Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

စစ်ကိုင်းမြို့မဈေးအတွင်းရှိ ကုန်မျိုးစုံဆိုင်များအား သွားတိုက်ဆေးအမျိုးမျိုးအား ဈေးကွက်စောင့်ကြည့်စစ်ဆေး

                  စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းခရိုင်ဦးစီးမှူးရုံးသည် ကုန်စည်နှင့်ဝန်ဆောင်မှုများ ဘေးအန္တရာယ် ကင်းရှင်းစေရေးနှင့် ကုန်စည်များတွင် စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်အညွှန်းအမှတ်အသား သတ်မှတ်ချက်များနှင့် ကိုက်ညီမှုရှိစေရေးအတွက် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းကို လစဉ် ဆောင်ရွက်လျက်ရှိရာ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ(၂၂)ရက်နေ့တွင် စစ်ကိုင်းခရိုင်ဦးစီးမှူး ဦးဆောင်၍ ဝန်ထမ်း(၂)ဦးသည် ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့မှ တာဝန်ရှိသူ များနှင့်အတူ စစ်ကိုင်းမြို့၊ မြို့မဈေးအတွင်းရှိ ကုန်မျိုးစုံဆိုင် (၃)ဆိုင်သို့ ကွင်းဆင်း၍ သွားတိုက်ဆေး အမျိုးမျိုးအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့သည်။

    ထိုသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ရာ “Colgate” အမှတ်တံဆိပ်၊ “Signal” အမှတ်တံဆိပ်၊ “လေဆာ” အမှတ်တံဆိပ်   သွားတိုက်ဆေးများ ရောင်းချသည်ကို စစ်ဆေးတွေ့ရှိခဲ့ပြီး စားသုံးသူရေးရာ ဦးစီးဌာနမှ တာဝန်ရှိသူက ဆိုင်ပိုင်ရှင်များအား မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်က ထုတ်ပြန် ထားသည့် (၂/၂၀၁၉) ညွှန်ကြားချက်ပါ အသေးစိတ်အချက်များ၊ စားသုံးသူကာကွယ်ရေးဥပဒေ အခန်း (၁၀)ပါ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များ၊ ဥပဒေအခန်း (၁၁)ပါ ကုန်စည်နှင့်စပ်လျဉ်း၍ အာမခံချက်ပေးခြင်းဆိုင်ရာအချက်အလက်များ ရှင်းလင်းပြောကြားခဲ့ပြီး အွန်လိုင်းစနစ်ဖြင့်ရောင်းချခြင်းလုပ်ငန်း နှင့်စပ်လျဉ်း၍ အသိပညာပေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

 

ရေတာရှည်မြို့ ရွှေပြည်သစ် မုန့်ဖတ်ခြောက်လုပ်ငန်းသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေး

         စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်တာဝန်ခံ ဦးဇော်ဇော်ထွေးသည် (၂၃.၁.၂၀၂၆)ရက်နေ့ နံနက်ပိုင်းက ရေတာရှည်မြို့နယ် တောင်နန်ချွန်ကျေးရွာရှိ ရွှေပြည်သစ် မုန့်ဖတ်ခြောက်လုပ်ငန်းသို့ သွားရောက်ပြီး ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်းကို ဆောင်ရွက်ခဲ့ပါသည်။

           မြို့နယ်တာဝန်ခံသည် မုန့်ဖတ်ခြောက်လုပ်ငန်းခွင်အတွင်း အခြောက်လှမ်းစင်တွင် အခြောက်ခံထားရှိမှု၊ မုန့်ခြောက်များအား စနစ်တကျချိန်တွယ်ပြီး ထုပ်ပိုးမှု၊ မြန်မာနိုင်ငံစားသုံးသူ ကာကွယ်ရေးကော်မရှင် ညွှန်ကြားချက်အမှတ် ၂/၂၀၁၉ နှင့်အညီ ကုန်အညွှန်းအမှတ်အသားများ ဖော်ပြထားရှိမှုများကို ကြည့်ရှု့စစ်ဆေးခဲ့ပြီး လုပ်ငန်းဆောင်ရွက်ရာတွင် စားသုံးသူနစ်နာဆုံးရှုံးမှု မဖြစ်ပေါ်စေရေးကို အလေးထားဆောင်ရွက်ရန် မှာကြားခဲ့ပါသည်။

