Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ဘေဘီဂျီနယပ် ကလေးအဝတ်အထည်ပင်ရင်း Online Shop အား Online မှတ်ပုံတင်မြေပြင်စစ်ဆေးခြင်း

         စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ရုံးမှ စစ်ဆေးရေးအရာရှိ ဦးသိန်းထွန်းနှင့် ဝန်ထမ်းများသည် အွန်လိုင်းစနစ်ဖြင့်ရောင်းချခြင်းလုပ်ငန်းများ မှတ်ပုံတင်လက်မှတ်စိစစ် ထုတ်ပေးခြင်း၊ မြေပြင်လုပ်ငန်းနှင့်မှတ်ပုံတင်ထားမှု ကိုက်ညီမှုရှိ/ မရှိ၊ လုပ်ငန်းလိပ်စာမှန်ကန်မှုရှိ/ ရှိကို (၁၈.၁၁.၂၀၂၅) ရက်နေ့ ၊နံနက်(၁၂း၀၀)နာရီအချိန်တွင်  ဗိုလ်မိုးကြိုးလမ်း၊ (၉)ရပ်ကွက်၊ အရှေ့ဒဂုံမြို့နယ်သို့သွားရောက်၍ “ဘေဘီဂျီနယပ်ကလေးအဝတ်အထည်ပင်ရင်း” Online Shop  မှ အဝတ်အထည်နှင့်ဆက်စပ်ပစ္စည်းများအား Online မှတ်ပုံတင်မြေပြင်စစ်ဆေးခဲ့ကြောင်းသိရှိ ရပါသည်။

               ကွင်းဆင်းစစ်ဆေးရာတွင် စစ်ဆေးရေးအရာရှိက အွန်လိုင်းစနစ်နဲ့ရောင်းချခြင်း လုပ်ငန်းနှင့်ပတ်သက်၍ မြေပြင်စစ်ဆေးရမည့်အချက်(၁၈) ချက်နှင့် ကိုက်ညီမှုရှိ/ မရှိ စစ်ဆေး ခြင်းနှင့်အွန်လိုင်းစနစ်နဲ့ ရောင်းချခြင်းလုပ်ငန်းလုပ်ကိုင်ခြင်းကို အရေးကြီးကုန်စည်ဝန်ဆောင်မှု ဥပဒေအဖြစ်သတ်မှတ်ထားကြောင်း မြေပြင်ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

“ ပြင်ဦးလွင်မြို့ရှိ မုန့်နှင့်ယိုမျိုးစုံလုပ်ငန်းရှင်များအား အသိပညာပေးဟောပြော”

   ပြင်ဦးလွင်ခရိုင် ၊ စားသုံးသူရေးရာဦးစီးဌာနမှ ဦးသက်လွင်ထူး (ဦးစီးအရာရှိ)သည်  အောက်တိုဘာလ(၁၅)ရက်နေ့၊ နံနက်(၉:၃၀)နာရီအချိန်တွင် ပြင်ဦးလွင်မြို့ ၊ အသေးစားစက်မှု လက်မှုလုပ်ငန်းဦးစီးဌာနရုံးတွင် စားသုံးသူရေးရာဦးစီးဌာန နှင့် အသေးစားစက်မှုလက်မှုလုပ်ငန်း ဦးစီးဌာနတို့ပူးပေါင်းပြီး မုန့်နှင့်ယိုမျိုးစုံလုပ်ငန်းရှင်များနှင့်တွေ့ဆုံပြီး အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ပါသည် ။ အဆိုပါ တွေ့ဆုံပွဲတွင် စားသုံးသူရေးရာဦးစီးဌာနမှ ဦးသက်လွင်ထူးက ပြောကြားရာတွင် စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြချက် များ၊ မြန်မာနိုင်ငံ စားသုံးသူကာကွယ်ရေးကော်မရှင် ညွှန်ကြားချက်အမှတ်(၂/၂၀၁၉)ပါ စားသုံးသူ ကာကွယ်ရေးဥပဒေ ပုဒ်မ(၄၃)အရ စီးပွားရေးလုပ်ငန်းရှင်များအား ကုန်အညွှန်းအမှတ်အသားဖော်ပြ ခြင်းနှင့်စပ်လျဉ်း၍ မြန်မာဘာသာဖြင့်ဖြစ်စေ ၊ မြန်မာဘာသာနှင့်အခြားဘာသာတစ်ခု သို့မဟုတ် တစ်ခုထက်ပို၍ပြည့်စုံစွာ ဖော်ပြထားရှိရန် ၊ လုပ်ငန်းရှင်များမှ စားသုံးသူများဘေးအန္တရာယ် ကင်းရှင်းစေရေး အလေးထားဆောင်ရွန်ရန် နှင့် စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၀)အရ စီးပွားရေးလုပ်ငန်းရှင်တာဝန်များကို အလေးထားလိုက်နာဆောင်ရွက်သွားရန် ဆွေးနွေးခဲ့ပါသည်။ အဆိုပါ အသိပညာပေးဟောပြောဆွေးနွေးပွဲတွင် လုပ်ငန်းရှင်(၂၅)ဦး တက်ရောက်ခဲ့ကြောင်း တက်ရောက်လာသူများအား လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(မန္တ‌လေး)

