Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ဟင်္သာတမြို့နယ်အတွင်းရှိ ကျေးရွာများတွင် ပြည်သူအသိပညာပေးဟောပြောခြင်း

        စားသုံးသူရေးရာဦးစီးဌာန၊ ဟင်္သာတမြို့နယ်ဦးစီးမှူးသည် ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ (၁၂) ရက်နေ့ နံနက်(၁၁:၀၀)အချိန်တွင် မိတ်ဘက်ဌာနဆိုင်ရာများနှင့်ပူးပေါင်း၍ ဟင်္သာတမြို့နယ်အတွင်း ဓမ္ဘီတိုက်နယ်၊ ကင်မွန်းချောင်းကျေးရွာ ၊ ငါးဖယ်ထူကျေးရွာများရှိ ပြည်သူများအား ကျေးလက်ဒေသ ဖွံ့ဖြိုးရေး လုပ်ငန်းများနှင့်ပါတ်သက်၍ ဌာနအလိုက်ဆွေးနွေးမှုအပေါ်  စားသုံးသူရေးရာဦးစီးဌာနမှ စားသုံးသူ ကာကွယ်ရေးဆိုင်ရာ  အသိပညာပေး ဟောပြောခြင်းကို ဆောင်ရွက်ခဲ့ပါသည်။

          ဟောပြောပွဲတွင် မြို့နယ်ဦးစီးမှူး ဦးမိုးကျော်က ဌာန၏ လက်ရှိဆောင်ရွက်လျက်ရှိသော စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူ အခွင့်အရေးနှင့်တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များအကြောင်း၊ ဆန်စပါး သိုလှောင်ရုံ မှတ်ပုံတင်ခြင်းဆိုင်ရာ ကိစ္စရပ်များ၊ Online မှတစ်ဆင့် ကုန်စည်ရောင်းဝယ်ခြင်းဆိုင်ရာကိစ္စရပ်များအကြောင်း၊ စားသုံးဆီဝယ်ယူခွင့်စာအုပ်များဖြင့် စနစ်တကျ ဖြန့်ဖြူးရောင်းချပေးနေမှု အခြေအနေများ၊  စားသုံးသူများသည် ကုန်စည်ကိုရွေးချယ်ဝယ်ယူ တတ်စေ ရန် ကုန်အညွှန်းအမှတ်အသားနှင့်စပ်လျဉ်း၍ ဖော်ပြပါရှိသည့်အချက်အလက်များကို သေချာစွာစိစစ် ဝယ်ယူနိုင်ရန်၊ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် မိမိတို့ရောင်းချနေသော ကုန်စည်နှင့်ဝန်ဆောင်မှု များတွင် အာမခံချက် ပေးနိုင်ခြင်းများအကြောင်း၊စားသုံးသူကာကွယ်ရေးဥပဒေပါ ပြစ်မှုနှင့်ပြစ်ဒဏ်များ အကြောင်း၊ စားသုံး သူသတင်းပြန်ကြားရေးနှင့်တိုင်ကြားမှုလက်ခံဆောင်ရွက်ရေးစင်တာ(Consumer Information and Complaint Center) CICC ဖွင့်လှစ်ထားရှိမှု အခြေအနေကို လည်ကောင်း၊ စားသုံးသူရေးရာဦးစီးဌာန၏ လုပ်ငန်းဆောင်ရွက်ချက်များအကြောင်း သိရှိလိုပါက www.doca.gov. mm Website တွင် ဝင်ရောက်လေ့လာနိုင်ကြောင်းနှင့် Consumer Call Center 1535 သို့ ဆက်သွယ်မေးမြန်းနိုင်ကြောင်းကိုလည်းကောင်း စသည်တို့ကိုအသိပညာပေးဟောပြောခဲ့ပြီး၊ တက် ရောက်သူများမှလည်း သိလိုသည်များကို မေးမြန်း၍ ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

(DOCA ဧရာဝတီ)

ကြက်သားအရသာ ဟင်းခပ်မှုန့်အထုပ်များတွင် ကုန်ညွှန်းအမှတ်အသားပြည့်စုံခြင်း ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်း

           ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံဦးတင်ကိုနှင့်  ဝန်ထမ်း တို့သည် ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ(၁၂) ရက်နေ့ ၊ နံနက် (11:30) နာရီအချိန်တွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့နှင့် ပူးပေါင်း၍ မြို့မဈေးကြီး အတွင်းရှိ ကြက်သားအရသာဟင်းခပ်မှုန့် ရောင်းချသောဆိုင်များသို့ ကွင်းဆင်းစစ်ဆေး ခဲ့ကြပါသည်။

          ထိုသို့  ကွင်းဆင်းစစ်ဆေးရာတွင် ဈေးနှုန်းကြီးမြှင့်မှု မရှိစေရေးနှင့် ကုန်ဈေးနှုန်းများတည်ငြိမ် စေရေးအတွက် ကြပ်မတ်ဆောင်ရွက်လျက်ရှိရာ ဈေးနှုန်းမြှင့်တင် ရောင်းချခြင်းများ ရှိ/မရှိ စစ်ဆေးခဲ့ပြီး အခန်း(၁၈)ပါကုန်ညွှန်းအမှတ်အသားများပြည့်စုံခြင်း ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ရာ ကုန်ညွှန်းအမှတ် အသားများ ပြည့်စုံခြင်းရှိသဖြင့် ကုန်ညွှန်းအမှတ်အသားများမပြည့်စုံသည့် ကုန်ပစ္စည်းများကို မရောင်းချရန် အသိပညာပေးကွင်းဆင်းခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA (ဧရာဝတီ)

မာလာရှမ်းကောအနှစ်အထုတ်များတွင် ကုန်ညွှန်းအမှတ်အသားပြည့်စုံခြင်း ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်း

        ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံဦးတင်ကိုနှင့်  ဝန်ထမ်း တို့သည် ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ(၁၂) ရက်နေ့ ၊ နံနက် (11:30) နာရီအချိန်တွင် မြို့နယ်စည်ပင် သာယာရေးအဖွဲ့တို့နှင့် ပူးပေါင်း၍ မြို့မဈေးကြီး အတွင်းရှိ မာလာရှမ်းကောအနှစ်ရောင်းချသောဆိုင်များသို့ ကွင်းဆင်းစစ်ဆေး ခဲ့ကြပါသည်။

          ထိုသို့  ကွင်းဆင်းစစ်ဆေးရာတွင် ဈေးနှုန်းကြီးမြှင့်မှု မရှိစေရေးနှင့် ကုန်ဈေးနှုန်းများ တည်ငြိမ်စေရေးအတွက် ကြပ်မတ်ဆောင်ရွက်လျက်ရှိရာ ဈေးနှုန်းမြှင့်တင် ရောင်းချခြင်းများ ရှိ/မရှိ စစ်ဆေးခဲ့ပြီး အခန်း(၁၈)ပါကုန်ညွှန်းအမှတ်အသားများပြည့်စုံခြင်း ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ရာ ကုန်ညွှန်းအမှတ်အသားများ ပြည့်စုံခြင်းရှိသဖြင့် ကုန်ညွှန်းအမှတ်အသားများမပြည့်စုံသည့် ကုန်ပစ္စည်းများကို မရောင်းချရန် အသိပညာပေးကွင်းဆင်းခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA (ဧရာဝတီ)

“ ခရမ်းမြို့နယ်စည်ပင်သာယာမြို့မဈေးအတွင်းရှိအသားနှင့်ငါးဈေးနှုန်းများ ကွင်းဆင်းကောက်ခံစစ်ဆေးခြင်း ”

  ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ခရမ်းမြို့နယ်တွင် စားသုံးသူရေးရာဦးစီးဌာန၊ တောင်ပိုင်းခရိုင်ဦးစီးမှူး၏ ညွှန်ကြားချက်နှင့်အညီ စားသုံးသူပြည်သူများ ဝယ်ယူစားသောက်ရာ တွင် ဈေးနှုန်းကြီးမြင့်မှုမရှိစေရေး၊ ကုန်ဈေးနှုန်းတည်ငြိမ်၍ အလေးချိန်တွယ်ပြည့်ဝမှန်ကန်စွာ ရရှိစေရန် ရည်ရွယ်၍ စားသုံးသူရေးရာဦးစီးဌာန၊ ခရမ်းမြို့နယ်တာဝန်ခံ ဒေါ်ကျော့ကေခိုင်နှင့် ဝန်ထမ်းများသည် မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့်ပူးပေါင်း၍ စက်တင်ဘာလ(၁၂)ရက်နေ့၊ နံနက်(၀၉:၃၀)နာရီအချိန်တွင် စည်ပင်သာယာမြို့မဈေးအတွင်းရှိ အသားနှင့်ငါးမျိုးစုံ ရောင်းချ ဈေးနှုန်းများအား ကွင်းဆင်း ကောက်ခံစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

