
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်အတွင်းရှိ စားသုံးသူပြည်သူများ သင့်တင့်မျှ သင့်တင့်မျှတသော ဆန်အမျိုးအစားအလိုက် ဈေးနှုန်းများ မှန်ကန်စွာ ဝယ်ယူသုံးစွဲနိုင်စေရန် ရည်ရွယ်၍ ဆန်ဆိုင်များသို့ လစဉ် ဈေနှုန်းနှင့် ဆန်များ ပြတ်လပ်မှု ရှိမရှိကို ၁၅-၁၂-၂၀၂၅ ရက်နေ့ နံနက်(၀၈:၀၀)နာရီအချိန်တွင် ပူးပေါင်းအဖွဲ့ဖြင့် ဓနုဖြူမြို့နယ် ရပ်ကွက်ဆန်ဆိုင်များသို့ ဈေးကွက် စောင့်ကြည့် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ၊ စားသုံးသူရေးရာဦးစီးဌာနမှ ဦးခိုင်လွမ်းမိုး၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဈေးတာဝန်ခံ ဦးဟိန်းကို နှင့် ဝန်ထမ်းများ ပူးပေါင်းအဖွဲ့ဖြင့် မြို့ပေါ်ရှိ ဆန်ဆိုင်များရှိ ဆိုင်ပိုင်ရှင် စီးပွားရေးလုပ်ငန်းရှိများနှင့် တွေ့ဆုံ၍ ဆန်ဆိုင်တွင် ရောင်းချနေသော ဆန်အမျိုးအစားများကို မေးမြန်းခြင်း၊ ဆန်များကို မည်သည့်နေရာမှာ ဝယ်ယူ၍ ရောင်းချကြောင်းမေးမြန်းခြင်း၊ ဆန်အမျိုးအစားအလိုက်ဈေးနှုန်းများကို တွက်ချက်ဆောင်ရွက်ခြင်း၊ဆန်အမျိုးအစားအလိုက် ဈေးနှုန်းဈေးကွက်အား သက်ဆိုင်ရာဌာနမှ သတ်မှတ်ရည်ညွှန်းဈေး ထုတ်ပြန်လျက်ရှိရာ ရည်ညွှန်းဈေးအပေါ် ၂ရာခိုင်နှုန်း၊ ၅ရာခိုင်းနှုန်း အမြတ်ဖြင့်ရောင်းချမှု ရှိမရှိကို စစ်ဆေးခြင်း၊စီးပွားရေးလုပ်ငန်းရှင်များနှင့် စားသုံးသူပြည်သူများကြား သင့်တင့်မျှတသည့် ဆန်အမျိုးအစား အလိုက် ဈေးနှုန်းသတ်မှတ်ရည် ညွှန်းဈေးနှုန်းထက် အဆမတန် မြှင့်တင်ဖြန့်ဖြူးရောင်းချခြင်း မပြုလုပ်ကြရန်နှင့် ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် သိုလှောင်ထားခြင်းများ မပြုလုပ်ကြရန် စားသုံးသူ ကာကွယ်ရေး အသိပညာပေး ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။
DOCA(ဧရာဝတီ)