 

“ မြစ်သားမြို့နယ်၊ကူမဲမြို့ရှိ မိဘမေတ္တာ စားသုံးဆီအရောင်းဆိုင်အားကွင်းဆင်း”

   ကျောက်ဆည်ခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ စစ်ဆေးရေးအရာရှိများသည် အောက်တိုဘာလ (၁၅)ရက်နေ့တွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ နှင့် ပူးပေါင်း၍ မြစ်သားမြို့နယ်၊ ကူမဲမြို့ရှိ မိဘမေတ္တာ စားသုံးဆီအရောင်းဆိုင်သို့သွားရောက်ပြီး စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်း များဆောင်ရွက်ခဲ့ပါသည်။ထိုသို့စစ်ဆေးရာတွင်ဆီဆိုင်များအနေဖြင့်စီးပွား‌ရေးနှင့်ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ညွှန်ကြားချက်အမှတ်(၁/၂၀၂၁)အား လိုက်နာရမည်ဖြစ် ကြောင်း ၊ ပဲဆီ ၊ နေကြာဆီ ၊ နှမ်းဆီ နှင့် ဟင်းသီးဟင်းရွက် ဆီများအား Packaging ဘူးများဖြင့်ရောင်းချရာတွင် ပင်ရင်းပါဝင်ပစ္စည်းကို အခြေခံသော ကုန်စည်၏ အမျိုးအမည်ကို တိကျစွာ မြန်မာဘာသာဖြင့် ဖော်ပြရမည်ဖြစ်ကြောင်း ၊ ဥပမာ အနေဖြင့် ဟင်းသီးဟင်းရွက်ဆီ (စားအုန်းဆီ) ၊ ဟင်းသီးဟင်းရွက်ဆီ (အဆင့်မြင့်စားအုန်းဆီ)ဟု ဖော်ပြရမည်ဖြစ်ပြီး ကုန်စည်၏ အသားတင်ပမာဏ နှင့် အရွယ်အစားတို့ကို မြန်မာအလေးချိန် ယူနစ်ဖြစ်သော ပိဿာ ၊ ကျပ်သားအား မြန်မာဘာသာဖြင့် ဖော်ပြရမည်ဖြစ်ကြောင်း ၊ နိုင်ငံတော်မှ သတ်မှတ်ပေးသည့် ရည်ညွှန်းစျေးဖြင့် ရောင်းချသည့် ဆီဆိုင်များအနေဖြင့် ခွဲတမ်းရရှိသော စားအုန်းဆီများကို ရည်ညွှန်းစျေး ၊ သယ်ယူပို့ဆောင်ခ ကုန်ကျစရိတ်များ ပေါင်းပြီး ၂ ရာခိုင်နှုန်း အထက် ပိုပြီးရောင်းချခြင်း မရှိရန် လိုအပ်ကြောင်း ၊ ထိုသို့ရောင်းချရာတွင် ဆီအရည်အသွေး ၊ အလေးချိန် ပြည့်ဝအောင်ရောင်းချရန် ပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(မန္တလေး)

