Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

UKကြက်သွန်နီကြော်လုပ်ငန်းရှင်နှင့် တွေ့ဆုံခြင်း

      စားသုံးသူရေးရာဦးစီးဌာန၊မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်ဦးစီးမှူးရုံး၊ ခရိုင်ဦးစီးမှူး၏ လမ်းညွှန်မှုဖြင့် ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲတာဝန်ခံ ဒေါ်ချောစုထွေး (ဦးစီးမှူး)သည် (၁၂.၉.၂၀၂၅) ရက်နေ့တွင် မိတ္ထီလာမြို့နယ်၊ ကျောက်မုန်းကုန်းကျေးရွာရှိ UK ကြက်သွန်နီကြော် လုပ်ငန်းရှင်နှင့်တွေ့ဆုံ၍ ကုန်အညွှန်းအမှတ်အသားဆိုင်ရာများနှင့်ပတ်သတ်၍ ဆွေးနွေးခဲ့ကြောင်း သိရှိရသည်။

     ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲတာဝန်ခံမှ ကုန်စည်များထုတ်လုပ်ရောင်းချခြင်းနှင့် ပတ်သက်၍ လုပ်ငန်းရှင်၏ ထုတ်ကုန်ပစ္စည်းများပေါ်တွင် မဖြစ်မနေဖော်ပြရန်လိုအပ်သည့် ကုန်အညွှန်းအမှတ်အသားများကို စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉၊ အခန်း (၁၈) တွင် ဖော်ပြထားသော ပြဌာန်းချက်များအတိုင်း ပြည့်စုံစွာဖော်ပြနိုင်ရန်၊ ကုန်စည်အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်၊ အသားတင် ပမာဏ၊ ထားသိုသိမ်းဆည်းပုံအညွှန်းတို့ကို မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု (သို့မဟုတ်) တစ်ခုထက်ပို၍တွဲလျက်ဖြစ်စေ ဖော်ပြရန် အသိပညာပေးဆွေးနွေးခဲ့ပြီး ကုန်အညွှန်းအမှတ်အသားဖော်ပြချက်၊ မူပိုင်ခွင့်လျှောက်ထားခြင်းနှင့် ပတ်သက်၍ အသိပညာပေး ဆွေးနွေးခဲ့ကြောင်း သိရှိရသည်။ 

DOCA(မန္တလေး)

 

AZAY COMPANY LIMITEDသို့ Online  မှတ်ပုံတင် မြေပြင်စစ်ဆေးခြင်း

   စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ရုံးမှစစ်ဆေးရေးအရာရှိ ဦးသိန်းထွန်း နှင့်ဝန်ထမ်းများသည်(၁၁.၉.၂၀၂၅) ရက်နေ့၊ နံနက်(၁၀:၃၀) နာရီအချိန်တွင်  အမှတ်(၃၉)/A၊ ဘုရင့်နောင်လမ်း၊ ရွှေပင်လုံအိမ်ရာ၊ (၂၇)ရပ်ကွက်၊ မြောက်ဒဂုံမြို့၊ AZAY COMPANY LIMITED သို့သွားရောက်၍ လူသုံးကုန်ပစ္စည်းများ Online Sale မှတ်ပုံတင်မြေပြင်စစ်ဆေးခြင်းဆိုင်ရာ အချက်အလက်များကိုက်ညီမှု ရှိ/မရှိကို စစ်ဆေးခဲ့ကြောင်းသိရှိရပါသည်။

