမှူးက စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာ ပေးခြင်းအကြောင်း ရှင်းလင်းဆွေးနွေးခဲ့ပြီး နေ့လည်(၁၃:၀၀)အချိန်တွင် ဟောပြောပွဲကို ရုတ်သိမ်းခဲ့ ကြောင်း သိရှိရပါသည်။

 (DOCA ဧရာဝတီ)

ညောင်တုန်းမြို့နယ် ဆန်စက်အသင်းလုပ်ငန်းရှင်အသင်းခွဲ အမှုဆောင်အသစ် ရွေးချယ်ပွဲ ပြုလုပ်ကျင်းပ

            မြန်မာနိုင်ငံဆန်စက်လုပ်ငန်းရှင်များအသင်းခွဲ (ဧရာ၀တီတိုင်းဒေသကြီး)ညောင်တုန်းမြို့နယ်၏ ၂၀၂၅-၂၀၂၈ သက်တမ်းကာလ အလုပ်အမှုဆောင်ရွေးချယ်တင်မြှောက်ခြင်းအခမ်းအနားကို ၁၃-၇-၂၀၂၂ ရက်နေ့ နံနက် (၁၀:၀၀) နာရီအချိန်တွင် ညောင်တုန်းမြို့နယ် ဆန်စက်လုပ်ငန်းရှင်အသင်း အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ရာ စိမ်းလဲ့မြေဆန်စက်ပိုင်ရှင်၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ ဆန်စက်အသင်းကိုယ်စားလှယ်နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

             အခမ်းအနားတွင် စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးဦးအောင်လွင်က ဆန်စက်အသင်းလုပ်ငန်းရှင်အသင်းခွဲ အမှုဆောင်အသစ် ရေါဂချယ်တင်မြှောက်ခြင်းလုပ်ငန်းများ အကြောင်းကို အဖွင့်အမှာစကားပြောကြားခဲ့ပြီး မိမိတို့ဌာနအနေဖြင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းစဉ်အပြင် ပြည်တွင်းကုန်သွယ်မျုလုပ်ငန်းများကို ဖွံ့ဖြိုးတိုးတက်ရေး ပို့ကုန်များ မြှင့်တင်နိုင်ရေး ဆောင်ရွက်လျက်ရှိပြီး အသင်းအဖွဲ့များ အားကောင်းစေရန်လိုအပ်ကြောင်း၊ ပြည်တွင်ဒေသတွင်းဆန်စက်လုပ်ငန်းအများ ဖွံ့ဖြိုး တိုးတက်စေရန်လိုအပ်ကြောင်း၊ ဒေသတွင်း စပါးစိုက်ပျိုးထုတ်လုပ်မှု အတွက် အရေးပါသော အသင်းအဖွဲ့၊ စပါးကြိတ်ခွဲရာတွင် ခေတ်မှီဆန်များဖြင့် အရည်အသွေးပြည်မှီစွာ ထွက်ရှိရေး အရေးပါသော အစုအဖွဲ့ မှ ကြိုးပမ်းဆောင်ရွက်ရန် လိုအပ်ကြောင်း ပြောာကြားဆွေးနွေးခဲ့ပြီး အမှုဆောင်အသစ်ရွေးချယ်ပွဲကို ရွေးချယ်ဆောင်ရါက်ခဲ့ကြသည်။

               မြို့နယ်အထွေထွေအူပ်ချုပ်ရေးဦးစီးဌာမှ ရွေးချယ်တင်မြှောက်ခဲ့သော ရွေးချယ်ခံရသည့် အမှုဆောင်များ၏ အမည်စာရင်းကို ဖတ်ကြားပြီး အမှုဆောင်အသစ် ၁၅ဦး ပါဝင်ကြောင်း၊ ရွေးချယ်တင်မြှောက်ခံအသင်းမှ ဆက်လက်ဆောင်ရွက်ရန် လုပ်ငန်းများကို အားကြိုးမာန်တက်ဆောင်ရွက်ပေးပါရန်နှင့် ဆန်စက်လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေး ဦးစားပေးဆောင်ရွက်နိုင်ရန်တို့ကို မှာကြားဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

ပခုက္ကူမြို့၊ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းရှိ ကျောင်းမုန့်ဈေးတန်းအား ဈေးကွက်စောင့်ကြည့်စစ်ဆေး

  စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူး၏လမ်းညွှန်မှု၊ ခရိုင် ဦးစီးမှူး၏ကြီးကြပ်မှုဖြင့် ပခုက္ကူခရိုင်ဦးစီးမှူးရုံးရှိ ဦးစီးအရာရှိနှင့်ဝန်ထမ်းများသည် ကျောင်းနေ အရွယ်ကလေးများ ဘေးကင်းလုံခြုံစိတ်ချရမှုရှိစေရေးနှင့် အသင့်စားမုန့်အမျိုးမျိုးအား ကုန်အညွှန်း အမှတ် အသားပြီးပြည့်စုံပြီး ဘေးန္တရာယ်ကင်းရှင်းစေရန် ရည်ရွယ်၍ (၁၇..၂၀၂၅)ရက်နေ့၊ နံနက် (၁၁:၀၀)နာရီအချိန်တွင် ပခုက္ကူမြို့၊ အမှတ်()အခြေခံပညာအထက်တန်းကျောင်းမုန့်ဈေးတန်းရှိ မုန့်မျိုးစုံရောင်းချသည့်ဆိုင်များသို့ သွားရောက်၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြောင်း သိရ သည်။  ထိုသို့ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် အသင့်စားမုန့်အမျိုးမျိုးတွင် ကုန်အညွှန်းအမှတ် အသားပြည့်စုံသော ကုန်စည်များကိုသာ ရောင်းချကြောင်း စစ်ဆေးတွေ့ရှိရပြီး ဦးစီးအရာရှိက မြန်မာ့ရိုးရာအစားအစားများ ရောင်းချနေသည့် ကျောင်းဈေးသည်များအား အစားအသောက်ကို လုံခြုံစွာဖုံးအုပ်၍ ရောင်းချစေလိုကြောင်း၊ အစားအစာများကို ကိုင်တွယ်ရာတွင် တခါသုံးလက်အိတ် များဖြင့် အသုံးပြု၍ သန့်ရှင်းသပ်ရပ်စွာ ရောင်းချစေလိုကြောင်းနှင့် သက်တမ်းလွန်ပစ္စည်းများကို ရောင်းချခြင်းမပြုရန် အသိပညာပေးဆွေးနွေးခဲ့ပြီး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရသည်။  

DOCA(မကွေး)

                  

ပွင့်သစ်စ ခေါက်ဆွဲဖို လုပ်ငန်းသို့ MSMEs နှင့် ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး ကွင်းဆင်း စိစစ်ခြင်း

     ဖျာပုံခရိုင် ၊ ဘိုကလေးမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဒေါ်ခင်စန်းအေးနှင့် ဝန်ထမ်းတို့သည် ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ( ၁၄  ) ရက်နေ့ ၊ နံနက် (၁၀:၃၀) နာရီအချိန်တွင် (၁၀) ရက်ကွက် ၊ ဦးလှသိန်းလမ်းရှိ  ဦးမြင့်သိန်း ပိုင် စည်းစိမ်ခေါက်ဆွဲဖို လုပ်ငန်း သို့ ကွင်းဆင်းစိစစ်ခဲ့ကြပါသည်။

          စည်းစိမ်ခေါက်ဆွဲဖို လုပ်ငန်းမှာ စားသောက်ကုန် ဖြစ်ပြီး ဆန်ကြမ်းဖြင့် ထုတ်လုပ်သော ထုတ်ကုန် ပစ္စည်းဖြစ်ပါသည်။ တစ်နေ့အသုံးပြုမှုမှာ ဆန်ကြမ်းအိတ် (၉၀) အိတ်ခွဲ အသုံးပြုရပြီး ထွက်ရှိသော မုန့်ပိဿာချိန်မှာ (၅၀၀၀) ပိဿာ ထုတ်လုပ်လျက်ရှိပါသည်။ မုန့်ဖတ် လက်လီ/ လက်ကား ဈေးတစ်ပိဿာ လျှင် (၂၀၀၀)မှ(၁၈၀၀) ကျပ်ပေးရပြီး လုပ်သားဦးရေ (၄၈) ဦးရှိပြီး လုပ်သားတစ်ဦးလျှင် နေ့စားခ (၁၅၀၀၀ - ၁၈၀၀၀) ကျပ်ပေးရပါသည်။ ဈေးကွက်အနေ ဖြင့် ဒေသအတွင်းအပြင် ဖျာပုံ၊ကျိုက်လတ်၊ မော်ကျွန်း၊ကျိုက်ပိမြို့နယ်များသို့  ရောင်းချပေးလျက် ရှိပါသည်။

