
စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်တာဝန်ခံရုံးမှ အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်း(Online Sale) လုပ်ငန်းများ မှတ်ပုံတင်လက်မှတ် လျှောက်ထားခြင်းနှင့် ပတ်သက်၍ ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်ရေး အသိပညာပေး ဟောပြောပွဲ အခမ်းအနားကို ၁၇-၁၁-၂၀၂၅ ရက်နေ့ နံနက် ၁၀ နာရီအချိန်က ဓနုဖြူမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြသည်။
အသိပညာပေး ဟောပြောရာတွင် စားသုံးသူရေးရာဦးစီးဌာန ပန်းတနော်မြို့နယ်တာဝန်ခံရုံးမှ ဦးခိုင်လွမ်းမိုး အကြီးတန်းစာရေးက အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်း(Online Sale) လုပ်ငန်းများ မှတ်ပုံတင်လက်မှတ် လျှောက်ထားခြင်းနှင့် ပတ်သက်သော လုပ်ငန်းမှတ်ပုံတင်ခြင်း၊ သက်တမ်းတိုးခြင်း၊ အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေများအကြောင်းတို့ကို ရှင်းလင်းခြင်း၊ စားသုံးသူများ အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်း၏ အဓိပ္ပါယ်ဖွင့်ဆိုချက်များ စားသုံးသူ၏အခွင့်အရေးများ၊ တာဝန်များ၊ အွန်လိုင်းစနစ်ဖြင့် ဈေးဝယ်ယူခြင်းအတွက် အားနည်းချက်၊ အားသာချက်များကို၎င်း၊ ကုန်စည်(သို့)ဝန်ဆောင်မှုနှင့် စပ်လျဉ်း၍ စားသုံးသူများ စိစစ်သင့်သည့်အချက်အလက်များ၊ အွန်လိုင်း စနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းနှင့် စပ်လျဉ်း၍ သက်ဆိုင်ရာဌာနများ၏ ဆောင်ရွက်မှုများ၊ လိမ်လည်မှုများနှင့်မှတ်ပုံတင်ထားသည့်အွန်လိုင်းရောင်းချမှုလုပ်ငန်းမှ ဈေးဝယ်ယူခြင်းဖြင့် ရရှိသည့် အကျိုးရလဒ်များကို အကျယ်တဝင့်ဟောပြောဆွေးနွေးခဲ့ပြီး ဆွေးနွေးပွဲသို့ တက်ရောက်လာကြသူများက သိရှိလိုသည်များကို မေးမြန်းဆွေးနွေးရာ ပြန်လည်ဆွေးနွေးဖြေကြားခဲ့ပြီး အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်း (Online Sale) လုပ်ငန်းများ မှတ်ပုံတင်လက်မှတ် လျှောက် ထားခြင်းနှင့်ပတ်သက်သော အသိပညာပေး ဟောပြောခဲ့ကြောင်း သိရသည်။
DOCA(ဧရာဝတီ)
