
၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၆ ရက်နေ့၊ နေ့လယ်(၁၃:၀၀)နာရီအချိန်တွင် စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ အစည်းအဝေးခန်းမ(၁)၊ ရုံးအမှတ်(၅၂)တွင် ကျင်းပပြုလုပ်သော မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင် လုပ်ငန်းညှိနှိုင်းအစည်းဝေး (၁/၂၀၂၆)အား တနင်္သာရီတိုင်းဒေသကြီးစားသုံးသူရေးရာကော်မတီ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များမှ Virtual စနစ်ဖြင့်တက်ရောက်ခဲ့ပါသည်။
အစည်းအဝေးတွင် မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်ဥက္ကဋ္ဌမှ အဖွင့်အမှာစကား ပြောကြားခြင်း၊ စားသုံးသူကာကွယ်ရေးကော်မရှင်အတွင်းရေးမှူးမှ ယခင်အစည်းအဝေးဆုံးဖြတ်ချက် များမှ လိုက်နာဆောင်ရွက်ထားရှိမှုအခြေအနေများအား ရှင်းလင်းတင်ပြခြင်းနှင့် ယခုအစည်းအဝေး အစီအမံများအား အတည်ပြုချက်ရယူခြင်း၊ တိုင်းဒေသကြီး/ပြည်နယ်စားသုံးသူရေးရာကော်မတီ ဥက္ကဋ္ဌများမှ ရှင်းလင်းတင်ပြခြင်း၊ အထွေထွေဆွေးနွေးခြင်းနှင့် ကော်မရှင်ဥက္ကဋ္ဌမှ နိဂုံးချုပ်စကား ပြောကြား၍ အစည်းအဝေးအား အောင်မြင်စွာပြီးမြောက်ခဲ့ကြောင်း သိရှိရပါသည်။
DOCA(တနင်္သာရီ)