          မြို့နယ်တာဝန်ခံမှ ထုတ်လုပ်သော ကုန်စည်နှင့် ပက်သက်၍ ကုန်စည်အား အရည်အသွေး ပြည့်မီစွာ ထုတ်လုပ်နိုင်ရေး၊ ဈေးနှုန်းဈေးကွက်အခြေအနေများ ပြည့်မီစွာ မှန်ကန်စွာ ထုတ်လုပ်နိုင်ရေးနှင့် ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး ၊ စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်းစေရေးစေရေး၊ ဓာတုဆိုးဆေးဝါးများ သုံးစွဲခြင်းမပြုစေရေး တို့ ဆွေးနွေးမှု အပေါ် သတင်းရရှိပါသည်။

(DOCA ဧရာဝတီ)

ဖျာပုံခရိုင် ၊ ဘိုကလေးမြို့နယ်တွင် စားသုံးသူကာကွယ်ရေး အသိပညာပေး Talk Show ပြုလုပ်

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင် ၊ ဘိုကလေးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနနှင့် စားသုံးသူရေးရာဦးစီးဌာနတို့ပူးပေါင်း၍ ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ (၁၁) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် ပြန်/ဆက် ဦးစီးဌာနရုံး၌ စားသုံးသူကာကွယ်ရေး အသိပညာပေး Talk Show အစီအစဉ် ပြုလုပ်ဆောင်ရွက်ခဲ့ပါသည်။

          ထိုအစီစဉ်တွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးအရာရှိမှ စားသုံးသူအသိပညာပေး Talk Show ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားပြီး စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံက စားသုံးသူကာကွယ်ရေး ဥပဒေ အခန်းကဏ္ဍများ ထဲမှ ကုန်စည်ဝန်ဆောင်မှုနှင့် ပက်သက်ပြီး စားသုံးသူအခွင့်အရေးနှင့် တာဝန်များအကြောင်း ၊ စားသုံးသူကာကွယ်ရေးဥပဒေ၏ ရည်ရွယ်ချက်၊ မျှော်မှန်းချက်၊ ရည်ရွယ်ချက် အကြောင်းအရာ များ စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်းအောင် ဈေးကွက်အတွင်းရှိ စားသုံးရန်မသင့်သော အစားအစာများ ပပျောက်စေရန် ကွင်းဆင်းစစ်ဆေးခြင်း၊ အသိပညာပေးခြင်း၊ လုပ်ငန်းရှင်များ နှင့် တွေ့ဆုံဆွေးနွေးညှိနှိုင်းဆောင်ရွက်လျက်ရှိကြောင်း၊ စားသုံးသူဥပဒေကို ကျယ်ကျယ် ပြန့်ပြန့် သိရှိနိုင်စေရန် မိတ်ဖက်ဌာနများနှင့် ပူးပေါင်း၍ လူထုကို မီဒီယာမှ တဆင့် ဖြန့်ဝေပေး လျက်ရှိကြောင်း အသိပညာပေး ခဲ့ပါသည်။ ၎င်းအပြင် စားသုံးသူများ နစ်နာဆုံးရှုံးမှုဖြစ်ပေါ် လာပါက လူကိုယ်တိုင်သော်လည်းကောင်း ၊ Call Center 1535 သို့ ဆက်သွယ်တိုင်ကြား နိုင်ကြောင်း ရှင်းလင်းဆွေးနွေးခဲ့သည်ဟု သတင်းရရှိပါသည်။

(DOCA ဧရာဝတီ)

 

ဘိုကလေးမြို့နယ်အတွင်းရောင်းချနေသော စားသုံးဆီဘူးများအား ကွင်းဆင်းစစ်ဆေးခြင်း

     ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဒေါ်ခင်စန်းအေးနှင့် ဝန်ထမ်းတို့သည် ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ (၁၁) ရက်နေ့၊ နံနက် (၁၀:၃၀) နာရီအချိန်တွင် ဘိုကလေးမြို့မဈေးအတွင်းရှိ ကုန်မျိုးစုံဆိုင်များတွင် ရောင်းချနေသော ဘူးဆီများတွင် ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှုရှိ/မရှိ စည်ပင်သာယာရေးအဖွဲ့နှင့်ပူးပေါင်း၍ ကွင်းဆင်းစစ်ဆေးခဲ့ကြပါသည်။

