
ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ လပွတ္တာခရိုင်၊ မော်ကျွန်းမြို့နယ်တာဝန်ခံ ဦးမင်းဇော်လတ်သည် စက်သုံးဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးမှုကြီးကြပ်ရေးကော်မတီဥက္ကဠ၊ အဖွဲ့ဝင်များနှင့် ပူးပေါင်း၍ (၂.၄.၂၀၂၆)ရက်နေ့ နံနက်(၁၁း၀၀)နာရီအချိန်တွင် မော်ကျွန်းမြို့နယ် မြို့ပေါ်ရှိစက်သုံးဆီအရောင်းဆိုင်များသို့ သတ်မှတ်ရည်ညွှန်းဈေးဖြင့် ရောင်းချနေခြင်း ရှိ/ မရှိနှင့် စက်သုံးဆီပြတ်လပ်မှုမရှိစေရေး ကွင်းဆင်းစိစစ် ကြပ်မတ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် မော်ကျွန်းမြို့နယ်တာဝန်ခံမှ စက်သုံးဆီတင်သွင်းရောင်းချဖြန့်ဖြူးနေသည့် လုပ်ငန်းရှင်များအား တရားမဝင်သွင်းကုန်စက်သုံးဆီ၊ ချောဆီများအား တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့ဖြင့် စစ်ဆေးဖော်ထုတ်ဆောင်ရွက်နေကြောင်း၊ စက်သုံးဆီ၊ ချောဆီများသယ်ဆောင်မှုအား စောင့်ကြည့်စစ်ဆေးခြင်း၊ မြို့နယ်အလိုက် စက်သုံးဆီအရောင်းဆိုင်အရေအတွက်နှင့် လက္ကားဝယ်ယူသည့်ကုမ္ပဏီစာရင်းများ ကောက်ယူနေကြောင်းလုပ်ငန်းရှင်များအနေဖြင့် တရားမဝင်စက်သုံးဆီ၊ ချောဆီများ တင်သွင်း၊ ဖြန့်ဖြူးရောင်းချနေခြင်း စစ်ဆေးတွေ့ရှိရပါက အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်းPPRDမှနေ့စဉ်ထုတ်ပြန်ထားသော စက်သုံးဆီ ရည်ညွှန်းဈေးထက်ပိုမိုရောင်းချခြင်း ရှိ/ မရှိနှင့် ပြည်သူများ အဆင်ပြေစွာ ဝယ်ယူနိုင်ရေးအတွက် မြို့နယ်အတွင်းရှိ စက်သုံးဆီအရောင်းဆိုင်များ စက်သုံးဆီပြတ်လပ်မှုမရှိစေရေး ပုံမှန်ဖွင့်လှစ်ရောင်းချနိုင်ရေး၊ စက်သုံးဆီခြိုးခြံချွေတာစွာသုံးစွဲနိုင်ရေးနှင့် စက်သုံးဆီများကို သတ်မှတ်ဈေးနှုန်းထက် ပိုမိုရောင်းချခြင်းမပြုပဲ အချိန်အတွယ် မှန်ကန်စွာရောင်းချနိုင်ရေး ထုတ်ပြန်ထားသောညွှန်ကြားချက်များအတိုင်း လိုက်နာဆောင်ရွက်ကြရန် စက်သုံးဆီလုပ်ငန်းရှင်များသို့ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။
DOCA (ဧရာဝတီ)
