Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ရေတာရှည်မြို့ ရွှေပြည်သစ် မုန့်ဖတ်ခြောက်လုပ်ငန်းသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေး

စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်တာဝန်ခံ ဦးဇော်ဇော်ထွေး သည် ဇူလိုင်လ ၆ ရက်နေ့ နံနက်ပိုင်းက ရေတာရှည်မြို့နယ် တောင်နန်ချွန်ကျေးရွာရှိ ရွှေပြည်သစ် မုန့်ဖတ် ခြောက်လုပ်ငန်းသို့ သွားရောက်ပြီး ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်းကို ဆောင်ရွက်ခဲ့ပါသည်။ မြို့နယ်တာဝန်ခံသည် မုန့်ဖတ်ခြောက်လုပ်ငန်းခွင်အတွင်း အခြောက်လှမ်းစင်တွင် အခြောက်ခံထားရှိမှု၊ မုန့်ခြောက်များအား စနစ်တကျချိန်တွယ်ပြီး ထုပ်ပိုးမှု၊ မြန်မာနိုင်ငံစားသုံးသူ ကာကွယ်ရေးကော်မရှင် ညွှန်ကြားချက်အမှတ် ၂/၂၀၁၉ နှင့်အညီ ကုန်အညွှန်းအမှတ်အသားများ ဖော်ပြ ထားရှိမှုများကို ကြည့်ရှု့စစ်ဆေးခဲ့ပြီး လုပ်ငန်းဆောင်ရွက်ရာတွင် စားသုံးသူနစ်နာဆုံးရှုံးမှု မဖြစ်ပေါ် စေရေးကို အလေးထားဆောင်ရွက်ရန် မှာကြားခဲ့ပါသည်။ ရွှေပြည်သစ် မုန့်ဖတ်ခြောက်လုပ်ငန်းသည် ရေတာရှည်မြို့နယ် တောင်နန်ချွန်ကျေးရွာ တွင်ရှိပြီး ပြည်တွင်းဈေးကွက်တွင်ဖြန့်ဖြူးလျှက်ရှိကြောင်း၊ စပါးခွံဓါတ်ငွေ့သုံးလျှပ်စစ်ဓါတ်အားပေး စက် (Gasifire Power Plant) တပ်ဆင်ထားပြီး လုပ်သားအင်အား ၅၀ ဦးဖြင့် လုပ်ငန်းဆောင် ရွက်ကြောင်း၊ မိုးတွင်းကာလတွင် ရာသီဥတုအခြေအနေကြောင့် ထုတ်လုပ်မှုအားနည်းကြောင်း သိရပါသည်။ DOCA(ပဲခူး)

အုတ်တွင်းမြို့ အခြေခံပညာကျောင်းများတွင် စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေး

စားသုံးသူရေးရာဦးစီးဌာနနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍ ကျောင်းသားကျောင်းသူများ သိသင့်သိထိုက်သည့် အသိပညာဗဟုသုတများအား အသိပညာပေး ဟောပြောခြင်းများကို ဇူလိုင်လ ၆ ရက်နေ့ နံနက်ပိုင်းတွင် အုတ်တွင်းမြို့ ဈေးရပ်ကွက် အခြေခံပညာ အလယ်တန်းကျောင်းခွဲ၌လည်းကောင်း၊ မွန်းလွဲပိုင်းတွင် ကသစ်တန်း အခြေခံပညာမူလတန်းလွန် ကျောင်း၌လည်းကောင်း ကျင်းပပြုလုပ်ခဲ့ပါသည်။ ဟောပြောပွဲတွင် စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံ ဒေါ်အေးအေးခိုင်က စားသုံးသူ အခွင့်အရေးနှင့်တာဝန်များ၊ စားသုံးသူနစ်နာဆုံးရှုံးမှုမရှိစေရေးအတွက် ဦးစီးဌာနမှ ဆောင်ရွက်ချက်များ၊ ကုန်စည်များဝယ်ယူရာတွင် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာဖော်ပြ ထားသော ကုန်စည်များကိုသာ ဝယ်ယူသုံးစွဲရန်အရေးကြီးပုံများကို အသိပညာပေး ဟောပြောခဲ့ ပါသည်။ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အုတ်တွင်းမြို့နယ်ဦးစီးမှူး ဒေါ်ခင်မူမူဝင်း က စာဖတ်ရှိန်မြှင့်တင်ရေးနှင့်လူငယ်ဆိုင်ရာဗဟုသုတကို ဟောပြောခဲ့ကြောင်းနှင့် အလက(ခွဲ)ဈေး ရပ်ကွက် ဟောပြောပွဲသို့ ကျောင်းသားကျောင်းသူ ၂၅၀ ဦးနှင့် အမက(လွန်) ကသစ်တန်း ဟောပြောပွဲသို့ ကျောင်းသားကျောင်းသူ ၁၃၅ ဦး တက်ရောက်ကြောင်း သိရပါသည်။ DOCA(ပဲခူး)