   ထိုသို့ ဈေးနှုန်းကောက်ခံရာတွင် ဒေါ်ငယ်၏ အမဲသားအရောင်းဆိုင်ရှိ အမဲသားဈေးနှုန်း၊ ဦးကျော်လွင်ဆိုင်ရှိ ဝက်သားဈေးနှုန်းများမှာ ယခင်ပတ်ဈေးနှင့် ယခုပတ်ဈေးနှုန်းကွာခြားမှုမရှိဘဲ ဈေးနှုန်းတည်ငြိမ်လျက်ရှိပြီး ဦးကျော်မင်းရောင်းချသော ဆိတ်သားဈေးနှုန်းမှာ ယခုပတ်တွင် ယခင်ပတ်ဈေးထက် ဈေးနှုန်းအနည်းငယ်မြင့်တက်လာ၍ ဈေးတက်ရခြင်းအား စုံစမ်းခဲ့ရာတွင် ဆိတ်အရှင်ဝယ်ယူရာတွင် အခြားနယ်မှ ဝယ်ယူရ၍ တန်ဆာစရိတ်၊ သယ်ယူစရိတ်များရှိ၍ ဈေးအနည်းငယ်မြင့်တက်လာခြင်းဖြစ်ကြောင်း ဆိုင်ရှင်ထံမှ သိရှိရပါသည်။ ကြက်သား CPကြက် နှင့်ဗမာကြက်ဈေးနှုန်းများမှာ ယခင်အပတ်ဈေးနှင့် ကွာခြားမှုမရှိဘဲ ဈေးနှုန်းတည်ငြိမ်နေပြီး ငါးကြင်း၊ ငါးသလောက်နှင့် ပင်လယ်ငါးမျိုးစုံတို့အား ရန်ကုန်ရွှေပိတောက်ငါးဈေး၊ စံပြငါးဈေးတို့မှ ဝယ်ယူ၍ ခရမ်းမြို့နယ် ဈေးအတွင်းဖြန့်ဖြူးရောင်းချလျက်ရှိပြီး ဈေးနှုန်းအနေဖြင့် ယခင်ပတ်ဈေး နှင့်ယခုပတ်ဈေးနှုန်း ပြောင်းလဲမှုမရှိကြောင်း၊ ငါးမြစ်ချင်း၊ ငါးတန် (မွေးမြူရေး)၊ ငါးခူ၊ ငါးရံ့များ မှာ  ခရမ်းဒေသထွက်ငါးများဖြစ်ပြီး ယခုပတ်တွင် ယခင်ပတ်ထက် ငါးအဝင်များလာခြင်းကြောင့် ဈေးနှုန်းလျော့ကျလာကြောင်း စုံစမ်းသိရှိရပြီး အသားနှင့်ငါးဈေးနှုန်းများအား ကောက်ခံ၍ အသား၊ ငါးရောင်းချသော ဈေးသည်များအား စားသုံးသူများကို ရောင်းချရာတွင် ပစ္စည်းမှန်၊ ဈေးနှုန်းမှန်၊ အချိန်အတွယ် မှန်ကန်စွာ ရောင်းချကြရန် အသိပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA( ရန်ကုန်)

SWIF နို့စိမ်းဘူးတွင် ကုန်ညွှန်းအမှတ်အသားပြည့်စုံခြင်း ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်း

             ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံဦးတင်ကိုနှင့်  ဝန်ထမ်း တို့သည် ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ(၁၂) ရက်နေ့ ၊ နံနက် (၁0:30) နာရီအချိန်တွင် မြို့နယ်စည်ပင် သာယာရေးအဖွဲ့တို့နှင့် ပူးပေါင်း၍ မြို့မဈေးကြီး အတွင်းရှိ SWIF နို့စိမ်းဘူးရောင်းချသော ဆိုင်များသို့ကွင်းဆင်းစစ်ဆေး ခဲ့ကြပါသည်။