           ရွှေပြည်သစ် မုန့်ဖတ်ခြောက်လုပ်ငန်းသည် ရေတာရှည်မြို့နယ် တောင်နန်ချွန်ကျေးရွာတွင်ရှိပြီး ပြည်တွင်းဈေးကွက်တွင်ဖြန့်ဖြူးလျက်ရှိကြောင်း၊ စပါးခွံဓါတ်ငွေ့သုံးလျှပ်စစ်ဓါတ်အားပေး စက် (Gasifire Power Plant) တပ်ဆင်ထားပြီး လုပ်သားအင်အား ၅၀ ဦးဖြင့် လုပ်ငန်းဆောင် ရွက်ကြောင်း၊ မိုးတွင်းကာလတွင် ရာသီဥတုအခြေအနေကြောင့် ထုတ်လုပ်မှုအားနည်းကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

အုတ်တွင်းမြို့ အခြေခံပညာကျောင်းများတွင် စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေး

    စားသုံးသူရေးရာဦးစီးဌာနနှင့် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍ ကျောင်းသားကျောင်းသူများ သိသင့်သိထိုက်သည့် အသိပညာဗဟုသုတများအား အသိပညာပေးဟောပြောခြင်းများကို (၂၆.၁.၂၀၂၆) ရက်နေ့ နံနက်ပိုင်းတွင် အုတ်တွင်းမြို့ ဈေးရပ်ကွက်အခြေခံပညာအလယ်တန်းကျောင်းခွဲ၌လည်းကောင်း၊ မွန်းလွဲပိုင်းတွင် ကသစ်တန်း အခြေခံပညာမူလတန်းလွန်ကျောင်း၌လည်းကောင်း ကျင်းပပြုလုပ်ခဲ့ပါသည်။

      ဟောပြောပွဲတွင် စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံ ဒေါ်အေးအေးခိုင်က စားသုံးသူအခွင့်အရေးနှင့် တာဝန်များ၊ စားသုံးသူနစ်နာဆုံးရှုံးမှုမရှိစေရေးအတွက် ဦးစီးဌာနမှ ဆောင်ရွက်ချက်များ၊ ကုန်စည်များဝယ်ယူရာတွင် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာဖော်ပြ ထားသော ကုန်စည်များကိုသာ ဝယ်ယူသုံးစွဲရန်အရေးကြီးပုံများကို အသိပညာပေး ဟောပြောခဲ့ပါသည်။

              ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အုတ်တွင်းမြို့နယ်ဦးစီးမှူး ဒေါ်ခင်မူမူဝင်းက စာဖတ်ရှိန်မြှင့်တင်ရေးနှင့် လူငယ်ဆိုင်ရာဗဟုသုတကို ဟောပြောခဲ့ကြောင်းနှင့် အလက (ခွဲ) ဈေးရပ်ကွက် ဟောပြောပွဲသို့ ကျောင်းသားကျောင်းသူ ၂၅၀ ဦးနှင့် အမက(လွန်) ကသစ်တန်း ဟောပြောပွဲသို့ ကျောင်းသားကျောင်းသူ ၁၃၅ ဦး တက်ရောက်ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

ကန့်ဘလူမြို့နယ်ရှိ စားသုံးသူများမှ Consumer Call Center (1535)သို့ဖုန်းခေါ်ဆို

              စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ စားသုံးသူရေးရာဦးစီးဌာန ကန့်ဘလူမြို့နယ် တာဝန်ခံဦးမျိုးဝင်းသန်းသည် တိုင်းဒေသကြီးဦးစီးမှူး၏လမ်းညွှန်မှု၊ ခရိုင်ဦးစီးမှူး၏ ကြီးကြပ်မှုတို့ ဖြင့်စားသုံးသူကာကွယ်ရေးလုပ်ငန်းများဖြစ်သည့် အသိပညာပေးဟောပြောပွဲ၊ လုပ်ငန်းရှင်တွေ့ဆုံခြင်းနှင့် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း စသည့်လုပ်ငန်းများကို စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