“ ကော့မှူးမြို့နယ်မြို့သစ်ရပ်ကွက်ရှိ အခြေခံအထက်တန်းကျောင်း၌စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်”

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ် မြို့သစ်ရပ်ကွက်ရှိ အခြေခံပညာ အထက်တန်း၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်တွင် ကျောင်းသား/ ကျောင်းသူများ အဆင်ပြေချောမွေ့ စွာ ပညာသင်ကြားနိုင်ရေးနှင့် စာသင်ကျောင်းများ ဥပတိရုပ် ကောင်းမွန်စေရေးအတွက် ကော့မှူးမြို့နယ် ရပ်ကွက်ကျေးရွာများရှိ အခြေခံပညာကျောင်းများ၌ ကျောင်းပတ်ဝန်းကျင် သန့်ရှင်းလှပ စေရေးအတွက် နယ်မြေခံတပ်မတော်သားများ၊ ဌာနဆိုင်ရာဝန်ထမ်းများ လူမှုရေးအသင်းအဖွဲ့များနှင့် ဒေသခံပြည်သူများက ဇွန်လ (၅)ရက်နေ့၊ နံနက်(၀၇:၀၀) နာရီအချိန်တွင် စုပေါင်းသန့်ရှင်းရေး လုပ်ငန်းများဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။ ထိုသို့ ဆောင်ရွက်ခဲ့ရာတွင် ကော့မှူးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ဝန်ထမ်းများ၊ ကော့မှူမြို့နယ်တာဝန်ခံ ဦးတင်မင်း၊ ကော့မှူးမြို့နယ် နယ်မြေခံတပ်မတော်သားများ၊ မြို့နယ်ဌာနဆိုင်ရာများမှ ဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များ နှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ဒေသခံပြည်သူများက မြို့သစ်ရပ်ကွက် အခြေခံပညာ အထက်တန်းကျောင်းအတွင်း/အပြင်ရှိ ချုံနွယ်ပေါင်းမြက်များ ခုတ်ထွင်ရှင်းလင်းခြင်း၊ အမှိုက်များ ရှင်းလင်းခြင်း၊ ရေစီးရေလာ ကောင်းမွန်စေရေး၊ ရေနုတ်မြောင်းများ တူးဖော်ပေးခြင်း၊ အုတ် ရေကန်များတွင် အဘိတ်ဆေးများခတ်ပေးခြင်း၊ ခြင်ခိုအောင်းနိုင်သည့် စာသင်ခန်းများအား ခြင်ဆေးဖျန်းခြင်းများ စုပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။ DOCA(ရန်ကုန်)

