Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ဘိုကလေးမြို့၊ “ငွေကြယ်စင်” ဆန်စက်သို့  MSMEs လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး ကွင်းဆင်းစိစစ်ခြင်း

      ဧရာဝတီတိုင်းဒေသကြီး ဖျာပုံခရိုင် ဘိုကလေးမြို့နယ် စားသုံးသူရေးရာဦးစီးဌာန၊ ဘိုကလေး မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းတို့သည် ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ(၃၀) ရက်၊ နံနက်(၁၂:၀၀) နာရီအချိန်တွင် “ငွေကြယ်စင်” ဆန်စက်သို့ ထုတ်ကုန်လုံခြုံစိတ်ချရမှုနှင့် MSMEs လုပ်ငန်းဖွံ့ဖြိုး တိုးတက်ရေး ကွင်းဆင်းစိစစ်ခဲ့ကြပါသည်။

    ကွင်းဆင်းစိစစ်မှုတွင် “ငွေကြယ်စင်” ဆန်စက်မှ ကြိတ်ခွဲထုတ်လုပ်မှု အခြေအနေ၊ ထုတ်လုပ်သောကုန်စည်များ အရည်အသွေးပြည့်မီစေရေး၊ ဆန်စပါးဈေးနှုန်းဈေးကွက်အခြေအနေများနှင့် ထုတ်ပိုးမှုစနစ်များလုံခြုံစိတ်ချရမှုရှိစေရေး၊ ခေတ်မှီစက်ကိရိယာများတပ်ဆင်ထားရှိမှု အခြေအနေတို့ကိုကွင်းဆင်းစိစစ်ခဲ့ကြောင်း သတင်းရရှိပါသည်။

(Doca ဧရာဝတီ)

ဘိုကလေးမြို့၊ “၁၁၁” ဆန်စက်သို့ ထုတ်ကုန်လုံခြုံစိတ်ချရမှုနှင့် MSMEs လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး ကွင်းဆင်းစိစစ်ခြင်း

     ဧရာဝတီတိုင်းဒေသကြီး ဖျာပုံခရိုင် ဘိုကလေးမြို့နယ် စားသုံးသူရေးရာဦးစီးဌာန၊ ဘိုကလေးမြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းတို့သည် ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ(၃၀) ရက်၊ နံနက်(၁၀:၀၀) နာရီအချိန်တွင် “၁၁၁” ဆန်စက်သို့ ထုတ်ကုန်လုံခြုံစိတ်ချရမှုနှင့် MSMEs လုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး ကွင်းဆင်းစိစစ်ခဲ့ကြပါသည်။

      ကွင်းဆင်းစိစစ်မှုတွင် “၁၁၁” ဆန်စက်မှ ကြိတ်ခွဲထုတ်လုပ်မှု အခြေအနေ၊ ထုတ်လုပ်သော ကုန်စည်များအရည်အသွေးပြည့်မီစေရေး၊ဆန်စပါးဈေးနှုန်းဈေးကွက်အခြေအနေများနှင့် ထုတ်ပိုးမှုစနစ်များလုံခြုံစိတ်ချရမှုရှိစေရေး၊ ခေတ်မှီစက်ကိရိယာများတပ်ဆင်ထားရှိမှုတို့ကို ကွင်းဆင်းစိစစ်ခဲ့ကြပါ သည်။ ဆန်စက်ကြိတ်ခွဲရာမှ ထွက်ရှိလာသောစွန့်ပစ်ပစ္စည်းများကိုလည်း စနစ်တကျစွန့်ပစ်ထားခြင်းရှိ/မရှိ၊ MSMEs လုပ်ငန်းဖွံ့ဖြိုး တိုးတက်ရေး ကွင်းဆင်းစိစစ်ခဲ့ကြောင်း သတင်းရရှိပါသည်။

(Doca ဧရာဝတီ)

ဧရာဝတီတိုင်းဒေသကြီး၊ MSMEsပြပွဲ ပြိုင်ပွဲကျင်းပနိုင်ရေးအတွက် မအူပင်ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် zoom meeting ဆွေးနွေးပွဲတက်ရောက်

