Main menu

HighLight News

Powered by Drupal

ဧရာဝတီတိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာနမှ ရုံးချုပ်တွင် ကျင်းပပြုလုပ်သော ဝန်ထမ်းထုဆန္ဒဖော်ထုတ်ပွဲအခမ်းအနားသို့ တက်ရောက်

          ဇူလိုင်လ ၂၆ ရက်နေ့ နံနက် (၀၉:၃၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန ရုံးအမှတ် (၃) နေပြည်တော်တွင် ညွှန်ကြားရေးမှူးချုပ် ဦးခင်မောင်လှိုင် ဦးဆောင်ကျင်းပပြုလုပ်သည့် ဝန်ထမ်းထုဆန္ဒဖော်ထုတ်ပွဲကို ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ အရာထမ်း၊ အမှုထမ်းများနှင့် ခရိုင်ဦးစီးမှူးရုံးများမှ Virtual ဖြင့် တက်ရောက်ခဲ့ပါသည်၊၊

        အစည်းအဝေးတွင် ဒုတိယညွှန်ကြားရေးမှူးချုပ်မှ အဖွင့်မှာစကားပြောကြားရာတွင်  တိုင်းဒေသကြီး/ ပြည်နယ်ဦးစီးမှူးရုံးများတွင် ဝန်ထမ်းထုဆန္ဒဖော်ထုတ်ပွဲမှ အစည်းအဝေး ဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ပြီးစီးမှုများနှင့် ရုံးချုပ်မှ ဆောင်ရွက်ပေးရမည့် အချက်များကို တင်ပြပေးစေလိုကြောင်း၊ တိုင်းဒေသကြီး/ ပြည်နယ်အလိုက် စာလုံးရေး (၁၅၀၀) ကို မိနစ် (၃၀) ရိုက်နိုပ်နိုင်မှုနှင့် ဝန်ထမ်းကျင့်ဝတ်အပါး (၃၀)ကို  အလွတ်ရိုက်နိုပ်ခြင်း ပြိုင်ပွဲများ ကျင်းပပြုလုပ် သွားမည်ဖြစ်ကြောင်း အဖွင့်အမှာစကားပြောကြားခဲ့ပြီး၊ စီမံရေးရာ ဌာနခွဲတာဝန်ခံ ညွှန်ကြားရေးမှူး ဦးကျော်စွာဝင်းက ယခင်လ အစည်းအဝေးဆုံးဖြတ်ချက်အပေါ် ဆောင်ရွက်ပြီးစီးမှုနှင့် ယခုလ၏ အကြိုတင်ပြချက်များကို ရှင်းလင်းပြောကြားခဲ့ပါသည်၊၊ တိုင်းဒေသကြီး/ ပြည်နယ်ဦးစီးမှူးရုံးများမှ အလှည့်ကျ မိမိတို့လုပ်ငန်းဆောင်ရွက်နေမှုများ တင်ပြခဲ့ပြီး အစည်းအဝေးကို နေ့လယ် (၁၁:၃၀) နာရီအချိန်တွင် ရုတ်သိမ်းခဲ့ကြောင်း သတင်းရရှိပါသည်၊၊

(DOCA ဧရာဝတီ)

မြောင်းမြခရိုင်၊ လပွတ္တာမြို့နယ် အမှတ်(၁)ရပ်ကွက်ရှိမုန့်ဟင်းခါးဖတ်လုပ်ငန်းအား ကုန်အညွှန်းအမှတ်အသားပြည့်စုံမှုရှိ/ မရှိ ကွင်းဆင်းစစ်ဆေးခြင်း

             ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန မြောင်းမြခရိုင် လပွတ္တာမြို့နယ် တာဝန်ခံ ဦးမြင့်ဌေးနှင့်         ဝန်ထမ်းများသည် (၁၇..၂၀၂၅) ရက်နေ့ နံနက် (၁၀:၃၀)နာရီအချိန်တွင် လပွတ္တာမြို့နယ် အမှတ်()ရပ်ကွက်ရှိ မုန့်ဟင်းခါးဖတ်လုပ်ငန်းအား ကုန်အညွှန်းအမှတ်အသားပြည့်စုံမှုရှိမရှိ ကွင်းဆင်း စစ်ဆေးခဲ့ပါသည်။

