
စားသုံးသူရေးရာဦးစီးဌာန ၊ ဘိုကလေးမြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းတို့သည် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ (၁၅) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီ အချိန်တွင် မြို့မ (၇) ရပ်ကွက်၊ (၁၈) လမ်းရှိ “မင်းဖြိုးမောက်” ခရီးသည် ပို့ဆောင်ရေး လုပ်ငန်းသို့ ဝန်ဆောင်မှုနှင့် ပက်သက်၍ ကွင်းဆင်းစိစစ် ခဲ့ကြပါသည်။
မြို့နယ်တာဝန်ခံက “မင်းဖြိုးမောက်” ခရီးသည်ပို့ဆောင်ရေးမှ ဂိတ်မှူး ဦးရာဇာအား မေးမြန်းရာတွင် ယာဉ်လိုင်း ပြေးဆွဲမှု့အနေဖြင့် နံနက် (၅:၃၀) မှ နေ့လည် (၁၃:၃၀) နာရီ အချိန်ထိ တစ်နေ့ကို (၄) ကြိမ်ပြေးဆွဲ လျက်ရှိကြောင်း၊ ဈေးနှုန်းအနေဖြင့် ဘိုကလေး-ဖျာပုံ ကားခမှာ (၅၀၀၀) ကျပ်၊ ဘိုကလေး-ရန်ကုန် ကားခမှာ (၁၀၀၀၀) ကျပ် ခန့်ရှိပြီး ထိုင်ခုံ (၁၅) ခုံပါရှိသည်။ဝန်ဆောင်မှု အနေဖြင့် သတ်မှတ်ချိန်အတွင်း အချိန်မီ ထွက်ခွာပေးပြီး၊ ရေသန့်ဘူးများ၊ ကြွပ်ကြွပ်အိတ်များ ပေးလျက်ရှိကြောင်း၊ တွေ့ဆုံ မေးမြန်းခဲ့မှု အပေါ် သတင်းရရှိပါသည်။
DOCA(ဧရာဝတီ)