          အဆိုပါ ဈေးကွက်အတွင်းရှိ အရောင်းဆိုင်များတွင် Duck ၊ Lotus၊  Meizan   အစရှိသော ဘူးဆီများတွင် ကုန်အညွှန်းအမှတ်အသား ကိုက်ညီမှုရှိ/မရှိ စစ်ဆေးခဲ့ရာ ရောင်းချနေသော ဘူးဆီများတွင် FDA ထောက်ခံချက် နှင့် ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာ ဖော်ပြထားသည် ကိုစစ်ဆေးတွေ့ရှိရပါသည်။ထို့အပြင် စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံက ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှုမရှိသော ကုန်စည်များ ဈေးကွက်အတွင်းမှ ပပျောက်စေရေး နှင့် မြန်မာဘာသာဖြင့် ဖော်ပြထားခြင်းမရှိသော ဘူးဆီများအား ထုတ်ကုန်လုံခြုံစိတ်ချရမှု မရှိသဖြင့် မရောင်းချရန် အသိပညာပေး ကွင်းဆင်းစစ်ဆေးခဲ့မှုအပေါ် သတင်းရရှိပါသည်။

(DOCA ဧရာဝတီ)

မြန်အောင်မြို့နယ်အတွင်းရှိ အိမ်ဆောက်ပစ္စည်းအရောင်းဆိုင်များအား ပူးပေါင်းအဖွဲ့ဖြင့် ကွင်းဆင်းစစ်ဆေးခြင်း

   စားသုံးသူရေးရာဦးစီးဌာန၊မြန်အောင်မြို့နယ်တာဝန်ခံသည်မိတ်ဘက်ဌာနဆိုင်ရာများနှင့်ပူးပေါင်း ၍(၁၄.၇.၂၀၂၅)ရက်နေ့ နေ့လည်(၁၃:၀၀)အချိန်တွင် မြန်အောင်မြို့၊ ရုံးပွဲလမ်း၊ အမှတ်(၅)ရပ်ကွက်နှင့် အမှတ်(၃)ရပ်ကွက်ရှိ ဇင် အိမ်ဆောက်ပစ္စည်းရောင်းဝယ်ရေးနှင့် ဦးဌေးအောင်  ဘိလပ်မြေ အရောင်းဆိုင်များ တွင် ဈေးနှုန်းမြှင့်တင်ရောင်းချမှုရှိ/မရှိနှင့် ပစ္စည်းပြတ်လပ်မှုရှိ/မရှိ တို့အား ကွင်းဆင်းစစ်ဆေးခြင်းကို ဆောင်ရွက်ခဲ့ပါသည်။

        ထိုသို့ကွင်းဆင်းရာတွင် စစ်ဆေးတွေ့ရှိချက်များအရ အိမ်ဆောက်ရာတွင်အသုံးပြုသောဘိလပ်မြေ၊ သွပ်၊ သံ၊ ကျောက်၊ အုတ်၊ သဲပစ္စည်းများ  အား ဝယ်ယူရရှိသည့် ဈေးပေါ်မူတည်၍  သယ်ယူစရိတ်၊ လုပ်သားခအပါအဝင် သင့်တင့်မျှတသော ဈေးဖြင့်သာ ရောင်းချလျက်ရှိပါသည်။ မြန်အောင်မြို့နယ်တွင် စက်ရုံမှ ဘိလပ်မြေများ ဝင်ရောက်မှုရှိသဖြင့် ပုံမှန်အရောင်းအဝယ်ဖြစ်လျက်ရှိပြီး ဈေးနှုန်းအနည်းငယ် ကျဆင်းလာကြောင်း၊  ပစ္စည်းပြတ်လပ်မှု မရှိဘဲ ဒေသတွင်း သုံးစွဲမှု လုံလောက်ကြောင်း စိစစ်တွေ့ရှိရ သည်ဟု သတင်းရရှိပါသည်။

(DOCA ဧရာဝတီ)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