          ထို့သို့ကွင်းဆင်းစစ်ဆေးရာတွင် လပွတ္တာမြို့နယ်တာဝန်ခံမှ အမှတ်()ရပ်ကွက်ရှိ မုန့်ဟင်းခါး ဖတ်လုပ်ငန်းတွင် ထုတ်လုပ်လျက်ရှိသော မုန့်ဟင်းခါးဖတ်များအားကုန်အညွှန်းပြည့်စုံစွာ ဖော်ပြထားခြင်းရှိမရှိ၊ စားသုံးသူ ဘေးအန္တရာယ်ဖြစ်စေနိုင်သော ပါဝင်ပစ္စည်းများရှိမရှိ စစ်ဆေးခဲ့ပြီး သတ်မှတ်စံချိန်စံနှုန်းနှင့် ကိုက်ညီမှုရှိခြင်း၊ သက်ဆိုင်ရာဌာနမှခွင့်ပြုထားသော ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာဖော်ပြထားသည့် မုန့်ဟင်းခါးဖတ်များကိုသာ ဈေးကွက်အတွင်း တင်သွင်းရောင်းချစေရန် အသိပညာပေး ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ် မြသာယာဈေးအတွင်းရှိလက်လီ/ လက်ကား ရောင်းချနေသောဂိုးစတား ဆန်ဆိုင်အား သတ်မှတ်ရည်ညွှန်းဈေးဖြင့် ရောင်းချမှုရှိ/ မရှိ ကွင်းဆင်းစစ်ဆေး

            ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန မြောင်းမြခရိုင် မြောင်းမြမြို့နယ်တာဝန်ခံ ဦးလှထွဠ်ဦးနှင့် ဝန်ထမ်းများသည် မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် ပူးပေါင်း၍ (၁၆..၂၀၂၅)ရက်နေ့၊ နံနက်(၁၁၃၀) နာရီအချိန်တွင် မြောင်းမြမြို့နယ် မြသာယာဈေးအတွင်းရှိ လက်လီလက်ကားရောင်းချနေသော ဂိုးစတားဆန်ဆိုင်အား သတ်မှတ်ရည်ညွှန်းဈေးဖြင့် ရောင်းချမှုရှိမရှိ ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

             ထိုသို့ကွင်းဆင်းဆောင်ရွက်ရာတွင် မြောင်းမြမြို့နယ်တာဝန်ခံမှ မြောင်းမြမြို့နယ်မြသာယာဈေးရှိ လက်လီလက်ကား ရောင်းချနေသောဂိုးစတားဆန်ဆိုင်တွင် MRS မှသတ်မှတ်ထားသော ရည်ညွှန်းဈေးအတိုင်း ရောင်းချပေးနေပြီး ဆန်ဆိုင်ပိုင်ရှင်အား ဆန်ရောင်းချနေမှုနှင့် ပတ်သတ်၍ စားသုံးသူပြည်သူများအား ဈေးနူန်းမြှင့်တင်ရောင်းချခြင်းမပြုရန်၊ သတ််မှတ်ဈေးနူန်းဖြင့်သာရောင်းချကြရန်၊ ဈေးနူန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် ဆန်သိုလှောင်ထားရှိခြင်းများတွေ့ရှိပါက အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှု ဥပဒေအရ အရေးယူဆောင်ရွက်သွားမည် ဖြစ်ကြောင်းဆန်ဆိုင်ပိုင်ရှင်များအား ရှင်းလင်းဆွေးနွေး ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

မြောင်းမြခရိုင်၊ လပွတ္တာမြို့နယ် အမှတ်(၆)ရပ်ကွက်အတွင်းရှိလက်လီ/လက်ကား ရောင်းချနေသော အောင်ကျော်စိုးဆန်ဆိုင်အား သတ်မှတ်ရည်ညွှန်းဈေးဖြင့် ရောင်းချမှုရှိ/ မရှိ ကွင်းဆင်းစစ်ဆေး

           ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန မြောင်းမြခရိုင် လပွတ္တာမြို့နယ်တာဝန်ခံ ဦးမြင့်ဌေးနှင့် ဝန်ထမ်းများသည် မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် ပူးပေါင်း၍ (၁၆..၂၀၂၅)ရက်နေ့၊ နံနက်(၁၁၀၀) နာရီအချိန်တွင် လပွတ္တာမြို့နယ် ()ရပ်ကွက်အတွင်းရှိ လက်လီလက်ကား ရောင်းချနေသော အောင်ကျော်စိုးဆန်ဆိုင်အား သတ်မှတ်ရည်ညွှန်းဈေးဖြင့် ရောင်းချမှုရှိမရှိ ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

