Main menu

HighLight News

Powered by Drupal

ရွှေပြည်သာမြို့နယ်ရှိဆန်ဆိုင်များသို့ ကွင်းဆင်းစစ်ဆေးခြင်း

      စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူး ဦးလှစိုးပါ(၅)ဦးတို့သည် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့်ပူးပေါင်း၍ (၂.၁၂.၂၀၂၅)ရက်နေ့ နံနက် (၁၀:၃၀)နာရီအချိန်တွင် ရွှေပြည်သာမြို့နယ်ရှိ ဆန်ဆိုင်များသို့ ကွင်းဆင်းစစ်ဆေးခြင်း လုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။

       ထိုသို့ကွင်းဆင်းဆောင်ရွက်ရာတွင် စားသုံးသူပြည်သူများအား ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းမပြုကြရန် သတ်မှတ်ရည်ညွှန်းဈေးဖြင့်သာ ရောင်းချပေးရန်၊ ဆန်ဈေးနှုန်းများကို အများပြည်သူမြင်သာသောနေရာတွင် မြင်သာသောအရွယ်အစားဖြင့် ရေးသားဖော်ပြ၍ ရောင်းချကြရန်၊ ဆန်စပါးသိုလှောင်မှုအနေဖြင့် မြန်မာ့ဆန်စပါးအွန်လိုင်း Myanmar Rice Online (MyRO)တွင် မှတ်ပုံတင်ထားခြင်းမရှိပါက သက်ဆိုင်ရာမြို့နယ်အလိုက် စားသုံးသူရေးရာဦးစီးဌာနရုံးများနှင့် ချိတ်ဆက်၍ မှတ်ပုံတင်ခြင်းဆောင်ရွက်ကြရန် ဈေးကွက်အတွင်း ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် သိုလှောင်ထားခြင်းများတွေ့ရှိပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဆိုင်ရှင်များအား ရှင်းလင်းဆွေးနွေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)       

ရွှေကြယ်ဆန်ဆိုင်အား ကွင်းဆင်းစစ်ဆေးဆောင်ရွက်

      (၂.၁၂.၂၀၂၅)ရက်နေ့ နံနက်(၁၀:၀၀)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်း ခရိုင်ဦးစီးမှူးရုံးမှခရိုင်ဦးစီးမှူး ဦးလှစိုးနှင့်ဝန်ထမ်းများသည် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန နှင့်ပူးပေါင်း၍ မင်္ဂလာဒုံမြို့နယ်အတွင်းရှိ ဆန်ဆိုင်များအား သတ်မှတ်ဈေးနှုန်းများအတိုင်း ရောင်းချ ခြင်းရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။

     ထိုသို့ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် လက်လီ/လက်ကားရောင်းချနေသော ဆန်ဆိုင်များအနေဖြင့် သင့်တင့်မျှတသောဈေးနှုန်းများဖြင့် ရောင်းချလျက်ရှိကြောင်း စစ်ဆေးတွေ့ရှိရပြီး ရွှေကြယ်ဆန် ဆိုင်ပိုင်ရှင်အား ဈေးကွက်အတွင်းဆန်များ ပြတ်လပ်မှုမရှိစေရေး၊ ဈေးနှုန်းကြီးမြင့်မှုမရှိစေရေး၊ ဈေးနှုန်းများ တည်ငြိမ်စေရေး၊ ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းများမပြုလုပ်ရန်၊ ဈေးကစားရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်းများမပြုလုပ်ရန်နှင့် ဆန်သိုလှောင်ရုံ မှတ်ပုံတင်သက်တမ်းပြည့်ပါက MyRo တွင် ဆက်လက်မှတ်ပုံတင်သက်တမ်းတိုးသွားရန် စသည်တို့ကို ဆွေးနွေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)

သယ်ယူပို့ဆောင်ရေးဝန်ဆောင်မှုလုပ်ငန်းများ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းနှင့် စပ်လျဉ်း၍ တွေ့ဆုံဆွေးနွေးပွဲ 

