Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် MRF မှ သတ်မှတ်ထုတ်ပြန်ထားသည့် ဈေးနှုန်းများအပေါ်မြှင့်တင် ရောင်းချမှုရှိ/ မရှိ ကွင်းဆင်းစစ်ဆေး

          စားသုံးသူရေးရာဦးစီးဌာန၊ ကြံခင်းမြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် (၂၅.၇.၂၀၂၅) ရက်နေ့ နံနက်(၀၉:၀၀)နာရီအချိန်တွင် မိတ်ဘက်ဌာနဆိုင်ရာများနှင့်ပူးပေါင်း၍ ကြံခင်းမြို့မဈေးအတွင်းရှိ ဆန်ဆိုင်များအား မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် MRF မှ သတ်မှတ်ထုတ်ပြန်ထားသည့် ဈေးနှုန်း အပေါ် မြှင့်တင်ရောင်းချမှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်းကိုဆောင်ရွက်ခဲ့ပါသည်။

           ထိုသို့ကွင်းဆင်းရာတွင် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် MRFမှလအလိုက်ထုတ်ပြန်ပေးသော သင့်တင့်မျှတသောဈေးကွက်ဈေးနှုန်းဖြင့်ဆန်များဖြန့်ဖြူးရောင်းချနိုင်ရေးကိုကြော်ငြာချက်ပါ ဆန်ဈေးနှုန်းများအလိုက် ရောင်းချနိုင်စေရေး၊ သတ်မှတ်ရည်ညွှန်းဈေးထက် အမြတ် ၈% ထက်ကျော်လွန် ရောင်းချခြင်းမဖြစ်စေရေး၊ ဈေးကွက်အတွင်း ကုန်စည်များပြတ်လပ်မှု မရှိစေရေးတို့ကို စစ်ဆေးခဲ့ပြီး၊ ဈေးကွက်အတွင်းရောင်းချနေသော ဆန်ဈေးနှုန်းများမှာ သတ်မှတ်ရည်ညွှန်းဈေးများအတိုင်း ရောင်းချလျက်ရှိကြောင်း စိစစ်တွေ့ရှိရသည်ဟု သတင်းရရှိပါသည်။

DOCA (ဧရာဝတီ)

ဇလွန်မြို့နယ် ဆန်တန်းရပ်ကွက်ရှိ မုန့်မျိုးစုံလုပ်ငန်းရှင်များအား အသိပညာပေးဟောပြောခြင်း

            စားသုံးသူရေးရာဦးစီးဌာန၊ ဇလွန်မြို့နယ်တာဝန်ခံသည် (၂၄.၇.၂၀၂၅)ရက်နေ့ နံနက်(၁၁:၃၀) နာရီအချိန်တွင် ဇလွန်မြို့၊ ဆန်တန်းရပ်ကွက်ရှိ အုပ်ချုပ်ရေးမှူးရုံး၌ မုန့်မျိုးစုံလုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေးဆိုင်ရာ ကုန်အညွှန်းအမှတ်အသား‌ဖော်ပြခြင်း၊ ဈေးကွက်မရောက်မီ ထုတ်ကုန်လုံခြုံ စိတ်ချရမှုရှိစေရေး၊ MSME လုပ်ငန်းများဖွံ့ဖြိုးတိုးတက်စေရေး အသိပညာပေးဟောပြောခြင်းကို ဆောင်ရွက်ခဲ့ပါသည်။

           ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်တာဝန်ခံ ဦးမိုးကျော်က စားသုံးသူမိဘပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစွာအသုံးပြုနိုင် စေရန်၊  ထုတ်ကုန်များ လုံခြုံစိတ်ချရမှုရှိစေရန်၊ MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေးနှင့် မိမိတို့ ထုတ်လုပ်လျက်ရှိသောလုပ်ငန်းတွင် သန့်ရှင်းသပ်ရပ်စွာ ထုတ်လုပ်နိုင်ရေး၊ လုပ်ငန်းလုပ်ကိုင်ရာတွင် တစ်ကိုယ်ရည်သန့်ရှင်းရေးနှင့် ပတ်ဝန်းကျင်သန့်ရှင်းစေရေးတို့ကို အလေးထားဆောင်ရွက်ရန် လိုအပ်ကြောင်း၊ ဈေးကွက်မရောက်မီ ကုန်စည်များသိုလှောင်ထားရှိမှု၊ ကုန်စည်၏ ထုတ်လုပ်ပုံနည်းစနစ်၊ ဈေးနှုန်းဈေးကွက်အခြေအနေ၊ ရင်းနှီးမြှပ်နှံမှုနှင့် အကျိုးအမြတ်ရရှိမှု၊ သက်ဆိုင်ရာဌာနများ၏ ထောက်ခံချက်၊ သတ်မှတ်ထားသော စံချိန်စံညွှန်းပြည့်မီအောင် ထုတ်လုပ်နိုင်ရေးဆောင် ရွက်ရန်လိုအပ်ကြောင်း၊ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့်ထုတ်ပြန်ထားသော ညွှန်ကြားချက်များ အတိုင်းလိုက်နာ ဆောင်ရွက်ရန်၊  ကုန်စည်နှင့်စပ်လျဉ်း၍ အာမခံချက်ပေးရာတွင် စားသုံးသူများ စိတ် ကျေနပ်မှုရှိစေရေးနှင့် စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များအကြောင်း၊ တားမြစ်ချက်များအကြောင်းနှင့် ပြစ်မှုပြစ်ဒဏ်များအကြောင်း စသည်တို့ကို အသိပညာပေး ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA (ဧရာဝတီ)

အင်္ဂပူမြို့နယ်၊ ကွင်းကောက်မြို့ရှိ “သိန်းကမ္ဘာ”ပေါင်မုန့်လုပ်ငန်းသို့ ကွင်းဆင်းစစ်ဆေးခြင်း

          စားသုံးသူရေးရာဦးစီးဌာန၊ အင်္ဂပူမြို့နယ်တာဝန်ခံနှင့်ဝန်ထမ်းများသည် (၂၄.၇.၂၀၂၅)ရက်နေ့ နံနက်(၁၀:၃၀)နာရီအချိန်တွင် အင်္ဂပူမြို့နယ်၊ ကွင်းကောက်မြို့၊ လမ်းမတော်လမ်းရှိ “သိန်းကမ္ဘာ” ပေါင်မုန့်လုပ်ငန်းသို့ သွားရောက်၍ SMEs ဖွံ့ဖြိုးတိုးတက်စေရေးနှင့် ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများကို ဆောင်ရွက်ခဲ့ပါသည်။

            ထိုသို့ကွင်းဆင်းရာတွင် မြို့နယ်တာဝန်ခံ ဦးဘိုဘိုက ပြည်သူများစားသုံးရန် ထုတ်လုပ်လျက်ရှိသော မိသားစုတစ်နိုင်တစ်ပိုင် ပေါင်မုန့်လုပ်ငန်းတွင် စားသုံးသူပြည်သူများ  ဘေးအန္တရာယ်ကင်းရှင်းစွာ စားသုံးနိုင်ရေး၊ ထုတ်ကုန်များ လုံခြုံစိတ်ချရမှုရှိစေရန်၊ စားသုံးရန် သို့မဟုတ် အသုံးပြုရန် သင့်/ မသင့် စစ်ဆေးခဲ့ပြီး၊ သက်ဆိုင်ရာထောက်ခံချက်များ ရရှိထားပြီး စားသုံးရန်သင့်ကြောင်း စစ်ဆေးဆွေ့ရှိရပါသည်။ ဆက်လက်၍ ကုန်စည်၏ ထုတ်လုပ်ပုံ နည်းစနစ်၊ ဈေးနှုန်းဈေးကွက်အခြေအနေ၊ ရင်းနှီးမြှပ်နှံမှုနှင့် အကျိုးအမြတ်ရရှိမှု၊ သက်ဆိုင်ရာ ဌာနများ၏ ထောက်ခံချက်၊ သတ်မှတ်ထားသော စံချိန်စံညွှန်း ပြည့်မီအောင် ထုတ်လုပ်နိုင်ရေး၊ ပတ်ဝန်းကျင်သန့်ရှင်းမှုတို့ကို အလေးထားဆောင်ရွက်စေလိုကြောင်း ဆွေးနွေးခဲ့ပြီး၊ လုပ်ငန်းရှင်ဘက်မှလည်း စားသုံးသူများ အန္တရာယ်ကင်းစွာ အသုံးပြုနိုင်ရေး ဦးစားပေးဆောင်ရွက်လျက်ရှိကြောင်း၊ ကုန်စည် ဝယ်လိုအားပေါ်မူတည်၍ ထုတ်လုပ်မှု အနည်းအများရှိကြောင်း ပြန်လည် ဆွေးနွေးခဲ့သည်ဟု သိရှိရပါသည်။