            အဆိုပါ စားသုံးသူကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် တာဝန်ခံဦးမျိုးဝင်းသန်းက စားသုံးသူပြည်သူများ၊ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် စားသုံးသူကာကွယ်ရေးနှင့်စပ်လျဉ်းသည့် သတင်းအချက်အလက်များ၊ သိရှိလိုသည်များကို Consumer Call Center (၁၅၃၅)ကို ရုံးဖွင့်ရက် များမှာ ရုံးချိန်အတွင်း ဖုန်းခေါ်ဆိုမေးမြန်းနိုင်ကြောင်း၊ အသိပညာပေးလျှက်ရှိရာ (၂၃.၁.၂၀၂၆) ရက်နေ့တွင် ကန့်ဘလူမြို့၊ အမှတ်(၅)ရပ်ကွက်ရှိ စားသုံးသူတစ်ဦးက Consumer Call Center (၁၅၃၅) လိုင်းခွဲ(၁)အား ဖုန်းခေါ်ဆို၍ စားသုံးသူ၏အခွင့်အရေးများအကြောင်းနှင့် တိုင်ကြားနိုင်သည့် နည်းလမ်းများအကြောင်းတို့အား ဖုန်းခေါ်ဆိုမေးမြန်းခဲ့ရာ  Consumer Call Center မှတာဝန်ရှိသူများကစားသုံးသူသိရှိလိုသည်များကို ပြန်လည်ဖြေကြားခဲ့ကြောင်း သိရသည်။

DOCA(စစ်ကိုင်း)

ဂန့်ဂေါမြို့၊ မြောက်ကုန်းရပ်ကွက်ရှိ “ရွှေလျှံ ငွေလျှံ” ငှက်ပျောကြော် လုပ်ငန်းအား ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာ ပါဝင်နိုင်ရေး ကွင်းဆင်းတွေ့ဆုံ ဆောင်ရွက်ပေး

       စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်း ဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူး၏လမ်းညွှန်မှု၊ ပခုက္ကူခရိုင်ဦးစီးမှူး၏ကြီးကြပ်မှုဖြင့်  ဂန့်ဂေါခရိုင် ဦးစီးမှူးရုံးမှ ဂန့်ဂေါမြို့နယ်တာဝန်ခံ ဒေါ်ဇာဇာချိုဦး(ဒု-ဦးစီးမှူး)နှင့်ဝန်ထမ်းသည် စားသုံးသူ ကာကွယ်ရေးဥပဒေ(၂၀၁၉)ပါ စားသုံးသူအခွင့်အရေးများ၊ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်နှင့် တားမြစ်ချက်များ၊ စီးပွားရေးကျင့် ဝတ်နှင့်အညီ လုပ်ကိုင်ဆောင်ရွက်ပြီး တာဝန်ယူမှု၊ တာဝန်ခံမှု ရှိသော စီးပွားရးလုပ်ငန်းရှင်များဖြစ်လာစေရန် ရည်ရွယ်၍ (၂၀.၁.၂၀၂၆)ရက်နေ့၊ နံနက်(၀၉:၀၀) နာရီအချိန်တွင် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံ စွာမပါရှိသည့် စားသောက်ကုန် များအနေဖြင့် ပြည့်စုံစွာ ပါဝင်လာစေရေးအတွက် ဂန့်ဂေါမြို့၊ မြောက်ကုန်းရပ်ကွက်ရှိရွှေလျှံ ငွေလျှံငှက်ပျောကြော် လုပ်ငန်းရှင်ထံသို့ သွားရောက်၍ အသိပညာပေးဆွေးနွေးခဲ့ပါသည်။