ကြို့ပင်ကောက်မြို့နယ် Online Sales ရောင်းချသောလုပ်ငန်းရှင်နှင့်တွေ့ဆုံခြင်း

ပဲခူးတိုင်းဒေသကြီး၊သာယာဝတီခရိုင်၊ကြို့ပင်ကောက်မြို့နယ် သဲကုန်းရပ်ကွက် ဝိပသာနာ လမ်းရှိ Online Sales ရောင်းချနေသော လုပ်ငန်းအား ၇.၇.၂၀၂၅ ရက်နေ့တွင် စားသုံးသူရေးရာ ဦးစီးဌာနမှ မြို့နယ်တာဝန်ခံနှင့်အတူ ဝန်ထမ်းတစ်ဦးတို့ မေအြပြင်ကွင်းဆင်းခဲ့ပါသည်။ Online Sales များ မှတ်ပုံတင်ခြင်းလုပ်ငန်းကို ဆောင်ရွက်ရခြင်းမှာ Online စနစ်ဖြင့်ဝယ်ယူ မှုအရစားသုံးသူနှစ်နာမှု လျော့နည်းစေရန်၊အွန်လိုင်းစနစ်ဖြင့်ရောင်းချမှု၊ဝန်ဆောင်မှုပေးခြင်းတို့တွင် စနစ်တကျ ပိုမိုတွင်ကျယ်စွာ အသုံးပြုလာနိုင်ရေးအတွက် ရည်ရွယ်ကြောင်းပြောကြားခဲ့ပါသည်။ Online Sales လုပ်ငန်းများအတွက် မှတ်ပုံတင်ခြင်းတွင် လွယ်ကူစွာမှတ်ပုံတင်နိုင်ရန် မိမိကိုယ်တိုင် Online မှဝင်ရောက်လျောက်ထားနိုင်ခြင်း၊အခြားသောဌာနဆိုင်ရာများကို အသိပေးလျောက်ထား နိုင်ကြောင်း ပြောကြားခဲ့ပါသည်။မှတ်ပုံတင်လျောက်ထားရန်အတွက် လုပ်ငန်းတည်ရှိရာ လိပ်စာ မှန်ကန်ကြောင်းရပ်ကွက်၊ရဲစခန်းထောက်ခံစာ၊pass port ဓာတ်ပုံ (၁)ပုံ၊မှတ်ပုံတင်မူရင်း၊အိမ်ထောင် စုစာရင်းမိတ္တူ၊Email လိပ်စာဖုန်းနံပါတ်၊ Facebook Page စသဖြင့်လိုအပ်ကြောင်း ပြောကြားခဲ့ပါသည်။စားသုံးသူများအနေဖြင့်လည်း ကုန်စည်ဝန်ဆောင်မှုများအား အွန်လိုင်းစနစ်ဖြင့် ဝယ်ယူအသုံးပြုရာတွင် ထိခိုက်နစ်နာမှုများ မရှိစေရန်အတွက် မိမိဝယ်ယူမည့် Online Business တွင်မှတ်ပုံတင်ရရှိထားမှုရှိ/မရှိ စုံစမ်း၍ဝယ်ယူရန်နှင့် Online စနစ်ဖြင့်ရောင်းချမည့် လုပ်ငန်းရှင်များ အနေဖြင့်မှတ်ပုံတင်ရရှိပြီးမှ မိမိတို့လုပ်ငန်းများ ဆောင်ရွက်ကြရန် ပြောကြားခဲ့ပါသည်။ DOCA(ပဲခူး)

အုတ်ဖိုမြို့ဆေးဝါးဆိုင်များသို့ကွင်းဆင်းဆောင်ရွက်ခြင်း

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာနမြို့နယ် တာဝန်ခံနှင့်ဝန်ထမ်းတို့သည် ၆.၇.၂၀၂၅ ရက်နေ့နံနက်(၁၁:၀၀)အချိန်တွင် အုတ်ဖိုမြို့နယ် ဆရာ ဝန်ကြီးဦးဆောင်လျှက် မြို့နဘ်စည်ပင်သာယာရေးအဖွဲ့၊မြို့နယ်အထွေထွေအုပ်ချုပ်ရေးဌာနမှ ဒုတိ ယ မြို့နယ်အုပ်ချုပ်ရေးမှူး၊ရပ်ကွက်အုပ်ချုပ်ရေးမှူးများပါဝင်သောပူးပေါင်းအဖွဲ့နှင့်အတူ အုတ်ဖိုမြို့ မိုးညိုတန်းလမ်းပေါ်တွင် ဆိုင်အသစ်ဖွင့်၍ဆေးဝါးရောင်းချနေသော “ကံကောင်း” နိုင်ငံခြားဆေးနှင့် တိုင်းရင်းဆေးအမျိုးမျိုးတို့ရောင်းချသောဆေးဆိုင်သို့သွားရောက်စစ်ဆေးခဲ့ ပါသည်။ မြို့နယ် FDA ဌာနမှ ဆေးဝါးရောင်းချခွင့် လိုင်စင်ရှိ/မရှိ စစ်ဆေးပြီး မြို့နယ်စားသုံးသူရေး ရာဦးစီးဌာနမှ မြို့နယ် တာဝန်ခံဦးအေးဇော်ထိုက်မှဆေးဝါးများရောင်းချရာတွင်မြန်မာစာအညွှန်း ပါမှသာ ရောင်းချခွင့်ရှိပါကြောင်း၊ အချို့ဆေးဝါးများမှာ ဆရာဝန်ညွှန်ကြားချက်ပါမှသာ ရောင်းချ ရမည်ဖြစ်ကြောင်း ကောင်း မွန် သောဆေးဝါးရောင်းချမှုကျင့်စဉ် အတိုင်းလိုက်နာ ဆောင်ရွက်ရန် လိုအပ် ပါကြောင်း ပြောကြား ခဲ့ပါသည်။ DOCA(ပဲခူး)

