
မြန်မာနိုင်ငံကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းအသင်းချုပ် (UMFCCI)မှ စစ်ကိုင်းမြို့ရှိ စက်မှုလက်မှုနှင့်စီးပွာရေးလုပ်ငန်းရှင်များအားရေသန့်စက်များလှူဒါန်းပွဲ အခမ်းအနားကို ၂၀၂၅ခုနှစ်၊ဒီဇင်ဘာလ ၂၂ရက်နေ့ နံနက် (၁၀း၀၀)နာရီအချိန်တွင် ရတနာစေတီဆင်များရှင်ဘုရား ခန်းမ၌ကျင်းပရာ စစ်ကိုင်းခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌဦးထွန်းထွန်းဝင်းနှင့် စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဒေါ်ခင်မြတ်မူ၊စက်မှု့ကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာနမှ ဒေါ်တင်တင်ထိုက်၊ အသေးစားအလတ်စားစက်မှု့လက်မှု့ဦးစီးဌာနမှဒေါ်ဇင်မာအောင်၊ MRCCI ဥက္ကဋ္ဌဦးတင်လတ်နှင့် CEC အဖွဲ့ဝင်များ၊ SRCCIဥက္ကဋ္ဌဦးကြည်လှိုင်၊ ဒု-ဥက္ကဋ္ဌ ဦးမောင်မောင်ခိုင်နှင့် CECအဖွဲ့များ၊ SDCCI မှ ဒု-ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ စက်မှု့လက်မှု့နှင့်စီးပွားရေးလုပ်ငန်းရှင် ၁၀ ဦးနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ စုစုပေါင်း ၈၀ ကျော်တက်ရောက်ကြပါသည်၊
အဆိုပါအခမ်းအနားတွင် စစ်ကိုင်းခရိုင် စီမံခန့်ခွရေးနှင့်အုပ်ချုပ်ရေကော်မတီဥက္ကဌက အဖွင့်အမှာစကားပြောကြားခဲ့ပြီး မန္တလေးမြို့ MRCCI ဥက္ကဌ ဦးတင်လတ်နှင့် စစ်ကိုင်းမြို့ SRCCI ဥက္ကဌ ဦးကြည်လှိုင်တို့က ငလျင်ဘေးဒဏ်သင့်ပြည်သူများနှင့် စက်မှုလက်မှုစီးပွာရေးလုပ်ငန်းရှင်များအား ထောက်ပံ့ကူညီပေးမှုများနှင့် ပတ်သက်၍ ရှင်းလင်ပြောကြားခဲ့ပြီး ထိုနောက် ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဌ၊ MRCC ဥက္ကဌ နှင့် အဖွဲ့ဝင်များက စက်မှုလက်မှုစီးပွာရေးလုပ်ငန်းရှင်များထံရေသန့်စက်(၁၀)လုံးပေးအပ်လှူဒါန်းခဲ့ပြီး စီးပွာရေးလုပ်ငန်းရှင်များကိုယ်စား လုပ်ငန်းရှင်တစ်ဦးကကျေးဇူးတင်စကားပြောကြားခဲ့ပြီး UMFCCIက စစ်ကိုင်းငလျင်ဒဏ်ပြန်လည်ကုစားရေးအတွက် ထောက်ပံ့သောပစ္စည်းနှင့်ငွေမှာကျပ်သိန်း ၈,၀၀၀ ကျော်ခန့်ရှိပါသည်။ အစားအသောက်၊ ဆေးဝါးနှင့် ဆေးပစ္စည်းများ၊ တိုက်ပြို၊ တိုက်ပိသေဆုံးသော dead body များဖယ်ရှားဖေါ်ထုတ်နိုင်ရန်အတွက်ကွန်ကရစ်gun bibrator စက်များကိုလည်ကောင်း၊မီးပျက်နေသည့်အတွက်လက်စွဲမီးစက်နှင့် 500 kva power station စက်များကိုလည်ကောင်း၊ စာသင်ကျောင်း၃ကျောင်းအတွက်ကျပ်သိန်း ၁၆၈သိန်း၊ရေသန့်စက်ကျပ်သိန်း ၇၀ ၊ japan eaon con ltdနှင့် ရှေးသုတို့ပေါင်း၍ ကျပ်သိန်း၄၀၀၀၊ မယ်သီလရှင်ကျာင်း တစ်ကျောင်းအတွက်ကျပ်သိန်း(၂၀၀၀) လှူဒါန်းခဲ့ကြောင်း သိရပါသည်။
DOCA(စစ်ကိုင်း)