          ဂန့်ဂေါမြို့နယ်တာဝန်ခံမှ စီးပွားရေးလုပ်ငန်းရှင်များ အနေဖြင့် စားသုံးသူကာကွယ်ရေး ဥပဒေ (၂၀၁၉) အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာဖော်ပြခြင်းဖြင့် ဈေးကွက် အတွင်းရှိ မိမိထုတ်ကုန်များမှာ စားသုံးသူများအား ဘေးအန္တရာယ်ကင်းရှင်းစေခြင်း၊ အာမခံချက် ပေးခြင်း၊ သတင်းအချက်အလက်ပြည့်စုံမှန်ကန်စွာ ထည့်သွင်းခြင်းတို့ကြောင့် စားသုံးသူများ အနေ ဖြင့် စီးပွားရေးလုပ်ငန်းရှင်များအပေါ် ယုံကြည်မှုများရရှိလာပြီး အကျိုးစီးပွာပိုမိုရရှိနိုင်မည်ဖြစ် ကြောင်း၊ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များ၊ တားမြစ်ချက်များ၊ ပြစ်မှုပြစ်ဒဏ်များအကြောင်း၊ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် စပ်လျဉ်း၍ ပြည့်စုံ မှန်ကန်မှု ရှိ/မရှိကို မိမိတို့ဌာနသို့ တင်ပြစိစစ်လျှောက်ထားနိုင်ပါကြောင်း၊ ကုန်အမှတ်တံဆိပ် စိစစ်ခွင့်ပြုချက်များအား ပြုလုပ်ဆောင်ရွက်ထားစေလိုကြောင်း၊ ကုန်အညွှန်းအမှတ် အသားများ ပြည့် စုံမှုမရှိသည့် ကုန်စည်များတွေ့ရှိလာပါက ဥပဒေအရ အရေးယူဆောင်ရွက်သွားမည် ဖြစ်သဖြင့် လုပ်ငန်းရှင်များ လိုက်နာဆောင်ရွက်ပေးစေလိုကြောင်း အသေးစိတ်ဆွေးနွေးခဲ့ကြောင်း သိရှိရပါ သည်။

DOCA(မကွေး)

သာယာဝတီခရိုင်တွင် တရားမဝင်ကုန်သွယ်မှုတားဆီးရေးဆောင်ရွက်

             ပဲခူးတိုင်းဒေသကြီး(အနောက်)၊ သာယာဝတီခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနမှ ဒု-ဦးစီးမှူး ဦးဇော်ထွန်းသည် သာယာဝတီခရိုင်၊ သုံးဆယ်မြို့၊ ငဖြူကလေးကျေးရွာအနီးရှိ မီးနင်းချောင်းစစ်ဆေးရေးဂိတ်တွင် အလှည့်ကျတာဝန်အဖြစ် ၁၅.၁.၂၀၂၅ ရက်နေ့မှ ၂၁.၁၂.၂၀၂၅ ရက်နေ့အထိ တရားမဝင်ကုန်သွယ်ရေး တာဆီးရေးတာဝန်အား ထမ်းဆောင်ခဲ့ပါသည်။

          အဆိုပါတရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး တာဆီးဆောင်ရွက်မှုအား သာယာဝတီ ခရိုင်ရုံးမှ ဒု-ကြီးကြပ်ရေးမှူး ဦးအောင်သိန်းဦးနှင့်အတူ ပူးပေါင်းအဖွဲ့ဝင်များဖြစ်သော  စည်ပင်သာယာရေးအဖွဲ့၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ခရိုင်သစ်တောဦးစီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန၊ ကုန်းလမ်းပို့ဆောင်ရေးနှင့် ညွှန်ကြားမှုဦးစီးဌာန၊ ယာဉ်ထိမ်းရဲတပ်ဖွဲ့၊ သတင်းတပ်ဖွဲ့တို့နှင့် ပူးပေါင်း ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

