Main menu

မြောင်းမြခရိုင် မော်ကျွန်းမြို့နယ်၊ ကုန်မျိုးစုံဆိုင် လုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောခြင်း

Powered by Drupal

          ဧရာဝတီတိုင်းဒေသကြီး၊       စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင် မော်ကျွန်းမြို့နယ်၊ တာဝန်ခံ ဦးမင်းဇော် လတ်သည် (၈.၁၂.၂၀၂၅)ရက်နေ့ နေ့လည်(၁၂း၃၀)နာရီက စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံရုံးတွင် ကုန်မျိုးစုံဆိုင်လုပ်ငန်း ရှင်များအား စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲ ဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့ဟောပြောဆွေးနွေးရာတွင် စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံမှ စားသုံးသူရေးရာဦးစီးဌာန၏ လက်ရှိဆောင်ရွက်နေသော လုပ်ငန်းတာဝန်များ၊ ရှေ့ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းတာဝန်များ၊ ဦးစွာရှင်းလင်း ပြောကြားပြီး စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စားသုံးသူကာကွယ်ရေး ဥပဒေ ၂၀၁၉ ပါ ပြဌာန်းချက်များမှ စားသုံးသူ၏အခွင့် အရေးနှင့်တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်များ၏တာဝန်များ၊ တားမြစ်ချက်များ၊ ပြစ်မှုပြစ်ဒါဏ်များ၊ အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ မည်သည့် စီးပွားရေးလုပ်ငန်းရှင်မဆို ပုဒ်မ(၄၁)ပုဒ်မခွဲ(ခ)နှင့်(ဆ)တို့ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြရာတွင် မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု(သို့)တစ်ခုထက်ပို၍တွဲလျှက် ဖြစ်စေရေးသား ဖော်ပြရမည်ဖြစ်ပြီး၊ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ထားသည့် ဥပဒေညွှန်ကြားချက်များနှင့်အညီ လိုက်နာဆောင်ရွက်ကြရန် စီးပွားရေး လုပ်ငန်းရှင်မည်သူမဆို ပုဒ်မ(၆၇)(၆၈)ကို ဖောက်ဖျက်ကျုးလွန်ပါက ပြစ်မှုထင်ရှားစီရင်ခံရလျှင်ထောင်ဒဏ်၊ ငွေဒဏ်ချမှတ်နိုင်ကြောင်း၊ အသေးစိတ်ရှင်းလင်းဟောပြောခဲ့ပြီး လက်ရှိရောင်းဝယ်နေသော ကုန်စည်များ၏ ဈေးနှုန်းများ အနေဖြင့် ဖြစ်သင့်ဖြစ်ထိုက်သောဈေးနှုန်းများဖြင့် ရောင်းဝယ်ကြရန်အလေးတင်းတောင်း မှန်မှန်ကန်ကန်ချိန်တွယ် ဝယ်ယူနိုင်ရေးအလေးထားဆောင်ရွက်ရန်၊ လုပ်ငန်းရှင်များအနေဖြင့် ဌာနမှထုတ်ပြန်ထားသော ဥပဒေညွှန်ကြား ချက်များအား သိရှိလိုက်နာဆောင်ရွက်ကြရန် ဟောပြောဆွေးနွေးခဲ့ပါသည်၊ ဟောပြောပွဲသို့ မုန့်မျိုးစုံလုပ်ငန်းရှင်(၄၈)ဦး တက်ရောက် ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)