Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

မွန်ပြည်နယ်ဦးစီးမှူးရုံး၊ သတင်းအချက်အလက်နည်းပညာနှင့် အရည်အသွေးစီမံခန့်ခွဲရေးဌာနခွဲတာဝန်ခံသည် “ရွှေဗျိုင်းဖြူ” စက်သုံးဆီဆိုင် ဆောက်လုပ်မည့်မြေနေရာအား ပူးပေါင်းအဖွဲ့ဖြင့် ကွင်းဆင်းစစ်ဆေး

   ၁၇..၂၀၂၅ ရက်နေ့တွင် မွန်ပြည်နယ်စားသုံးသူရေးရာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးရုံး၊ သတင်းအချက်အလက်နည်းပညာနှင့်အရည်အသွေးစီမံခန့်ခွဲရေးဌာနခွဲတာဝန်ခံသည် ပြည်နယ် ရေနံနှင့်ရေနံထွက်ပစ္စည်းရောင်းဝယ်ရေး၊ ပြည်တွင်းအခွန်ဦးစီးဌာန၊ လမ်းဦးစီးဌာန၊ မြေစာရင်းဦးစီးဌာန၊ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့၊ အကောက်ခွန်ဦးစီးဌာန၊ မြို့နယ်စည်ပင်သာရေး အဖွဲ့ တို့ပါဝင်သော ပူးပေါင်းအဖွဲ့ဖြင့် မော်လမြိုင်မြို့၊ ရိုးဂိုးကျေးရွာတွင် စက်သုံးဆီဆိုင် ဆောက်လုပ်မည့်မြေနေရာအား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရသည်။

   ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် အဆိုပါ “ရွှေဗျိုင်းဖြူ” ဆီဆိုင်ဆောက်လုပ်မည့် နေရာအား သက်ဆိုင်ရာဌာနများ၏ စည်းမျဉ်း၊ စည်းကမ်းနှင့် ကိုက်ညီမှုရှိစေရေး စစ်ဆေးခြင်းဖြစ်ပြီး စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် အရည်အသွေး မှန်ကန်ရန်၊ ဈေးနှုန်း မှန်ကန်ရန်၊ အချိန်အတွယ်မှန်ကန်ရန်နှင့် စားသုံးသူများနစ်နာဆုံးရှုံးမှု မရှိစေရေး အလေးထားရန် ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA (မွန်)

သတင်းအချက်အလက်နည်းပညာနှင့်အရည်အသွေးစီမံခန့်ခွဲရေးဌာနခွဲတာဝန်ခံမှ ဆန်သိုလှောင်ရုံအား ကွင်းဆင်းစစ်ဆေး

  ၁၇.၉.၂၀၂၅ ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံးမှ သတင်းအချက်အလက်နည်းပညာနှင့်အရည်အသွေးစီမံခန့်ခွဲရေးဌာနခွဲတာဝန်ခံနှင့် ဝန်ထမ်းများ သည် မော်လမြိုင်မြို့၊ စက်မှုဇုန်ရှိ ဆန်သိုလှောင်ရုံအား Myanmar Rice Online- MyRo တွင် မှတ်ပုံတင်နိုင်ရေး ကွင်းဆင်းဆောင်ရွက်ခဲ့ပါသည်။

  ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် ဆန်သိုလှောင်ရုံလုပ်ငန်းရှင်၏ အချက်အလက်များ၊ သိုလှောင်ရုံတည်နေရာ၊ သိုလှောင်ရုံအတိုင်းအတာ၊ ဝင်ဆံ့မှုပမာဏ၊ သိုလှောင်ထားရှိမှု အခြေအနေများအား စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA (မွန်)

မွန်ပြည်နယ်ဦးစီးမှူးမှ မွန်ပြည်နယ်ပဲနှမ်းအသင်းမှ တာဝန်ရှိသူများနှင့် တွေ့ဆုံ

   ၁၈.၉.၂၀၂၅ ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးသည် ပြည်နယ်ဦးစီးမှူးရုံးခန်း၌ မွန်ပြည်နယ်ပဲနှမ်းအသင်းမှ တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေး ခဲ့သည်။

    ထိုသို့ တွေ့ဆုံဆွေးနွေးရာတွင် အသင်းဖွဲ့စည်းထားရှိမှု၊ အသင်းအနေဖြင့် သက်ဝင် လှုပ်ရှားမှု ရှိ/မရှိ၊ ပဲနှမ်းဝယ်ယူမှုအခြေအနေ၊ ပဲနှမ်းတင်ပို့မှုအခြေအနေ၊ ဈေးနှုန်းဈေးကွက် အခြေအနေများနှင့်ပတ်သက်၍ ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA (မွန်)