ဆန်ဂိုဒေါင်နှင်ဆန်ဆိုင်များသို့ကွင်းဆင်းစစ်ဆေးခြင်း

စားသုံးသူရေးရဦဦးစီးဌာနသည် ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးရေး၊ စားသုံးသူအခွင့်အရေးနှင့် အကျိုးစီးပွားကာကွယ် စောင့်ရှောက်ရေးလုပ်ငန်းများ၊ ကုန်စည်နှင့်ဝန်ဆောင်မှု လုပ်ငန်းများအပေါ် တွင်စားသုံးသူများ နစ်နာဆုံးရှုံးမှု မရှိစေရေး၊ ဘေးအန္တရာယ်ကင်းရှင်းစွာ သုံးစွဲနိုင်ရေးတို့အတွက်နေ့ စဉ် ဆောင်ရွက်လျှက်ရှိပါသည်။ ထိုသို့ဆောင်ရွက်ရာတွင် အုတ်ဖိုမြို့နယ် စားသုံးသူရေးရာမြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းတို့ သည် ၁.၇.၂၀၂၅ ရက်နေ့တွင် ကြက်ဆူတောကျေးရွာဦးဇော်မင်းအောင်၏ စိန်ငါးလုံးဆန်စက်နှင့် ၈.၇.၂၀၂၅ ရက်နေ့တွင် မိုးညိုတန်းလမ်းရှိ ဦးအောင်မြင့်၏အောင်မြင့်ဆန်ဂိုဒေါင်များသို့ မြို့နယ် စည်ပင်သာယာရေးအဖွဲ့တို့နှင့် အတူကွင်းဆင်း စစ်ဆေးဆောင်ရွက်ခဲ့ပါသည်။ ဆန်ဈေးနှုန်း များ အနေဖြင့် ဧည့်မထ ၁၅ % ဆန် ၊ ငွေတိုးဆန်၊ ရက်(၉၀)ဆန်၊ပခန်းဆန်များမှာ ၁၀၈ပေါင် တစ်အိတ် လျှင်(၆၅၀၀၀/)ကျပ်၊ ဝန်းကျင်ဈေးနှုန်းဖြင့်၎င်း၊ ပေါ်ဆန်းမွှေး တစ်အိတ်လျှင်(၁၂၅၀၀၀/) ကျပ်ဈေး နှုန်း တို့ဖြင့်၎င်း ပုံမှန်ရောင်းဝယ်လျှက်ရှိကြောင်းတွေ့ရှိရပါသည်။ DOCA(ပဲခူး)

မြို့နယ်ဆန်စက်လုပ်ငန်းရှင်များအသင်းအသစ်ဖွဲ့စည်း

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ် စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံရုံး၌ အုတ်ဖိုမြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ ဝန်ထမ်းများနှင့်မြို့နယ်ဆန်စက် ပိုင်ရှင်များပူးပေါင်၍ ၃.၇.၂၀၂၅ ရက်နေ့၊ နံနက် (၁၀:၀၀)နာရီအချိန်တွင် ယခင်ဆန်စက်လုပ်ငန်းရှင် အသင်းအားဖျက်သိမ်း၍ ၂၀၂၅-၂၀၂၈ သက်တမ်းအတွက် ဆန်စက်လုပ်ငန်းရှင်များအသင်းအား အသစ်ပြန်လည်ဖွဲ့စည်းခဲ့ပါသည်။ ထိုအစည်းအဝေးပွဲ့သို့ မြို့နယ်အထွေထွေအုပ်ချုပ်ရေး အဖွဲ့မှဒုဦးစီးမှူး၊မစဘ အဖွဲ့ဝင်(၂) နှင့်ဆန်စက်လုပ်ငန်းရှင် ၁၃ဦးတက်ရောက်၍ အုတ်ဖိုမြို့နယ် ဆန်စက်လုပ်ငန်းရှင်များ အသင်းအား ရွေးချယ်ဆောင်ရွက်ခဲ့ကြပါသည်။ DOCA(ပဲခူး)