        (၂၅.၉.၂၀၂၅) ရက်နေ့တွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်နှင့် တိုင်းအဆင့်ဌာနဆိုင်ရာ အကြီးအကဲများ၊ ခရိုင်အဆင့်တာဝန်ရှိသူများနှင့် MSMEsပြပွဲ ပြိုင်ပွဲကျင်းပနိုင်ရေးအတွက် zoom meeting ဖြင့် ကုန်စည်ပြပွဲခင်းကျင်ပြသနိုင်မည့် လုပ်ငန်းစဉ်များကို ဆွေးနွေးခဲ့ကြောင်း သိရသည်။

        ဆွေးနွေးရာတွင် တိုင်းဒေသကြီး အစိုးရအဖွဲ့ ဦးဆောင်မှုဖြင့် ခရိုင်အဆင့်တာဝန်ရှိသူများ စုပေါင်း၍ MSMEsပြပွဲတွင် ပြသနိုင်မည့် ဒေသထွက်ကုန်များနှင့် ပြပွဲတွင် ရောင်းချရမည့် အစီအစဉ်များကို သတ်မှတ်စည်းကမ်းများနှင့်အညီ စီစဉ်ဆောင်ရွက်နိုင်ရေး၊ အထက်ဌာန၏ လုပ်ငန်းလမ်းညွှန်ချက်များကို သိရှိနားလည်နိုင်စေရန် အကျယ်တဝင့် ရှင်းလင်းဆွေးနွေး၍ MSMEsပြပွဲတွင် ကုန်စည်ပြပွဲ အောင်မြင်စွာကျင်းပနိုင်ရေးကို ဆွေးနွေးခဲ့ကြကြောင်းကို သိရှိရပါသည်။

DOCA(ဧရာဝတီ)

ကုန်ဈေးနှုန်းတည်ငြိမ်ကျဆင်းရေးအဖွဲ့မှ အခွန်လွတ်သက်သာသော ဈေးနှုန်းဖြင့် စားသောက်ကုန်များ ရောင်းချပေးရေး

     (၃၀.၉.၂၀၂၅) ရက်၊ နံနက်(၇:၀၀) နာရီအချိန်တွင် ကျိုက်လတ်မြို့နယ် ကုန်ဈေးနှုန်းကျဆင်းရေး အဖွဲ့ဖြင့် အခွန်လွတ် သက်သာသော ဈေးနှုန်းဖြင့် ဆန်၊ဆီ၊ ကြက်ဥ၊ အသား/ငါးတို့ကို ကျိုက်လတ်မြို့ (၇) လမ်းတွင် ပြည်သူများကို သက်သာသော ဈေးနှုန်းဖြင့် ရောင်းချ ပေးကြောင်း သိရှိရပါသည်။

    အဆိုပါ ရောင်းချပေးသော ဆန်မှာ ဧည့်မထဆန်(၁) ပြည်လျှင် (၂၅၀၀) ကျပ်၊ ဆီတစ်ပိဿာလျှင် (၇၂၀၀) ကျပ်၊ ကြက်ဥတစ်လုံးလျှင် (၃၇၀) ကျပ်ဖြင့် လူတစ်ဦးလျှင် ဆန်(၁)  ပြည်၊ ဆီ(၅၀) သား ၊ ကြက်ဥ (၁၀) လုံး ရောင်းချပေးလျက်ရှိပါသည်။ဆန်စုစုပေါင်း (၃) အိတ်နှင့် ဆီ(၅၀) သားဘူး(၂၀၀) ၊ကြက်ဥအလုံးရေ (၆၀၀) လုံးအား အများပြည်သူများသို့ သက်သာသော ဈေးနှုန်းများ ဖြင့် ရောင်းချပေးကြောင်း သိရှိရပါသည်။

(Doca ဧရာဝတီ)