မော်လမြိုင်မြို့အတွင်းရှိ ဆန်ဆိုင်များအား ဆန်ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းအလို့ငှာ သိုလှောင်ခြင်း၊ ဖြန့်ဖြူးရောင်းချခြင်း ရှိ/မရှိ ကွင်းဆင်းစစ်ဆေး

   ၁၇.၉.၂၀၂၅ ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်၊ ပြည်နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေး အဖွဲ့တို့ပါဝင်သော ပူးပေါင်းအဖွဲ့သည် မော်လမြိုင်မြို့နယ်၊ ဈေးကြိုရပ်ကွက်၊ ရတနာထွန်းပွဲရုံအတွင်းရှိ ဆန်ဆိုင်များအား ဆန်ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း အလို့ငှာ သိုလှောင်ခြင်း၊ ဖြန့်ဖြူးရောင်းချခြင်း ရှိ/မရှိ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့သည်။

          ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် မော်လမြိုင်မြို့နယ်အတွင်းရှိ ဆန်ဂိုဒေါင်များနှင့် ဆန်ဆိုင်ကြီးများတွင် ဈေးနှုန်း မြှင့်တင်ရောင်းချမှုအတွက် သိုလှောင်ခြင်း၊ ဖြန့်ဖြူးရောင်းချခြင်း မရှိပါကြောင်း စစ်ဆေးတွေ့ရှိရပါသည်။

DOCA (မွန်)

မော်လမြိုင်မြို့ပေါ်ရှိ ကုန်စုံဆိုင်များတွင် ရောင်းချနေသော စားသုံးဆီအမျိုးမျိုးအား ကွင်းဆင်းစစ်ဆေး

    ၁၇.၉.၂၀၂၅ ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်၊ ပြည်နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေး အဖွဲ့တို့နှင့် ပူးပေါင်း၍ မော်လမြိုင်မြို့ပေါ်ရှိ ကုန်စုံဆိုင်များတွင် ရောင်းချနေသော စားသုံးဆီ အမျိုးမျိုးအား ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။

          ထိုသို့ ကွင်းဆင်း‌စစ်ဆေးရာ ဈေးကွက်အတွင်း ရောင်းချနေသော စားသုံးဆီများတွင် မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက်အမှတ် (၂/၂၀၁၉) တွင် ဖော်ပြထားသော ကုန်စည်အလိုက် ဖော်ပြရမည့် ကုန်အညွှန်းအမှတ်အသား ဖော်ပြချက်နှင့် ကိုက်ညီမှု ရှိ/မရှိ စစ်ဆေးခဲ့ရာ ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြပါရှိပြီး၊ ရောနှောဆီ များရောင်းချမှုမရှိကြောင်း သိရှိရပါသည်။

DOCA (မွန်)

မုံရွာမြို့နယ်ရှိ အထက(၂)တွင်ကျောင်းမုန့်ဈေး ရောင်းချသူများအား အသိပညာပေးလုပ်ငန်းများဆောင်ရွက်

            စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်၊ အလုံတပ်မြို့ရှိ  အထက(၂) အခြေခံပညာနှင့်စိုက်ပျိုးရေးသင်တန်းကျောင်းအတွင်းမှ ကျောင်းမုန့်ဈေးတန်းတွင် ဈေးရောင်းချသူများနှင့် ( ၉.၉.၂၀၂၅) ရက်နေ့၊ နံနက် ( ၁၀:၄၅ ) နာရီအချိန်တွင်၊ စားသုံး/ ထုတ်လုံတာဝန်ခံမှ ဦးဆောင်၍ အစားအသောက်နှင့်ဆေးဝါးကြီးကြပ်ကွပ်ကဲရေးကော်မတီအဖွဲ့ဝင်များမှ တွေ့ဆုံ၍ စားသုံးသူကာကွယ်ရေး ဥပဒေအခန်း (၁၈)ပါ ကုန်စည်များပေါ်တွင် ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းနှင့် စပ်လျဉ်း၍ ကုန်စည်အမျိုးအစားအလိုက်  သတ်မှတ်ချက်များနှင့်အညီ ဖြန့်ဖြူးရောင်းချရန်၊ ကုန်စည်၏ အရည်အသွေး၊ ထုတ်လုပ်ရက်စွဲ၊ သက်တမ်းကုန်ဆုံးရက်စွဲများ၊ ထားသိုသိမ်းဆည်းမှုအညွှန်း၊ သုံးစွဲပုံနည်းလမ်းများအားလည်းကောင်း ဥပဒေအခန်း(၁၀)ပါ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များ၊  ဥပဒေအခန်း(၁၁)ပါကုန်စည်နှင့်စပ်လျဉ်း၍ စားသုံးသူလက်ခံနိုင်သည့် အရည်အသွေးရှိခြင်းကို အထူးအလေးထားဆောင်ရွက်ရန်  အသိပညာပေး ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)

