Main menu

မအူပင်မြို့နယ် စက်သုံးဆီဆိုင် ကွင်းဆင်းစစ်ဆေး

Powered by Drupal

     မအူပင်ခရိုင်၊ မအူပင်မြို့၌ စက်သုံးဆီအရောင်းဆိုင်များအတွင်း စက်သုံးဆီပြတ်လျက်မှုမရှိစေရေးနှင့် ဓာတ်ဆီ၊ စက်ဆီစျေးနှုန်းများ ပုံမှန်ရောင်းချနေမှု ရှိ၊ မရှိ စစ်ဆေးခြင်းကို ၂၀၂၆ခုနှစ် ဇန်နဝါရီ ၂၁ ရက် နံနက်(၁၀)နာရီ အချိန်က ကွင်းဆင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

    ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် မအူပင်မြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့အုပ်ချုပ်ရေးမှူး ဦးဆောင်မှုဖြင့် မြို့စည်ပင်သာယာရေးအဖွဲ့၊ မြန်မာနိုင်ငံရဲတပ်ဖွဲနှင့် မြန်မာနိုင်ငံမီးသတ်ဦးစီးဌာနနှင့် ခရိုင်စားသုံးသူရေးရာဦးစီးဌာနတို့ ပူးပေါင်းပြီး မအူပင်မြို့အတွင်း စက်သုံးဆီများ ပြတ်လျက်မှုမရှိစေရေး၊ ဓာတ်ဆီ၊ စက်ဆီများပုံမှန်ရောင်းဝယ်မှုရှိစေရေး၊ စက်သုံးဆီသိုလှောင်ကန်များ စနစ်တကျထားရှိမှုရှိ၊ မရှိစစ်ဆေးခြင်း၊ မီးဘေးလုံခြုံမှုရှိစေရေး၊ မီးသတ်ဆေးဗူးများ ကောင်းမွန်မှုရှိ/မရှိ စစ်ဆေးခြင်းနှင့် ရေလှောင်ကန်ထားရှိမှုစစ်ဆေးခြင်းများ ကွင်းဆင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

     မအူပင်မြို့အတွင်းရှိ စက်သုံးဆီဆိုင်များတွင် ဆီများပြတ်လမှုမရှိကြောင်းနှင့် ဆီများကို ပုံမှန်စျေးနှုန်းအတိုင်း အကန့်အသတ်မရှိ‌ ရောင်းချပေးလျက်ရှိကြောင်း သိရသည်။

DOCA(ဧရာဝတီ)