ကျိုက်လတ်မြို့နယ် တရားမဝင်အဖွဲ့ဖြင့် ဓာတ်မြေဩဇာ အရောင်းဆိုင်များသို့ ကွင်းဆင်းစိစစ်ခြင်း

    ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင် ၊ ကျိုက်လတ်မြို့နယ်တွင် တရားမဝင်အဖွဲ့နှင့်အတူ (၃၀.၉.၂၀၂၅)နေ့၊ ကွင်းဆင်းဆောင်ရွက်သည်ဟု သိရှိရပါသည်။တရားမဝင် ကုန်သွယ်မှုအဖွဲ့တွင် အထွေထွေမြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ၊ စားသုံးသူရေးရာဦးစီးဌာန၊ စိုက်ပျိုးရေး ဌာန၊ ရဲတပ်ဖွဲ့၊ အခွန်ဦးစီးဌာန၊ စည်ပင်ဌာနတို့ ပါဝင်ပြီး ကျိုက်လတ်မြို့နယ်တွင် ရောင်းချလျက်ရှိ သော ဓာတ်မြေဩဇာ အရောင်းဆိုင်များအား အဖွဲ့စုံလင်စွာဖြင့် ကွင်းဆင်း စစ်ဆေးဆောင်ရွက်ခဲ့ ပါသည်။

     ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ဒေသတွင်းသို့ ဝင်ရောက်လာသော တရားမဝင် ကုန်စည်နှင့် ကုန်သွယ်မှုများကို ထိရောက်စွာ တားဆီးနိုင်ရေးအတွက် ကျိုက်လတ်မြို့ပေါ်ရှိ ဓာတ်မြေဩဇာနှင့် ပိုးသတ်ဆေးအရောင်းဆိုင်များတွင် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာ ပါဝင်ပြီး တရားဝင် ရောင်းချလျက်ရှိပြီး တရားမဝင်ပိုးသတ်ဆေးနှင့် ဓာတ်မြေဩဇာများ ရောင်းချခြင်းမရှိပါကြောင်း သတင်း ရရှိခဲ့ပါသည်။

(Doca ဧရာဝတီ)

ကျိုက်လတ်မြို့နယ် ကျေးရွာများရှိ ကောက်စောစပါး ပေါ်ထွက်နေမှု ကွင်းဆင်းဆောင်ရွက်

     ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင် ၊ ကျိုက်လတ်မြို့နယ်ရှိ  စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ် တာဝန်ခံ ဦးမိုးမင်းသန်းသည် (၃၀.၉.၂၀၂၅)နေ့၊  နံနက် (၁၀:၀၀) နာရီအချိန်တွင် ကျိုက်လတ်မြို့နယ် ပန်းပဲစုကျေးရွာနှင့် ဘုံလုံချောင်းကျေးရွာသို့ မိုးစပါး (ကောက်စောစပါး) ပေါ်ထွက်နေမှုအား ကွင်းဆင်း ဆောင်ရွက်ခဲ့ပါသည်။

    ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် ပန်းပဲစုကျေးရွာရှိ ဦးတင်လှပိုင်ဆိုင်သော ကွင်းအမှတ်(၁၂၀ AA) တွင် Gw-11 စပါးအမျိုးအစားမှာ ပေါင်(၅၀) တိုက် တင်း(၁၀၀) အစိုဓာတ် (၃၈/၄၀) ဖြစ်ပြီး စပါးဈေးနှုန်း (၁၀) သိန်းဖြင့် ရောင်းချရကြောင်းနှင့် ဘုံလုံချောင်းကျေးရွာရှိ ဦးတင်လှိုင် ပိုင်ဆိုင်သော ကွင်းအမှတ်(၁၂၆) ရှိသော လယ်မြေတွင် ရက်(၁၀၀) မုန်းသီတာ စိုက်ပျိုးရေး မျိုးစပါး စိုက်ပျိုးကြောင်း မျိုးသီးသန့် တစ်တင်းလျှင် (၂၅၀၀၀) ကျပ်ဖြင့် ဝယ်ယူ စိုက်ပျိုးရကြောင်း ကောက်စောစပါး ပေါ်ထွက်နေမှု အခြေအနေများအား သတင်းရရှိခဲ့ပါသည်။