အထက(၂)၊ အလုံတပ်မြို့ရှိ ကျောင်းမုန့်ဈေးတန်းသို့ ဈေးကွက်ထောက်လှမ်းစစ်ဆေး

          ၂၀၂၅ ခုနှစ် စက်တင်ဘာလ (၉) ရက်နေ့ နံနက် (၁၀း၃၀) နာရီအချိန်၌ တိုင်းဒေသကြီး အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ ဦးဆောင်၍ တိုင်းဒေသကြီး အစားအသောက်နှင့်ဆေးဝါးကြီးကြပ် ကွပ်ကဲရေးကော်မတီအဖွဲ့ဝင်များဖြစ်ကြသော တိုင်းဒေသကြီး ပြည်သူ့ကျန်းမာ၊ တိုင်းဒေသကြီး ရဲတပ်ဖွဲ့၊ ထွေထွေအုပ်ရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့နှင့်  တိုင်းဒေသကြီးစားသုံးသူရေးရာဦးစီးဌာန တို့ပါဝင်သော စစ်ဆေးရေးအဖွဲ့သည် အလုံတပ်မြို့ရှိ အထက(၂) အခြေခံပညာနှင့်စိုက်ပျိုးရေး အထက်တန်းကျောင်းရှိ ကျောင်းမုန့်ဈေးတန်းသို့ ဈေးကွက်ထောက်လှမ်းစစ်ဆေးခဲ့ကြောင်း သိရသည်။

          ထိုသို့စစ်ဆေးဆောင်ရွက်ရာတွင် ကျောင်းမုန့်ဈေးတန်းတွင် ရောင်းချသည့် အစားအသောက် များအားနမူနာကောက်ယူ၍   အစားအသောက်များ၌ ထည့်သွင်းသုံးစွဲရန် ခွင့်မပြုသော ဓာတုတာရှည် ခံပစ္စည်းနှင့် ဓာတုဆိုးဆေးများ အသုံးပြုထားခြင်းရှိ/ မရှိ  စစ်ဆေးခဲ့ရာ ကြက်ဥပုံဂျယ်လီတွင် ဖော်မလင်ပါရှိကြောင်းနှင့် သင်္ဘောသီးသုပ်တွင် အသုံးပြုထားသော ငါးပိများတွင် (Rhodamine-B) ပါဝင်နေကြောင်း တွေ့ရှိရသဖြင့် ဈေးသည်များအားခေါ်ယူ၍ ကျောင်းအုပ်ကြီးနှင့် ကော်မတီအဖွဲ့ဝင်များရှေ့မှောက်တွင် ခံဝန်ကတိရေးထိုးစေပြီး၊ အစားအသောက်များအား မြေမြုပ်ဖျက်ဆီးခဲ့ကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)

ချောင်းဆုံမြို့နယ်၊ အ.မ.က (ကညှော်)ကျောင်းရှိ ကျောင်းမုန့်ဈေးတန်းအား ဈေးကွက်ကွင်းဆင်းစစ်ဆေး

   မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ မော်လမြိုင်ခရိုင်၊ ချောင်းဆုံမြို့နယ်တာဝန်ခံ ဒေါ်ထက်ထက်နွေဦးနှင့် ဝန်ထမ်းများသည် (၁၈..၂၀၂) ရက်နေ့တွင် ချောင်းဆုံမြို့နယ်အ.မ.က (ကညှော်) ကျောင်းရှိ ကျောင်းမုန့်ဈေးတန်းအား ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