DOCA (ဧရာဝတီ)

ဒေးဒရဲမြို့နယ်တွင် အသင့်စားခေါက်ဆွဲခြောက်ထုပ်များအား ကွင်းဆင်းစစ်ဆေး

      ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းတို့သည် ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ (၄) ရက်နေ့၊ နေ့လယ် (၁၅:၀၀) နာရီအချိန်တွင် ဒေးဒရဲမြို့နယ်ရှိ အသင့်စားခေါက်ဆွဲ ရောင်းချနေသော ကုန်မျိုးစုံ ဆိုင်(၃) ဆိုင်သို့ ကွင်းဆင်းစစ်ဆေးခဲ့ကြပါသည်။

    ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံဦးသိန်းမောင်က စားသုံးသူကာကွယ်ရေး ဥပဒေ အခန်း(၁၈) အရ ကုန်အညွှန်းအမှတ်အသား ဖော်ပြချက်နှင့် ကိုက်ညီမှုရှိ/မရှိ၊ ဈေးကွက်အတွင်းရောင်းချနေသော အသင့်စားခေါက်ဆွဲခြောက်ထုပ်များအား စစ်ဆေးခဲ့ကြရာ ရောင်းချနေသော Jumbo ၊ Shin Shin ၊ Yum Yum ၊ Wah–Lah ခေါက်ဆွဲခြောက်ထုပ်များတွင် FDA ထောက်ခံချက်အမှတ်နှင့် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာ ဖော်ပြထားရှိမှု အခြေအနေတို့အား  ကွင်းဆင်းစစ်ဆေးခဲ့မှုအရ သတင်းရရှိခဲ့ပါသည်။

DOCA(ဧရာဝတီ)

ဇလွန်မြို့နယ်အတွင်းရှိ ဘိလပ်မြေအရောင်းဆိုင်များအား ဈေးနှုန်းမြှင့်တင်ရောင်းချမှု ရှိ/ မရှိ ကွင်းဆင်းစစ်ဆေးခြင်း

           စားသုံးသူရေးရာဦးစီးဌာန၊ ဟင်္သာတမြို့နယ်တာဝန်ခံသည် (၂၈-၇-၂၀၂၅ )ရက်နေ့၊ နံနက် (၁၀:၃၀)မိနစ်တွင် သက်ဆိုင်ရာဌာနဆိုင်ရာများနှင့်ပူးပေါင်း၍ ဇလွန်မြို့နယ်အတွင်းရှိ ဘိလပ်မြေအရောင်းဆိုင်များတွင် ဈေးနှုန်းမြှင့်တင်ရောင်းချမှုရှိ/ မရှိအား ကွင်းဆင်းစစ်ဆေးခြင်းကို ဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့ကွင်းဆင်းရာတွင် ဇလွန်မြို့နယ်အတွင်းရှိ ဘိလပ်မြေအရောင်းဆိုင်(၄)ဆိုင်အား သွားရောက် စစ်ဆေးခဲ့ရာ အိမ်ဆောက်ရာတွင်အသုံးပြုသော ဘိလပ်မြေ၊ သွပ်၊ သံ၊ ကျောက်၊ အုတ်၊ သဲပစ္စည်းများအား ဝယ်ယူရရှိသည့် ဈေးပေါ်မူတည်၍  သယ်ယူစရိတ်၊ လုပ်သားခအပါအဝင် သင့်တင့်မျှတသော ဈေးနှုန်းဖြင့်သာ ရောင်းချလျက်ရှိကြောင်းတွေ့ရှိရပါသည်။ ဇလွန်မြို့နယ်တွင် ဘိလပ်မြေအဝင်ရှိသော်လည်း ခွဲတမ်းအရအနည်းငယ်သာကျန်ရှိပြီး ပြည်သူများအား အချိုးကျရောင်းချပေးနေကြောင်းနှင့် ပစ္စည်းများလိုသလောက် ရောင်းချမပေးနိုင်သော်လည်း မိမိတို့၏အစီအစဉ် အဆက်အသွယ်များမှ တစ်ဆင့်မှာယူပြီး လုပ်ငန်းများတွင် သုံးစွဲနေကြောင်းနှင့် Crown တစ်အိတ် လျှင်(၂၃၀၀ဝိ/-)ကျပ်၊ အုတ်တစ်လုံးလျှင် (၃၂ဝိ/-)ကျပ်၊ သံတစ်တန်လျှင် (၂၀၀၀၀၀ဝိ/-)ကျပ် ဈေးတို့ဖြင့် အရောင်းအဝယ် ဖြစ်လျက်ရှိပြီး ယခင်အပတ်နှင့်နှိုင်းယှဉ်ပါက ဈေးနှုန်းတည်ငြိမ်လျက်ရှိကြောင်း ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်းဖြင့် သိရှိရပါသည်။

