Main menu

“ မြစ်သားမြို့နယ်၊ကူမဲမြို့၌ ကွင်းဆင်းစစ်ဆေး”

Powered by Drupal

     ကျောက်ဆည်ခရိုင် ၊ စားသုံးသူရေးရာဦးစီးဌာနရှိ ဝန်ထမ်းများသည် ဒီဇင်ဘာလ(၁၂) ရက်နေ့ တွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့်ပူးပေါင်းပြီး  မြစ်သားမြို့နယ် ၊ ကူမဲမြို့ရှိ သီဟရတနာ ဆန်ဆိုင်အား ကွင်းဆင်းစစ်ဆေးခဲ့ပါသည် ။ ထိုသို့စစ်ဆေးရာတွင် မြန်မာ့ဆန်စပါး အွန်လိုင်း (Myanmar Rice Onlin MyRo) တွင် ၂၀၂၃ ခုနှစ် ၊ နိုဝင်ဘာလ (၃)ရက်နေ့မှစ၍ ဆန်တန်ချိန်(၂၅) နှင့်အထက် သိုလှောင်ရုံ (သို့မဟုတ်) စပါးတင်း(၂၅၀၀)နှင့်အထက် သိုလှောင်ရုံတစ်မျိုးမျိုးကို ပိုင်ဆိုင်သူ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် www.myro.com.mm တွင် မှတ်ပုံတင်ခြင်းလုပ်ငန်း များကိုဆောင်ရွက်ရမည်ဖြစ်ကြောင်း ၊ ဆန်များရောင်းချရာတွင် လစဉ်ထုတ်ပြန်သော သတ်မှတ် ရည်ညွှန်း ဆန်စျေးများဖြင့် ရောင်းချရန်လိုအပ်ကြောင်း ကွင်းဆင်းအသိပေး ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

    ဆက်လက်၍ ကလေးတစ်ကိုယ်ရည်သုံးပစ္စည်းအမျိုးမျိုးရောင်းချသည့် ကုန်စုံဆိုင်၊ စတိုးဆိုင်များနှင့် ဆေးပစ္စည်းအရောင်းဆိုင်များသို့ သွား‌ရောက်၍ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်မှ ထုတ်ပြန်ထားသော ညွှန်ကြားချက် အမှတ်(၂/၂၀၁၉)ပါ အချက်များဖြစ်သည့် ကုန်ပစ္စည်းအမျိုးအမည် ၊ အရွယ်အစား ၊ အရေအတွက်၊ အသားတင်ပမာဏ ၊ ထားသိုသိမ်းဆည်းမှုအညွှန်း ၊ ဘေးထွက်ဆိုးကျိုး ၊ ကြိုတင် သတိပေးချက် စသည့် ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းဆိုင်ရာ အချက်အလက်များအား မြန်မာဘာသာဖြင့် ပြည့်စုံမှန်ကန်စွာဖော်ပြရန်လိုအပ်ကြောင်း နှင့် စားသုံးသူကာကွယ်ရေးဥပဒေပါ အချက်များ နှင့် ပတ်သက်သည့်အကြောင်းအရာများအား အသေးစိတ်ပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(မန္တလေး)