          ထိုသို့  ကွင်းဆင်းစစ်ဆေးရာတွင် ဈေးနှုန်းကြီးမြှင့်မှု မရှိစေရေးနှင့် ကုန်ဈေးနှုန်းများ တည်ငြိမ်စေရေးအတွက် ကြပ်မတ်ဆောင်ရွက်လျက်ရှိရာ ဈေးနှုန်းမြှင့်တင် ရောင်းချခြင်းများ ရှိ/မရှိ စစ်ဆေးခဲ့ပြီး အခန်း(၁၈)ပါကုန်ညွှန်းအမှတ်အသားများပြည့်စုံခြင်း ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ရာ ကုန်ညွှန်းအမှတ်အသားများ ပြည့်စုံခြင်းရှိသဖြင့် ကုန်ညွှန်းအမှတ်အသားများမပြည့်စုံသည့် ကုန်ပစ္စည်းများကို မရောင်းချရန် အသိပညာပေးကွင်းဆင်းခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA (ဧရာဝတီ)

“ ခရမ်းမြို့နယ်စည်ပင်သာယာမြို့မဈေးအတွင်း အခြေခံစားသောက်ကုန်ဈေးနှုန်းများအား ကွင်းဆင်းကောက်ခံခြင်း ”

  ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ခရမ်းမြို့နယ် စားသုံးသူရေးရာဦးစီးဌာန မြို့နယ် တာဝန်ခံ ဒေါ်ကျော့ကေခိုင်နှင့်ဝန်ထမ်းများသည် အခြေခံစားသောက်ကုန်ဈေးနှုန်း ကြီးမြင့်မှု မရှိစေရေးအတွက် ကုန်ဈေးနှုန်းများ တည်ငြိမ်စေရေးအတွက် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ ဈေးတာဝန်ခံတို့နှင့် ပူးပေါင်း၍ စည်ပင်သာယာမြို့မဈေးရှိ ကုန်ခြောက်ဆိုင်များတွင် ရောင်းချ နေသော အခြေခံစားသောက်ကုန်ဈေးနှုန်းများကို စက်တင်ဘာလ(၁၂)ရက်နေ့၊ နေ့လည်(၁၁:၃၀) နာရီအချိန်တွင် ကွင်းဆင်းကောက်ခံခဲ့ကြကြောင်း သိရှိရပါသည်။

   ထိုသို့ ကွင်းဆင်းကောက်ခံရာတွင် ဦးအောင်ဝင်းနှင့် ဦးချစ်ညွန့်တို့၏ ဆန်ဆိုင်များတွင် ရောင်းချနေသော ဆန်ချောဈေးနှုန်းများသည် ယခင်ပတ်နှင့် ယခုပတ်ဈေးနှုန်းကွာခြားခြင်းမရှိဘဲ ဈေးတည်ငြိမ်လျှက်ရှိပြီး ဧည့်မထအုပ်စုဆန်နှင့် ငစိန်(ပုသိမ်ရာကျော်)ဆန်များသည် ယခင်ပတ် ဈေးနှုန်းနှင့် ယခုပတ်ဈေးနှုန်း နှိုင်းယှဉ်ရာတွင် ယခုပတ်တွင် ဆန်ဈေးနှုန်းများ လျော့ကျလာသည် ကိုတွေ့ရှိရပြီး ကျန်အခြေခံစားသောက်ကုန်များ ရောင်းချသော ဒေါ်ဖြူ၊ ဒေါ်စန္ဒီလင်း၊ ဒေါ်ဥမ္မာတို့ ၏ ကုန်ခြောက်ဆိုင်တို့တွင် ရောင်းချနေသော ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ငရုတ်သီးဈေးနှုန်းများ သည် ယခင်ပတ်နှင့် ယခုပတ်ဈေးနှုန်း ကွာခြားမှုမရှိဘဲ အာလူးဈေးနှုန်းသည် ယခုပတ်တွင် အနည်းငယ်မြင့်တက်လာခဲ့ပြီး မြေပဲဆီဈေးနှုန်းမှာ တည်ငြိမ်နေပြီး စားအုန်းဆီဈေးနှုန်းသည် အနည်းငယ် မြင့်တက်လာခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