DOCA(ဧရာဝတီ)

ဖျာပုံခရိုင်ဦးစီးမှူးရုံးတွင် သလိပ်ကြီးကျေးရွာသို့ စားအုန်းဆီ ခွဲဝေ ဖြန့်ဖြူးရောင်းချ

   ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင် စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးထွေးသိမ်းနှင့် ဝန်ထမ်းတို့သည် ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ (၄) ရက်နေ့၊ နေ့လယ် (၁၄:၀၀) နာရီအချိန်တွင် ဖျာပုံမြို့နယ်  သလိပ်ကြီးကျေးရွာရှိ အုပ်ချုပ်ရေးမှူးနှင့် ရပ်မိရပ်ဖများကို ခေါ်ယူ၍ စားအုန်းဆီခွဲဝေဖြန့်ဖြူး ရောင်းချ ခဲ့ပါသည်။

     ထို့နောက် အုပ်ချုပ်ရေးမှူးနှင့် ရပ်မိရပ်ဖများအား ကျေးရွာရှိ အိမ်ထောင်စုများသို့ စားအုန်းဆီများကို ပြည်သူထံသို့ ရောင်းချနေမှုများအား မှတ်တမ်းဓာတ်ပုံရိုက်၍ ပြန်လည်ပေးပို့ရန်နှင့် ဆီစာအုပ်များကို အိမ်ထောင်စုအလိုက် ခွဲဝေပေးရှိကြရန် ဆွေးနွေးခဲ့ကြပါသည်။

DOCA(ဧရာဝတီ)

မြန်အောင်မြို့နယ်အတွင်းရှိ အခြေခံစားသောက်ကုန် ဈေးနှုန်းမြှင့်တင်ရောင်းချမှုရှိ/ မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

          စားသုံးသူရေးရာဦးစီးဌာန၊ မြန်အောင်မြို့နယ်တာဝန်ခံသည် (၂၈-၇-၂၀၂၅ )ရက်နေ့၊ နံနက် (၁၁:၃၀)မိနစ်တွင် သက်ဆိုင်ရာဌာနဆိုင်ရာများနှင့်ပူးပေါင်း၍ မြန်အောင်မြို့နယ်အတွင်းရှိ အခြေခံစားသောက်ကုန်အရောင်းဆိုင်များတွင် ဈေးနှုန်းမြှင့်တင်ရောင်းချမှုရှိ/ မရှိအား ကွင်းဆင်းစစ်ဆေးခဲ့ ပါသည်။

          အထက်ပါကိစ္စနှင့်ပတ်သက်၍ မြန်အောင်ခရိုင် မြန်အောင်မြို့နယ်အတွင်းရှိ အခြေခံစားသောက်ကုန် ပစ္စည်းများ ရောင်းချနေသောဆိုင်များသို့ ဈေးနှုန်းမြင့်တက်မှုမရှိစေရေး၊ ဖြစ်သင့်ဖြစ်ထိုက်သည့် ဈေးနှုန်းများဖြစ်ပေါ်စေရေး ဆက်စပ်ဌာနဆိုင်ရာများနှင့်ပူးပေါင်း၍ မြန်အောင်မြို့နယ်တာဝန်ခံမှ ကွင်း ဆင်းစစ်ဆေးခဲ့ရာ စစ်ဆေးတွေ့ရှိချက်များအရ ရောင်းချနေသော အခြေခံစားသောက်ကုန် ဈေးနှုန်းများအား ယခင်အပတ်နှင့် ယခုအပတ်နှိုင်းယှဉ်ပါက စားအုန်းဆီ ဈေးနှုန်းနှင့် အာလူးဈေးနှုန်းတို့မှာ အနည်းငယ်မြင့်တက်သွားပြီး အခြားစားသောက်ကုန်ဈေးနှုန်းများမှာ ပြောင်းလဲမှုမရှိဘဲ ဈေးနှုန်းတည် ငြိမ်လျက်ရှိကြောင်း ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းဖြင့် စိစစ်တွေ့ရှိရပါသည်။

