Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

မအူပင် ကျေးရွာအုပ်ချုပ်ရေးမှူးများအား ကျေးရွာနေပြည်သူများ ဆီထုတ်ယူခွင့် စာအုပ်များ စနစ်တကျလွဲအပ်ပေးခြင်း

     ၄-၈-၂၀၂၅ ရက်နေ့ နံနက် (၁၁:၀၀)နာရီအချိန်က မအူပင်မြို့နယ် ကျေးရွာများဖြစ်သော ကျုံသင်ကျေးရွာ၊ ထရော်ပေကုန်း၊ ထရော်စခန်းကြီး၊ ထရော်ညောင်ဝိုင်း၊ ကွန်စု၊ အိမ်ရာကြီး စသော ကျေးရွာ အုပ်ချုပ်ရေးမှူးများထံ ဆီထုတ်ယူခွင့်စာအုပ်များကို စားသုံးသူရေးရာဦးစီးဌာနမှ  စတနစ်တကျပေးအပ်ခဲ့ကြောင်း သိရသည်။

    စားသုံးသူပြည်သူများ စားအုန်းဆီအပြည့်အဝ ဝယ်ယူရရှိနိုင်ရန် နိုင်တော်မှ စီမံဆောင်ရွက်လျက်ရှိပြီး ရပ်ကွက်ပြည်သူများ ဆီထုတ်ယူခွင့်စာအုပ်ဖြင့် ဝယ်ယူနိုင်ရန်အတွက် ၂၀၂၄ခုနှစ်တည်းက စီစဉ်ဆောင်ရွက်ခဲ့ပြီး ယခုအခါ ကျေးရွာနေ ပြည်သူများပါ ဆီထုတ်ယူခွင့်စာအုပ်ဖြင့် ဝယ်ယူနိုင်ရန်အတွက် ဆီထုတ်ယူခွင့်စာအုပ်များကို ကျေးရွာအုပ်ချုပ်ရေးမှူးများမှတဆင့် ကျေးရွာနေ အိမ်ထောင်စုအလိုက် စာရင်းတောင်းခံ၍ စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ ဆီထုတ်ယူခွင်စာအုပ်များကို မအူပင်ခရိုင်ဦးစီးမှူးရုံးတွင် ပေးအပ်ခဲ့ပြီး မအူပင် ကျုံသင်ကျေးရွာမှ ၃၉၃အိမ်ထောင်စု။ ထရော်ပေကုန်း ၃၇၂ အိမ်ထောင်စု။ ထရော်စခန်းကြီး ၆၆၂ အိမ်ထောင်စု၊ ထရော်ညောင်ဝိုင်း ၉၂၂အိမ်ထောင်စု၊ ကွန်စု ၅၉၉အိမ်ထောင်စု၊ အိမ်ရာကြီး ၃၉၁ အိမ်ထောင်စုစာ ဆီထုတ်ယူခွင့် စာအုပ်များကို ကျေးရွာ အုပ်ချုပ်ရေးမှူးများထံ စနစ်တကျပေးခဲ့ကြောင်း၊ ကျေးရွာနေပြည်သူများကို ဆီကိုယ်စားလှယ်များမှ ဆီရောင်းချရာတွင် သတ်မှတ်စည်မျဉ်းများနှင့်အညီ ရောင်းချကြရန်နှင့် စားသုံးသူများက သိရှိနားလည်စေရန် အသိပညာပေး ကြပ်မတ်ဆောင်ရွက်ခဲ့ကြောင်း သိရပါသည်။

DOCA(ဧရာဝတီ)

ပန်းတနော်မြို့နယ် ပြည်တွင်းထုတ် ခေါက်ဆွဲခြောက်၊ ကြာဆံ ထုတ်များတွင် ကုန်အညွှန်းအမှတ်အသား ကွင်းဆင်း စစ်ဆေး

   ဧရာဝတီတိုင်းဒေသကြီး၊ ပန်းတနော်မြို့နယ်၌ စျေးကွက်အတွင်း ရောင်းချလျက်ရှိသော ပြည်တွင်းထုတ် ခေါက်ဆွဲခြောက်၊ အာဟာရဖြည့်စွပ်အစာ၊ အပါအဝင်အခြားစားသုံးကုန်ပစ္စည်းများကို (၁-၈-၂၀၂၅) နေ့လယ် (၁၃:၃၀)အချိန်က အနောက်ပိုင်းရပ်ကွက် ကုန်စုံဆိုင်များအား  ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြကြောင်း သိရသည်။

