
မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့ပေါ်တွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံ ဒေါ်မြတ်မြတ်မိုး ဦးဆောင်၍ (၂၅.၂.၂၀၂၆) ရက်နေ့၊ (၁၀:၀၀)နာရီအချိန်တွင် မြို့နယ်စက်မှုလုပ်ငန်းသုံးဆီကိုယ်စားလှယ် ဦးရဲမြင့်(ပခုက္ကူသား ဆန်၊ ဆီရောင်းဝယ်ရေး)တို့က လုပ်ငန်းရှင်များအတွက် ခွဲတမ်းရရှိသည့် စက်မှုလုပ်ငန်းသုံးဆီများ အမှန်တကယ်ရရှိမှု၊ သုံးစွဲမှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေးမေးမြန်းခြင်းများကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် ချောက်မြို့ပေါ်ရှိ စားသောက်ကုန်/စားသောက်ဆိုင်လုပ်ငန်းများ၊ မုန့်ထုတ်လုပ်သူလုပ်ငန်းရှင်များအား ခွင့်ပြုပေးထားသည့် စက်မှုလုပ်ငန်းသုံးဆီများ အမှန်တကယ်ရရှိမှု၊ သုံးစွဲမှု၊လုံလောက်မှု ရှိ/မရှိ ကွင်းဆင်းမေးမြန်းခြင်းနှင့် ကုန်အညွှန်းအမှတ် အသားများ ပြည့်စုံစွာ ထည့်သွင်းဖော်ပြခြင်း ရှိ/မရှိ စစ်ဆေးခဲ့ပြီး သတ်မှတ်အရည်အသွေး ပြည့်မီသော ကုန်စည်များကိုသာရောင်းချရေး၊ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ထုတ်ပြန်ထားသော ညွှန်ကြားချက်များအတိုင်း လိုက်နာဆောင်ရွက်ရေးနှင့် စီးပွားရေးလုပ်ငန်းရှင်တို့ လိုက်နာရမည့်တာဝန်များ၊ တားမြစ်ချက်များအား အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
DOCA(မကွေး)
