Main menu

ကျိုက်ထိုမြို့တွင်းရှိ ယိုမျိုးစုံရောင်းချသည့်ဆိုင်များသို့ သွားရောက်ကာ ဈေးကွက်ကွင်းဆင်းစစ်ဆေးမှုများဆောင်ရွက်

Powered by Drupal

          ၂၃.၄.၂၀၂၆ ရက်နေ့တွင် မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်အတွင်းရှိ ယိုမျိုးစုံ ရောင်းချသည့်ဆိုင်များသို့ ကျိုက်ထိုမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာနမှ ကျိုက်ထို ခရိုင်တာဝန်ခံနှင့် မြို့နယ်တာဝန်ခံတို့သည် ပူးပေါင်းအဖွဲ့ဖြင့် ကျိုက်ထိုမြို့တွင်းရှိ ယိုမျိုးစုံရောင်းချသည့် ဆိုင်များသို့ သွားရောက်ကာ ဈေးကွက်ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရပါသည်။

          ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ကျိုက်ထိုခရိုင်တာဝန်ခံမှ ရောင်းချနေသည့် ယိုမျိုးစုံများတွင် ကုန်အညွှန်းအမှတ်အသားပြည့်စုံမှု ရှိ/မရှိ၊ ကြိုတင်သတိပေးချက် ပါဝင်မှု ရှိ/မရှိ၊ ဘေးအန္တရာယ်ဖြစ်စေနိုင်မှု ရှိ/မရှိနှင့် စားသုံးသူပြည်သူများအတွက် လုံခြုံစိတ်ချ ရသော ကုန်စည် ဟုတ်/မဟုတ် စသည်တို့ကို စစ်ဆေးခဲ့ကြောင်း သိရပါသည်။

          ထို့ပြင် ကျိုက်ထိုမြို့နယ်တာဝန်ခံမှလည်း ယိုမျိုးစုံရောင်းချနေသည့် လုပ်ငန်းရှင်များ အား ကျိုက်ထိုမြို့နယ်ရှိ ယိုမျိုးစုံဈေးကွက်သည် ဒေသထွက်ကုန်ဈေးကွက် တစ်ခုဖြစ်ပြီး အနယ်နယ်အရပ်ရပ်မှ ခရီးသွားပြည်သူများ၏ စိတ်ဝင်စားမှုကို ရရှိနေသော ဈေးကွက် တစ်ခုဖြစ်သည်နှင့်အညီ လုပ်ငန်းရှင်များအနေဖြင့် မိမိတို့၏ ထုတ်ကုန်ပစ္စည်းများကို စံအရည်အသွေးနှင့်အညီ ဆက်လက်ထုတ်လုပ်ပြီး ရှိရင်းစွဲ ပကတိ ထုတ်ကုန် အရည်အသွေးကို ဆက်လက်ထိန်းသိမ်းသွားကြရန်နှင့် ပြည့်စုံမှန်ကန်မှုမရှိသေးသော ထုန်ကုန်များဖြစ်ပါကလည်း ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှန်ကန်မှုရှိစေရန် စားသုံးသူရေးရာဦးစီးဌာနမှ ချမှတ်လမ်းညွှန်ထားသော ကုန်အညွှန်းအမှတ်အသားဆိုင်ရာ အချက်များကို ဂရုတစိုက်လိုက်နာကာ ထုတ်ကုန်များ ထုတ်လုပ်ကြရန်များကို ပြောကြားခဲ့ကြောင်း သိရပါသည်။

          လုပ်ငန်းရှင်များအနေဖြင့်လည်း ကျိုက်ထိုမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်တာဝန်ခံနှင့် မြို့နယ်တာဝန်ခံတို့၏ ပြောကြားချက်များကို ဂရုတစိုက် လိုက်နာမှတ်သားကာ ယိုမျိူးစုံထုတ်ကုန်များကိုလည်း ရှိရင်းစွဲအရည်အသွေးကို ဆက်လက်ထိန်းသိမ်းကာ ပိုမို ကောင်းမွန်သည့် ထုတ်ကုန်ပစ္စည်းများ တိုးမြှင့်ထုတ်လုပ်သွားမည်ဖြစ်ကြောင်းကိုလည်း သိရပါသည်။

     DOCA (မွန်)