     အဆိုပါ ကွင်းဆင်းကြည့်ရှုစစ်ဆေးမှုသည်စျေးကွက်အတွင်းတွင် စားသုံးသူပြည်သူများသို့ ရောင်းချလျက်ရှိသော စားသုံးကုန်ပစ္စည်းများကုန်ညွှန်းအမှတ် ပြည့်စုံမှန်ကန်စေရေးနှင့် ကုန်ထုတ်လုပ်ခွင့်ဆိုင်ရာထောက်ခံချက်များရှိ မရှိကို ကွင်းဆင်းကြည့်ရှုစစ်ဆေးခြင်း၊ စားသုံးသူရေးရာဦးစီးဌာနမှ သတ်မှတ်ထုတ်ပြန်ထားသော ကုန်စည်အုပ်စု ၈မျိုး မြန်မာလို ကုန်အညွှန်းဖော်ပြရာတွင် လွယ်ကူစွာ ဖော်ပြရန် ညွှန်ကြားချက် (၂/၂၀၁၉) ကို ရှင်းလင်းခြင်း၊ သက်တမ်းလွန် ခြေက်ဆွဲခြောက်ထုတ်များရောင်းချခြင်း မပြုရန်၊ ထုတ်ကုန်များသည် စားသုံးသူများအတွက် ဘေးအန္တရာယ်ိမရှိကို စျေးကွက်အတွင်းစောင့်ကြည့် စစ်ဆေးခြင်းဖြစ်ကြောင်း သိရသည်။

  ယင်းကွင်းဆင်းစစ်ဆေးမှုကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ ဝန်ထမ်းများပူးပေါင်း ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

DOCA(ဧရာဝတီ)

မြောင်းမြခရိုင်၊ မော်ကျွန်းမြို့နယ် ဗိုလ်ချုပ်ဈေးရှိလက်လီ/ လက်ကား ရောင်းချနေသောဦးအောင်လှဆန်ဆိုင်အား သတ်မှတ်ရည်ညွှန်းဈေးဖြင့် ရောင်းချမှုရှိ/ မရှိ ကွင်းဆင်းစစ်ဆေး

              ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန မြောင်းမြခရိုင် မော်ကျွန်းမြို့နယ်တာဝန်ခံ ဦးမင်းဇော်လတ်နှင့် ဝန်ထမ်းများသည် မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် ပူးပေါင်း၍ (၂၉.၇.၂၀၂၅)ရက်နေ့၊ နံနက်(၁၁း၃၀) နာရီအချိန်တွင် မော်ကျွန်းမြို့နယ်ဗိုလ်ချုပ်ဈေးရှိ လက်လီ/ လက်ကားရောင်းချနေသော ဦးအောင်လှဆန်ဆိုင်အား သတ်မှတ်ရည်ညွှန်းဈေးဖြင့် ရောင်းချမှုရှိ/ မရှိ ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

          ထိုသို့ကွင်းဆင်းဆောင်ရွက်ရာတွင် မော်ကျွန်းမြို့နယ်တာဝန်ခံမှ မော်ကျွန်းမြို့နယ်ဗိုလ်ချုပ်ဈေးရှိ လက်လီ/ လက်ကား ရောင်းချနေသော ဦးအောင်လှဆန်ဆိုင်တွင် MRS မှသတ်မှတ်ထားသော ရည်ညွှန်းဈေးအတိုင်း ရောင်းချပေးနေပြီး ဆန်ဆိုင်ပိုင်ရှင်အား ဆန်ရောင်းချနေမှုနှင့် ပတ်သတ်၍ စားသုံးသူပြည်သူများအား ဈေးနူန်းမြှင့်တင်ရောင်းချခြင်းမပြုရန်၊ သတ််မှတ်ဈေးနူန်းဖြင့်သာရောင်းချကြရန်၊ ဈေးနူန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် ဆန်သိုလှောင်ထားရှိခြင်းများတွေ့ရှိပါက အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှု ဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဆန်ဆိုင်ပိုင်ရှင်များအား ရှင်းလင်းဆွေးနွေး ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA (ဧရာဝတီ)

