Main menu

မအူပင်ခရိုင်အတွင်းရှိ ပြည်သူများအား စားအုန်းဆီများ နေ့စဉ် ရောင်းချပေးလျက်ရှိ

Powered by Drupal

           ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်တွင် စားအုန်းဆီဖြန့်ဖြူးရောင်းချမှုကြီးကြပ်ရေးအဖွဲ့သည် ၃.၄.၂၀၂၆ ရက်နေ့တွင်‌ ညောင်တုန်းမြို့နယ်ရှိ လက်ကား/ လက်လီဆိုင်များ ဆီထုတ်စာအုပ်ဖြင့် စားသုံးဆီရောင်ချရာတွင် မှန်(၆)မှန်ဖြင့် ရောင်းချမှု ရှိ/ မရှိ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။

          ထိုသို့နေ့စဉ် ရောင်းချပေးရာတွင် ညောင်တုန်းမြို့နယ် စားအုန်းဆီဖြန့်ဖြူးရောင်းချမှု ကြီးကြပ်ရေးအဖွဲ့တာဝန်ရှိသူများ၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ ဦးစီးမှူးနှင့် တာဝန်ရှိသူများက ကျေးရွာများရှိ လက်လီကုန်စုံဆိုင်များအရောက် မြို့နယ်ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်အသင်း မှ စားအုန်းဆီများကို နေ့စဉ်အလှည့်ကျစနစ်ဖြင့် မြို့နယ်အတွင်းရှိ ထိပ်ဝကြီး၊ ဝဲဒေါင့်၊ ကျုံတမာကျေးရွာအုပ်စုရှိ ပြည်သူများအား စားအုန်းဆီဝယ်ယူခွင့်စာအုပ်ဖြင့်ရောင်းချနေမှု ကျေးရွာဓမ္မာရုံတွင် ဆီပိဿာ ၁၁၀အား သတ်မှတ်ရည်ညွှန်းဈေးဖြင့် ရောင်းချပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)