Main menu

ညောင်တုန်းမြို့နယ်မှ ထက်ဝေငှက်ပျောကြော်လုပ်ငန်း ကုန်အညွှန်အမှတ်အသားဖော်ပြခြင်းနှင့် စပ်လျဉ်း၍ လာရောက်တွေ့ဆုံ ဆွေးနွေး

Powered by Drupal

     စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံးမှ လက်အောက်ရှိ ညောင်တုန်းမြို့နယ် တာဝန်ခံရုံးမှ မြို့နယ်ဦးစီးမှူး ဦးအောင်လွင် သည် ၈.၁၂.၂၀၂၅ ရက်နေ့၊ နံနက်(၁၀:၀၀)အချိန်တွင် ညောင်တုန်းမြို့၊ အမှတ်(၈) ရပ်ကွက်ရှိ အောင်မြေသာစည်လမ်း ထက်ဝေ ငှက်ပျောကြော်ထုတ်လုပ်ဖြန့်ဖြူးရောင်းချသည့် လုပ်ငန်းရှင်မှကုန်စည်များတွင် ထည့်သွင်းဖော်ပြရမည့် ကုန်အညွှန်းအမှတ်အသားများနှင့်ပတ်သက်၍ လာရောက်တွေ့ဆုံရာ ရှင်းလင်း ဆွေးနွေးခဲ့ပါသည်။

          ညောင်တုန်းမြို့နယ်ဦးစီးမှူးမှ ဆွေးနွေးရာတွင် စီးပွားရေးလုပ်ငန်းများအနေဖြင့် ကုန်စည်များ ထုတ်လုံဖြန့်ဖြူးရောင်းချမည်ဆိုပါက ၂၀၁၉ စားသုံးသူကာကွယ်ဥပဒေပါ စီးပွားရေးလုပ်ငန်းများ ၏ တာဝန်များ၊ အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသား ဖော်ပြ ရာတွင် ကုန်စည်၏ အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်နှင့်အသားတင်ပမာဏ၊ ထားသိုသိမ်း ဆည်းမှုအညွှန်း၊ ထုတ်လုပ်သည့်ရက်စွဲ၊ သက်တမ်းကုန်ဆုံးရက်စွဲ၊ ထုတ်လုပ်သည့်လုပ်ငန်း၊ တည်နေရာ လိပ်စာ ထည့်သွင်းဖော်ပြပေးရန် လိုအပ်ကြောင်းနှင့် မြန်မာနိုင်ငံ စားသုံးသူကာကွယ်ရေး ကော်မရှင်မှ ထုတ်ပြန်ထားသော ညွှန်ကြားချက်အမှတ်(၂/၂၀၁၉)ပါ ကုန်အညွှန်း အမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ မိမိထုတ်လုပ်သော ကုန်စည်အမျိုးအစားပေါ်လိုက်၍ လိုအပ်သည့်အချက်အလက်များအား မြန်မာဘာသာ ဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့်အခြားဘာသာတစ်ခု သို့မဟုတ် တစ်ခုထက်ပို၍ တွဲလျက်ဖြစ်စေ သိသာထင်ရှား စွာ ဖော်ပြရမည့်အချက်များ အသိပညာပေး ရှင်းလင်း ဆွေးနွေးခဲ့သည်။

     စားသုံးသူများသာမက စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ဌာနမှဆောင်ရွက်နေသော လုပ်ငန်းများကို သိရှိလိုပါက ရုံးဖွင့်ရက် ရုံးချိန်အတွင်း Consumer Call Center No.1535 သို့ ဆက်သွယ်မေးမြန်းနိုင်ကြောင်း အသိပညာပေး ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)