 

“ကျောက်ဆည်မြို့ရှိ ပြည့်စုံအောင်စားသုံးဆီအရောင်းဆိုင်အားကွင်းဆင်း”

   ကျောက်ဆည်ခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ စစ်ဆေးရေးအရာရှိများသည် အောက်တိုဘာလ (၁၅)ရက်နေ့တွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ နှင့် ပူးပေါင်း၍ ကျောက်ဆည်မြို့၊ အေးမြကြည်လင်စျေးရှိ ပြည့်စုံအောင် စားသုံးဆီအရောင်းဆိုင်သို့သွားရောက်ပြီး စျေးကွက် စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည် ။ ထိုသို့စစ်ဆေးရာတွင် ဆီဆိုင်များ အနေဖြင့်စီးပွား‌ရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ညွှန်ကြားချက် အမှတ်(၁/၂၀၂၁)အား လိုက်နာရမည်ဖြစ်ကြောင်း ၊ ပဲဆီ ၊ နေကြာဆီ ၊ နှမ်းဆီ နှင့် ဟင်းသီးဟင်းရွက် ဆီများအား Packaging ဘူးများဖြင့်ရောင်းချရာတွင် ပင်ရင်းပါဝင်ပစ္စည်းကို အခြေခံသော ကုန်စည်၏ အမျိုးအမည်ကို တိကျစွာ မြန်မာဘာသာဖြင့် ဖော်ပြရမည်ဖြစ်ကြောင်း ၊ ဥပမာ အနေဖြင့် ဟင်းသီးဟင်းရွက်ဆီ(စားအုန်းဆီ)၊ ဟင်းသီးဟင်းရွက်ဆီ (အဆင့်မြင့်စားအုန်းဆီ)ဟု ဖော်ပြရမည်ဖြစ်ပြီး ကုန်စည်၏အသားတင်ပမာဏ နှင့် အရွယ်အစားတို့ကို မြန်မာအလေးချိန် ယူနစ်ဖြစ်သော ပိဿာ ၊ ကျပ်သားအား မြန်မာဘာသာဖြင့် ဖော်ပြရမည်ဖြစ်ကြောင်း ၊ နိုင်ငံတော်မှ သတ်မှတ်ပေးသည့် ရည်ညွှန်းစျေးဖြင့် ရောင်းချသည့် ဆီဆိုင်များအနေဖြင့် ခွဲတမ်းရရှိသော စားအုန်းဆီများကို ရည်ညွှန်းစျေး ၊ သယ်ယူပို့ဆောင်ခ ကုန်ကျစရိတ်များ ပေါင်းပြီး ၂ ရာခိုင်နှုန်း အထက် ပိုပြီးရောင်းချခြင်းမရှိရန် လိုအပ်ကြောင်း ၊ ထိုသို့ရောင်းချရာတွင် ဆီအရည်အသွေး ၊ အလေးချိန် ပြည့်ဝအောင်ရောင်းချရန် ပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(မန္တ‌လေး)

Local H Clothing Online sale အား မှတ်ပုံတင် မြေပြင်စစ်ဆေးခြင်း

         စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ရုံးမှဦးသိန်းထွန်း (စစ်ဆေးရေးအရာရှိ) နှင့်ဝန်ထမ်းများသည်(၁၈.၁၁.၂၀၂၅)ရက်နေ့၊ နံနက် (၁၀:၃၀)နာရီအချိန်တွင် Local H Clothing Online sale မှ ရောင်းချသည့် အဝတ်အထည်နှင့် ဆက်စပ်ပစ္စည်းများ မင်းရဲကျော်စွာလမ်း၊ ကြီးပွားရေးရပ်ကွက်၊ သင်္ဃန်းကျွန်းမြို့နယ်သို့သွားရောက်၍ OnlineSale မှတ်ပုံတင်မြေပြင်စစ် ဆေးခြင်းဆိုင်ရာအချက်အလက်များ ကိုက်ညီမှုရှိ/ မရှိကို စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