          သယ်ယူပို့ဆောင်ရေးဝန်ဆောင်မှုလုပ်ငန်းများအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းနှင့် စပ်လျဉ်း၍ တွေ့ဆုံဆွေးနွေးပွဲအခမ်းအနားကို စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး ဦးစီးမှူးရုံး၏ အစည်းအဝေးခန်းမတွင် နိုဝင်ဘာလ ၂၆ ရက်နေ့က ကျင်းပပြုလုပ်ခဲ့ပါသည်။ အခမ်းအနားကို စားသုံးသူရေးရာဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ကျော်လွင်နှင့် တကွအရာထမ်းအမှုထမ်းများ၊ ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီတွဲဖက်အတွင်းရေးမှူး ဦးလျှံကျင့်မန်၊ ပို့ဆောင်ရေးစီမံကိန်းဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်စန္ဒာသိန်းနှင့် ဖိတ်ကြားထားသောဧည့်သည်တော်များ စုစုပေါင်း ၂၅ ဦးတက်ရောက်ခဲ့ကြောင်း သိရပါသည်။ အခမ်းအနားစတင်ချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ်ဦးကျော်ကျော်လွင်က အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။ ထို့နောက် ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေးကြီးကြပ် မှုကော်မတီ တွဲဖက်အတွင်းရေးမှူး ဦးလျှံကျင့်မန်က ကော်မတီ၏လုပ်ငန်းဆောင်ရွက်နေမှုများနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားခဲ့ပါသည်။ ဆက်လက်၍ ပို့ဆောင်ရေးစီမံကိန်းဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်စန္ဒာသိန်းက ဌာနဆိုင်ရာလုပ်ငန်းစဉ်များ၊ ပြဌာန်းထားသည့် ဥပဒေ၊ နည်းဥပ‌ဒေ၊လုပ်ထုံးလုပ်နည်းများနှင့် ပတ်သတ်၍ ရှင်းလင်းတင်ပြခဲ့ပါသည်။ ထို့နောက် စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ‌ဒေါ်ဝါဝါခိုင်က သယ်ယူပို့ဆောင်ရေးဝန်ဆောင်မှုလုပ်ငန်းများနှင့် ပတ်သတ်၍ စားသုံးသူနစ်နာမှုမရှိစေရေး ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းကိစ္စရပ်များကို ရှင်းလင်းတင်ပြခဲ့ပြီး တက်ရောက်လာကြသူများက အထွေထွေဆွေးနွေးခဲ့ကာ အခမ်းအနားအောင်မြင်စွာပြီးမြောက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)

                                                                                               

အွန်လိုင်းစနစ်ဖြင့်ရောင်းချခြင်းအား အသိပညာပေး Talk Show ပြုလုပ်ခြင်း

         ရန်ကုန်တိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ သင်္ဃန်းကျွန်းခရိုင်၊ သင်္ဃန်းကျွန်းမြို့နယ်တာဝန်ခံ ဒေါ်လဲ့လဲ့ဌေးနှင့်ဝန်ထမ်းများသည် (၁.၁၂.၂၀၂၅) ရက်နေ့၊ နံနက် (၁၂း၀၀) နာရီအချိန်တွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြု Commnity Centre ခန်းမတွင် စားသုံးသူပြည်သူများ အွန်လိုင်းစနစ်ဖြင့်ရောင်းချခြင်းအား အသိပညာပေး Talk show ပြုလုပ်ခဲ့ကြောင်း သိရသည်။

          ဟောပြောပွဲတွင် ဒေါ်လဲ့လဲ့ဌေး(ဒုဦးစီးမှူး)က အွန်လိုင်းရောင်းချမှုနှင့်ပတ်သက်၍ အများပြည်သူများသိသင့်သိထိုက်သည့်အချက်များ၊ အွန်လိုင်းစနစ်ဖြင့်ရောင်းချခြင်းလုပ်ငန်းများနှင့် စပ်လျဉ်း၍ စားသုံးသူရေးရာဦးစီးဌာန၏ ဆောင်ရွက်ပေးနေမှုများအား ရှင်းလင်းပြောကြားခဲ့ပါသည်။   စားသုံသူရေးရာဦးစီးဌာနအနေဖြင့် အွန်လိုင်းရောင်းဝယ်မှုကဏ္ဍများတွင် စားသုံးသူ၏အခွင့်အရေးများ ထိခိုက်နစ်နာပါက စားသုံးသူကာကွယ်ရေးဥပဒေ (၂၀၁၉) အပါအဝင် အခြားတည်ဆဲဥပဒေများနှင့် အညီ သက်ဆိုင်ရာဌာနများနှင့်ညှိနှိုင်း၍ စားသုံးသူတိုင်ကြားမှုများကို (www.doca.gov.mm) ၊  Facebook Pages ၊  Messenger နှင့် Consumer Call Center Hotline 1535 တို့ကို တိုင်ကြားနိုင်သည့်အကြောင်း အသိပညာပေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