          ထိုသို့ကွင်းဆင်းခဲ့ရာတွင် စစ်ဆေးရေးအရာရှိက Online စနစ်ဖြင့်ရောင်းချနေသော အ‌ရောင်းဆိုင်များသို့ မှတ်ပုံတင်လက်မှတ်လျှောက်ထားမှုနှင့်စပ်လျဉ်း၍ မြေပြင်ကွင်းဆင်း ဆောင်ရွက်ရာတွင် လုပ်ငန်းရှင်များလျှောက်လွှာပုံစံတွင် ဖြည့်သွင်းထားသည့် လိပ်စာအတိုင်း လုပ်ငန်းအမှန်တစ်ကယ်တည်ရှိခြင်း ရှိ/မရှိ ၊ မှတ်ပုံတင်လက်မှတ်လျှောက်ထားစဉ်က ရောင်းချ ရန်တင်ပြထားသော ကုန်စည် (သို့) ဝန်ဆောင်မှု အမျိုးအစားစာရင်းအတိုင်း မြေပြင်တွင်အမှန် တစ်ကယ်ရောင်းချနေသော စာရင်းကိုက်ညီမှုရှိ/မရှိတို့ကို မြေပြင်ကွင်းဆင်းစစ်ဆေးရာတွင် မြေပြင်စစ်ဆေးရမည့်အချက်(၁၈)ချက်နှင့် ကိုက်ညီမှုမှန်ကန်မှုရှိ/မရှိကိုစစ်ဆေးပြီးမှသာOnline Sale လုပ်ငန်းမှတ်ပုံတင်လက်မှတ်များ ထုတ်ပေးသွားမှာဖြစ်ကြောင်း အသိပေးပြောကြားခဲ့ပါ သည်။

DOCA(ရန်ကုန်)

ပဒေသာကြက်သွန်ဖြူကြော်လုပ်ငန်းရှင်နှင့်တွေ့ဆုံခြင်း

    စားသုံးသူရေးရာဦးစီးဌာန၊မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်ဦးစီးမှူးရုံး၊ ခရိုင်ဦးစီးမှူး၏ လမ်းညွှန်မှုဖြင့် ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲတာဝန်ခံ ဒေါ်ချောစုထွေး (ဦးစီးမှူး)သည် (၁၂.၉.၂၀၂၅) ရက်နေ့တွင် မိတ္ထီလာမြို့နယ်၊ စက်မှုဇုန်ရှိ ပဒေသာကြက်သွန်ဖြူကြော်လုပ်ငန်းရှင်နှင့် တွေ့ဆုံ၍ ကုန်အညွှန်းအမှတ်အသားဆိုင်ရာများနှင့်ပတ်သတ်၍ ဆွေးနွေးခဲ့ကြောင်း သိရှိရသည်။

          ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲတာဝန်ခံမှ ကုန်စည်များထုတ်လုပ်ရောင်းချခြင်းနှင့်ပတ်သက်၍ လုပ်ငန်းရှင်၏ ထုတ်ကုန်ပစ္စည်းများပေါ်တွင် မဖြစ်မနေဖော်ပြရန်လိုအပ်သည့် ကုန်အညွှန်းအမှတ် အသားများကို စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉၊ အခန်း (၁၈) တွင် ဖော်ပြထားသော ပြဌာန်းချက် များအတိုင်း ပြည့်စုံစွာဖော်ပြနိုင်ရန်၊ ကုန်စည်အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်၊ အသားတင် ပမာဏ၊ ထားသိုသိမ်းဆည်းပုံအညွှန်းတို့ကို မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြား ဘာသာတစ်ခု (သို့မဟုတ်) တစ်ခုထက်ပို၍တွဲလျက်ဖြစ်စေ ဖော်ပြရန် အသိပညာပေးဆွေးနွေးခဲ့ပြီး ကုန်အညွှန်းအမှတ်အသား ဖော်ပြချက်၊ မူပိုင်ခွင့်လျှောက်ထားခြင်းနှင့်ပတ်သက်၍ အသိပညာပေး ဆွေးနွေးခဲ့ကြောင်း သိရှိရသည်။

DOCA(မန္တလေး)

“ ခရမ်းမြို့နယ်စည်ပင်သာယာမြို့မဈေးအတွင်းရှိအသားနှင့်ငါးဈေးနှုန်းများ ကွင်းဆင်းကောက်ခံ စစ်ဆေးခြင်း ”

     ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ခရမ်းမြို့နယ်တွင် စားသုံးသူရေးရာဦးစီးဌာန၊ တောင်ပိုင်းခရိုင်ဦးစီးမှူး၏ ညွှန်ကြားချက်နှင့်အညီ စားသုံးသူပြည်သူများ ဝယ်ယူစားသောက်ရာ တွင် ဈေးနှုန်းကြီးမြင့်မှုမရှိစေရေး၊ ကုန်ဈေးနှုန်းတည်ငြိမ်၍ အလေးချိန်တွယ်ပြည့်ဝမှန်ကန်စွာ ရရှိစေရန် ရည်ရွယ်၍ စားသုံးသူရေးရာဦးစီးဌာန၊ ခရမ်းမြို့နယ်တာဝန်ခံ ဒေါ်ကျော့ကေခိုင်နှင့် ဝန်ထမ်းများသည် မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့်ပူးပေါင်း၍ စက်တင်ဘာလ(၁၂)ရက်နေ့၊ နံနက်(၀၉:၃၀)နာရီအချိန်တွင် စည်ပင်သာယာမြို့မဈေးအတွင်းရှိ အသားနှင့်ငါးမျိုးစုံ ရောင်းချ ဈေးနှုန်းများအား ကွင်းဆင်း ကောက်ခံစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

    ထိုသို့ ဈေးနှုန်းကောက်ခံရာတွင် ဒေါ်ငယ်၏ အမဲသားအရောင်းဆိုင်ရှိ အမဲသားဈေးနှုန်း၊ ဦးကျော်လွင်ဆိုင်ရှိ ဝက်သားဈေးနှုန်းများမှာ ယခင်ပတ်ဈေးနှင့် ယခုပတ်ဈေးနှုန်းကွာခြားမှုမရှိဘဲ ဈေးနှုန်းတည်ငြိမ်လျက်ရှိပြီး ဦးကျော်မင်းရောင်းချသော ဆိတ်သားဈေးနှုန်းမှာ ယခုပတ်တွင် ယခင်ပတ်ဈေးထက် ဈေးနှုန်းအနည်းငယ်မြင့်တက်လာ၍ ဈေးတက်ရခြင်းအား စုံစမ်းခဲ့ရာတွင် ဆိတ်အရှင်ဝယ်ယူရာတွင် အခြားနယ်မှ ဝယ်ယူရ၍ တန်ဆာစရိတ်၊ သယ်ယူစရိတ်များရှိ၍ ဈေးအနည်းငယ်မြင့်တက်လာခြင်းဖြစ်ကြောင်း ဆိုင်ရှင်ထံမှ သိရှိရပါသည်။ ကြက်သား CPကြက် နှင့်ဗမာကြက်ဈေးနှုန်းများမှာ ယခင်အပတ်ဈေးနှင့် ကွာခြားမှုမရှိဘဲ ဈေးနှုန်းတည်ငြိမ်နေပြီး ငါးကြင်း၊ ငါးသလောက်နှင့် ပင်လယ်ငါးမျိုးစုံတို့အား ရန်ကုန်ရွှေပိတောက်ငါးဈေး၊ စံပြငါးဈေးတို့မှ ဝယ်ယူ၍ ခရမ်းမြို့နယ် ဈေးအတွင်းဖြန့်ဖြူးရောင်းချလျက်ရှိပြီး ဈေးနှုန်းအနေဖြင့် ယခင်ပတ်ဈေး နှင့်ယခုပတ်ဈေးနှုန်း ပြောင်းလဲမှုမရှိကြောင်း၊ ငါးမြစ်ချင်း၊ ငါးတန် (မွေးမြူရေး)၊ ငါးခူ၊ ငါးရံ့များ မှာ  ခရမ်းဒေသထွက်ငါးများဖြစ်ပြီး ယခုပတ်တွင် ယခင်ပတ်ထက် ငါးအဝင်များလာခြင်းကြောင့် ဈေးနှုန်းလျော့ကျလာကြောင်း စုံစမ်းသိရှိရပြီး အသားနှင့်ငါးဈေးနှုန်းများအား ကောက်ခံ၍ အသား၊ ငါးရောင်းချသော ဈေးသည်များအား စားသုံးသူများကို ရောင်းချရာတွင် ပစ္စည်းမှန်၊ ဈေးနှုန်းမှန်၊ အချိန်အတွယ် မှန်ကန်စွာ ရောင်းချကြရန် အသိပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