(Doca ဧရာဝတီ)

ဟင်္သာတမြို့နယ် ဌာနဆိုင်ရာဝန်ထမ်းများအား စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောခြင်း

     စားသုံးသူရေးရာဦးစီးဌာန၊ ဟင်္သာတမြို့နယ်ဦးစီးမှူးသည် ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ (၃၀) ရက်နေ့ နံနက်(၁၁:၃၀)အချိန်တွင် ဟင်္သာတမြို့နယ်၊ ရုံးကြီးရပ်ကွက်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန  အစည်းအဝေးခန်းမ၌ မြို့နယ်ဌာနဆိုင်ရာဝန်ထမ်းများနှင့် ရပ်ကျေးအုပ်ချုပ်ရေးမှူးများအား စားသုံးသူရေးရာဦးစီးဌာန၏ လုပ်ငန်းများနှင့်ပတ်သတ်၍ ဆွေးနွေးခြင်းကို ဆောင်ရွက်ခဲ့ပါသည်။

  အဆိုပါဆွေးနွေးပွဲတွင် မြို့နယ်ဦးစီးမှူး ဦးမိုးကျော်က ဌာန၏ လက်ရှိဆောင်ရွက်လျက်ရှိသော စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူ အခွင့်အရေးနှင့်တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များအကြောင်း၊ ဆန်စပါး သိုလှောင်ရုံ မှတ်ပုံတင်ခြင်းဆိုင်ရာ ကိစ္စရပ်များ၊ Online မှတစ်ဆင့် ကုန်စည်ရောင်းဝယ်ခြင်းဆိုင်ရာကိစ္စရပ်များအကြောင်း၊ စားသုံးဆီဝယ်ယူခွင့်စာအုပ်များဖြင့် စနစ်တကျ ဖြန့်ဖြူးရောင်းချပေးနေမှု အခြေအနေများ၊  ဟင်္သာတမြို့နယ်အတွင်း ကုမ္မဏီများမှ စားသုံးဆီဖြန့်ဖြူး ရောင်းချနေမှုအပေါ် ဌာနများပူးပေါင်း၍ ကြီးကြပ်စစ်ဆေးဆောင်ရွက်နေမှုများ၊ လက်ရှိစပါး/ ဆန်စျေးနှုန်းများ စက်ပိုင်ကုန်သည်များမှဝယ်ယူနေမှု့အခြေအနေများနှင့်ပါတ်သက်၍ အကျယ်တဝင့် ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

 (DOCA ဧရာဝတီ)

မြန်အောင်မြို့နယ် မုန့်မျိုးစုံလုပ်ငန်းရှင်နှင့် တွေ့ဆုံ၍ ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး အသိပညာပေးဆွေးနွေးခြင်း

    စားသုံးသူရေးရာဦးစီးဌာန၊ မြန်အောင်မြို့နယ်ဦးစီးမှူးသည်(၃၀.၉.၂၀၂၅)ရက်နေ့ နံနက်(၁၀:၀၀) အချိန်တွင် မြန်အောင်မြို့နယ်၊အမှတ်(၆)ဇေယျသီရိလမ်းရှိ  မုန့်မျိုးစုံလုပ်ငန်းရှင်နှင့်တွေ့ဆုံ၍ထုတ်ကုန် လုံခြုံစိတ်ချရမှုရှိစေရေး အသိပညာပေးဆွေးနွေးခြင်းကို ဆောင်ရွက်ခဲ့ပါသည်။