ကြို့ပင်ကောက်မြို့တွင် 10g အောက် အလှကုန်ပစ္ဏည်းအမျိုးမျိုးအား ဈေးကွက်စောင့်ကြည့်

           ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့၊ ၂၀၂၆ခုနှစ်ဇန်နဝါရီလ ၂၃ရက်နေ့တွင် ဘူတာရုံလမ်းဈေးအပြင်ဘက် မိုမိုကုန်အလှကုန်ဆိုင်၊ လမ်းမတော်လမ်း ဦးဇေယျာကြီးစတိုးဆိုင်နှင့် ကျောင်းကြီးလမ်းရှိ Orchid အလှကုန်ဆိုင် စုစုပေါင်းဆိုင် (၃) ဆိုင်တို့အား စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်း(၁)ဦးတို့သည်  (10)g အောက်အလှကုန်ပစ္စည်းအမျိုးမျိုးတို့၏ သတ်မှတ်ထားသော ကုန်အညွှန်းအမှတ်သား ပြည့်စုံစွာပါရှိမှု ရှိ/ မရှိတို့အား ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပြီး ရောင်းချသောဆိုင်ရှင်များအား စားသုံးသူကာကွယ်ရေး ဥပဒေပါလုပ်ငန်းများ၏ တာဝန်များကိုသိရှိနိုင်ရန် အသိပညာပေး ကွင်းဆင်းစစ်ဆေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

လက်ပံတန်းမြို့တွင် စားသုံးဆီရောင်းချနေမှုအား ကွင်းဆင်းစစ်ဆေးခြင်း

         ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့တွင် စားသုံးသူရေးရာဦးစီးဌာနသည် စားသုံးသူအကျိုးစီးပွားကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများ၊ ကုန်စည်နှင့် ဝန်ဆောင်မှုများအပေါ် စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်းစွာ သုံးစွဲနိုင်ရေးများကို စဉ်ဆက်မပြတ် လုပ်ဆောင်လျက်ရှိပါသည်။ ထို့သို့ဆောင်ရွက်ရာတွင်  လက်ပံတန်းမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာနနှင့် အခြားဌာန ဆိုင်ရာများဖြစ်သော အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့၊ အထူးစုံစမ်းစစ် ဆေးရေးဦးစီးဌာနတို့နှင့် ပူးပေါင်း၍ ၂၀၂၆ခုနှစ်ဇန်နဝါရီလ ၂၁ရက်နေ့၊ နံနက် (၀၉:၃၀) နာရီအချိန်တွင် လက်ပံတန်းမြို့၊ လက်လီ/ လက်ကားဆီဆိုင်များသို့ ရှောင်တခင် ကွင်းဆင်းစစ်ဆေးခဲ့ပြီး စားအုန်းဆီများ ဈေးကွက်အတွင်း ဖြန့်ဖြူးရောင်းချမှုအခြေအနေများ၊ စားအုန်းဆီရောင်းချမှုဈေးနှုန်းများ၊ ခွဲတမ်းရရှိသော ဆီပိဿာအတိုင်း ရောင်းချမှုရှိ/ မရှိ၊ ဗီနိုင်းများချိတ်ဆွဲထားမှု့ရှိ/ မရှိ၊ သတ်မှတ်ရည်ညွှန်းဈေးအတိုင်း ရောင်းချခြင်း ရှိ/ မရှိ၊ ပြည်သူများလက်ဝယ်သို့ သတ်မှတ်ရည်ညွှန်းဈေးအတိုင်းရောင်းချရန် အသိပေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

သာယာဝတီမြို့၌ စားအုန်းဆီအရောင်းဆိုင်များရည်ညွှန်း ဈေးနှုန်းနှင့် အညီရောင်းချရေး ကွင်းဆင်းစစ်ဆေး

        ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်တွင် စားအုန်းဆီလက်လီလက်ကား ဖြန့်ဖြူးရောင်းချလျက်ရှိသော အရောင်းဆိုင်များကို ခရိုင်စားအုန်းဆီဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးအဖွဲ့ဥက္ကဌနှင့် အဖွဲ့ဝင်များဖြစ်ကြသော မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ ခရိုင်မြို့နယ်ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်အသင်းမှ တာဝန်ရှိသူများပူးပေါင်း၍ ၂၀၂၆ခုနှစ်၊ ဇန်နဝါရီလ ၂၂ ရက်နေ့၊ နံနက်(၁၁:၀၀)နာရီအချိန်တွင် ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