ပန်းတနော်မြို့နယ် စားသောက်ဆိုင် ဝန်ဆောင်မှု လုပ်ငန်း တာဝန်ခံများနှင့် တွေ့ဆုံ၍ ဝန်ဆောင်မှု ကဏ္ဍအသိပညာပေးခြင်း

      စားသုံးသူရေးရာဦးစီးဌာနသည် ကုန်စည်များ ဘေးအန္တရာယ်ကင်းစွာ အသုံးပြုနိုင်ရန်အတွက် စစ်ဆေးဆောင်ရွက်သလို၊ ဝန်ဆောင်မှု လုပ်ငန်းများကို စားသုံးသူများက  အသုံးပြုခြင်းကြောင့် ဝန်ဆောင်မှု လုပ်ငန်းများ တန်ဖိုးနှင့် အညီ စားသုံးသူက အသုံးပြုနိုင်ရန် စစ်ဆေးခြင်း၊ အသိပညာပေးခြင်းများကို ဆောင်ရွက်လျက်ရှိသည်။

     ပန်းတနော်မြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ရှိသူများသည် စားသုံးသူပြည်သူများ လိုအပ်ချက်အရ ဝန်ဆောင်မှု လုပ်ငန်းများကို အသုံးပြုသည့်အခါ အဆင်ပြေချောမွေ့စွာ တန်ဖိုးနှင့်အညီ အသုံးပြုနိုင်ရန်အတွက် (၂-၈-၂၀၂၅) ရက်နေ့ နံနက်(၁၀:၀၀)နာရီက ခိုင်ခိုင်ကျော် ထမင်းဆိုင်၊ ခေးခေးလေး ထမင်းဆိုင်၊ ကေခိုင်ဦး ထမင်းဆိုင် မှ ဆိုင်တာဝန်ခံများနှင့် တွေ့ဆုံ၍ ဝန်ဆောင်မှု ကဏ္ဍနှင့် ပတ်သက်၍ လုပ်ငန်းများ ရောင်းချရာတွင် သတ်မှတ်စည်းကမ်းများနှင့်အညီ လိုက်နာဆောင်ရွက်ရန်ကို အသိပညာပေး စစ်ဆေးဆောင်ရွက်ခဲ့ကြသည်။

     စားသောက်ဆိုင်လုပ်ငန်းရှင်များသည် တည်ဆဲကုန်သွယ်လုပ်ငန်းခွန်စည်းမျဉ်းများအရ  ပြဋ္ဌာန်းချက်နှင့်အညီ အခွန်အမှတ်တံဆိပ်ကပ်နှိပ်ထားသည့် ပြေစာဖြင့် ရောင်းရငွေနှင့်အတူ ကျသင့်ကုန်သွယ်လုပ်ငန်းခွန်ကို စားသုံးသူများထံမှ တစ်ပါတည်းကောက်ခံရာတွင် ကြိုတင်အသိပေး ဆောင်ရွက်ရန် တာဝန်ရှိသကဲ့သို့ ကောက်ခံရရှိသော ထိုကုန်သွယ်လုပ်ငန်းခွန်များကို သက်ဆိုင်ရာဦးစီးဌာနမှူးရုံးသို့ ပေးသွင်းရန် တာဝန်ရှိကြောင်း၊ စားသုံးသူဝယ်ယူအသုံးပြုရန် ဝယ်ယူသော ကုန်စည်တန်ဖိုးများကို မြင်သာစွာ ဖော်ပြထားန်ကိုလည်းကောင်း၊ စားသောက်ဆိုင်များတွင် စားသုံးသူများအနေဖြင့် စားသောက်ဆိုင်သို့ ကျသင့်ငွေပေးချေချိန်တွင် အခွန်အမှတ်တံဆိပ်ကပ်ထားသော ပြေစာကိုတောင်းယူခွင့်ရှိကြောင်းကိုလည်းကောင်း စားသောက်ဆိုင်များကလည်း စားသုံးသူက တောင်းခံသည်ဖြစ်စေ၊ မတောင်းခံသည်ဖြစ်စေ၊ အခွန်အမှတ် တံဆိပ်ကပ်နှိပ်ထားသောပြေစာများကိုသာ ထုတ်ပေးခြင်းဖြင့်လည်းကောင်း ပူးပေါင်းပါဝင် လိုက်နာ ဆောင်ရွက်ရန် အသိပေးပြောကြား ဆွေးနွေးကြောင်း သိရသည်။

