Main menu

ဘေးအန္တရာယ်ရှိသော အစားအသောက်များ ရောင်းချမှုရှိ/မရှိ ကျောင်းမုန့်ဈေးဆိုင်များအား ရှောင်တခင် ဝင်ရောက်စစ်ဆေး

Powered by Drupal

 

                 ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့ သပြေချောင်းကျေးရွာ အခြေခံပညာ ကျောင်းများတွင် ရောင်းချနေ သော ကျောင်းမုန့်ဈေးဆိုင်များတွင် ဘေးအန္တရာယ်ရှိသော အစားအသောက် များ ရောင်းချမှုရှိ/မရှိ ရှောင်တခင် ဝင်ရာက်စစ်ဆေးခြင်းကို မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ ဦးဆောင်၍ မြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်ကျန်းမာရေးဦးစီးဌာန တို့ပါဝင်ပြီး ၁၇-၁၁-၂၀၂၅ ရက်နေ့  နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

                 စစ်ဆေးဆောင်ရွက်ရာတွင် ဦးအောင်လွင် စစ်ဆေးရေးအရာရှိက ကျောင်းမုန့်ဈေးဆိုင်များမှ ဝယ်ယူစားသောက်နေသော ကျောင်းသားကျောင်းသူများအား အစားအသောက် များမှတစ်ဆင့် ဘေးအန္တရာယ် မဖြစ်ပွားစေရေးအတွက် ရက်လွန်မုန့်များ ရောင်းချမှုရှိ/မရှိ၊ မုန့်ထုပ်များတွင် ပါဝင်ပစ္စည်းများကို မြန်မာစာဖြင့် ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် စပ်လျဉ်း၍ ဖော်ပြထားရာတွင် ကိုက်ညီမှု ရှိ/မရှိ၊ မြန်မာမုန့် အစားအသောက်များကို ယင်နားစာများ မဖြစ်အောင် လုံခြုံစွာ ဖုံးအုပ်ထားရန်နှင့် ဈေးရောင်းချသူ များက နှာခေါင်းစည်းများ၊ လက်အိပ်များဖြင့် သန့်ရှင်းသတ်ရပ်စွာရောင်းချခြင်းရှိမရှိတို့ကို တာဝန်ရှိသူများက စစ်ဆေးဆောင်ရွက်ခဲ့ ပြီး အသိပညာပေး ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။

                 ထိုသို့ ကွင်းဆင်းစစ်ဆေးခြင်းကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်စားသုံးသူ ရေးရာဦးစီး ဌာန၊ မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်အရံမီးသတ်တပ်ဖွဲ့၊ ပညာရေးဌာနဦးစီးဌာန တို့မှ တာဝန်ရှိသူများက လိုက်လံစစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။

DOCA(ဧရာဝတီ)