DOCA(ဧရာဝတီ)

ဒေးဒရဲမြို့နယ် “ဒေါ်ထွေး” ငါးပိ၊ငံပြာရည် လုပ်ငန်းသို့ ကွင်းဆင်း

      ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ် တာဝန်ခံနှင့် ဝန်ထမ်းတို့သည် ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ (၁) ရက်နေ့၊ နေ့လယ်  (၁၂:၀၀) နာရီအချိန်တွင် ချောင်းဖျားကျေးရွာရှိ “ဒေါ်ထွေး” ငါးပိ၊ ငံပြာရည် လုပ်ငန်းသို့ စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်း စေရေးနှင့် ထုတ်ကုန်လုံခြုံစိတ်ချရမှု ရှိစေရေးအတွက် ကွင်းဆင်းခဲ့ကြပါသည်။

       လုပ်ငန်းရှင်က ငါးပိ၊ငံပြာရည် ထုတ်လုပ်ရန်အတွက် ကုန်ကြမ်းကို ဖျာပုံမြို့နယ် ၊ ဘုန်းကြီးသောင် ကျေးရွာမှ ရေငန်ထွက်ပစ္စည်း ဖြစ်သော ငါးတံခွန်၊မျှင်ငါးပိ အစရှိသည့် ကုန်ကြမ်း ပစ္စည်းများကို ဝယ်ယူရသည်။ အဆိုပါကုန်ကြမ်းများကို ဆားနှင့်နယ်ပြီး အိုးထဲတွင် (၃) လခန့် သိုလှောင်ရပြီး ထွက်ရှိလာသော ငံပြာရည် အကြည်ကို ခပ်ပြီးလျှင် မိုးပြဲဒယ်နှင့် ကျိုရပြီး အနည်နှင့် စွန့်ပစ်ပစ္စည်းများကို ဇကာဖြင့် စစ်၍စွန့်ပစ်သည်။ ထို့နောက်ရရှိလာသော ငံပြာရည်ကြည်များကို အအေးခံကာ ဒေးဒရဲမြို့နယ်နှင့် အခြားမြို့နယ်များသို့ ရောင်းချလျက်ရှိပါသည်။ ဈေးနှုန်း အနေဖြင့် ငါးပိတစ်ပိဿာလျှင် (၃၅၀၀) ကျပ်၊ မျှင်ငါးပိ တစ်ပိဿာလျှင် (၅၀၀၀) ကျပ်၊ ငံပြာရည် တစ်ပိဿာ လျှင် (၁၅၀၀) ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း ၊ မြိုနယ်တာဝန်ခံမှ စားသုံးသူများ ဘေးအန္တရာယ် ကင်းရှင်းစေရေးအတွက် ဓာတုဆိုးဆေးနှင့် ဖော်မလင်များ ထည့်သွင်းသုံးစွဲမှုမရှိစေရေးအတွက် တွေ့ဆုံဆွေးနွေး ကွင်းဆင်းခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

ဖျာပုံမြို့နယ်၊ ဈေးကွက်အတွင်းရှိ စားသုံးဆီ(ဘူးဆီ) အရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေး

    ဖျာပုံခရိုင် စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးထွေးသိမ်းနှင့် ဝန်ထမ်းများသည် ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ(၁) ရက်၊နံနက် (၁၀:၃၀) အချိန်တွင် ဈေးကွက်အတွင်းရှိ စားသုံးဆီ (ဘူးဆီ) အရောင်း ဆိုင်များအား ကွင်းဆင်းစစ်ဆေးခဲ့ကြပါသည်။