ရန်ကင်းမြို့နယ်၊ ရန်ကင်းမြို့မဈေးရှိ ကုန်စုံဆိုင်များသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

        စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဒေါ်မိုးမိုးကြည် (ဌာနခွဲစာရေး)နှင့်ဝန်ထမ်းများသည် ဈေးစည်ပင်နှင့်ပူးပေါင်း၍ (၁၁.၂.၂၀၂၅ )ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် ရန်ကင်းမြို့နယ်၊ ရန်ကင်းမြို့မဈေးအတွင်းရှိကုန်စုံဆိုင်များသို့ သွားရောက်၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

          ထိုသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ရာတွင် စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်းစေရန်အတွက် ဈေးကွက်အတွင်းရောင်းချနေသာ ကုန်စုံဆိုင်တွင် ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ချက်နှင့်အညီ သိသာထင်ရှားစွာဖော်ပြရမည့်ကုန်စည်၏ အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်၊ အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှုအညွှန်း၊ ဓါတ်မတည့်ကြောင်းဖော်ပြချက်တို့ကို  သိသာထင်ရှားစွာ ဖော်ပြထားခြင်းရှိ/ မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပြီး လုပ်ငန်းရှင်များအနေဖြင့် ကုန်အညွှန်းအမှတ်အသားဖော်ပြချက်များနှင့် ကိုက်ညီသည့်ကုန်စည်များကိုသာ ဈေးကွက်အတွင်းရောင်းချရန်နှင့် စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၈)ပါ  စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ စားသုံးသူအခွင့်အရေးနှင့်တာဝန်များ၊ တားမြစ်ချက်နှင့်ပြစ်မှုပြစ်ဒဏ်များကို အသေးစိတ်ရှင်းလင်းဆွေးနွေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

“အွန်လိုင်မှတ်ပုံတင်မြေပြင်စစ်ဆေးခြင်း"

       စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ရုံးမှစစ်ဆေးရေးအရာရှိ ဦးသိန်းထွန်းနှင့် ဝန်ထမ်းများသည်(၁.၁၂.၂၀၂၅) ရက်နေ့၊ နေ့လယ် (၁၃:၁၀)နာရီအချိန်တွင်”Aotica BURMA  Online Shop”မှ “အလှကုန်ပစ္စည်းများ၊ စားသောက်ကုန်ပစ္စည်းများ”အား အမှတ်(၁/၇)၊ အနော် ရထာလမ်း၊ (၅)ရပ်ကွက်၊  ပုဇွန်တောင်မြို့နယ်သို့ သွားရောက်၍ Online Sale မှတ်ပုံတင်မြေပြင် စစ်ဆေးခြင်းဆိုင်ရာ အချက်အလက်များကိုက်ညီမှုရှိ/မရှိကို စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

        ကွင်းဆင်းစစ်ဆေးရာတွင် စစ်ဆေးရေးအရာရှိက အွန်လိုင်းစနစ်နဲ့ ရောင်းချခြင်းလုပ်ငန်းနှင့် ပတ်သက်၍ မြေပြင်စစ်ဆေးရမည့် အချက်(၁၈) ချက်နှင့် ကိုက်ညီမှု ရှိ/မရှိ စစ်ဆေးခြင်းနှင့် အွန်လိုင်းစနစ်နှင့်ရောင်းချခြင်းလုပ်ငန်းလုပ်ကိုင်ခြင်းကို အရေးကြီးကုန်စည်ဝန်ဆောင်မှုဥပဒေအဖြစ် သတ်မှတ်ထားခြင်းဖြစ်ကြောင်းနှင့် စီးပွားရေးလုပ်ငန်းရှင်အား စားသုံးသူကာကွယ်ရေးဥပ‌ဒေပါ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များအတိုင်း လိုက်နာဆောင်ရွက်စေလိုကြောင်း အသိပေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