 

အာကာစာလေးခွေကြော်လုပ်ငန်းရှင်နှင့် တွေ့ဆုံခြင်း

     စားသုံးသူရေးရာဦးစီးဌာန၊မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်ဦးစီးမှူးရုံး၊ ခရိုင်ဦးစီးမှူး၏ လမ်းညွှန်မှုဖြင့် ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲတာဝန်ခံ ဒေါ်ချောစုထွေး (ဦးစီးမှူး)သည် (၁၂.၉.၂၀၂၅) ရက်နေ့တွင် မိတ္ထီလာမြို့နယ်၊ ဆည်ကုန်းကျေးရွာရှိ အာကာစာလေးခွေကြော်လုပ်ငန်းရှင်နှင့် တွေ့ဆုံ၍ ကုန်အညွှန်းအမှတ်အသားဆိုင်ရာများနှင့် ပတ်သတ်၍ ဆွေးနွေးခဲ့ကြောင်း သိရှိရသည်။

          ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲတာဝန်ခံမှ ကုန်စည်များထုတ်လုပ်ရောင်းချခြင်းနှင့် ပတ်သက်၍ လုပ်ငန်းရှင်၏ ထုတ်ကုန်ပစ္စည်းများပေါ်တွင် မဖြစ်မနေဖော်ပြရန်လိုအပ်သည့် ကုန်အညွှန်းအမှတ် အသားများကို စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉၊ အခန်း (၁၈) တွင် ဖော်ပြထားသော ပြဌာန်းချက် များအတိုင်း ပြည့်စုံစွာဖော်ပြနိုင်ရန်၊ ကုန်စည်အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်၊ အသားတင် ပမာဏ၊ ထားသိုသိမ်းဆည်းပုံအညွှန်းတို့ကို မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြား ဘာသာတစ်ခု (သို့မဟုတ်) တစ်ခုထက်ပို၍တွဲလျက်ဖြစ်စေ ဖော်ပြရန် အသိပညာပေးဆွေးနွေးခဲ့ပြီး ကုန်အညွှန်းအမှတ်အသားဖော်ပြချက်၊ မူပိုင်ခွင့်လျှောက်ထားခြင်းနှင့်ပတ်သက်၍ အသိပညာပေး ဆွေးနွေးခဲ့ကြောင်း သိရှိရသည်။ 

DOCA(မန္တလေး)

လမင်းသာစာလေးခွေကြော်လုပ်ငန်းရှင်နှင့်တွေ့ဆုံခြင်း

    စားသုံးသူရေးရာဦးစီးဌာန၊မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်ဦးစီးမှူးရုံး၊ ခရိုင်ဦးစီးမှူး၏ လမ်းညွှန်မှုဖြင့် ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲတာဝန်ခံ ဒေါ်ချောစုထွေး (ဦးစီးမှူး)သည် (၁၂.၉.၂၀၂၅) ရက်နေ့တွင် မိတ္ထီလာမြို့နယ်၊ ဆည်ကုန်းကျေးရွာရှိ လမင်းသာစာလေးခွေကြော် လုပ်ငန်းရှင်နှင့်တွေ့ဆုံ၍ ကုန်အညွှန်းအမှတ်အသားဆိုင်ရာများနှင့် ပတ်သတ်၍ ဆွေးနွေးခဲ့ကြောင်း သိရှိရသည်။

          ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲတာဝန်ခံမှ ကုန်စည်များထုတ်လုပ်ရောင်းချခြင်းနှင့် ပတ်သက်၍ လုပ်ငန်းရှင်၏ ထုတ်ကုန်ပစ္စည်းများပေါ်တွင် မဖြစ်မနေဖော်ပြရန်လိုအပ်သည့် ကုန်အညွှန်းအမှတ် အသားများကို စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉၊ အခန်း (၁၈) တွင် ဖော်ပြထားသော ပြဌာန်းချက် များအတိုင်း ပြည့်စုံစွာဖော်ပြနိုင်ရန်၊ ကုန်စည်အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်၊ အသားတင် ပမာဏ၊ ထားသိုသိမ်းဆည်းပုံအညွှန်းတို့ကို မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြား ဘာသာတစ်ခု (သို့မဟုတ်) တစ်ခုထက်ပို၍တွဲလျက်ဖြစ်စေ ဖော်ပြရန် အသိပညာပေးဆွေးနွေးခဲ့ပြီး ကုန်အညွှန်းအမှတ်အသားဖော်ပြချက်၊ မူပိုင်ခွင့်လျှောက်ထားခြင်းနှင့်ပတ်သက်၍ အသိပညာပေး ဆွေးနွေးခဲ့ကြောင်း သိရှိရသည်။ 

DOCA(မန္တလေး)

မိုးကောင်းကြက်သွန်ကြော်လုပ်ငန်းရှင်နှင့် တွေ့ဆုံခြင်း

     စားသုံးသူရေးရာဦးစီးဌာန၊မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်ဦးစီးမှူးရုံး၊ ခရိုင်ဦးစီးမှူး၏ လမ်းညွှန်မှုဖြင့် ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲတာဝန်ခံ ဒေါ်ချောစုထွေး (ဦးစီးမှူး)သည် (၁၂.၉.၂၀၂၅) ရက်နေ့တွင် မိတ္ထီလာမြို့နယ်၊ ကန်တောင်ကျေးရွာရှိ မိုးကောင်းကြက်သွန်ကြော် လုပ်ငန်းရှင်နှင့် တွေ့ဆုံ၍ ကုန်အညွှန်းအမှတ်အသားဆိုင်ရာများနှင့်ပတ်သတ်၍ ဆွေးနွေးခဲ့ကြောင်း သိရှိရသည်။

          ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲတာဝန်ခံမှ ကုန်စည်များထုတ်လုပ်ရောင်းချခြင်းနှင့်ပတ်သက်၍ လုပ်ငန်းရှင်၏ ထုတ်ကုန်ပစ္စည်းများပေါ်တွင် မဖြစ်မနေဖော်ပြရန်လိုအပ်သည့် ကုန်အညွှန်းအမှတ် အသားများကို စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉၊ အခန်း (၁၈) တွင် ဖော်ပြထားသော ပြဌာန်းချက် များအတိုင်း ပြည့်စုံစွာဖော်ပြနိုင်ရန်၊ ကုန်စည်အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်၊ အသားတင် ပမာဏ၊ ထားသိုသိမ်းဆည်းပုံအညွှန်းတို့ကို မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြား ဘာသာတစ်ခု (သို့မဟုတ်) တစ်ခုထက်ပို၍တွဲလျက်ဖြစ်စေ ဖော်ပြရန် အသိပညာပေးဆွေးနွေးခဲ့ပြီး ကုန်အညွှန်းအမှတ်အသားဖော်ပြချက်၊ မူပိုင်ခွင့်လျှောက်ထားခြင်းနှင့်ပတ်သက်၍ အသိပညာပေး ဆွေးနွေးခဲ့ကြောင်း သိရှိရသည်။ 