DOCA(ဧရာဝတီ)

 

 

မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ်၊ စားသုံးသူပြည်သူများအား အသိပညာပေး Talk Show ပြုလုပ်

          ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြမြို့နယ်တာဝန်ခံ ဦးလှထွဠ်ဦးသည် (၂၅.၇.၂၀၂၅) ရက်နေ့ နေလယ် (၁၅:၃၀) နာရီအချိန်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့နှင့်ပူးပေါင်းကာ စားသုံးသူပြည်သူများအား မြောင်းမြမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၊ Community Centre ခန်းမတွင် စားသုံးသူအသိပညာပေး  Talk  Show  ပြုလုပ်ခဲ့ပါသည်။

          ထိုသို့ဟောပြောဆွေးနွေးရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးမှ  စားသုံးသူအသိပညာပေး Talk Show ပြုလုပ်ရခြင်း၏ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားပြီး၊ စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံမှ ဌာန၏မျှော်မှန်းချက်၊ ရည်မှန်းချက်များအား ရှင်းလင်းပြောကြားခဲ့ပြီး၊ စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၉)ပါ စားသုံးသူ၏ အခွင့်အရေးနှင့်တာဝန်များ၊ ဥပဒေအခန်း(၁၀)ပါ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များနှင့် ပြစ်မှုပြစ်ဒဏ်များ၊ တားမြစ်ချက်များ ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ထားသည့် ဥပဒေများနှင့်အညီ လိုက်နာဆောင်ရွက်ကြရန် ဥပဒေတားမြစ်ချက်များအား လိုက်နာဆောင်ရွက်မှုမရှိပါက ပြစ်မှုပြစ်ဒဏ်များအတိုင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ဥပဒေအခန်း(၁၄) ပုဒ်မ-၂၇ပါ ဝန်ဆောင်မှုလုပ်ငန်းများ၏ အာမခံချက်နှင့် စားသုံးသူက တောင်းဆိုနိုင်သည့် အခွင့်အရေးများအကြောင်း၊  စီးပွားရေးလုပ်ငန်းရှင်သည် ကုန်စည်နှင့်စပ်လျဉ်း၍ ဖော်ပြရမည့် (အာမခံ)ချက်များအကြောင်း ဟောပြောဆွေးနွေးခဲ့ပါသည်၊ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ဥပဒေပါ အချက်အလက်များသိရှိလိုပါက မြို့နယ်စားသုံးသူတာဝန်ခံရုံးတွင်လည်းကောင်း၊ စားသုံးသူရေးရာဦးစီးဌာနရုံးချုပ်၏ www.doca. gov.mm website တွင် ဝင်ရောက်လေ့လာနိုင်ပါကြောင်း၊ စားသုံးသူများနစ်နာမှုရှိလာပါက စားသုံးသူ သတင်းပြန်ကြားရေးနှင့် တိုင်ကြားမှုလက်ခံဆောင်ရွက်ရေးစင်တာ CICC သို့ လူကိုယ်တိုင်ဖြစ်စေ၊ တယ်လီဖုန်းဖြင့်ဖြစ်စေ တိုင်ကြားနိုင်ကြောင်း အသိပညာပေးဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA (ဧရာဝတီ)

မြောင်းမြခရိုင်၊ လပွတ္တာမြို့နယ် အမှတ်(၃)ရပ်ကွက်အတွင်းရှိလက်လီ/ လက်ကား ရောင်းချနေသောဒေါ်တင်အေး ဆန်ဆိုင်အား သတ်မှတ်ရည်ညွှန်းဈေးဖြင့် ရောင်းချမှုရှိ/ မရှိ ကွင်းဆင်းစစ်ဆေး

               ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန မြောင်းမြခရိုင် လပွတ္တာမြို့နယ်တာဝန်ခံ ဦးမြင့်ဌေးနှင့် ဝန်ထမ်းများသည် မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် ပူးပေါင်း၍ (၂၉.၇.၂၀၂၅)ရက်နေ့၊ နံနက်(၁၁း၃၀) နာရီအချိန်တွင် လပွတ္တာမြို့နယ် (၃)ရပ်ကွက်အတွင်းရှိ လက်လီ/ လက်ကားရောင်းချနေသော ဒေါ်တင်အေးဆန်ဆိုင်အား သတ်မှတ်ရည်ညွှန်းဈေး ဖြင့် ရောင်းချမှုရှိ/ မရှိ ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

            ထိုသို့ကွင်းဆင်းဆောင်ရွက်ရာတွင် လပွတ္တာမြို့နယ်တာဝန်ခံမှ လပွတ္တာမြို့နယ်(၃)ရပ်ကွက်အတွင်းရှိ လက်လီ/လက်ကား ရောင်းချနေသောဒေါ်တင်အေး ဆန်ဆိုင်တွင် MRS မှသတ်မှတ်ထားသော ရည်ညွှန်းဈေးအတိုင်း ရောင်းချပေးနေပြီး ဆန်ဆိုင်ပိုင်ရှင်အား ဆန်ရောင်းချနေမှုနှင့် ပတ်သတ်၍ စားသုံးသူပြည်သူများအား ဈေးနူန်းမြှင့်တင် ရောင်းချခြင်းမပြုရန်၊ သတ််မှတ်ဈေးနူန်းဖြင့်သာရောင်းချကြရန်၊ ဈေးနူန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးကစားရန် ရည်ရွယ်ချက်ဖြင့် ဆန်သိုလှောင်ထားရှိခြင်းများတွေ့ရှိပါက အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှု ဥပဒေအရ အရေးယူ ဆောင်ရွက်သွားမည် ဖြစ်ကြောင်းဆန်ဆိုင်ပိုင်ရှင်များအား ရှင်းလင်းဆွေးနွေး ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA (ဧရာဝတီ)

MSME လုပ်ငန်းဖွံ့ဖြိုး တိုးတက်ရေး ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး ဆန်စက်သို့ ကွင်းဆင်းစစ်ဆေးခြင်း

     စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံး၊ ဓနုဖြူမြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး ဦးဝင်းမင်းစိုးနှင့် ဝန်ထမ်းများသည် (၂.၈.၂၀၂၅) နေ့နံနက် (၁၀:၃၀)အချိန်တွင် ဓနုဖြူမြို့နယ် ရွှေမြင့်မိုရ်ဆန်စက် သပြုကျေးရွာသို့သွားရောက်၍ ဆန်စပါး ဝယ်ယူကြိတ်ခွဲမှု၊ စပါးဆန်ဈေးကွက် အခြေအနေ များ၊ သိုလှောင်ရုံမှတ်ပုံတင်ထားရှိမှု ရှိ/မရှိ၊ MSME လုပ်ငန်းဖွံ့ဖြိုးတိုးတက်စေရေးကို ကွင်းဆင်း လေ့လာ ဆောင်ရွက်ခဲ့ပါသည်။

      အဆိုပါ ဆောင်ရွက်ခြင်းကို မြို့နယ်စာသုံးသူရေးရာဦးစီးဌာနမှ ဆန်ထွက်ပစ္စည်းများ ဈေးကွက် အတွင်း ဖြန်ဖြူးရောင်းချရာတွင် ထုတ်ကုန် လုံခြုံစိတ်ချမှုရှိစေရေး အသိပညာပေးခြင်းနှင့် စပါး/ဆန် သိုလှောင်ရုံမှတ်ပုံတင်ထားရှိမှုကိုစစ်ဆေးခြင်း၊ သက်တမ်းတိုးရန်ရှိပါက သက်တမ်းတိုးဆောင်ရွက်ရန်ကိုလည်းကောင်း၊  ဆန်စက်ကြိတ်ခွဲထွက်ရှိသော ဆန်များကို မြို့နယ်တွင်း လက်ကားဖြန့်ဖြူးရောင်းချသူများသို့ ဩဂုတ်လ သတ်မှတ်ရည်ညွှန်ဈေးဖြင့် ရောင်းချရန်ကိုလည်းကောင်း ဆန်စက်တွင် ဆန်လက်ကျန်၊ ဆန်သိုလှောင်ထားရှိမှုအခြေအနေ၊ ဆန်တင်ပိုမှု အခြေအနေများ၊ ရန်ကုန်ဆန်တင်ပို့မှုအခြေအနေများကို စစ်ဆေးခဲ့ပြီး ဆန်စက် လုပ်ငန်း ဖွံ့ဖြိုးတိုးတက်စေရေအတွက် ဆန်စက်လုပ်ငန်းရှင် များနှင့် ဆွေးနွေးခဲ့ကြောင်း သိရသည်။

