
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင် စားသုံးသူရေးရာဦးစီးဌာန ဟင်္သာတမြို့နယ်တာဝန်ခံ၊ ခရိုင်ဆီအသင်းမှတာဝန်ရှိသူများဦးဆောင်၍(၂၂.၄.၂၀၂၆)ရက်နေ့ နံနက်(၁၀:၃၀)နာရီအချိန်တွင် ဟင်္သာတခရိုင်ဆီကုန်သည်နှင့် ဆီအသင်းရုံးခန်း၌ အင်းဓဝယ်တိုက်နယ်၊ ရှားခဲတိုက်နယ်၊ ကျုံတုံးတိုက်နယ်၊ ခြင်ဘို့တိုက်နယ်ရှိ ကျေးရွာအုပ်ချုပ်ရေးမှုးများ လက်လီကုန်မျိုးစုံဆိုင်ရောင်းချသူများနှင့် တွေ့ဆုံ၍ အိမ်ထောင်စုအလိုက် ဆီပြန်လည်ဖြန့်ဖြူးရောင်းချရာတွင် ဆီဝယ်ယူခွင့်စာအုပ်များဖြင့် ရောင်းချမှုရှိစေရေး၊ သတ်မှတ်ရည်ညွှန်းစျေးနှင့် အညီ ပြန်လည်ရောင်းချစေရေး၊ စျေးနှုန်းမြှင့်တင်ရောင်းချမှုမရှိစေရေး၊ ရပ်ကွက်/ကျေးရွာအတွင်း ပြန့်ပြန့်နှံ့နှံ့ဖြန့်ဖြူးရောင်းချပေးရေး၊ ရောင်းချမှုကို ကျယ်ကျယ်ပြန့်ပြန့် အသိပေးရေး၊ အရေအတွက်ပြည့်မှီစွာရောင်းချရေး၊ တခြားမသမာသောနည်းလမ်းများသုံး၍(လုံးဝ) ရောင်းချမှုမရှိစေရေးတို့အားအသိပေးဆွေးနွေးခြင်းနှင့် ဟင်္သာတမြို့နယ် ဆီဖြန့်ဖြူးရောင်းချကြီးကြပ်မှုကော်မတီမှ ဆီဖြန့်ဖြူးရောင်းချမှုနှင့် ပါတ်သက်၍ စီစစ်ကြပ်မတ်မှုများအား ရှင်းလင်းဆွေးနွေးခြင်းကို ဆောင်ရွက်ခဲ့ပါသည်။ ထို့နောက် တက်ရောက်လာသူများမှ သိလိုသည်များမေးမြန်းဆွေးနွေးခဲ့ပြီး တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။
အဆိုပါဆွေးနွေးပွဲကို ကျေးရွာအုပ်ချုပ်ရေးမှုးများနှင့် လက်လီကုန်မျိုးစုံဆိုင်ရောင်းချသူ(၃၀)ဦး တက်ရောက်ခဲ့ပြီး နေ့လယ်(၁၂:၀၀) နာရီအချိန်တွင် ရုတ်သိမ်းခဲ့ကြောင်း သိရှိရပါသည်။
DOCA (ဧရာဝတီ)