DOCA(မန္တလေး)

 

ရွှေမိုးပဲကြော်လုပ်ငန်းရှင်နှင့်တွေ့ဆုံခြင်း

     စားသုံးသူရေးရာဦးစီးဌာန၊မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်ဦးစီးမှူးရုံး၊ ခရိုင်ဦးစီးမှူး၏ လမ်းညွှန်မှုဖြင့် ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲတာဝန်ခံ ဒေါ်ချောစုထွေး (ဦးစီးမှူး)သည် (၁၂.၉.၂၀၂၅) ရက်နေ့တွင် မိတ္ထီလာမြို့နယ်၊ ညောင်ကုန်းကျေးရွာရှိ ရွှေမိုးပဲကြော်လုပ်ငန်းရှင်နှင့် တွေ့ဆုံ၍ ကုန်အညွှန်းအမှတ်အသားဆိုင်ရာများနှင့်ပတ်သတ်၍ ဆွေးနွေးခဲ့ကြောင်း သိရှိရသည်။

          ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲတာဝန်ခံမှ ကုန်စည်များထုတ်လုပ်ရောင်းချခြင်းနှင့်ပတ်သက်၍ လုပ်ငန်းရှင်၏ ထုတ်ကုန်ပစ္စည်းများပေါ်တွင် မဖြစ်မနေဖော်ပြရန်လိုအပ်သည့် ကုန်အညွှန်းအမှတ်အသားများကို စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉၊ အခန်း (၁၈) တွင် ဖော်ပြထားသော ပြဌာန်းချက်များအတိုင်း ပြည့်စုံစွာဖော်ပြနိုင်ရန်၊ ကုန်စည်အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်၊ အသားတင် ပမာဏ၊ ထားသိုသိမ်းဆည်းပုံအညွှန်းတို့ကို မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု (သို့မဟုတ်) တစ်ခုထက်ပို၍တွဲလျက်ဖြစ်စေ ဖော်ပြရန် အသိပညာပေးဆွေးနွေးခဲ့ပြီး ကုန်အညွှန်းအမှတ်အသားဖော်ပြချက်၊ မူပိုင်ခွင့်လျှောက်ထားခြင်းနှင့် ပတ်သက်၍ အသိပညာပေး ဆွေးနွေးခဲ့ကြောင်း သိရှိရသည်။ 

DOCA(မန္တလေး)

 “ ခရမ်းမြို့နယ်စည်ပင်သာယာမြို့မဈေးအတွင်းအခြေခံစားသောက်ကုန်ဈေးနှုန်းများအား ကွင်းဆင်းကောက်ခံခြင်း ”

     ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ခရမ်းမြို့နယ် စားသုံးသူရေးရာဦးစီးဌာန မြို့နယ် တာဝန်ခံ ဒေါ်ကျော့ကေခိုင်နှင့်ဝန်ထမ်းများသည် အခြေခံစားသောက်ကုန်ဈေးနှုန်း ကြီးမြင့်မှု မရှိစေရေးအတွက် ကုန်ဈေးနှုန်းများ တည်ငြိမ်စေရေးအတွက် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ ဈေးတာဝန်ခံတို့နှင့် ပူးပေါင်း၍ စည်ပင်သာယာမြို့မဈေးရှိ ကုန်ခြောက်ဆိုင်များတွင် ရောင်းချ နေသော အခြေခံစားသောက်ကုန်ဈေးနှုန်းများကို စက်တင်ဘာလ(၁၂)ရက်နေ့၊ နေ့လည်(၁၁:၃၀) နာရီအချိန်တွင် ကွင်းဆင်းကောက်ခံခဲ့ကြကြောင်း သိရှိရပါသည်။