              ထိုသို့ကွင်းဆင်းဆောင်ရွက်ရာတွင် လပွတ္တာမြို့နယ်တာဝန်ခံမှ လပွတ္တာမြို့နယ်()ရပ်ကွက်အတွင်းရှိ လက်လီလက်ကား ရောင်းချနေသောအောင်ကျော်စိုးဆန်ဆိုင်တွင် MRS မှသတ်မှတ်ထားသော ရည်ညွှန်းဈေးအတိုင်း ရောင်းချပေးနေပြီး ဆန်ဆိုင်ပိုင်ရှင်အား ဆန်ရောင်းချနေမှုနှင့် ပတ်သတ်၍ စားသုံးသူပြည်သူများအား ဈေးနူန်းမြှင့်တင်ရောင်းချခြင်းမပြုရန်၊ သတ််မှတ်ဈေးနူန်းဖြင့်သာရောင်းချကြရန်၊ ဈေးနူန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် ဆန်သိုလှောင်ထားရှိခြင်းများတွေ့ရှိပါက အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှု ဥပဒေအရ အရေးယူဆောင်ရွက်သွားမည် ဖြစ်ကြောင်းဆန်ဆိုင်ပိုင်ရှင်များအား ရှင်းလင်းဆွေးနွေး ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

မြောင်းမြခရိုင်၊ မော်ကျွန်းမြို့နယ် (၅)ရပ်ကွက်ရှိလက်လီ/ လက်ကား ရောင်းချနေသောစန်းလဝန်းဆန်ဆိုင်အား သတ်မှတ်ရည်ညွှန်းဈေးဖြင့် ရောင်းချမှုရှိ/ မရှိ ကွင်းဆင်းစစ်ဆေး

            ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန မြောင်းမြခရိုင် မော်ကျွန်းမြို့နယ်တာဝန်ခံ ဦးမင်းဇော်လတ်နှင့် ဝန်ထမ်းများသည် မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် ပူးပေါင်း၍ (၁၆..၂၀၂၅)ရက်နေ့၊ နံနက်(၁၀၃၀) နာရီအချိန်တွင် မော်ကျွန်းမြို့နယ် ဗိုလ်ချုပ်ဈေးရှိ လက်လီလက်ကားရောင်းချနေသော စန်းလဝန်းဆန်ဆိုင်အား သတ်မှတ်ရည်ညွှန်းဈေးဖြင့် ရောင်းချမှုရှိမရှိ ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

            ထိုသို့ကွင်းဆင်းဆောင်ရွက်ရာတွင် မော်ကျွန်းမြို့နယ်တာဝန်ခံမှ မော်ကျွန်းမြို့နယ်(၅)ရပ်ကွက်ရှိ လက်လီလက်ကား ရောင်းချနေသောစန်းလဝန်း ဆန်ဆိုင်တွင် MRS မှသတ်မှတ်ထားသော ရည်ညွှန်းဈေးအတိုင်း ရောင်းချပေးနေပြီး ဆန်ဆိုင်ပိုင်ရှင်အား ဆန်ရောင်းချနေမှုနှင့် ပတ်သတ်၍ စားသုံးသူပြည်သူများအား ဈေးနူန်းမြှင့်တင်ရောင်းချခြင်းမပြုရန်၊ သတ််မှတ်ဈေးနူန်းဖြင့်သာရောင်းချကြရန်၊ ဈေးနူန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးကစားရန် ရည်ရွယ်ချက်ဖြင့် ဆန်သိုလှောင်ထားရှိခြင်းများတွေ့ရှိပါက အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှု ဥပဒေအရ အရေးယူဆောင်ရွက်သွားမည် ဖြစ်ကြောင်းဆန်ဆိုင်ပိုင်ရှင်များအား ရှင်းလင်းဆွေးနွေး ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်မြို့မဈေးအတွင်းရှိလက်လီ/ လက်ကား ရောင်းချနေသောမြတ်ဝင်းဇော် ဆန်ဆိုင်အား သတ်မှတ်ရည်ညွှန်းဈေးဖြင့် ရောင်းချမှုရှိ/ မရှိ ကွင်းဆင်းစစ်ဆေး

           ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန မြောင်းမြခရိုင် ဝါးခယ်မမြို့နယ်တာဝန်ခံ ဦးအောင်မိုးနှင့် ဝန်ထမ်းများသည် မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် ပူးပေါင်း၍ (၁၆..၂၀၂၅)ရက်နေ့၊ နံနက်(၁၁၃၀) နာရီအချိန်တွင် ဝါးခယ်မမြို့နယ် မြို့မဈေးအတွင်းရှိ လက်လီလက်ကား ရောင်းချနေသော မြတ်ဝင်းဇော်ဆန်ဆိုင်အား သတ်မှတ်ရည်ညွှန်းဈေးဖြင့် ရောင်းချမှုရှိမရှိ ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

             ထိုသို့ကွင်းဆင်းဆောင်ရွက်ရာတွင် ဝါးခယ်မမြို့နယ်တာဝန်ခံမှ ဝါးခယ်မမြို့နယ်မြို့မဈေးအတွင်းရှိ လက်လီ/လက်ကား ရောင်းချနေသော မြတ်ဝင်းဇော်ဆန်ဆိုင်တွင် MRS မှသတ်မှတ်ထားသော ရည်ညွှန်းဈေးအတိုင်းရောင်းချပေးနေပြီး ဆန်ဆိုင်ပိုင်ရှင်အား ဆန်ရောင်းချနေမှုနှင့် ပတ်သတ်၍ စားသုံးသူပြည်သူများအား ဈေးနူန်းမြှင့်တင် ရောင်းချခြင်းမပြုရန်၊ သတ််မှတ်ဈေးနူန်းဖြင့်သာရောင်းချကြရန်၊ ဈေးနူန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးကစားရန် ရည်ရွယ်ချက်ဖြင့် ဆန်သိုလှောင်ထားရှိခြင်းများတွေ့ရှိပါက အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှု ဥပဒေအရ အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဆန်ဆိုင်ပိုင်ရှင်များအား ရှင်းလင်းဆွေးနွေး ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA (ဧရာဝတီ)

မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် မြို့မဈေးရှိလက်လီ/ လက်ကား ရောင်းချနေသောအောင်ကြည်မေဆန်ဆိုင်အား သတ်မှတ်ရည်ညွှန်းဈေးဖြင့် ရောင်းချမှုရှိ/ မရှိ ကွင်းဆင်းစစ်ဆေး

             ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန မြောင်းမြခရိုင် အိမ်မဲမြို့နယ်တာဝန်ခံ ဒေါ်ဇင်မာသန်းနှင့် ဝန်ထမ်းများသည် မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် ပူးပေါင်း၍ (၁၆..၂၀၂၅)ရက်နေ့၊ နံနက်(၁၁၀၀) နာရီအချိန်တွင် အိမ်မဲမြို့နယ် မြို့မဈေးရှိ လက်လီလက်ကားရောင်းချနေသော အောင်ကြည်မေဆန်ဆိုင်အား သတ်မှတ်ရည်ညွှန်းဈေးဖြင့် ရောင်းချမှုရှိမရှိ ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

             ထိုသို့ကွင်းဆင်းဆောင်ရွက်ရာတွင် အိမ်မဲမြို့နယ်တာဝန်ခံမှ အိမ်မဲမြို့နယ်မြို့မဈေးရှိ လက်လီ/ လက်ကား ရောင်းချနေသော အောင်ကြည်မေဆန်ဆိုင်တွင် MRS မှသတ်မှတ်ထားသော ရည်ညွှန်းဈေးအတိုင်း ရောင်းချပေးနေပြီး ဆန်ဆိုင်ပိုင်ရှင်အား ဆန်ရောင်းချနေမှုနှင့် ပတ်သတ်၍ စားသုံးသူပြည်သူများအား ဈေးနူန်းမြှင့်တင်ရောင်းချခြင်းမပြုရန်၊ သတ်မျတ်မှတ်ဈေးနူန်းဖြင့်သာရောင်းချကြရန်၊ ဈေးနူန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် ဆန်သိုလှောင်ထားရှိခြင်းများတွေ့ရှိပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှု ဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဆန်ဆိုင်ပိုင်ရှင်များအား ရှင်းလင်းဆွေးနွေး ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA (ဧရာဝတီ)

မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်ရှိသဲကုန်းကျေးရွာတွင် မိုးစပါးစိုက်ပျိုးနေမှုအား ဧရာဝတီတိုင်းဒေသကြိးအစိုးရအဖွဲ့ဝန်ကြီးချုပ်နှင့်အဖွဲ့မှ သွားရောက်ကြည့်ရှု့

              ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင် ဝါးခယ်မမြို့နယ်တာဝန်ခံ ဦးအောင်မိုးသည် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်အဖွဲ့တို့နှင့်အတူ (၁၅..၂၀၂၅)ရက်နေ့၊ နံနက်(၀၉း၃၀) နာရီအချိန်တွင် ဝါးခယ်မမြို့နယ်ရှိ သဲကုန်းကျေးရွာ ကွင်းအမှတ်(၁၀း၀၃)၊ ဦးပိုင်အမှတ်(၁၇/)ရှိ တောင်သူ ဦးရွှေပွား၏ လယ်မြေ(.၀၀)ဧကတွင် မိုးစပါးစိုက်ပျိုးနေမှုအား  သွားရောက်ကြည့်ရှု့ ဆွေးနွေးခဲ့ပါသည်။

          ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်မှ တောင်သူလယ်သမားများနှင့် တွေ့ဆုံ၍ ကောက်စိုက်သမတောင်သူများအားအဆာပြေမုန့်များပေးအပ်လှူတန်းခြင်း၊ မိုးစပါးအချိန်မှီ စိုက်ပျိုးပြီးစီး နိုင်ရေး၊ ဓာတ်မြေဩဇာများအား လိုသလောက်စနစ်တကျအသုံးပြုနိုင်ရေး သဘာဝမြေသဇာ များကိုလည်း စိုက်ပျိုး ကုန်ကျစရိတ်သက်သာနိုင်ရေးအတွက် ထည့်သွင်းအသုံးပြုကြရန်၊ စပါးပင်များပိုးကျမှု မရှိစေရေး အတွက် ပိုးသက်ဆေးများကိုလည်း စနစ်တကျအသုံးပြုတက်စေရန် လိုအပ်ကြောင်း၊ နည်းပညာများ လိုအပ်ပါက စိူက်ပျိုးရေး ဦးစီးဌာနနှင့်ချိတ်ဆက်၍ ဆောင်ရွက်နိုင်ကြောင်း၊ ခရိုင်စိုက်တိုးမြှင့်အဖွဲ့ဥက္ကဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စိုက်တိုးမြင့် ဥက္ကဌနှင့်အဖွဲ့ဝင်များ၊တောင်သူများတက်ရောက်ခဲ့ပြီး ကောက်စိုက်စက်ဖြင့် စိုက်ပျိုးနေမှုအား ကြည့်ရှု့ခဲ့ပြီး မော်တော်ယဉ်များဖြင့်ဆက်လတ်ထွက်ခွာသွားကြောင်းသတင်းရရှိပါသည်။

DOCA (ဧရာဝတီ)

မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် ဆန်စက်လုပ်ငန်းရှင်များအသင်း ၂၀၂၅-၂၀၂၈အတွက်အလုပ်အမှုဆောင်အသစ်များ ပြန်လည်ရွေးချယ်တင်မြောက်ခြင်း

               ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန မြောင်းမြခရိုင်အိမ်မဲမြို့နယ်တာဝန်ခံ ဒေါ်ဇင်မာသန်းနှင့် ဝန်ထမ်းများသည် အထွေထွေစီမံအုပ်ချုပ်ရေးဦးစီးဌာန၊ ဆန်စက်လုပ်ငန်းရှင်များနှင့် ပူးပေါင်း၍ (၁၅..၂၀၂၅)ရက်နေ့ နံနက်(၁၀၀၀) နာရီအချိန်တွင် ရေသိုးညောင်ဝိုင်းကျေးရွာ သိန်းဇေယျာဝင်းဆန်စက်ရုံးခန်းတွင် ၂၀၂၅-၂၀၂၈ခုနှစ်အတွက် အလုပ်အမှုဆောင်အသစ် ရွေးချယ်တင်မြောက်ခြင်း အခမ်းအနားဆောင်ရွက်ခဲ့ပါသည်။