   ထိုသို့စစ်ဆေးရာတွင် ကျောင်းမုန့်ဈေးတန်းအတွင်းရောင်းချနေသော လေဖောင်းမုန့်များ၊ ဖျော်ရည်ဗူးများစသည့် အသင့်စားမုန့်များ၌ ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံမှု ရှိ/မရှိ စစ်ဆေးခဲ့ပြီး၊ ကျောင်းသား/သူများ ဘေးအန္တရာယ်ကင်းရှင်းသော အစားအသောက်များ၊ မုန့်များ ရောင်းချရန်၊ သက်တမ်းလွန်နေသော မုန့်များမရောင်းချရန်နှင့် တားမြစ်ထားသော ဆိုးဆေးများ ပါဝင်သည့် အစားအသောက်များ မရောင်းချရန်တို့ကို မုန့်ဆိုင်ပိုင်ရှင်များအား အသိပညာပေး ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA (မွန်)

ချောင်းဆုံမြို့နယ်၊ အ.မ.က (ကညှော်) ကျောင်း၌ စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောပွဲ ကျင်းပပြုလုပ်

  ၁၈..၂၀၂ ရက်နေ့ နံနက် (၀၉း၃၀) နာရီအချိန်တွင် မွန်ပြည်နယ်၊ စားသုံးသူရေးရာ ဦးစီးဌာန၊ မော်လမြိုင်ခရိုင်၊ ချောင်းဆုံမြို့နယ်တာဝန်ခံ ဒေါ်ထက်ထက်နွေဦး နှင့် အကြီးတန်းစာရေး ဒေါ်ယွန်းမီမီဖူးဝေတို့သည် ချောင်းဆုံမြို့နယ်၊ အ.မ.က (ကညှော်)ကျောင်း၌ စားသုံးသူ ကာကွယ်ရေး အသိပညာပေး ဟောပြောဆွေးနွေးပွဲကျင်းပ ပြုလုပ်ခဲ့သည်။

          အဆိုပါဟောပြောဆွေးနွေးပွဲတွင် ကျောင်းအုပ်ဆရာမကြီးက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး စားသုံးသူရေးရာဦးစီးဌာန၊ အကြီးတန်းစာရေး ဒေါ်ယွန်းမီမီဖူးဝေက ဌာန၏ မျှော်မှန်းချက်၊ ရည်မှန်းချက်၊ လုပ်ငန်းတာဝန်များ၊ စားသုံးသူ အခွင့်အရေးနှင့် တာဝန်များ၊ ကုန်အညွှန်းအမှတ်အသားနှင့် ပတ်သက်သည့် သိကောင်းစရာများ၊ စားသုံးသူများ နစ်နာဆုံးရှုံးမှုများဖြစ်ပေါ်လာပါက တိုင်ကြားနိုင်သည့်နေရာများ၊ နည်းလမ်းများ၊ Consumer Call Center အကြောင်းအရာများနှင့် www.doca.gov.mm တွင်လည်း ဝင်ရောက် ကြည့်ရှု့လေ့လာနိုင်ကြောင်း ဟောပြောဆွေးနွေးခဲ့ပါသည်။

   အဆိုပါ ဟောပြောဆွေနွေးပွဲသို့ ဆရာ၊ ဆရာမ၊ ကျောင်းသား၊ ကျောင်းသူများ (၁၀၅) ဦး တက်ရောက်ခဲ့ပြီး စားသုံးသူကာကွယ်ရေးအသိပညာပေး လက်ကမ်းစာစောင်များအား ဖြန့်ဝေ ပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA (မွန်)

မော်လမြိုင်မြို့ရှိ ဆေးဆိုင်များအား ကွင်းဆင်းစစ်ဆေးခြင်း

   ၁၇.၉.၂၀၂၅ ရက်နေ့တွင် မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် ပြည်နယ်အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ မြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့နှင့် ပူးပေါင်း၍ မော်လမြိုင်မြို့ရှိ ဆေးဆိုင်များအား လက်ကားဈေးအပေါ်တွင် ဒေသပေါက်ဈေးထက် ဈေးနှုန်းပိုမိုအမြတ်တင်ပြီး လက်လီရောင်းချနေမှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

   ထိုသို့ ကွင်းဆင်းစစ်ဆေးရာ မော်လမြိုင်မြို့ရှိ ဆေးဆိုင်များတွင် လက်ကားဈေးအပေါ်၌ ဒေသ ပေါက်‌ဈေးထက်ဈေးနှုန်းပိုမိုအမြတ်တင်ပြီး လက်လီရောင်းချနေမှုမရှိကြောင်း စစ်ဆေး တွေ့ရှိရပါသည်။

DOCA (မွန်)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