     ထိုသို့ ကွင်းဆင်းကောက်ခံရာတွင် ဦးအောင်ဝင်းနှင့် ဦးချစ်ညွန့်တို့၏ ဆန်ဆိုင်များတွင် ရောင်းချနေသော ဆန်ချောဈေးနှုန်းများသည် ယခင်ပတ်နှင့် ယခုပတ်ဈေးနှုန်းကွာခြားခြင်းမရှိဘဲ ဈေးတည်ငြိမ်လျှက်ရှိပြီး ဧည့်မထအုပ်စုဆန်နှင့် ငစိန်(ပုသိမ်ရာကျော်)ဆန်များသည် ယခင်ပတ် ဈေးနှုန်းနှင့် ယခုပတ်ဈေးနှုန်း နှိုင်းယှဉ်ရာတွင် ယခုပတ်တွင် ဆန်ဈေးနှုန်းများ လျော့ကျလာသည် ကိုတွေ့ရှိရပြီး ကျန်အခြေခံစားသောက်ကုန်များ ရောင်းချသော ဒေါ်ဖြူ၊ ဒေါ်စန္ဒီလင်း၊ ဒေါ်ဥမ္မာတို့ ၏ ကုန်ခြောက်ဆိုင်တို့တွင် ရောင်းချနေသော ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ငရုတ်သီးဈေးနှုန်းများ သည် ယခင်ပတ်နှင့် ယခုပတ်ဈေးနှုန်း ကွာခြားမှုမရှိဘဲ အာလူးဈေးနှုန်းသည် ယခုပတ်တွင် အနည်းငယ်မြင့်တက်လာခဲ့ပြီး မြေပဲဆီဈေးနှုန်းမှာ တည်ငြိမ်နေပြီး စားအုန်းဆီဈေးနှုန်းသည် အနည်းငယ် မြင့်တက်လာခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

မဟာနွယ်စားသောက်ကုန်လုပ်ငန်းရှင်နှင့် တွေ့ဆုံခြင်း

     စားသုံးသူရေးရာဦးစီးဌာန၊မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်ဦးစီးမှူးရုံး၊ ခရိုင်ဦးစီးမှူး၏ လမ်းညွှန်မှုဖြင့် ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲတာဝန်ခံ ဒေါ်ချောစုထွေး (ဦးစီးမှူး)သည် (၁၂.၉.၂၀၂၅) ရက်နေ့တွင် မိတ္ထီလာမြို့နယ်၊ တောမကျေးရွာရှိ မဟာနွယ် စားသောက်ကုန်လုပ်ငန်းရှင်နှင့် တွေ့ဆုံ၍ ကုန်အညွှန်းအမှတ်အသားဆိုင်ရာများနှင့် ပတ်သတ်၍ ဆွေးနွေးခဲ့ကြောင်း သိရှိရသည်။

      ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲတာဝန်ခံမှ ကုန်စည်များထုတ်လုပ်ရောင်းချခြင်းနှင့် ပတ်သက်၍ လုပ်ငန်းရှင်၏ ထုတ်ကုန်ပစ္စည်းများပေါ်တွင် မဖြစ်မနေဖော်ပြရန်လိုအပ်သည့် ကုန်အညွှန်းအမှတ် အသားများကို စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉၊ အခန်း (၁၈) တွင် ဖော်ပြထားသော ပြဌာန်းချက်များအတိုင်း ပြည့်စုံစွာဖော်ပြနိုင်ရန်၊ ကုန်စည်အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်၊ အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းပုံအညွှန်းတို့ကို မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု (သို့မဟုတ်) တစ်ခုထက်ပို၍တွဲလျက်ဖြစ်စေ ဖော်ပြရန် အသိပညာပေးဆွေးနွေးခဲ့ပြီး ကုန်အညွှန်းအမှတ်အသားဖော်ပြချက်၊ မူပိုင်ခွင့်လျှောက်ထားခြင်းနှင့်ပတ်သက်၍ အသိပညာပေး ဆွေးနွေးခဲ့ကြောင်း သိရှိရသည်။ 

DOCA(မန္တလေး)

 

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