မြို့မဈေးကြီး အတွင်းရှိ အခြေခံစားသောက်ကုန်များအား ဈေးနှုန်းကောက်ယူခြင်း

            ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံဦးတင်ကိုနှင့်  ဝန်ထမ်း တို့သည် ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ(၁၂) ရက်နေ့ ၊ နံနက် (11:30) နာရီအချိန်တွင် မြို့နယ်စည်ပင် သာယာရေးအဖွဲ့တို့နှင့် ပူးပေါင်း၍ မြို့ပေါ် ရပ်ကွက်နှင့် မြို့မဈေးကြီး အတွင်းရှိ အခြေခံစား သောက်ကုန်များအား ကွင်းဆင်းစစ်ဆေး ခဲ့ကြပါသည်။

          ထိုသို့  ကွင်းဆင်းစစ်ဆေးရာတွင် ဈေးနှုန်းကြီးမြှင့်မှု မရှိစေရေးနှင့် ကုန်ဈေးနှုန်းများ တည်ငြိမ်စေရေးအတွက် ကြပ်မတ်ဆောင်ရွက်လျက်ရှိရာ ဈေးနှုန်းမြှင့်တင် ရောင်းချခြင်း၊ သိုလှောင်ခြင်း၊ ဖြန့်ဖြူးရောင်းချမှုများ ရှိ/မရှိ စစ်ဆေးခဲ့ပြီး အသား၊ ငါး အမျိုးအစားအလိုက် ဈေးနှုန်းဈေးကွက် များကို စစ်ဆေးခဲ့ကြပါသည်။ ထို့အပြင် အခြေခံစားသောက်ကုန်များအား သတ်မှတ်ဈေးနှုန်း ဖြင့် ဆိုင်းဘုတ်တင်ရောင်းချခြင်း ရှိ/မရှိ တို့ကို စစ်ဆေးခဲ့ကြောင်း ကွင်းဆင်းစစ်ဆေးမှုအရ သတင်း ရရှိပါသည်။

DOCA (ဧရာဝတီ)

ကျောင်းကုန်းမြို့နယ် အခြေခံပညာမူလတန်းကျောင်းများ ကျောင်းမုန့်ဈေးတန်းတွင် မုန့်များ ကုန်ညွှန်းအမှတ်အသားပြည့်စုံခြင်း ရှိ/မရှိကွင်းဆင်းစစ်ဆေးခြင်း

           ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဦးတင်ကိုနှင့် ဝန်ထမ်းတို့သည် ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ (၁၄) ရက်နေ့၊ နေ့လည် (1:၀၀) နာရီအချိန်တွင် ကျောင်းကုန်းမြို့နယ် အခြေခံပညာအထက်တန်းကျောင်း အောက်ပိုင်းတွင် ကျောင်းမုန့်ဈေးတန်းအား ကုန်ညွှန်းအမှတ်အသားပြည့်စုံခြင်း ရှိ/မရှိ ကွင်းဆင်း စစ်ဆေးခဲ့ပါသည်။

          သို့ဖြစ်ပါ၍ ကျောင်းကုန်းမြို့နယ် အခြေခံပညာအထက်တန်းကျောင်း အောက်ပိုင်းကျောင်းတွင် ရောင်းချနေသော ကျောင်းမုန့်ဈေးတန်းတွင် မုန့်များအား ကွင်းဆင်းဆေးခဲ့ရာ ရောင်းချ နေသော မုန့်များတွင် မြန်မာဘာသာဖြင့်ရေးသားဖော်ပြထားသော ကုန်အညွှန်းအမှတ် အသားနှင့် FDA ထောက်ခံချက်များ ပါရှိကြောင်း ကွင်းဆင်းစစ်ဆေးခဲ့မှုအား သတင်းရရှိပါသည်။

DOCA (ဧရာဝတီ)

“ ခရမ်းမြို့နယ်စည်ပင်သာယာမြို့မဈေးအတွင်းစားသုံးဆီအမျိုးမျိုးရောင်းချသော ကုန်စုံဆိုင်များအားဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း”

   ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ခရမ်းမြို့နယ် စည်ပင်သာယာမြို့မဈေးအတွင်းရှိ စားသုံးဆီအမျိုးမျိုးရောင်းချသော ကုန်စုံဆိုင်များအား စားသုံးသူရေးရာဦးစီးဌာန၊ ခရမ်းမြို့နယ် တာဝန်ခံ ဒေါ်ကျော့ကေခိုင်နှင့် စည်ပင်သာယာမြို့မဈေးတာဝန်ခံတို့ ပူးပေါင်း၍ စက်တင်ဘာ လ(၁၁)ရက်နေ့၊ နေ့လည်(၁၄:၃၀)နာရီအချိန်တွင် ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ကြောင်း သိရှိ ရပါသည်။

  ထိုသို့ ဈေးကွက်စောင့်ကြည့် စစ်ဆေးရာတွင် ကုန်စုံဆိုင်များတွင် ရောင်းချနေသော စား သုံးဆီအမျိုးမျိုးတွင် ကုန်အညွှန်းအမှတ်အသားများ မြန်မာဘာသာဖြင့် ထည့်သွင်းဖော်ပြရမည့် စားသုံးဆီအမျိုးမျိုးတွင် အမျိုးအမည်၊ အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှုအညွှန်းတို့ ဖော်ပြ ထားခြင်းရှိ/မရှိ၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ညွှန်ကြားချက်အမှတ် (၁/၂၀၂၁)တွင် ညွှန်ကြားထားသော ပင်ရင်းပါဝင်ပစ္စည်းကို အခြေခံသော ကုန်စည်၏ အမျိုးအမည်ကို တိကျစွာ မြန်မာဘာသာဖြင့် ဖော်ပြထားခြင်းရှိ/မရှိနှင့် ဗူးဆီများတွင် အသားတင် ပမာဏအား မြန်မာအလေးချိန်ယူနစ်ဖြစ်သော ပိဿာ၊ ကျပ်သားတို့ကို မြန်မာဘာသာဖြင့် ဖော်ပြ ထားခြင်းရှိ/မရှိတို့အား ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

“ ခရမ်းမြို့နယ်၌ဆေးမျိုးစုံအရောင်းဆိုင်များအားကွင်းဆင်းစစ်ဆေးခြင်း ”

   ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ခရမ်းမြို့နယ်ရှိ ဆေးမျိုးစုံအရောင်းဆိုင်များတွင် ရောင်းချနေသော လူသုံးများဆေးဝါးပစ္စည်းများ ပြတ်လပ်မှုရှိ/မရှိနှင့် ရောင်းချဈေးနှုန်း မြှင့်တင် ရောင်းချမှုမရှိစေရေးတို့အတွက် စားသုံးသူရေးရာဦးစီးဌာန၊ ခရမ်းမြို့နယ်တာဝန်ခံနှင့် မြို့နယ် စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန တာဝန်ရှိသူများ ပူးပေါင်း၍ စက်တင်ဘာလ(၁၁)ရက်နေ့၊ နံနက်(၀၉:၃၀)နာရီအချိန်တွင် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရသည်။

   ထိုသို့ စစ်ဆေးရာတွင် ဆေးမျိုးစုံရောင်းချသော ပစ်တိုင်းထောင်ဆေးဆိုင်၊ ဇူလိုင်ဆေး ဆိုင်၊ ဦးမြဝိုင်း+ ဒေါ်တင်ရွှေဆေးဆိုင်များတွင် ရောင်းချနေသော လူသုံးများ၍ နာတာရှည်ရောဂါ သည်များ သောက်သုံးသည့် သွေးပေါင်ကျဆေး၊ နှလုံးဆေး၊ ဆီးချိုဆေး၊ ကျောက်ကပ်ဆေး၊ အာရုံ ကြောဆေး၊ အကိုက်အခဲပျောက်ဆေးများ ဆေးဝါးပြတ်လပ်မှုရှိ/မရှိနှင့် ဝယ်ယူသည့်ဈေးနှုန်းပေါ် တွင် ဆိုင်ခန်းခ၊ လုပ်သားခများပါဝင်ပြီး အမြတ်ရာခိုင်နှုန်းတင်၍ ရောင်းချနေမှု အခြေအနေများ အား စုံစမ်းစစ်ဆေးခဲ့ကြပြီး ဆေးဝါးများအား သိုလှောင်၍ ဈေးနှုန်းမြှင့်တင်ရောင်းချပါက ဥပဒေ အရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