DOCA(ဧရာဝတီ)

ကျောင်းမုန့်ဈေးတန်းရှိ မုန့်များအား စားသုံးရန်သင့်မသင့်ကို ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

    ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ် အ.ထ.က-၁ စာသင်ကျောင်းတွင်  စားသုံးသူရေးရာဦးစီးဌာနနှင့်၊ ကျန်းမာရေးဦးစီးဌာန၊ ပြန်ကြားရေး နှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍ မုန့်ဈေးတန်းအား ကွင်းဆင်းစစ်ဆေးခြင်းကို (၂.၈.၂၀၂၅)နေ့နံနက်(၉:၃၀)နာရီက ဆောင်ရွက်ခဲ့သည်။
    ဓနုဖြုမြို့ အ.ထ.က-၁ကျောင်းမုန့်ဈေးတန်းတွင်  ရောင်းချနေသည့် မုန့်ဆိုင် ၆ဆိုင်ရှိ အစားအသောက်နှင့် မုန့်များတွင်
FDA မှတားမြစ်ထားသောမုန့်များရောင်းချခြင်း ရှိ/မရှိ၊ သက်တမ်းလွန်မုန့်များကိုစစ်ဆေးခြင်း၊ မသန့်ရှင်း သော အစားအသောက်များ ရောင်းချမှုမရှိစေရေး ပညာပေးခြင်း၊ ၊ မိုးရာသီဖြစ်၍ ဝမ်းပျက်ဝမ်းလျော ဖြစ်နိုင်သည့်အတွက် ယဉ်နားစာများကို မရောင်းချရန်၊ အုပ်ဆောင်း၊ ဇကာ၊ အဖုံးတို့ဖြင့် ရောင်းချရန်၊ မြန်မာမုန့်ရောင်းချသူများအနေဖြင့် ခေါင်းစွပ်၊ လက်အိတ်များအသုံးပြု၍ မြန်မာမုန့်များကို ကိုင်တွယ် ရောင်းချရန်၊  တကိုယ်ရည်သန့်ရှင်းကို အထူးဂရုစိုက်ရန်၊ မုန့်ဈေးတန်းပတ်ဝန်ကျင်အနီး ရေဝတ်ခြင်းများ၊ မရှိရန်၊ ခြင်မပေါက်ဖွားစေရေးအတွက် ဖုံး၊ သွန်၊ လဲ၊ စစ် အချက်များကို အပတ်စဉ်စစ်ဆေးလုပ်ဆောင်ရန် ဈေးဆိုင်ရှင်များအား အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

DOCA(ဧရာဝတီ)

မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ် ဈေးရပ်ကွက်အတွင်းရှိလက်လီ/ လက်ကား ရောင်းချနေသောဦးစိုးအေးဆန်ဆိုင်အား သတ်မှတ်ရည်ညွှန်းဈေးဖြင့် ရောင်းချမှုရှိ/ မရှိ ကွင်းဆင်းစစ်ဆေး

             ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန မြောင်းမြခရိုင် ဝါးခယ်မမြို့နယ်တာဝန်ခံ ဦးအောင်မိုးနှင့် ဝန်ထမ်းများသည် မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် ပူးပေါင်း၍ (၂၉.၇.၂၀၂၅)ရက်နေ့၊ နံနက်(၁၁း၃၀) နာရီအချိန်တွင် ဝါးခယ်မမြို့နယ် ဈေးရပ်ကွက်အတွင်းရှိ လက်လီ/ လက်ကားရောင်းချနေသော ဦးစိုးအေးဆန်ဆိုင်အား သတ်မှတ်ရည်ညွှန်းဈေးဖြင့် ရောင်းချမှုရှိ/ မရှိ ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