          ကွင်းဆင်းစစ်ဆေးရာတွင် စစ်ဆေးရေးအရာရှိက လုပ်ငန်းရှင်များကိုဆွေးနွေးရာ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေနဲ့ စားသုံးသူများကို အကာအကွယ်ပေးရန်နှင့် e-Commerce လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရန် အွန်လိုင်းစနစ်နဲ့ ရောင်းချခြင်းလုပ်ငန်းများကို အရေးကြီးကုန်စည် ဝန်ဆောင်မှုအဖြစ်သတ်မှတ်ပြီး လုပ်ငန်းမှတ်ပုံတင်လက်မှတ်များကို ခွင့်ပြုထုတ်ပေးလျက်ရှိကြောင်း၊ e-Commerce Registration စနစ်မှတစ်ဆင့်လျှောက်ထားလာသော အွန်လိုင်းစနစ်နဲ့ရောင်းချခြင်းလုပ်ငန်းမျာ၏ လျှောက်လွှာများနှင့် သက်တမ်းတိုးသောလျှောက်လွှာများကို သက်ဆိုင်ရာတာဝန်ရှိသူများက အချက်အလက်မှန်ကန်မှုရှိ/ မရှိ မြေပြင်ကွင်းဆင်း စစ်ဆေးပြီးမှသာ Online Sale လုပ်ငန်းမှတ်ပုံတင်လက်မှတ်များ ထုတ်ပေးသွားမှာ ဖြစ်ကြောင်း အသိပေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

“ သန်လျင်မြို့နယ်အတွင်းရှိ စားသုံးဆီ လက်လီ/လက်ကား ရောင်းချနေသည့် ကိုယ်စားလှယ်များအား တွေ့ဆုံဆွေးနွေးခြင်း”

         ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ သန်လျင်မြို့နယ်အတွင်းရှိ စားသုံးဆီခွဲတမ်းရရှိသည့် လက်လီလက်ကား ကိုယ်စားလှယ်များအား စားသုံးသူရေးရာဦးစီးဌာန၊ တောင်ပိုင်းခရိုင် ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူး ဦးအောင်စိုးမိုး၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့နယ် ဒုတိယဦးစီးမှူး ဦးမောင်မောင်ထွေး၊ ကုမ္ပဏီကိုယ်စားလှယ်များ ပါဝင်သောအဖွဲ့သည် ခွဲတမ်းရရှိသည့် စားသုံးဆီများကို စားသုံးသူပြည်သူများအား အိမ်ထောင်စုအလိုက် ဖြန့်ဖြူးရောင်းချပေးရာတွင် အရေအတွက်၊ အချိန်အတွယ်၊ ဈေးနှုန်းများ မှန်ကန်စွာဖြင့် မှန်မှန်ကန်ကန် ပြည့်ပြည့်ဝဝ ရောင်းချပေးနိုင်ရေးအတွက် နိုဝင်ဘာ လ(၁၇)ရက် နေ့၊ နံနက်(၁၀:၃၀)နာရီအချိန်တွင် တောင်ပိုင်းခရိုင်ဦးစီးမှူးရုံး အစည်းအဝေးအခန်းမတွင် ခေါ်ယူဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