   ထိုသို့တွေ့ဆုံဆွေးနွေးခဲ့ရာတွင် စားသုံးသူမိဘပြည်သူများဘေးအန္တရာယ်ကင်းရှင်းစွာ အသုံးပြုနိုင်စေရန်၊  ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရန်၊  ကုန်စည်၏အမျိုးအမည်၊အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှု အညွှန်းများအား မြန်မာဘာသာဖြင့်ဖော်ပြရန်နှင့် ကုန်စည်များပေါ်တွင် ကုန်စည်အမျိုးအစားကိုလိုက်၍ ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံမှန်ကန်စွာ ဖော်ပြခြင်းရှိ/မရှိ တို့ကို စစ်ဆေးခဲ့ပြီး၊ သတ်မှတ်အရည်အသွေး ပြည့်မီသော ကုန်စည်များကိုသာရောင်းချရန်၊စီးပွားရေးလုပ်ငန်းရှင်များ အနေဖြင့် ထုတ်ပြန်ထားသော ညွှန်ကြားချက်များအတိုင်း လိုက်နာဆောင်ရွက်ရန်၊  ကုန်စည်နှင့် စပ်လျဉ်း၍ အာမခံချက်ပေးရာတွင် စားသုံးသူများ စိတ်ကျေနပ်မှုရှိစေရေးနှင့် စားသုံးသူကာကွယ်ရေး ဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များအကြောင်း၊ တားမြစ်ချက်များ အကြောင်း နှင့် ပြစ်မှု ပြစ်ဒဏ်များအကြောင်း စသည်တို့ကို အသိပညာပေးဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

EYDNS (DOCA ဧရာဝတီ)

ဇလွန်မြို့ပေါ်ရပ်ကွက်ရှိ ပြည်သူများအား အသိပညာပေးဟောပြောခြင်း

      စားသုံးသူရေးရာဦးစီးဌာန၊ ဇလွန်မြို့နယ်တာဝန်ခံသည်(၃၀.၉.၂၀၂၅)ရက်နေ့ ၊ နေ့လယ်  (၁၃:၀၀) နာရီအချိန်တွင် ဇလွန်မြို့နယ် အဒါးလမ်းရှိ စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံရုံး၌ ပြည်သူများအား စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောခြင်းကို ဆောင်ရွက်ခဲ့ပါသည်။

          အဆိုပါ‌ဟောပြောပွဲတွင် မြို့နယ်တာဝန်ခံ ဦးသန့်ဇင်ဦးက စားသုံးသူကာကွယ်ရေးဆိုင်ရာ လုပ် ငန်းများနှင့် ပါတ်သတ်၍ စားသုံးသူကာကွယ်ရေးဥပဒေစတင်ဖြစ်ပေါ်လာပုံ၊ စားသုံးသူများ၊ စီးပွားရေး လုပ်ငန်းရှင်များ၏ရရှိနိုင်သောအခွင့်အရေးများကို အကျယ်တဝင့် ရှင်းလင်းပြောကြားခဲ့ပါသည်။ ဆက် လက်၍ အစားအသောက်များနှင့်လူသုံးကုန်ပစ္စည်းများတွင် ကုန်အညွှန်း အမှတ်အသားဖော်ပြထားခြင်း မရှိပါက သတိထား၍ ဝယ်ယူသုံးစွဲသင့်ကြောင်း၊ ကုန်အညွှန်းအမှတ် အသား ပြည့်စုံစွာရိုက်နှိပ်ဖော်ပြ ထားသော ပစ္စည်းများကိုသာရွေးချယ်ဝယ်ယူသုံးစွဲသင့်ကြောင်း ၊ ထို့နောက် စားသုံးသူကာကွယ်ရေး ဥပဒေပါ စားသုံးသူအခွင့်အရေးနှင့်တာဝန်များအကြောင်း စားသုံးသူ နစ်နာဆုံးရှုံးမှုများဖြစ်ပေါ်လာပါက တိုင်ကြားနိုင်ကြောင်းကိုလည်းကောင်း၊  စားသုံးသူသတင်းပြန်ကြားရေးနှင့် တိုင်ကြားမှု လက်ခံဆောင် ရွက်ရေးစင်တာ (Consumer Information and Complaint Center) CICC ဖွင့်လှစ်ထားရှိမှု အခြေအနေကိုလည်းကောင်း၊ စားသုံးသူရေးရာဦးစီးဌာန၏ လုပ်ငန်းဆောင်ရွက်ချက်များ အကြောင်း သိရှိလိုပါက www.doca.gov.mm Website တွင် ဝင်ရောက်လေ့ လာ နိုင်ကြောင်းနှင့် Consumer Call Center 1535 သို့ ဆက်သွယ်မေးမြန်းနိုင်ကြောင်းကိုလည်းကောင်း အသေးစိတ်ပြောကြားခဲ့ပြီး နေ့လယ်  (၁၄:၃၀) နာရီအချိန်တွင် ဟောပြောပွဲကို ရုပ်သိမ်းခဲ့ပါသည်။