   စားသုံးသူရေးရာဦးစီးဌာန အနေဖြင့် မြို့မဈေးအတွင်းရှိ ကုန်စုံဆိုင်များတွင် ရောင်းချနေသော Goody ၊ Mazin ၊ Lotus  အစရှိသော ဘူးဆီများတွင် ကုန်အညွှန်း အမှတ်အသားများ ကိုက်ညီမှုရှိ/မရှိ၊ FDA ထောက်ခံချက်နှင့် အသားတင်အလေးချိန်၊ မြန်မာယူနစ်ဖြင့် ဖော်ပြထားခြင်းရှိ/မရှိတို့ကို စစ်ဆေးခဲ့ရာ ကိုက်ညီမှုရှိကြောင်း တွေ့ိရသဖြင့် လုပ်ငန်းရှင်များအနေဖြင့် ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာ ဖော်ပြထားခြင်းမရှိသော ဘူးဆီများ၊ နှင့် စားသုံးသူကာကွယ်ရေးဥပဒေပါ အခန်း(၁၁) အရ ကုန်စည်နှင့်စပ်လျဉ်း၍ အာမခံချက်ပေးခြင်းတို့ကို လုပ်ဆောင်ရမည်ဖြစ်ကြောင်း ကွင်းဆင်းစစ်ဆေး ခဲ့မှုအရ သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

MyRo မှတ်ပုံတင် ခြင်းနှင့် စပ်လျဉ်း၍ တောင်သူများအား အသိပညာပေးဆွေးနွေးခြင်း

    (၄.၈.၂၀၂၅)ရက်နေ့ နံနက် (၀၉:၃၀)နာရီတွင် ညောင်တုန်းမြိုနယ်စားသုံးသူရေးရာဦးစီးဌာနမှ မြိုနယ်ဦးစီးမှုးဦးအောင်လွင်သည် မြန်မာ့လယ်ယာဖွံဖြိုးရေးဘဏ့် ငွေထုတ်လာသည့် တောင်သူ(၁၅၀)ဦးခန့်အား MyRO မှတ်ပုံတင်နှင့် စပ်လျဉ်၍ တောင်သူများ သိရှိနိုင်ရန် အသိပညာပေး ဟောပြောခဲ့ကြောင်း သိရသည်။ 

     ဟောပြောရာတွင် မြို့နယ် စိုက်ပျိုးရေးဦးစီးဌာန ရုံးဝန်တွင် တောင်သူများအား ဆွေးနွေး ပြောကြားရာ ဆန်တန်ချိန် ၅၀ တန်(သို့မဟုတ်) စပါးတင်း ၅,၀၀၀ နှင့်အထက် သိုလှောင်ထားရှိသည့် ဆန်စပါးသိုလှောင်ရုံ များအားလုံးကို မြန်မာဆန်စပါးအွန်လိုင်း Myanmar Rice Online(MyRO) စနစ်တွင်မှတ်ပုံတင်ရန် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၄ ရက်မှစတင်ပြီး စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ခြင်းဖြစ်ပါတယ်။ ဥပဒေအရ စီးပွားရေးအလို့ငှာ  စပါး/ဆန် သိုလှောင်သူများ မှတ်ပုံတင်ရမည်ဖြစ်ကြောင်းကိုလည်းကောင်း၊ စပါးစိုက်ပျိုးပြီး မရောင်းချခင် စီးပွားရေးအလို့ငှာ စပါးသိုလှောင်ထားရှိသော သိုလှောင်ရုံများ ရှိပါက မှတ်ပုံတင်ရန်သပ်မှတ်ထားသည့်အတိုင်း မှတ်ပုံတင်ရမည်ဖြစ်ပြီး သိုလှောင်မှု ပမာဏထက်ပိုမိုသိုလှောင်ခွင့်မရှိကြောင်းသိုလှောင်ပါကအရေးယူခံရကြောင်းမဟုတ်မမှန်သတင်းလွှင့်နေမှုမှာမှန်ကန်မှုမရှိကြောင်းနှင့်MyROမှတ်ပုံတင်ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်အား တောင်သူများသိရှိနိူင်ရေးအသိပညာပေးဆွေးနွေးခဲ့ပြီး  တောင်သူများ သိလိုသည်ကိုလည်း ပြန်လည်ဖြေရှင်းဆွေးနွေးခဲ့ကြောင်း သိရသည်။

DOCA(ဧရာဝတီ)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