          အဆိုပါ တွေ့ဆုံဆွေးနွေးပွဲတွင် စားသုံးသူရေးရာဦးစီးဌာန၊ တောင်ပိုင်းခရိုင်ဦးစီးမှူး ဦးအောင်စိုးမိုးက တက်ရောက်လာသည့် စားသုံးဆီခွဲတမ်းရရှိသည့် လက်လီလက်ကား ကိုယ်စားလှယ် (၄၆)ဦးအား စားသုံးဆီများရောင်းချရာတွင် စားသုံးသူပြည်သူများ လက်ဝယ်သို့ ခွဲတမ်းရရှိသည့် အိမ်ထောင်စုစာရင်းအလိုက် အရေအတွက်၊ အချိန်အတွယ်၊ ဈေးနှုန်းများ မှန်ကန်စွာဖြင့် ရောင်းချပေးရန် လိုအပ်ကြောင်း အပတ်စဉ် စားသုံးဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီက ထုတ်ပြန်ကြေငြာလျက်ရှိသည့် အခြေခံ လက်ကားရည်ညွှန်းဈေးအပေါ် ဒေသအရောက် အမြတ်(၂%)ထက်မပိုသော ဈေးနှုန်းဖြင့်သာ ရောင်းချကြရန်၊ ခွဲတမ်း အပြည့်အဝရောင်းချမှုမရှိခြင်း၊ ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးကစားရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်းများ အပါအဝင် မသမာသည့် လုပ်ဆောင်မှုမရှိစေရန် မိမိဌာနအနေဖြင့် သက်ဆိုင်ရာမိတ်ဖက်ဌာန၊ အဖွဲ့အစည်းများဖြင့် ကြီးကြပ်ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း မိမိတို့ တောင်ပိုင်းခရိုင်လက်အောက်ရှိ မြို့နယ်များအနေဖြင့် မသမာသည့် နည်းလမ်းများဖြင့် စားအုန်းဆီများအား ရောင်းချခြင်းမပြုလုပ်ကြရန် သတိဝိရိယဖြင့် အထူးဂရုစိုက်၍ ရောင်းချပေးရန် အသိပညာပေး ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

“ စဉ့်ကိုင်မြို့ရှိ ရွှေလဝန်း စားသုံးဆီအရောင်းဆိုင်အားကွင်းဆင်း”

  ကျောက်ဆည်ခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ စစ်ဆေးရေးအရာရှိများသည် အောက်တိုဘာလ (၁၅)ရက်နေ့တွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ နှင့် ပူးပေါင်း၍ စဉ့်ကိုင်မြို့ရှိ ရွှေလဝန်း စားသုံးဆီ အရောင်းဆိုင်သို့သွားရောက်ပြီး စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းများဆောင်ရွက်ခဲ့ပါသည်။ ထိုသို့စစ်ဆေးရာတွင် ဆီဆိုင်များအနေဖြင့် စီးပွား‌ရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ညွှန်ကြားချက်အမှတ်(၁/၂၀၂၁)အား လိုက်နာရမည်ဖြစ်ကြောင်း ၊ ပဲဆီ ၊ နေကြာဆီ ၊ နှမ်းဆီ နှင့် ဟင်းသီးဟင်းရွက် ဆီများအား Packaging ဘူးများဖြင့်ရောင်းချရာတွင် ပင်ရင်းပါဝင်ပစ္စည်းကို အခြေခံသော ကုန်စည်၏ အမျိုးအမည်ကို တိကျစွာ မြန်မာဘာသာဖြင့် ဖော်ပြရမည်ဖြစ်ကြောင်း ၊ ဥပမာ အနေဖြင့် ဟင်းသီးဟင်းရွက်ဆီ(စားအုန်းဆီ)၊ ဟင်းသီးဟင်းရွက်ဆီ (အဆင့်မြင့်စားအုန်းဆီ)ဟု ဖော်ပြရမည်ဖြစ်ပြီး ကုန်စည်၏အသားတင်ပမာဏ နှင့် အရွယ်အစားတို့ကို မြန်မာအလေးချိန် ယူနစ်ဖြစ်သော ပိဿာ ၊ ကျပ်သားအား မြန်မာဘာသာဖြင့် ဖော်ပြရမည်ဖြစ်ကြောင်း ၊ နိုင်ငံတော်မှ သတ်မှတ်ပေးသည့် ရည်ညွှန်းစျေးဖြင့် ရောင်းချသည့် ဆီဆိုင်များအနေဖြင့် ခွဲတမ်းရရှိသော စားအုန်းဆီများကို ရည်ညွှန်းစျေး ၊ သယ်ယူပို့ဆောင်ခ ကုန်ကျစရိတ်များ ပေါင်းပြီး ၂ ရာခိုင်နှုန်း အထက် ပိုပြီးရောင်းချခြင်းမရှိရန်လိုအပ်ကြောင်း ၊ ထိုသို့ရောင်းချရာတွင် ဆီအရည်အသွေး ၊ အလေးချိန် ပြည့်ဝအောင်ရောင်းချရန် ပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။   

DOCA( မန္တလေး)       

