
ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ် မြို့နယ်တာဝန်ခံရုံးမှ ဦးခိုင်လွမ်းမိုးသည် မြို့နယ်စက်သုံးဆီစစ်ဆေးကြီးကြပ်ရေးကော်မတီအဖွဲ့ဖြင့် (၁၆.၁၂.၂၀၂၅)ရက်နေ့၊ နေ့လယ် (၁၄:၀၀) နာရီက ဓနုဖြူမြို့နယ်စက်သုံးဆီအရောင်းဆိုင်(၉)ဆိုင် အား သတ်မှတ်ရည်ညွှန်းဈေးဖြင့် ရောင်းချနေခြင်း ရှိ/မရှိ ကွင်းဆင်းစိစစ်ကြပ်မတ်ဆောင် ရွက်ခဲ့ပါသည်။
ထိုသို့စစ်ဆေးရာတွင် မြို့နယ်တာဝန်ခံရုံးမှ ဦးခိုင်လွမ်းမိုးက စက်သုံးဆီတင်သွင်းရောင်းချဖြန့် ဖြူးနေသည့် လုပ်ငန်းရှင်များအား စက်သုံးဆီ၊ ချောဆီများ နေ့စဉ်ရောင်းချနေမှု နှင့် ဆီဆိုင်လက်ကျန်အခြေအနေများကို စစ်ဆေးခြင်း၊ စက်သုံးဆီရောနှောရောင်းချမှု မရှိစေရန်၊ ဆီအရောင်းနမူနာယူ စစ်ဆေးခြင်း၊ နေ့စဉ် ရောင်းချနေသော ဆီဈေးနှုန်း များ သတ်မှတ်ရည်ညွှန်းဈေးအပေါ် သယ်ယူခအပါ အမြတ် ၂ရာခိုင်နှုန်းဖြင့် ရောင်းချမှု ရှိမရှိကို ကြပ်မတ်စစ်ဆေးခြင်း၊ PPRD မှ နေ့စဉ် ထုတ်ပြန်ထားသော စက်သုံးဆီ ရည်ညွှန်းဈေးထက် ပိုမိုရောင်းချ ခြင်းရှိ/မရှိနှင့် ပြည်သူများအဆင်ပြေစွာ ဝယ်ယူနိုင်ရေးအတွက် မြို့နယ်အတွင်းရှိ စက်သုံးဆီအရောင်း ဆိုင်များ စက်သုံးဆီပြတ်လပ်မှုမရှိစေရေး ပုံမှန်ဖွင့်လှစ်ရောင်းချနိုင်ရေး စက်သုံးဆီများကို သတ်မှတ် ဈေးနှုန်းထက် ပိုမိုရောင်းချခြင်းမပြုပဲ အချိန်အတွယ် မှန်ကန်စွာရောင်းချနိုင်ရေး ထုတ်ပြန်ထားသော ညွှန်ကြားချက် များအတိုင်းလိုက်နာဆောင်ရွက်ကြရန် စက်သုံးဆီလုပ်ငန်းရှင်များသို့ ကွင်းဆင်း စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။
(DOCA ဧရာဝတီ)
