
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့နယ်မှ စားသုံးသူရေးရာ ဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဒေါ်ရီရီရှိန်သည် (၂.၄.၂၀၂၆) ရက်နေ့၌ Online Shop စနစ်ဖြင့် ရောင်းချနေသော ဒေါ်အိမွန်သန်း၊ပုန်းဆိုးအုပ်စု ခုနှစ်ရွာကျေးရွာသို့ အမှန်တကယ် Online ဖြင့် ရောင်းချမှုရှိ/မရှိတို့အား သိရှိနိုင်ရန် မြေပြင်ကွင်းဆင်း သွားရောက်စစ်ဆေးခဲ့ပါသည်။
လုပ်ငန်းရှင်ဒေါ်အိမွန်သန်းမှာ သူ၏ Facebook Page Account ကို အသုံးပြု၍ စားသောက် ကုန်မျိုးစုံ၊အသီးအနှံမျိုးစုံတို့အား အခြားဒေသမှ မှာယူပြီး အိမ်တွင်းစီးပွားရေးတစ်ခုအဖြစ် ရောင်းချ ဆောင်ရွက်လျက်ရှိပါကြောင်း သိရပါသည်။ယခုမြေပြင်ကွင်းဆင်းစစ်ဆေးရာတွင်လည်း Online အသီးအနှံရောင်းဝယ်ရေးနှင့် စားသောက်ကုန်မျိုးစုံတို့အား နေ့စဉ်အရောင်းအဝယ်ဆောင်ရွက်လျက် ရှိပါကြောင်း စစ်ဆေးတွေ့ရှိရပါသည်။တခြားစားသောက်ကုန်များ ရောင်းချလျှင် ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာပါရှိသော ပစ္စည်းများကိုသာ ရောင်းချရန် မြို့နယ်တာဝန်ခံမှ အသိပညာပေး ဆွေးနွေးပြောကြားခဲ့ပြီး ဌာနမှ လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ပါသည်။
DOCA(ပဲခူး)
