
၂၂.၁၂.၂၀၂၅ ရက်နေ့တွင် မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်တွင် ရန်ကုန်မြို့မှ စားအုန်းဆီ ရောင်းချသောကုမ္ပဏီများဖြစ်ကြသည့် Kaung Hlyan New Asia ကုမ္ပဏီနှင့် Myat A Kan ကုမ္ပဏီတို့သည် အပတ်စဥ် ဘီးလင်းမြို့နယ်အတွက် ခွဲတမ်းရရှိသော စားအုန်းဆီများအား ဘီးလင်းမြို့နယ်အတွင်းရှိ ရပ်ကွက်နှင့်ကျေးရွာများရှိ ပြည်သူများအား သတ်မှတ်ရည်ညွှန်း စျေးအတိုင်း လက်လီကိုယ်စားလှယ်တို့မှတစ်ဆင့် ရောင်းချပေးနေကြောင်း သိရပါသည်။
ထိုသို့ရောင်းချပေးလျက်ရှိရာ (၁၉.၁၂.၂၀၂၅) ရက်နေ့တွင် ဘီးလင်းမြို့နယ်အတွက် ခွဲတမ်း ရရှိသော စားအုန်းဆီ (၃၇)ပေပါအား မြို့နယ်သို့ တင်ဆောင်ရောက်ရှိခဲ့ပြီး ထိုနေ့မှ စတင်၍ ရပ်ကွက်နှင့်ကျေးရွာများသို့ စားအုန်းဆီများဖြန့်ခွဲရောင်းချရန်အတွက် မြို့နယ် သက်ဆိုင်ရာ တာဝန်ရှိသူများမှ ခွဲတမ်းချ အစီအစဥ်ဆောင်ရွက်ကာ လက်လီကိုယ်စား လှယ်များမှ ပြည်သူများသို့ရောင်းချရာ၌ သတ်မှတ်ရည်ညွှန်းစျေးအတိုင်း ရောင်းချခြင်း ရှိ/မရှိ ၊ အလေးချိန် ပြည့်/မပြည့်၊ ခွဲတမ်းရစားအုန်းဆီများအား ပြည့်ဝစွာ ရောင်းချခြင်း ရှိ/မရှိနှင့် စားသုံးသူ ပြည်သူများ ပွင့်လင်းမြင်သာမှုရှိစေရေး ရောင်းချရက်စွဲ၊ ရောင်းချမည့်ပိဿာ၊ စျေးနှုန်းနှင့် ရောင်းချသူ အမည်တို့ ဖော်ပြထားသော ဗိနှိုင်းချိတ်ဆွဲ ရောင်းချခြင်း ရှိ/မရှိတို့ကို မြို့နယ်စားသုံးသူရေးရာ ဦးစီးဌာနနှင့် သက်ဆိုင်ရာဌာနတို့မှ ကြီးကြပ်စစ်ဆေးခဲ့ကြောင်း သိရပါသည်။
DOCA (မွန်)