       ထိုသို့ဆောင်ရွက်ရာတွင် စားအုန်းဆီဖြန့်ဖြူးရောင်းချသူများအနေဖြင့် သတ်မှတ်ရည်ညွှန်းဈေးအတိုင်း ဖြန့်ဖြူးရောင်းချသူများအနေဖြင့် သတ်မှတ်ရည်ညွှန်းဈေးအတိုင်း ဖြန့်ဖြူးရောင်းချမှု ရှိ/ မရှိ၊ အလေးချိန်မှန်ကန်မှု ရှိ/ မရှိ၊ ဆီစာအုပ်များကို စနစ်တကျထုတ်ပေးရေးနှင့် ရရှိသော ဆီပိဿာချိန်များကို ပြည်သူများထံ အမှန်တကယ်ရောင်းချမှု ရှိ/ မရှိကို စစ်ဆေးဆောင်ရွက်ခဲ့သည်။

       သာယာဝတီမြို့နယ်အနေဖြင့် မြို့ပေါ် (၂၂)ရပ်ကွက်၊ကျေးးရွာအုပ်စု ၄၈ အုပ်စုရှိပြီး အိမ်ထောင်စုတစ်စုကို ဆီစာအုပ်တစ်အုပ်နှုန်းဖြင့် လက်ကားကိုယ်စားလှယ် (၁)ဦး၊လက်လီအရောင်း ၃၃ဆိုင်မှ တစ်လလျှင် ဆီပိဿာပေါင်း (၅၆၃၂၀) ဖြန့်ဖြူးရောင်းချလျက်ရှိပါကြောင်းနှင့် ဌာနဆိုင်ရာများ၊ အသင်းအဖွဲ့များ၊ ပင်စင်စားများနှင့် သာရေးနာရေးဆိုင်ရာ ကိစ္စရပ်များအတွက်ကိုလည်း တစ်လတစ်ကြိမ် ရည်ညွှန်းဈေးနှုန်းဖြင့် ဖြန့်ဖြူးရောင်းချလျက်ရှိပါကြောင်း သတင်းရရှိပါသည်။

DOCA(ပဲခူး)

အသိပညာပေးဟောပြောပွဲ ကျင်းပဆောင်ရွက်ခြင်း

      ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဦးစီးမှူးရုံးမှ ဦးမြင့်နိုင်(ဦးစီးအရာရှိ)ဦးဆောင်၍ (၂၃..၂၀၂၆) ရက်နေ့၊ နေ့လယ် (၁၅:၀၀)နာရီအချိန်တွင် ပျဉ်းမနားမြို့၊ ဘောဂသီရိကားဝန်း၊ မော်တော်ယာဉ်လိုင်းပေါင်းစုံကြီးကြပ်မှုကော်မတီရုံးတွင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေးခြင်းနှင့် စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်ခဲ့ရာ မော်တော်ယာဉ်လိုင်းများမှ ဂိတ်တာဝန်ခံများနှင့် မော်တော်ယာဉ်မှူးများ စုစုပေါင်း (၅၅)ဦး တက်ရောက် ခဲ့ပါသည်။

      အဆိုပါအသိပညာ‌ပေးဟောပြောပွဲတွင် စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင် များ၏တာဝန်များ၊ စားသုံးသူအခွင့်အရေးနှင့်တာဝန်များ၊ အွန်လိုင်းစနစ်ဖြင့်ရောင်းချရာတွင် အွန်လိုင်း ရောင်းချခွင့်မှတ်ပုံတင်ခြင်းဆိုင်ရာကိစ္စရပ်များ၊ ကုန်ပစ္စည်းများတွင် ဖော်ပြပါရှိရမည့်  ကုန်အညွှန်း အမှတ်အသားများအကြောင်းကို ရှင်းလင်းပြောကြားခဲ့ပြီး အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သတင်းရရှိပါသည်။      DOCA (ပြည်ထောင်စုနယ်မြေ)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