ပြွန်တန်ဆာမြို့၊ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းတွင် လူကုန်ကူးမှုလျော့ပါးရေး၊ မူးယစ်ဆေးဝါးသုံးစွဲမှုမရှိစေရေးနှင့် စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြော

ပဲခူးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ညောင်လေးပင်မြို့နယ်တာဝန်ခံရုံးအနေဖြင့် ကုန်ဈေးနှုန်းတည်ငြိမ်ရေးလုပ်ငန်းများ၊ စားသုံးသူကာကွယ်ရေးလုပ်ငန်းများကို အားတက်တရော ကြိုးပမ်း ဆောင်ရွက်လျက်ရှိရာ ၂.၇.၂၀၂၅ ရက်နေ့တွင် ညောင်လေးပင်မြို့နယ်တာဝန်ခံ ဦးကျော် သက်မိုးနှင့် အငယ်တန်းစာရေး ဦးနေမျိုးဝင်းတို့သည် ပြွန်တန်ဆာမြို့၊ မြို့မ(၃) ရပ်ကွက်၊ အမှတ်(၂) အခြေခံပညာ အထက်တန်းကျောင်းတွင် လူကုန်ကူးမှုလျော့ပါးရေး၊ မူးယစ်ဆေးဝါးသုံးစွဲမှုမရှိစေ ရေးနှင့် စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူ အခွင့်အရေး (၈) ချက်အကြောင်း အသိပညာပေး ဟောပြောခဲ့ကြောင်း သတင်းရရှိပါသည်။ ညောင်လေးပင်မြို့နယ်တာဝန်ခံ ဦးကျော်သက်မိုးနှင့် အငယ်တန်းစာရေး ဦးနေမျိုးဝင်းတို့ သည် မိတ်ဖက်ဌာနများဖြစ်သော ညောင်လေးပင်မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီး ဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့နှင့်အတူ အမှတ်(၂) အခြေခံပညာ အထက်တန်းကျောင်းတွင် စားသုံးသူ ကာကွယ်ရေးဥပဒေပါအချက်အလက်များ အကြောင်းကို ဟောပြောရှင်းပြခဲ့ပါသည်။ မြို့နယ်တာ ဝန်ခံက စားသုံးသူကာကွယ်ရေး ဥပဒေပါအချက်အလက် များအကြောင်း၊ စားသုံးသူအခွင့်အရေး (၈)ချက် အကြောင်း၊ လတ်တလော လူငယ်လူရွယ်များ အကြားတွင် ရေပန်းစားနေသည့် Vape ၏ ဆိုးကျိုး များအကြောင်းကိုလည်း အကျယ်တဝင့် အသိပညာပေးဟောပြောခဲ့သည်ဟု သတင်းရရှိပါ သည်။ အဆိုပါ ဟောပြောပွဲသို့ ကျောင်းသား/ ကျောင်းသူ (၄၇၉)ဦးနှင့် ဆရာ/ ဆရာမ (၁၂) ဦး တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။ DOCA(ပဲခူး)

ညောင်လေးပင်ခရိုင်ဦးစီးမှူးရုံး၌ “ပြည်သူ့ဆက်ဆံရေးပညာ‌” ခေါင်းစဉ်ဖြင့် Thursday Talk ဆွေးနွေးဟောပြော

ပဲခူးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံးတွင် အခါအား လျော်စွာ အပတ်စဉ် ကြာသပတေးနေ့တိုင်း Thursday Talk အစီအစဉ်ကို ကျင်းပလျက်ရှိရာ (၁၀.၇.၂၀၂၅)ရက်နေ့တွင် ညောင်လေးပင်ခရိုင်၊ ကျောက်တံခါးမြို့နယ်တာဝန်ခံရုံးမှ ဒုဦးစီးမှူး ဒေါ်ဇင်မာ ထွေးသည် “ပြည်သူ့ဆက်ဆံရေးပညာ” ခေါင်းစဉ်ဖြင့် Online(Zoom Meeting)မှ အသိပညာပေး ဟောပြောဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။ Thursday Talk ဟောပြောပွဲကို ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ ဦးဆောင်၍ တိုင်းဒေသကြီး အတွင်းရှိ ခရိုင်များမှ အပတ်စဉ် ကြာသပတေးနေ့တိုင်း ကျင်းပလျက်ရှိရာ ၂၆.၆.၂၀၂၅ ရက်နေ့တွင် ညောင်လေးပင်ခရိုင်ဦးစီးမှူးရုံးအလှည့်သို့ တစ်ဖန် ပြန်လည်ကျရောက်လာပါသည်။ ထိုကြောင့် ကျောက်တံခါးမြို့နယ်တာဝန်ခံရုံးမှ ဒုဦးစီးမှူး ဒေါ်ဇင်မာထွေးသည် “ပြည်သူ့ဆက်ဆံရေးပညာ” ခေါင်းစဉ်ဖြင့် ဟောပြောရာတွင် စားသုံးသူရေးရာဦးစီးဌာနမှ ဝန်ထမ်းများသည် စားသုံးသူပြည်သူ များနှင့် အမြဲတစေ ထိတွေ့ဆက်ဆံနေရ၍ ဆက်ဆံရေးကောင်းမွန်ရန် လိုအပ်ကြောင်း၊ လူအများနှင့် ပေါင်းသင်းဆက်ဆံရာတွင် ဆောင်ရန်/ ရှောင်ရန်တို့ကို ဥပမာ၊ ဥပမေယျ များစွာဖြင့် လိုတိုရှင်း ဆွေးနွေးဟောပြောခဲ့ကြောင်း သတင်းရရှိပါသည်။ DOCA(ပဲခူး)

တနင်္သာရီတိုင်းဒေသကြီးမှ အွန်လိုင်းစနစ်ဖြင့်ရောင်းချခြင်းလုပ်ငန်းများမြေပြင်စစ်ဆေးခြင်း ကိစ္စရပ်များနှင့်စပ်လျဉ်းသည့်အစည်းအဝေးအား တက်ရောက်ခြင်း

၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၅ ရက်နေ့၊ နေ့လယ် ၁၅း၃၀ နာရီ အချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးဆောင်ကျင်းပသော အွန်လိုင်းစနစ်ဖြင့်ရောင်းချခြင်းလုပ်ငန်းများ မြေပြင် စစ်ဆေးခြင်းကိစ္စရပ်များနှင့်စပ်လျဉ်း၍ တာဝန်ယူဆောင်ရွက်နေသည့် တာဝန်ခံများနှင့်တွေ့ဆုံ သည့် ညှိနှိုင်းအစည်းအဝေးအား တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံးဝန်ထမ်းများမှ Virtual စနစ်ဖြင့် တက်ရောက်ခဲ့ပါသည်။ အစည်းအဝေးတွင် အဖွင့်အမှာစကားပြောကြားခြင်း၊ စားသုံးသူရေးရာဦးစီးဌာန၊ ညွှန်ကြား ရေးမှူးချုပ်မှ အဖွင့်အမှာစကားပြောကြားခြင်း၊ ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲမှ လက်ထောက်ညွှန် ကြားရေးမှူးမှ ရှင်းလင်းဆွေးနွေးခြင်း၊ တက်ရောက်လာသော တိုင်းဒေသကြီး/ပြည်နယ်ဝန်ထမ်း များမှ ဆွေးနွေးခြင်း၊ ညွှန်ကြားရေးမှူးချုပ်မှ နိဂုံးချုပ်စကားပြောကြားခဲ့ကာ အစည်းအဝေးအား နေ့လယ် (၁၆း၃၀)နာရီအချိန်တွင် ပြီးမြောက်ကြောင်း သိရှိရပါသည်။ DOCA(တနင်္သာရီ)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