              ထိုသို့ဆောင်ရွက်ရာတွင် စားသုံးသူရေးရာဦးစီးဌာနမြို့နယ်တာဝန်ခံမှ ဆန်စက်လုပ်ငန်ရှင်အသစ်ပြန်လည် ဖွဲ့စည်းရခြင်းနှင့် ပတ်သက်ပြီး ဆန်စက်လုပ်ငန်းရှင်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့်ကုန်သွယ်မှုဖွံ့ဖြိုးတိုးတက်ရေးကို ရည်ရွယ်၍ ဖွဲ့စည်းရခြင်းဖြစ်ကြောင်း၊ အသင်းသားများအနေဖြင့် ပူးပေါင်းကူညီဆောင်ရွက်မှသာ အောင်မည်ဖြစ်ကြောင်း ပြောကြားခဲ့ပြီး၊ အသင်းသားများ၏သဘောတူညီချက်ဖြင့် အသင်း၏ဥက္ကဌ၊ ဒုဥက္ကဌ၊ အတွင်းရေးမှူး၊ တွဲဖက်အတွင်းရေးမှူး စာရင်းစစ်၊ ဘဏ္ဍရေးမှူးနှင့် အမှုဆောင်(၁၂)ဦးဖြင့် အသစ်ပြန်လည်ဖွဲ့စည်းခဲ့ပြီး၊ ဆက်လတ်၍ တိုင်းအသင်းကိုယ်စားလှယ် ရွေးချယ်ခဲ့ရာဥက္ကဌနှင့် အတွင်းရေးမှူးနှစ်ဦး ရွေးချယ်တင်မြောက်ခဲ့ပြီးmyroတွင်သိုလှောင်ရုံ မှတ်ပုံတင်ရန်၊ လစဉ်ဆန်စပါးလက်ကျန် စားရင်းတင်ပေးရန် ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA (ဧရာဝတီ)

မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်၊ သာယာကုန်းကျေးရွာရှိအခြေခံမူလတန်းကျောင်းရှိ ကျောင်းသား/ ကျောင်းသူများအား စားသုံးသူအသိပညာပေး ဟောပြောပွဲပြုလုပ်ခြင်း

         ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင် အိမ်မဲမြို့နယ် တာဝန်ခံ ဒေါ်ဇင်မာသန်းနှင့် ဝန်ထမ်းများသည် (၁၅..၂၀၂၅)ရက်နေ့၊ နံနက်(၁၁:၀၀) နာရီအချိန်တွင် အိမ်မဲမြို့နယ်၊ အခြေခံမူလတန်းကျောင်းရှိ ကျောင်းသား/ကျောင်းသူများ၊ ဆရာ/ဆရာမများအား  စားသုံးသူအသိ ပညာပေးဟောပြော ဆောင်ရွက်ခဲ့ပါသည်။

       ထိုသို့ဟောပြောဆွေးနွေးရာတွင် စားသုံးသူရေးရာဦးစီးဌာန၊ အိမ်မဲမြို့နယ်တာဝန်ခံမှ မိတ်ဆက်စကားပြောကြားပြီး စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စားသုံးသူကာကွယ်ရေး ဥပဒေ (၂၀၁၉)ပါ ပြဌာန်းချက်များမှ စားသုံးသူ၏အခွင့်အရေးနှင့်တာဝန်များ၊ စီးပွားရေး လုပ်ငန်းရှင်၏တာဝန်များ၊ တားမြစ်ချက်များ၊ ပြစ်မှုပြစ်ဒဏ်များ၊ စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းနှင့် စပ်လျဉ်း၍ မည်သည့်စီးပွားရေးလုပ်ငန်းရှင်မဆို ပုဒ်မ(၄၁) ပုဒ်မခွဲ()နှင့်()တို့ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြရာတွင် မြန်မာဘာသာဖြင့်ဖြစ်၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု သို့မဟုတ် တစ်ခုထက်ပို၍ တွဲလျက်ဖြစ်စေရေးသားဖော်ပြရမည်ဖြစ်ကြောင်း ဟောပြောဆွေးနွေးဟောပြောခဲ့ပါသည်။ဟောပြောပွဲသို့  ဆရာ/ ဆရာမ ကျောင်းသူ/ ကျောင်းသား(၇၀)ဦးတက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

Pages

Subscribe to RSS - HighLight News