
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ သရက်မြို့နယ်တွင် ဝန်ဆောင်မှုကဏ္ဍအနေဖြင့် သယ်ယူ ပို့ဆောင်ရေးဝန်ဆောင်မှုများကို စားသုံးသူများသုံးစွဲရာတွင် နစ်နာဆုံးရှုံးမှုမရှိစေရေး၊ ဘေးအန္တရာယ် ကင်းရှင်းပြီး လုံခြုံစိတ်ချရမှုရှိသော ဝန်ဆောင်မှုများရရှိစေရေးတို့အတွက် သရက်ခရို်ငတာဝန်ခံရုံးမှ ဝန်ထမ်းများသည် (၂၄.၂.၂၀၂၆)ရက်နေ့၊ နေ့လယ်(၁၃:၀၀)နာရီအချိန်တွင် သရက်မြို့၊ ဈေးရပ်ကွက် ရှိ ရွှေသရက် သယ်ယူပို့ဆောင်ရေးအဝေးပြေးယာဉ်လိုင်းအား မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့နှင့်ပူးပေါင်း၍ သွားရောက်ကြီးကြပ်စစ်ဆေးမှုများ ဆောင် ရွက်ခဲ့ပြီး ယာဉ်လိုင်းတာဝန်ခံဂိတ်မှူးနှင့် ယာဉ်မောင်းတို့အား အသိပညာပေးဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။
ထိုသို့စစ်ဆေးရာတွင် ခရီးသည်များ ယုံကြည်စိတ်ချရသောဝန်ဆောင်မှုဖြစ်စေရန် ယာဉ် မောင်းသည် ယာဉ်မောင်းနေစဉ် အရက်သေစာသောက်စားထားခြင်းမပြုလုပ်ရန်၊ ကျန်းမာရေး ကောင်းမွန်သူဖြစ်နေရန်နှင့် ယာဉ်မောင်းနေစဉ်တွင် ဖုန်းပြောဆိုခြင်းမပြုလုပ်ရန် မိမိ၏ယာဉ် မထွက်ခွာမီ ယာဉ်ကြံ့ခိုင်ရေး အထူးဆောင်ရွက်ထားရှိရန်၊ ကုန်စည်တန်ဆာခများ ဝန်ဆောင်မှုပေး ရာတွင် ပြေစာဖြတ်ပိုင်းများဖြင့် သင့်တင့်သော ဈေးနှုန်းဖြစ်စေရန်၊ ခရီးသည်များအဆင်ပြေစေရန် အတွက် ဝန်ဆောင်မှုပြေစာတွင် ဖုန်းနံပတ်များဖော်ပြပေးရန်တို့ကို အသိပညာပေးဆွေးနွေးခဲ့ပြီး ခရီးသွားအဝေးပြေးယာဉ်လိုင်းအား ကြီးကြပ်စစ်ဆေးခြင်းများပြုလုပ် ဆောင်ရွက်ခဲ့ကြောင်း သိရ ပါသည်။
DOCA(မကွေး)
