Main menu

ရှယ်ဝမ်းလက်ဖက်ရည်ဆိုင်လုပ်ငန်းရှင်နှင့်တွေ့ဆုံခြင်း    

Powered by Drupal

          စားသုံးသူရေးရာဦးစီးဌာန၊ မြင်းခြံခရိုင်ဦးစီးမှူးရုံးအနေဖြင့် စားသောက်ကုန်လုပ်ငန်းများ၊ စားသောက်ဆိုင်လုပ်ငန်းများ၊ ဟိုတယ်လုပ်ငန်းများသို့ စက်မှုလုပ်ငန်းသုံးစားအုန်းဆီများ ဝယ်ယူနိုင်ရေး စိစစ်ဆောင်ရွက်ပေးလျက်ရှိရာ ၂၀-၄-၂၀၂၆ ရက်နေ့ နံနက်(၁၁:၀၀)နာရီအချိန်တွင် မြင်းခြံမြို့၊ အမှတ်(၁၁)ရပ်ကွက်ရှိ ရှယ်ဝမ်းလက်ဖက်ရည်ဆိုင်လုပ်ငန်းရှင်မှ စက်မှုလုပ်ငန်းသုံးစားအုန်းဆီ လာရောက်လျှောက်ထားရာ ဦးဝင်းထွန်းဦး၊ ဦးစီးမှူးသည် တစ်ရက်သုံးစွဲမှု၊ တစ်လသုံးစွဲမှုများကိုစိစစ် တွက်ချက်၍ ဝယ်ယူရရှိရေး ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။

                ထိုသို့ စက်မှုလုပ်ငန်းသုံးစားအုန်းဆီ လာရောက်လျှောက်ထားစဉ် ရှယ်ဝမ်းလက်ဖက်ရည်ဆိုင် အနေဖြင့် အစားအသောက်ထုတ်လုပ်ရောင်းချခြင်းနှင့်ပတ်သက်၍ စားသုံးသူများအတွက် သန့်ရှင်း သပ်ရပ်မှုရှိစေရေး၊ သန့်ရှင်းလတ်ဆတ်သည့် အစားအသောက်များကိုသာ ရောင်းချစေရေး၊ဘေးအန္တရာယ်ကင်းရှင်းစေရေး၊စားသုံးသူထိခိုက်နစ်နာမှုမရှိစေရေးတို့ကိုအထူးအလေးထားဆောင်ရွက်သွားရန်လိုအပ်ကြောင်း၊ အစားအ သောက် တွင်ထည့်သွင်းသည့် ပါဝင်ပစ္စည်းများ သန့်ရှင်းမှုရှိစေရေး၊ ဆိုင်ဝန်ထမ်းအားလုံး တစ်ကိုယ်ရည်သန့်ရှင်းမှုအား အလေးထားရန်နှင့် စားသုံးသူ ကာကွယ်ရေးဥပဒေပါပြဌာန်းချက်များ ဟောပြောဆွေးနွေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။

DOCA(မန္တလေး)