“ ကော့မှူးမြို့နယ်၌ မိုးစပါးစံကွက်ရိတ်သိမ်းပွဲကျင်းပ”

          ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ်အတွင်း၌ ၂၀၂၅-၂၀၂၆ ခုနှစ် မိုးစပါးဧက တင်း(၁၀၀)ကျော် အထွက်နှုန်းရရှိနိုင်ရေး ရည်မှန်းချက်နှင့်အညီ မိုးစပါးမျိုးသန့်၊ မျိုးစေ့ထုတ် စံပြကွက်၏ မိုးစပါးစံကွက်ရိတ်သိမ်းမှု အခမ်းအနားကို နိုဝင်ဘာလ(၁၆) ရက်နေ့၊ နံနက်(၀၉:၀၀)နာရီအချိန်တွင် ဦးမြင့်နိုင်၏ လယ်၌ပြုလုပ်ခဲ့ကြောင်း သိရသည်။

          ထိုသို့ မိုးစပါးစံကွက်ရိတ်သိမ်းခဲ့ရာတွင် အောင်နိုင်တိုးမျိုးစပါးစိုက်ကွက်အား (၀.၁၀)ဧက စံကွက်ဖြင့် ရိတ်သိမ်းခဲ့ရာတွင် (၁)ဧကပျှမ်းမျှ အထွက်နှုန်းမှာ အစိုအထွက်နှုန်း (၁၀၉.၅၂)တင်း၊ အခြောက်အထွက်နှုန်း (၁၀၂.၂၇)တင်းထွက်ရှိခဲ့ပါကြောင်း အဆိုပါ မိုးစပါးစံကွက် ရိတ်သိမ်းခြင်း အခမ်းအနားသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီအဖွဲ့ဥက္ကဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စိုက်ပျိုးကြီးကြပ်မှုအဖွဲ့ဝင်များ၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မြို့ပေါ်(၇)ရပ်ကွက် အုပ်ချုပ်ရေးမှူးများ လာဝတီ၊ လက်စိုက်၊ ဆပုဂံ၊ ထန်းပင်လျက်၊ တောင်ချောင်၊ စမ်းကောက်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးနှင့် ဒေသခံတောင်သူများ အင်းအား (၅၀)ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

“ စဉ့်ကိုင်မြို့ရှိ ဝင်းရှောက်လုံးယိုလုပ်ငန်းအားကုန်အညွှန်းအမှတ်အသားပြည့်စုံစေရေး ကွင်းဆင်းစိစစ်”

 မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနမှ စစ်ဆေးရေးအရာရှိများသည် အောက်တိုဘာလ(၁၆) ရက်နေ့တွင် စဉ်ကိုင်မြို့ရှိ ဝင်းရှောက်လုံးယိုထုတ်လုပ်သည့် လုပ်ငန်းအား ထုတ်ကုန်များ လုံခြုံစိတ်ချရမှုရှိစေရန် နှင့် ကုန်အညွှန်းအမှတ်တံဆိပ်များ ပြည့်စုံစွာ ပါဝင်မှုရှိစေရေး ၊ (Pre Market) ဈေးကွက်မရောက်မီ စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းများအား ဆောင်ရွက်ခဲ့ပါသည် ။ ထိုသို့ စစ်ဆေးရာတွင် မြန်မာနိုင်ငံ စားသုံးသကာကွယ်ရေးကော်မရှင် ညွှန်ကြားချက်အမှတ်(၂/၂၀၁၉)နှင့်စားသုံးသူကာကွယ်ရေးဥပဒေ အခန်း၁၈ ပါ စီးပွား‌‌ရေးလုပ်ငန်းရှင် များလိုက်နာရမည့်ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်ပတ်သက်၍ပုဒ်မ(၄၁)ပါ အချက်အလက် များအား ရှင်းလင်းဆွေးနွေးခြင်း နှင့် ၄င်းအချက်အလက်များမှ ပုဒ်မ(ခ) ရှိ ကုန်စည်၏ အမျိုးအမည်၊ အရွယ်အစား၊အရေအတွက်နှင့်အသားတင်ပမာဏ၊ထားသိုသိမ်းဆည်းမှုအညွှန်း၊ သုံးစွဲပုံနည်းလမ်းနှင့် ပုဒ်မ(ဆ)ရှိ ကျန်းမာရေး ဆိုင်ရာဘေးထွက်ဆိုးကျိုး သို့မဟုတ် ဓါတ်မတည့်ကြောင်းဖော်ပြချက် နှင့် ကြိုတင်သတိပေးချက် တို့အား မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု (သို့)တစ်ခုထက်ပို၍တွဲလျှက်ဖြစ်စေ၊ပြည့်စုံစွာဖော်ပြရမည်ဖြစ်ပြီးစီးပွားရေးလုပ်ငန်းရှင်များဘက်မှလည်း ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ထားသည့် ဥပဒေညွှန်ကြားချက်များအား အထူး အလေးထား လိုက်နာဆောင်ရွက်သွားကြရန် ပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(မန္တလေး)  

