Main menu

ရုံးချုပ် (နေပြည်တော်) ၌ “‌ စစ်ဆေးရေးအရာရှိများ လုပ်ငန်းကျွမ်းကျင်မှုဆိုင်ရာ သင်တန်းအမှတ် (၂/ ၂၀၂၆)” အား ကျင်းပ

Powered by Drupal

               စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရုံးချုပ် (နေ ပြည်တော်) တွင် သင်တန်းများကို ဟောပြောပို့ချလျက်ရှိရာ ၃.၂.၂၀၂၆၊ ၄.၂.၂၀၂၆ နှင့် ၅.၂.၂၀၂၆ ရက် နေ့များတွင် စားသုံးသူကာကွယ်ရေး ဥပဒေ၊ ထုတ်ကုန်လုံခြုံ စိတ်ချရမှုကိစ္စရပ်များ၊ အရေးကြီး ကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေ၊ သတင်းအချက်အလက်နည်းပညာနှင့် အရည်အသွေးစီမံခန့်ခွဲမှု၊ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း၊ ဘေးအန္တရာယ်ရှိ ကုန်စည်/ ဝန်ဆောင်မှု ပြန်လည်သိမ်းဆည်းစေခြင်းနှင့် တားမြစ်ခြင်း၊ ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်း၊ အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်း လုပ်ငန်းများ၊ စားသုံးသူတိုင်ကြားမှုများ၊ ဖြေရှင်းဆောင်ရွက်မှုများနှင့် စစ်ဆေးရေးအရာရှိများ၏ အခန်းကဏ္ဍ၊ ကဏ္ဍအလိုက် စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဆောင်ရွက်မှုများ၊ ACCP ဆောင်ရွက်မှုအပေါ် မြန်မာနိုင်ငံအနေဖြင့် လိုက်ပါဆောင်ရွက်နေမှုများ စသည့် ဘာသာရပ်များကို (၃) ရက်တိုင်တိုင် သင်ကြား ပို့ချပေးခဲ့ကြောင်း သတင်းရရှိပါသည်။

              ပထမနေ့တွင် သင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပကာ ထုတ်ကုန်လုံခြုံ စိတ်ချရမှုဆိုင်ရာ ကိစ္စရပ်များ၊ စားသုံးသူကာကွယ်ရေး ဥပဒေ၊ နည်းဥပဒေများ၊ အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှု ဥပဒေများကို သင်တန်းအချိန်အလိုက် သင်တန်းကြီးကြပ်ဆရာ/ ဆရာမများမှ သင်ကြားပို့ချခဲ့ပါ သည်။ သင်ကြားပို့ချသော ဘာသာရပ်များသည် မြေပြင်တွင် ကွင်းဆင်းဆောင်ရွက်မည့်စစ်ဆေးရေးအရာရှိများအတွက် အဖိုးထိုက်တန်သော သင်ခန်းစာများဖြစ်ကာ တိုက်ပွဲဝင်လက်နက်များ သဖွယ် အသုံးဝင်လာမည်ဖြစ်ပါသည်။ အဆိုပါ (၁/ ၂၀၂၆) “‌ စစ်ဆေးရေး အရာရှိများ လုပ်ငန်း ကျွမ်း ကျင်မှုဆိုင်ရာ သင်တန်းအမှတ်စဉ်သင်တန်းသို့ ရုံးချုပ် (နေပြည်တော်)မှ စစ်ဆေးရေး အရာရှိများ သည် Imperson စနစ်ဖြင့် လည်းကောင်း၊ တိုင်းဒေသကြီး/ ပြည်နယ်ဦးစီးမှူးရုံးများမှ စစ်ဆေးရေး အရာရှိများက Virtual စနစ်ဖြင့်လည်းကောင်း တက်ရောက်ခဲ့ကြသည်ဟု သတင်းရရှိပါသည်။

DOCA( ပဲခူး)