ပိုင်သုကော်လရှင် Online Saleအား အွန်လိုင်းမှတ်ပုံတင်မြေပြင်စစ်ဆေးခြင်း

          (၁.၁၂.၂၀၂၅)ရက်နေ့၊ နံနက်(၁၁:၃၀)အချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ရုံးမှ စစ်ဆေးရေးအရာရှိ ဦးသိန်းထွန်းနှင့်ဝန်ထမ်းများသည် “ပိုင်သုကော်လရှင် Online   Sale”မှ အဝတ်အထည်၊  အထည်အလိပ်နှင့်ဆက်စပ်ပစ္စည်းများအား  အမှတ် (၄၁၆)၊ အောင်ရတနာလမ်း၊ ဇေယျာသီရိရပ်ကွက်၊ ဒေါပုံမြို့နယ်သို့သွားရောက်၍ Online Sale မြေပြင်ကွင်းဆင်းစစ်ဆေးရာတွင် အွန်လိုင်းစနစ်ဖြင့်ရောင်းချခြင်းလုပ်ငန်းများ မှတ်ပုံတင်လက် မှတ်စိစစ်ထုတ်ပေးခြင်း၊ မြေပြင်လုပ်ငန်းနှင့်မှတ်ပုံတင်ထားရှိမှုကိုက်ညီမှု ရှိ/မရှိ၊ လုပ်ငန်းလိပ် စာမှန်ကန်မှုရှိ/မရှိ၊  မြေပြင်စစ်ဆေးရမည့်အချက်(၁၈)ချက်နှင့် ကိုက်ညီမှုမှန်ကန်မှုရှိ/မရှိတို့ကို  မြေပြင်ကွင်းဆင်းစစ်ဆေးပြီးမှသာ Online Sale လုပ်ငန်းမှတ်ပုံတင်လက်မှတ်များ ထုတ်ပေး သွားမည်ဖြစ်ကြောင်း အသိပေးပြောကြားခဲ့ပါသည်။

DOCA(ရန်ကုန်)

အွန်လိုင်းမှတ်ပုံတင်ခြင်းနှင့် စပ်လျဉ်း၍  မှတ်ပုံတင်မြေပြင်စစ်ဆေးခြင်း

          (၂.၁၂.၂၀၂၅) ရက်နေ့၊ နံနက်(၁၀:၀၀) နာရီအချိန်တွင်  စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ရုံးမှစစ်ဆေးရေးအရာရှိ ဦးသိန်းထွန်းနှင့်ဝန်ထမ်းများသည် အမှတ် (၆၉)၊ ၉၂လမ်း၊ ကန်တော်ကလေးတောင်ရပ်ကွက်၊ မင်္ဂလာတောင်ညွန့်မြို့နယ် သို့သွားရောက်၍ “မေ၏နတ်သမီးပုံပြင်ကိတ်ဆိုင်” Online shop  အား မှတ်ပုံတင်မြေပြင်စစ်ဆေးခြင်းဆိုင်ရာ အချက်အလက်များ ကိုက်ညီမှု ရှိ/ မရှိကို စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

        ထိုသို့ကွင်းဆင်းခဲ့ရာတွင် စစ်ဆေးရေးအရာရှိက Online စနစ်ဖြင့်ရောင်းချနေသော အ‌ရောင်းဆိုင်များသို့ မှတ်ပုံတင်လက်မှတ်လျှောက်ထားမှုနှင့်စပ်လျဉ်း၍ မြေပြင်ကွင်းဆင်း ဆောင်ရွက်ရာတွင် လုပ်ငန်းရှင်များလျှောက်လွှာပုံစံတွင် ဖြည့်သွင်းထားသည့် လိပ်စာအတိုင်း လုပ်ငန်းအမှန်တကယ်တည်ရှိခြင်း ရှိ/မရှိ၊ မှတ်ပုံတင်လက်မှတ်လျှောက်ထားစဉ်က ရောင်းချရန်တင်ပြထားသော ကုန်စည်(သို့)ဝန်ဆောင်မှု အမျိုးအစားစာရင်းအတိုင်း မြေပြင်တွင်အမှန် တကယ်ရောင်းချနေသော စာရင်းကိုက်ညီမှုရှိ/ မရှိတို့ကို စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

MyRo အသိပညာပေးဆွေးနွေးပွဲ Talk Show ကျင်းပ

      ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပန်းတနော်မြို့နယ် Community Centre ခန်းမ၌ ၂၇.၁၁.၂၀၂၅ ရက်နေ့ မွန်းလွှဲ ၁ နာရီအချိန်တွင် မြန်မာဆန်စပါးအွန်လိုင်း (MyRo) သိုလှောင်ရုံ မှတ်ပုံတင်ခြင်းဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ Talk Show ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

      အဆိုပါဆွေးနွေးပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (ဦးစီးအရာရှိ)က ဦးဆောင်ဆွေးနွေးခဲ့ပြီး စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနမှ လက်ရှိအမိန်ညွှန်ကြားချက်များနှင့် လုပ်ကိုင်ဆောင်ရွက်နေသည့် သိုလှောင်ရုံ မှတ်ပုံတင်ခြင်းဆိုင်ရာ ကိစ္စရပ်များကို အများပြည်သူသိရှိနိုင်ရန် ဦးအောင်ကျော်သက်က မြန်မာဆန်စပါး အွန်လိုင်း(MyRo ) မှတ်ပုံတင်ခြင်းဆိုင်ရာနှင့် ပတ်သက်သည့် သိကောင်းစရာများ၊ ဆန်တန်ချိန် ၅၀ တန်နှင့်အထက်၊ စပါးတင်း (၅၀၀၀) နှင့်အထက် သိုလှောင်မည့် ဆန်းစပါးလုပ်ငန်းရှင်များ မှတ်ပုံတင်ရန်နှင့် မှတ်ပုံတင်ရာတွင် လိုအပ်မည့်အချက်အလက်များ၊ မှတ်ပုံတင်ရခြင်း ရည်ရွယ်ချက်နှင့် အကျိုးကျေးဇူးများ၊ မှတ်ပုံတင်ပြီး သက်တမ်းတိုးဆောင်ရွက်မှု အစီအမံများကိုလည်းကောင်း၊ သိုလှောင်ရုံလုပ်ငန်းရှင်များက လစဉ် လဆန်း(၇)ရက်နေ့တွင် ဆန်၊ စပါးသိုလှောင်ရုံမှ ရ၊ ထုတ်၊ ကျန် စာရင်းများကို ဖြည့်သွင်းဆောင်ရွက်မှု  အကြောင်းအရာများကို ရှင်းလင်းပြီး မှတ်ပုံတင်ဆောင်ရွက်မှုလုပ်ငန်းစဉ် အဆင့်ဆင့်ကို ဆောင်ရွက်ခြင်းမရှိပါက စီမံခန့်ခွဲရေးပြစ်ဒဏ်များအကြောင်းကို အကျယ်တဝင့် ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

မအူပင်မြို့နယ်တွင် ပြည်သူများအား သင်တင့်မျှတသော ဈေးဖြင့် ဆန်များရောင်းချပေးလျက်ရှိ

         ၂၇.၁၁.၂၀၂၅ရက် နေ့ နံနက် (၀၈:၀၀)နာရီ အချိန်တွင်‌ မအူပင်ခရိုင်၊ မအူပင်မြို့နယ် ၃ရပ်ကွက် အရံမီးသတ်တပ်ဖွဲ့ရုံးရှေ့တွင် ရပ်ကွက်နေ ပြည်သူများအား  ဧရာဝတီပေါ်ဆန်းဆန်နှင့် ဆင်းသုခဆန်များအား ဈေးနှုန်းများ တည်ငြိမ်မှန်ကန်စေရေးအတွက် သင့်တင့်မျှတသော ဈေးနှုန်းဖြင့်ရောင်းချပေးခဲ့ကြောင်း သိရသည်။

      ထိုသို့ရောင်းချရာတွင် ဆန်စပါးလုပ်ငန်းကြီးကြပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် မအူပင်ဆန်စက် လုပ်ငန်းရှင်များ၊ ဆန်စပါးကုန်သည်များအသင်းနှင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ပူးပေါင်းကြီးကြပ်မှုဖြင့်  ရပ်ကွက်နေပြည်သူများကို ဧရာဝတီပေါ်ဆန်း ၅အိတ်၊ ဧည့်မထဆန် ၈ အိတ်ကို ဧရာဝတီပေါ်ဆန်း ၁ပြည် (၅၀၀၀)ကျပ်၊ ဧည်မထဆန် ၁ပြည် ၂၅၀၀ကျပ်ဖြင့် ရောင်းချပေးနေပြီး ပြည်သူများ လွပ်လပ်စွာဝယ်ယူလျက်အား ပေးလျက်ရှိပြီး ဆန်ဆိုင်လုပ်ငန်းရှင်များကို မိမိတို့လက်ဝယ်တွင် ရောင်းချရန် သိုလှောင်ထားသော ပေါ်ဆန်းဆန်များအား ပစ္စည်းမှန်၊ ဈေးနှုန်းမှန်၊ အရည်အသွေးမှန်စွာဖြင့် ဈေးကွက်အတွင်းသို့ စဉ်ဆက်မပြတ် ထုတ်ရောင်းပေးရန်နှင့် သိုလှောင်ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းများ (လုံးဝ) မပြုလုပ်ရန် အသိပေးထားကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

Pages

Subscribe to RSS - HighLight News