“ ကော့မှူးမြို့နယ် ရွာတန်းရှည်ကျေးရွာဓမ္မာရုံ၌ စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောပွဲကျင်းပခြင်း ”

          ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ် ရွာတန်းရှည်ကျေးရွာ ဓမ္မာရုံ၌ ကျေးရွာအတွင်းရှိ စားသုံးသူပြည်သူများ အနေဖြင့် ကုန်စည်(သို့မဟုတ်) ဝန်ဆောင်မှုနှင့် စပ်လျဉ်း၍ စားသုံးသူပြည်သူများ၏ အခွင့်အရေးနှင့် အကျိုးစီးပွားကို ကာကွယ်ပေးခြင်းဆိုင်ရာ အသိပညာပေးလုပ်ငန်းများအား စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်တောင်ပိုင်းခရိုင်ဦးစီးမှူးရုံး၏ ညွှန်ကြားချက်နှင့်အညီ  နိုဝင်ဘာလ(၁၇)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

           အဆိုပါ အသိပညာပေးဟောပြောပွဲတွင် ရွာတန်းရှည်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးမြင့်ခိုင်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး ကော့မှူးမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်နီလာဝင်းက စားသုံးသူကာကွယ်ရေးဥပဒေတွင် ပါဝင်သော စားသုံးသူကာကွယ်ရေးဆိုသည်မှာ ကုန်စည်(သို့မဟုတ်) ဝန်ဆောင်မှုနှင့် စပ်လျဉ်း၍ စားသုံးသူ၏ အခွင့်အရေးနှင့် အကျိုးစီးပွား ကိုကာကွယ်ပေးခြင်းနှင့် စားသုံးသူနှင့် စီးပွားရေးလုပ်ငန်းရှင်တို့အကြား ကော်မရှင်နှင့်ကော်မတီ အဆင့်ဆင့်တို့မှ သတ်မှတ်ဆောင်ရွက်ပေးသည့် မျှတမှုရှိသောလုပ်ငန်းစဉ်များ၊ စားသုံးသူဆိုသော စီးပွားရေးလုပ်ငန်းရှင်ဆိုသော အဓိပ္ပါယ်ဖော်ပြချက်များ၊ စားသုံးသူ၏ အခွင့်အရေးနှင့်တာဝန်များ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များအား အသိပညာပေးဆွေးနွေး ဟောပြောခဲ့ပြီး စားသုံးသူပြည်သူများအနေဖြင့် စားသောက်ကုန်၊ လူသုံးကုန်ပစ္စည်းများ ဝယ်ယူသုံးစွဲရာတွင် ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းဆိုင်ရာ ကုန်စည်ထုတ်ပိုးမှုအပြင်အဆင်ပေါ်တွင် စာသားဖြင့် ရေးသား ဖော်ပြရမည့်အချက်များအား မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု (သို့မဟုတ်) တစ်ခုထက်ပို၍ တွဲလျက်ဖြစ်စေ ရေးသားပါရှိသော ကုန်စည်များ၊ စားသောက်ကုန် ပစ္စည်းများကိုသာ ရွေးချယ်ဝယ်ယူသုံးစွဲကြရန် စားသုံးသူကာကွယ်ရေး အသိပညာပေး ဆွေးနွေးဟောပြောခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