
(၆.၁.၂၀၂၆) ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဦးဇော်မင်းလတ်(ခရိုင်ဦးစီးမှူး)နှင့်ဝန်ထမ်းများသည် ဗိုလ်တထောင် ခရိုင်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ မြို့နယ်စည်ပင်သာယာရေး ကော်မတီမှတာဝန်ရှိသူများနှင့် ပူးပေါင်း၍ မင်္ဂလာတောင်ညွန့်မြို့နယ်၊ စံပြဖဆပလရပ်ကွက်၊ ဖဆပလဈေးအတွင်းရှိ ဆန်ရောင်းဝယ်ရေးအရောင်းဆိုင်သို့သွားရောက်၍ ဆန်ရောင်းချမှုအခြေအနေများကို ကွင်းဆင်းအသိပညာပေးမှုများ ဆောင်ရွက်ခဲ့ကြကြောင်း သိရှိရပါသည်။
ထိုသို့ ကွင်းဆင်းအသိပညာပေးရာတွင် ဆန်ဆိုင်များရှိရောင်းချနေသော ဆန်များသည် ရက်(၉၀)၊ ကြားပျံ ရွှေဘိုပေါ်ဆန်း၊ ဧည့်မထ၊ ဆင်းသွယ်(ရှယ်)၊ ဧရာဝတီပေါ်ဆန်း၊ ဆန်များကို ဝါးတန်းကုန်စည်ဒိုင်မှ အများဆုံးဝယ်ယူရောင်းချလျက်ရှိကြောင်း စစ်ဆေးတွေ့ရှိခဲ့ရာ ဆန်ရောင်းချမှုမှာလည်း ပုံမှန်အတိုင်းရှိပြီး ဆန်သိုလှောင်မှုအိတ်အရေအတွက်များစွာမရှိပဲ ပုံမှန်ဖြန့်ဖြူးရောင်းချလျက်ရှိကြောင်း ဆန်ဈေးနှုန်းကြီးမြှင့်မှုမဖြစ်ပေါ်စေရေးအတွက် ဈေးကစားရန်အလို့ငှာ ဆန်များသိုလှောင်ထားခြင်းမပြုရန် လိုက်နာမှုမရှိပါက ဥပဒေအရအရေးယူခံရမှာဖြစ်ကြောင်း အသိပညာပေးပြောကြားခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။
DOCA(ရန်ကုန်)
