Main menu

ဘုတ်ချောင်းကျေးရွာ အ.လ.က (ဇီးချောင်း)တွင် လူငယ်ရေးရာအသိပညာပေးဟောပြော

Powered by Drupal

         စားသုံးသူရေးရာဦးစီးဌာန၊ လေးမျက်နှာမြို့နယ်တာဝန်ခံသည် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ကျန်းမာရေးဦးစီးဌာနတို့နှင့်ပူးပေါင်း၍(၂.၂.၂၀၂၆)နေ့ နံနက် (၀၉:၄၅) နာရီအချိန်တွင် လေးမျက်နှာမြို့နယ် ဘုတ်ချောင်းအုပ်စု ဇီးချောင်းကျေးရွာရှိ အခြေခံပညာ အလယ်တန်းကျောင်းတွင် ဆရာ၊ဆရာမ(၁၈)ဦးနှင့် ကျောင်းသား၊ကျောင်းသူ(၁၀၈)ဦးအား လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲတွင် စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောခြင်းကို ဆောင်ရွက်ခဲ့ပါသည်။

        ဟောပြောပွဲတွင် မြို့နယ်တာဝန်ခံ ဦးအောင်သန်းဌေးက  စားသုံးသူ၏အဓိပ္ပါယ်ဖွင့်ဆိုချက်၊  စားသုံးသူကာကွယ်ရေးဆိုတာ စားသုံးသူအခွင့်အရေးနှင့် စားသုံးသူအကျိုးစီးပွား ထိခိုက်နစ်နာမှုမရှိစေရေး၊ ဘေးအန္တရာယ်ကင်းရှင်းသော ကုန်စည်နှင့်ဝန်ဆောင်မှုများကို အသုံးပြုခွင့်ရှိစေရေး၊ စားသုံးသူနှင့် စီးပွားရေးလုပ်ငန်းရှင်များအကြား  မျှတမှုရှိသော လုပ်ငန်းစဉ်များ သတ်မှတ်ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း ရှင်းလင်းဆွေးနွေးခဲ့ပါသည်။

         ထို့နောက် စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူအခွင့်အရေးနှင့် တာဝန်များအကြောင်း၊ အစားအသောက်များတွင် ပါဝင်သောဓါတုဆိုးဆေး၏ဆိုးကျိုးများအကြောင်း၊ မြန်မာဘာသာဖြင့် ကုန်အညွှန်းဖော်ပြထားခြင်းမရှိသော အစားအသောက်များနှင့် လူသုံးကုန်ပစ္စည်းများ ဝယ်ယူအသုံး ပြုရာတွင် သတိပြုလိုက်နာ ဆောင်ရွက်ရမည့်အချက်များ ၊ ဝယ်ယူအသုံးပြုခဲ့သော ကုန်စည်နှင့် ဝန် ဆောင်မှုများကြောင့် နစ်နာဆုံးရှုံးမှုများဖြစ်ပေါ်လာပါက ပြောဆိုတင်ပြတိုင်ကြားခွင့်နှင့် ပြန်လည်ကုစားနိုင်ခွင့်များ အကြောင်းစသည်တို့ကို အကျယ်တဝင့်အသိပညာပေးဟောပြောခဲ့ပြီး၊ ဆရာ/ဆရာမများမှ သိလိုသည်များမေးမြန်းဆွေးနွေးကာ နံနက်(၁၁:၀၀)နာရီအချိန်တွင် ဟောပြောပွဲ ရုတ်သိမ်းခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA (ဧရာဝတီ)