Main menu

ခရီးသွားဝန်ဆောင်မှုလုပ်ငန်းများအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

Powered by Drupal

      ဧရာဝတီတိုင်းဒေသကြီး ၊စားသုံးသူရေးရာဦးစီးဌာန၊ လပွတ္တာခရိုင် ၊မော်ကျွန်းမြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်တာဝန်ခံ ဦးမင်းဇော်လတ်နှင့်ဝန်ထမ်းများသည် မော်တော်ယဉ်စနစ်တကျပြေးဆွဲရေး  ကြီးကြပ်မှုကော်မတီတို့နှင့် ပူးပေါင်း၍ (၂၁.၁.၂၀၂၆) ရက်နေ့၊ နံနက်(၁၀:၀၀)နာရီတွင် ဂျုံးဂျုံးကျကျေးရွာရှိ အောင်ချမ်းသာနှင့် အောင်သုခကားလိုင်း ခရီးသယ်ပို့ဆောင်ရေး လုပ်ငန်းအား သယ်ယူပို့ဆောင်ရေးအခြေအနေများနှင့်စပ်လျဉ်း၍ သက်ဆိုင်ရာဌာနများ၏ စည်းကမ်းချက်များနှင့်အညီ လိုက်နာဆောင်ရွက်ထားခြင်းရှိ/မရှိ ခရီးသည်ပို့ဆောင်မှု့နှင့်ကုန်ပစ္စည်းပေးပို့ရေးဝန်ဆောင်မှုတို့ကို အသုံးပြုသည့် စာသုံးသူများ အနေဖြင့် အခြေခံလိုအပ်ချက်များအပေါ် စိတ်ကျေမှုရှိစေရေးဆောင်ရွက်ထားမှု အခြေအနေနှင့် နစ်နာဆုံးရှုံးမှုများ ဖြစ်လာပါက ဖြေရှင်းဆောင်ရွက်ပေးမှုအခြေအနေများအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း ကိုဆောင်ရွက်ခဲ့ပါသည်။

        ထိုသို့ စစ်ဆေးခဲ့ရာတွင် မော်ကျွန်းမြို့နယ်တာဝန်ခံက ယာဉ်လိုင်းတာဝန်ခံများအားခရီးသည်နှင့် ကုန်ပစ္စည်းတန်ဆာများ ကို စားသုံးသူများ၏လိုအင်ဆန္ဒနှင့်အညီ လုံခြုံချော့မွေစွာဖြင့် ပို့ဆောင်ပေးရန်၊ ဝန်ဆောင်မှုတို့ကိုအသုံးပြုသည့် စားသုံးသူများ အနေဖြင့် အခြေခံလိုအပ်ချက်များအပေါ် စိတ်ကျေနပ်မှုရရှိစေရေးနှင့် နစ်နာဆုံးရှံးမှုဖြစ်လာပါက စားသုံးသူ စိတိကျေနပ် သည်အထိ ညှိနှိုင်းဆောင်ရွက်ပေးရန် ၊ယာဉ်အန္တရာယ်ကင်းးရှင်းစေရေး ထုတ်ပြန်ထားသော သက်ဆိုင်ရာဌာနများ၏ စည်းကမ်းချက်များနှင့်အညီ လိုက်နာဆောင်ရွက်ထားခြင်းရှိ/မရှိ စစ်ဆေးပြီးမှသာ မော်တော်ယာဉ်အားစေလွှတ်ခြင်းများ ဆောင်ရွက်ရန် ရှင်းလင်းပြောကြားပြီး အသိပညာပေးခဲ့ကြောင်း သတင်းရရှိပါသည်၊၊

(DOCA ဧရာဝတီ)