          ထိုသို့ကွင်းဆင်းဆောင်ရွက်ရာတွင် ဝါးခယ်မမြို့နယ်တာဝန်ခံမှ ဝါးခယ်မမြို့နယ်ဈေးရပ်ကွက်ရှိ လက်လီ/ လက်ကား ရောင်းချနေသော ဦးစိုးအေးဆန်ဆိုင်တွင် MRS မှသတ်မှတ်ထားသော ရည်ညွှန်းဈေးအတိုင်း ရောင်းချပေးနေပြီး ဆန်ဆိုင်ပိုင်ရှင်အား ဆန်ရောင်းချနေမှုနှင့် ပတ်သတ်၍ စားသုံးသူပြည်သူများအား ဈေးနူန်းမြှင့်တင် ရောင်းချခြင်းမပြုရန်၊ သတ််မှတ်ဈေးနူန်းဖြင့်သာရောင်းချကြရန်၊ ဈေးနူန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် ဆန်သိုလှောင်ထားရှိခြင်းများတွေ့ရှိပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှု ဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဆန်ဆိုင်ပိုင်ရှင်များအား ရှင်းလင်းဆွေးနွေး ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA (ဧရာဝတီ)

ကုန်အညွှန်းအမှတ်အသား ပြည်စုံစွာ ဖော်ပြနိုင်ရေး လုပ်ငန်းရှင်နှင့် တွေ့ဆုံ ဆွေးနွေး

     မအူပင်ခရိုင်၊ စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် မအူပင်မြို့နယ်အတွင်း တပိုင်တနိုင်ထုတ်ကုန်ထုတ်လုပ်သူ စီးပွားရေးလုပ်ငန်းရှင်များ အား တွေ့ဆုံပြီး ဦးစီးဌာနမှထုတ်ပြန်ထားသည့် အမိန့်နှင့်ညွှန်ကြားချက်များ စားသုံးသူ ကာကွယ်ရေး ဥပဒေအကြောင်းများနှင့် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာထည့်သွင်း ဖော်ပြရေး အတွက် လစဉ်ကွင်းဆင်း စစ်ဆေး အသိပညာပေးလျက် ရှိရာ (၄.၈.၂၀၂၅)ရက်နေ့၊ နံနက်(၀၉၃၀)နာရီအချိန် တွင် အမှတ်(၁၀)ရပ်ကွက်ရှိ နီလာပေါင်မုန့် ထုတ်လုပ်ဖြန့်ဖြူရောင်းချ သည့် စီးပွားရေးလုပ်ငန်းရှင်အား တွေ့ဆုံဆွေးနွေးခဲ့ပါသည်။

  ထိုသို့တွေ့ဆုံရာတွင် စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ၊ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် စပ်လျဉ်း၍ ဖော်ပြရမည့် အချက်အလက် အကြောင်းများ၊ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေး ကော်မရှင်၏ညွှန်ကြားချက် အမှတ်(၂/၂၀၁၉)ပါ အကြောင်းများ၊ မုန့်ထုတ်လုပ်ရာတွင် ကုန်စည်၏အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်နှင့်အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှုအညွှန်းနှင့် ဓါတ်မတည့်ကြောင်း ဖော်ပြချက်တို့ကို မြန်မာဘာသာဖြင့်ဖြစ်စေ၊  မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု သို့မဟုတ် တစ်ခုထက်ပို၍တွဲလျက်ဖြစ်စေ ဖော်ပြရမည့်အကြောင်းများ၊ ပေါင်မုန့်ဖြစ်၍ သက်တမ်းကုန်ရက်စွဲကို မဖြစ်အနေထည့်သွင်းဖော်ပြရန်တို့ကို မှာကြားပြီး၊ စားသုံးသူများသာမက စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ဌာနမှဆောင်ရွက်နေသော လုပ်ငန်းများကို သိရှိလိုပါက ရုံးဖွင့်ရက်ရုံးချိန်အတွင်း Consumer Call Center No 1535သို့ ဆက်သွယ်မေးမြန်းနိုင်သည့်အကြောင်းများ အသိပညာပေး ဆွေးနွေးခဲ့ပြီး စားသုံးသူကာကွယ်ရေးအသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