EYDNS (DOCA ဧရာဝတီ)

အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းများနှင့်စပ်လျဉ်း၍ အသိပညာပေးဆောင်ရွက်

 

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်အတွင်း အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းများနှင့် စပ်လျဉ်း၍ အသိပညာပေးဆောင်ရွက်မှုအနေဖြင့် စားသုံးသူရေးရာဦးစီးဌာန၊မြစ်ကြီးနားခရိုင်ဦးစီးမှူး ရုံးမှ ဦးတင်မောင်ထွန်း (ရုံးအုပ်)သည် ၂.၁၀.၂၀၂၅ ရက်နေ့ (၁၁း၀၀) နာရီအချိန်တွင် မြစ်ကြီးနားမြို့၊ စက်မှုရပ်ကွက်ရှိ Lucky ကိတ်နှင့်မုန့်မျိုးစုံလုပ်ငန်းမှ လုပ်သားဝန်ထမ်း (၂၀) ဦးနှင့် တွေ့ဆုံ၍  အသိပညာပေးဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့အသိပညာပေးဆောင်ရွက်ခဲ့ရာတွင် ဦးတင်မောင်ထွန်း (ရုံးအုပ်)က စားသုံးသူ ကာကွယ်ရေးဥပဒေပါ(၂၀၁၉)ပါ စားသုံးသူ၏အဓိပ္ပာယ်ဖွင့်ဆိုချက်၊ စားသုံးသူအခွင့်အရေးနှင့်တာဝန် များ၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ အမိန့်ကြော်ငြာစာအမှတ် ၅၁/၂၀၂၃ အရ အွန်လိုင်းစနစ်ဖြင့်ရောင်းချခြင်းလုပ်ငန်းကို အရေးကြီးဝန်ဆောင်မှုလုပ်ငန်းအဖြစ် သတ်မှတ်ထားရှိမှု အခြေအနေ၊ အွန်လိုင်းရောင်းချခြင်း၏အဓိပ္ပာယ်ဖွင့်ဆိုချက်၊ အွန်လိုင်းမှဈေးဝယ်ယူရာတွင် တွေ့ရှိ ရသည့် အားသာချက်၊ အားနည်းချက်များ၊ အွန်လိုင်းမှလိမ်လည်မှုပုံစံ (၂)မျိုး၊ စားသုံးသူများအနေဖြင့် အွန်လိုင်းမှတဆင့် ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုကိုဝယ်ယူရာတွင် စိစစ်သင့်သည့် အချက်အလက် များ၊ အွန်လိုင်းစနစ်ဖြင့်ရောင်းချခြင်းလုပ်ငန်းများနှင့်စပ်လျဉ်း၍ ကုန်သွယ်ရေးဦးစီးဌာနနှင့် စားသုံးသူ ရေးရာဦးစီးဌာနတို့မှ ဆောင်ရွက်ပေးမည့်အခြေအနေ၊ မှတ်ပုံတင်ထားသော အွန်လိုင်းရောင်းချမှု လုပ်ငန်းများမှ ဈေးဝယ်ယူခြင်းဖြင့်ရရှိလာမည့် အကျိုးရလဒ်များအား အသိပညာပေးဆွေးနွေးခဲ့ပါ သည်။

DOCA(ကချင်)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